Premier League

ခွဲစိတ်ကုသမှု ခံယူရမှာကြောင့် ဆီနီဂေါအသင်းနဲ့ မပူးပေါင်းနိုင်တော့တဲ့ ဂိုးသမား မန်ဒီ

ချယ်လ်ဆီးအသင်းရဲ့ နံပါတ် ၁ ဂိုးသမား အက်ဒူယာဒို မန်ဒီဟာ ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်တာကြောင့် ဆီနီဂေါလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနိုင်မှာ မဟုတ်ဘဲ ဒီလအတွင်းမှာ ယှဥ်ပြိုင်ကစားမယ့် နိုင်ငံတကာပွဲစဥ်တွေကို လွဲချော်မှာဖြစ်တယ်လို့ ချယ်လ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်က အတည်ပြုသွားခဲ့ပါတယ်။

၂၉ နှစ်သားကို Africa Cup of Nations ခြေစစ်ပွဲဝင်နေတဲ့ ဆီနီဂေါအသင်းထံ စေလွှတ်သွားမှာမဟုတ်ဘူးလို့ တူဟယ်လ်က အသိပေးခဲ့တာဖြစ်ပြီး သူ့ကစားသမားဟာ သွားဆရာဝန်နဲ့ ပြသဖို့ လိုအပ်နေတယ်လို့ ဆိုသွါးခဲ့တာပါ။

မန်ဒီဟာ လက်ရှိချယ်လ်ဆီးအသင်းရဲ့ ကျောက်ဆောင်သဖွယ် မာကျောတဲ့ ခံစစ်မှာ ပေးဂိုးအနည်းဆုံးဖြစ်အောင် စွမ်းဆောင်ထားတဲ့ တူဟယ်လ်ရဲ့ အဓိက ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ ရှက်ဖီးလ်အသင်းနဲ့ FA ဖလားပွဲစဥ်မှာတော့ အနားပေးခံရထားသူပါ။ တူဟယ်လ်က အဆိုပါပွဲမှာ ဂိုးသမားကယ်ပါကို ပွဲထွက်စေခဲ့ခြင်းဖြစ်ပါတယ်။

ကွန်ဂို၊ ဆွာဇီလန်တို့နဲ့ ကစားရမယ့် ဆီနီဂေါအသင်းဟာ နောက်နှစ် ကင်မရွန်းမှာကျင်းပမယ့် Africa Cup of Nations ပြိုင်ပွဲအတွက် တနေရာစာ သေချာခဲ့ပြီးဖြစ်သလို ခြေစစ်ပွဲအောင်မြင်ခဲ့ပြီးဖြစ်တာကြောင့် မန်ဒီကို အရေးတကြီးလိုအပ်နေချိန် မဟုတ်ဘူးလို့လည်း ဆိုရမှာပါ။

” မန်ဒီက ကျွန်တော်တို့နဲ့အတူ ဆက်ရှိနေမှာပါ။ သူ့သွားကို ခွဲစိတ်ရမယ်ဗျ။ အခုအချိန်ကတည်းက ခွဲစိတ်ထားမှ နိုင်ငံတကာရက်သတ္တပတ်တွင်းမှာ ကောင်းကောင်းအနားယူပြီး ပြန်ကျန်းမာလာမှာပါ။ ဒါကြောင့် သူ့ကို အခုချိန်မှာ ခွဲစိတ်မှု ဆောင်ရွက်လိုတာဖြစ်တယ်။” လို့ တူဟယ်လ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

သူ့အနေနဲ့ မန်ဒီဟာ ဧပြီ ၃ ရက်နေ့ ဝက်စ်ဘရွမ်းနဲ့ပွဲစဥ်မှာ အသင်းအတွက် ပြန်လည်ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့််ထားတာဖြစ်ပြီး မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံမယ့် FA ဆီမီးပွဲကိုလည်း ကစားနိုင်မယ်လို့ ယုံကြည်နေပါတယ်။ မန်ဒီဟာ တူဟယ်လ်ရဲ့လက်အောက်မှာ ၁၄ ပွဲကစား၊ ၁၁ ပွဲအထိ ပေးဂိုးမရှိ Clean Sheet ရယူခဲ့တဲ့ စွမ်းဆောင်ရည်မျိုးပြသထားပြီး နည်းပြရဲ့လက်ရုံးသဖွယ် တူဟယ်လ်စိတ်ကြိုက်ကစားသမားမျိုးဖြစ်ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ယ္လ္ဆီးအသင္းရဲ႕ နံပါတ္ ၁ ဂိုးသမား အက္ဒူယာဒို မန္ဒီဟာ ခြဲစိတ္ကုသမႈ ခံယူဖို႔ လိုအပ္တာေၾကာင့္ ဆီနီေဂါလက္ေ႐ြးစင္အသင္းနဲ႔ ပူးေပါင္းႏိုင္မွာ မဟုတ္ဘဲ ဒီလအတြင္းမွာ ယွဥ္ၿပိဳင္ကစားမယ့္ ႏိုင္ငံတကာပြဲစဥ္ေတြကို လြဲေခ်ာ္မွာျဖစ္တယ္လို႔ ခ်ယ္လ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္က အတည္ျပဳသြားခဲ့ပါတယ္။

၂၉ ႏွစ္သားကို Africa Cup of Nations ေျခစစ္ပြဲဝင္ေနတဲ့ ဆီနီေဂါအသင္းထံ ေစလႊတ္သြားမွာမဟုတ္ဘူးလို႔ တူဟယ္လ္က အသိေပးခဲ့တာျဖစ္ၿပီး သူ႔ကစားသမားဟာ သြားဆရာဝန္နဲ႔ ျပသဖို႔ လိုအပ္ေနတယ္လို႔ ဆိုသြါးခဲ့တာပါ။

မန္ဒီဟာ လက္ရွိခ်ယ္လ္ဆီးအသင္းရဲ႕ ေက်ာက္ေဆာင္သဖြယ္ မာေက်ာတဲ့ ခံစစ္မွာ ေပးဂိုးအနည္းဆုံးျဖစ္ေအာင္ စြမ္းေဆာင္ထားတဲ့ တူဟယ္လ္ရဲ႕ အဓိက ကစားသမားျဖစ္ၿပီး ၿပီးခဲ့တဲ့ ရွက္ဖီးလ္အသင္းနဲ႔ FA ဖလားပြဲစဥ္မွာေတာ့ အနားေပးခံရထားသူပါ။ တူဟယ္လ္က အဆိုပါပြဲမွာ ဂိုးသမားကယ္ပါကို ပြဲထြက္ေစခဲ့ျခင္းျဖစ္ပါတယ္။

ကြန္ဂို၊ ဆြာဇီလန္တို႔နဲ႔ ကစားရမယ့္ ဆီနီေဂါအသင္းဟာ ေနာက္ႏွစ္ ကင္မ႐ြန္းမွာက်င္းပမယ့္ Africa Cup of Nations ၿပိဳင္ပြဲအတြက္ တေနရာစာ ေသခ်ာခဲ့ၿပီးျဖစ္သလို ေျခစစ္ပြဲေအာင္ျမင္ခဲ့ၿပီးျဖစ္တာေၾကာင့္ မန္ဒီကို အေရးတႀကီးလိုအပ္ေနခ်ိန္ မဟုတ္ဘူးလို႔လည္း ဆိုရမွာပါ။

” မန္ဒီက ကြၽန္ေတာ္တို႔နဲ႔အတူ ဆက္ရွိေနမွာပါ။ သူ႔သြားကို ခြဲစိတ္ရမယ္ဗ်။ အခုအခ်ိန္ကတည္းက ခြဲစိတ္ထားမွ ႏိုင္ငံတကာရက္သတၱပတ္တြင္းမွာ ေကာင္းေကာင္းအနားယူၿပီး ျပန္က်န္းမာလာမွာပါ။ ဒါေၾကာင့္ သူ႔ကို အခုခ်ိန္မွာ ခြဲစိတ္မႈ ေဆာင္႐ြက္လိုတာျဖစ္တယ္။” လို႔ တူဟယ္လ္က သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာပါ။

သူ႔အေနနဲ႔ မန္ဒီဟာ ဧၿပီ ၃ ရက္ေန႔ ဝက္စ္ဘ႐ြမ္းနဲ႔ပြဲစဥ္မွာ အသင္းအတြက္ ျပန္လည္ပါဝင္ကစားႏိုင္မယ္လို႔ ေမွ်ာ္လင့္္ထားတာျဖစ္ၿပီး မန္စီးတီးနဲ႔ ထိပ္တိုက္ေတြ႕ဆုံမယ့္ FA ဆီမီးပြဲကိုလည္း ကစားႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။ မန္ဒီဟာ တူဟယ္လ္ရဲ႕လက္ေအာက္မွာ ၁၄ ပြဲကစား၊ ၁၁ ပြဲအထိ ေပးဂိုးမရွိ Clean Sheet ရယူခဲ့တဲ့ စြမ္းေဆာင္ရည္မ်ိဳးျပသထားၿပီး နည္းျပရဲ႕လက္႐ုံးသဖြယ္ တူဟယ္လ္စိတ္ႀကိဳက္ကစားသမားမ်ိဳးျဖစ္ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.