Premier League

ချဲလ်ဆီးအသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးနည်းပြ ၅ ဦးကို ရွေးထုတ်ကြည့်ခြင်း

၁။ တက်ဒ် ဒရိတ်ခ်
အာဆင်နယ်အသင်းနဲ့ တစ်ပွဲတည်း ၇ ဂိုးသွင်းတဲ့ စံချိန်ကို တင်ထားခဲ့တဲ့ မြောက်လန်ဒန် တိုက်စစ်မှူးဟောင်းဟာ ချယ်လ်ဆီးကို ၁၉၅၂ ကနေ ၁၉၆၁ အထိ ကိုင်တွယ်ခဲ့သူဖြစ်တယ်။ ချယ်လ်ဆီးအားပေးသူတွေထဲမှာကို အတော်လေး လူသိနည်းတယ်။ သူ့ရဲ့ အောင်မြင်မှုတွေကလည်း ချယ်လ်ဆီးသမိုင်းကို အချိုးအကွေ့ဖြစ်စေခဲ့တယ်။ အသင်းကို အပြောင်းအလဲများစွာ ပြုလုပ်ပြီး တိုးတက်စေခဲ့တယ်။ ချယ်လ်ဆီးအသင်းကို အမှတ်ပေးဖလားချန်ပီယံဖြစ်စေခဲ့တဲ့ ၂ဝ ရာစုထဲက တဦးတည်းသော ချယ်လ်ဆီးနည်းပြ ဖြစ်ပါတယ်။ အသင်းရဲ့ အမှတ်တံဆိပ်မှာ ခြင်္သေ့ရုပ်ပုံကို ထည့်သွင်းခဲ့သူလည်းဖြစ်ပါတယ်။

တက်ဒ် ဒရိတ်ခ်ဟာ သူ့ခေတ်သူအခါက ဘောလုံးတော်လှန်ရေးလို့ ဆိုရမယ့် ဆန်းသစ်မှုတွေကို ရှေ့ပြေးဆောင်ရွက်ခဲ့သူဖြစ်တယ်။ သူက လူငယ်တွေကို မြေတောင်မြှောက်ပေးသူဖြစ်တယ်။ ချယ်လ်ဆီးအသင်းရဲ့ DNA စစ်စစ်ကို သူက ခိုင်ခိုင်မာမာ ထူထောင်သွားခဲ့တာပါ။

၂။ ဂျန်လူကာ ဗီယာလီ
အသင်းတစ်သင်းမှာ ကစားသမားဘဝအောင်မြင်မှုလည်း ရရှိတာနဲ့တပြိုင်နက် နည်းပြဘဝအောင်မြင်မှုက ကျန်ရစ်ခဲ့တဲ့ ကစားဘဝအောင်မြင်မှုကို နောက်ပို့လိုက်နိုင်တဲ့အထိ ပြောင်မြောက်အောင် စွမ်းဆောင်နိုင်သူက အတော်လေးရှားပါးပါတယ်။ ချယ်လ်ဆီးအသင်းမှာ အဲဒီလို စွမ်းဆောင်ခဲ့သူကို လက်ညှိုးထိုးပါဆိုရင်တော့ ဗီယာလီပါ။

ဂန္ထဝင် အီတလီတိုက်စစ်မှူးကြီးဟာ ချယ်လ်ဆီးအသင်းမှာ ဂိုးတွေ သွင်းလို့ဝတော့ ရုဒ်ဂူးလစ်ရဲ့ နည်းပြနေရာကို ဆက်ခံခဲ့တယ်။ ရုဒ်ဂူးလစ်က သူ့ကို ၁၉၉၈ မှာ ခေါ်ယူစာချုပ်ချုပ်ခဲ့တဲ့ နည်းပြလည်းဖြစ်တယ်။ နည်းပြဘဝ တာထွက်ရာသီမှာပဲ ချယ်လ်ဆီးအတွက် ဖလား ၃ လုံးဆွတ်ယူခဲ့တယ်။ လိဂ်ဖလား၊ UEFA Cup Winner’s Cup နဲ့ UEFA ဆူပါဖလားတွေကို ရယူခဲ့တာဖြစ်တယ်။ UEFA ဆူပါဖလားမှာ ပိုပြီးပြောစမှတ်ကျန်ရစ်ခဲ့တာက ချယ်လ်ဆီးအသင်းဟာ ဗိုလ်လုပွဲမှာ နာမည်ကြီးထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းကို ၁-၀ နဲ့ ဒူးထောက်စေခဲ့လို့ ပိုပြီးကျော်ကြားခဲ့ပါတယ်။ အမှတ်ပေးဇယားမှာလည်း အဆင့် ၃ မှာ ရပ်တည်ပြီး ရာသီသိမ်းခဲ့တယ်။

နည်းပြဘဝ ဒုတိယရာသီမှာ ချယ်လ်ဆီးအသင်းသမိုင်းတလျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ကစားခွင့်ရခဲ့တယ်။ ကွာတားဖိုင်နယ် ပကျော့မှာ ဘာဆာကို ၃-၁ နဲ့ နိုင်ခဲ့ပေမယ့် နောက်တကျာ့မှာတော့ ၅-၁ နဲ့ အရေးနိမ့်သွားခဲ့တယ်။ အဲဒီရာသီမှာပဲ ချယ်လ်ဆီးက FA ဖလား ချန်ပီယံဖြစ်တယ်။ သူ့ရဲ့ တတိယရာသီကတော့ ချယ်လ်ဆီးနဲ့ နှုတ်ဆက်လမ်းခွဲရာသီဖြစ်ခဲ့တယ်။ ရာသီအဖွင့်မှာ ချာရတီဒိုင်းဖလားကို ရယူခဲ့တယ်။ ၂၀၀၀ ခုနှစ်မှာတော့ အသင်းနဲ့ ခွာပြဲခဲ့ရတယ်။ အေဘရာမိုချ်ခေတ်ကြိုမှာတော့ သူဟာ ချယ်လ်ဆီးရဲ့ အအောင်မြင်ဆုံးနည်းပြအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

၃။ ရောဘတ်တို ဒီမတ်တီယို
အီတလီသားရဲ့ ချယ်လ်ဆီးနည်းပြဘဝက ၅ လပဲ သက်ဆိုးရှည်ခဲ့ပါတယ်။ ထုံးစံအတိုင်း ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ရဲ့ နည်းပြအပြောင်းအလဲကြမ်းတဲ့ ဒဏ်ကို ခံခဲ့ရတာပါပဲ။ သူက ၅ လသာ ကိုင်တွယ်ခဲ့ပေမယ့် ချယ်လ်ဆီးမှာ ရုပ်ရှင်ဆန်ဆန်ဖြစ်ရပ်တွေ ဖြစ်ပွားသွားခဲ့တာက အခုအချိန်ထိ ဘောလုံးသမိုင်းမှာ ပြောစမှတ်တွင်ကျန်နေဆဲပါ။

၂၀၁၁ မှာ အန်ဒရေ ဗီလာ ဘိုအာ့စ်ရဲ့ လက်ထောက်နည်းပြအဖြစ် ချယ်လ်ဆီးအသင်းကို ရောက်လာတယ်။ ဘိုအာ့စ်အထုတ်ပယ်ခံရပြီး အသင်းရဲ့ ယာယီနည်းပြဖြစ်လာတယ်။ သူ့ရဲ့ နည်းပြဘဝမှာ ချယ်လ်ဆီးကို FA ဖလားကိုင်မြှောက်စေခဲ့သလို ချန်ပီယံလိဂ်မှာ ဗိုလ်စွဲစေခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားကို ကိုင်မြှောက်နိုင်တဲ့ ပထမဆုံးလန်ဒန်အသင်းက ချယ်လ်ဆီးအသင်းဖြစ်လာခဲ့တယ်။

ဒါ့အပြင် ဒီမက်တီယိုက ချယ်လ်ဆီးအသင်းရဲ့သမိုင်းမှာ ချန်ပီယံလိဂ်ဖလား ရယူပေးခဲ့တဲ့ ပထမဦးဆုံး နည်းပြလည်း ဖြစ်လာခဲ့ပါတယ်။ ဒီလို တသက်မှာတခါ အောင်မြင်မှုမျိုးကို ဆောင်ယူလာခဲ့တဲ့ နည်းပြကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့သလို လပိုင်းအတွင်းမှာပဲ အသင်းကနေ ပြန်လည်ထုတ်ပယ်ခဲ့တဲ့ လုပ်ရပ်ကိုလည်း ချယ်လ်ဆီးပရိသတ်တွေ အဲဒီအချိန်က အတော်ဆွံ့အခဲ့ပြီး အံ့အားသင့်ခဲ့ရပါသေးတယ်။

၄။ ကာလို အန်ဆယ်လော့တီ

ဂန္ထဝင်နည်းပြကြီး၊ အီတလီသား အန်ဆယ်လော့တီရဲ့ ချယ်လ်ဆီးနည်းပြဘဝ အောင်မြင်မှုက အတော်လေးကြီးမားခဲ့ပါတယ်။ ထာဝရအကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်အဖြစ် ဘာကြောင့် သတ်မှတ်ခံထားရလဲဆိုတာ ချယ်လ်ဆီးကို ကိုင်တွယ်ပြီး ထပ်မံသက်သေထူပြခဲ့သူလည်းဖြစ်တယ်။ ၂၀၀၉ ဇွန် ၁ မှာ ချယ်လ်ဆီးနည်းပြအဖြစ် စာချုပ်ချုပ်ဆိုခဲ့တယ်။ ၂ လအကြာမှာပဲ ယူနိုက်တက်အသင်းကို ပင်နယ်တီနဲ့ အနိုင်ယူပြီး ကွန်မြူနတီဒိုင်းဖလားကို ပထမဆုံးအောင်မြင်မှုအဖြစ် သိမ်းပိုက်တယ်။ ချယ်လ်ဆီးနည်းပြဘဝ တာထွက်ရာသီမှာပဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာတယ်။

ချယ်လ်ဆီးရဲ့ ကစားပုံက အဆင့်အတန်းမြင့်ခဲ့တယ်။ တိုက်စစ်က ၁၀၃ ဂိုးသွင်းတယ်။ ပရီးမီးယားလိဂ်မှာ ဂိုး ၁၀၀ ကျော်သွင်းတဲ့ ပထမဆုံးအသင်းဖြစ်လာတယ်။ FA ဖလားကို ထပ်သိမ်းတယ်။ သူ့လက်ထက်မှာ ပြည်တွင်းဖလား ၂ လုံး တပြိုင်နက်တည်းရတဲ့ ပထမဆုံးအကြိမ်ဖြစ်လာတယ်။ နောက်တစ်ရာသီမှာတော့ ချန်ပီယံလိဂ် ကွာတားအဆင့်မှာ ယူနိုက်တက်ရဲ့ ဖြုတ်ချခြင်းကို ခံခဲ့ရပြီး ပရီးမီးယားလိဂ်မှာ အဆင့် ၂ နဲ့ ရာသီသိမ်းခဲ့တယ်။ အန်ဆလော့တီဟာလည်း ချယ်လ်ဆီးနဲ့ စောစောစီးစီး လမ်းခွဲသွားခဲ့ရတယ်။

၅။ ဂျိုဆေးဆေး မော်ရင်ညို

ချယ်လ်ဆီးအသင်းရဲ့သမိုင်းမှာ သြဇာတိက္ကမကြီးမားခဲ့တဲ့ နည်းပြကတော့ ဟိုဆေး မော်ရင်ညိုလို့ အသင်းပရိသတ်တွေအားလုံးက တညီတညွတ်တည်း လက်ခံထားကြမှာပါ။ သူ့အပေါ် ချစ်စွဲ၊ မုန်းစွဲပုံစံအမျိုးမျိုးနဲ့ ချယ်လ်ဆီးပရိသတ်တွေ ရင်ထဲမှာ အခုထိ လက်ခံထားကြရဆဲဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ‘Special One’ လို့ ကြွေးကြော်ခဲ့သူ၊ ပေါ်တိုလိုအသင်းကို ချန်ပီယံလိဂ်ချန်ပီယံဖြစ်စေခဲ့သူ မော်ရင်ညိုဟာ ၂၀၀၄ မှာ ချယ်လ်ဆီးနည်းပြအဖြစ် စတင်ခန့်အပ်ခံရတယ်။ ရောက်ရောက်ချင်းဆိုသလို ပြိုင်ဘက်တွေကို ဆောက်နဲ့ထွင်းခဲ့တယ်။ ပရီးမီးယားလိဂ်အမှတ်ပေး ချန်ပီယံဖြစ်တယ်။ လိဂ်ဖလားယူတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ အမှတ်အများဆုံးနဲ့ ပေးဂိုးအနည်းဆုံး အသင်းဖြစ်ခဲ့တယ်။ နောက်ရာသီမှာလည်း ပရီးမီးယားလိဂ်ဖလားကို ၂ နှစ်ဆက်သိမ်းပိုက်တယ်။ ချယ်လ်ဆီးအသင်းဟာ မော်ရင်ညိုရဲ့ တတိယရာသီမှာတော့ FA ဖလားနဲ့ လိဂ်ဖလားကိုသာ အောင်မြင်ဆွတ်ခူးခဲ့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၁။ တက္ဒ္ ဒရိတ္ခ္
အာဆင္နယ္အသင္းနဲ႔ တစ္ပြဲတည္း ၇ ဂိုးသြင္းတဲ့ စံခ်ိန္ကို တင္ထားခဲ့တဲ့ ေျမာက္လန္ဒန္ တိုက္စစ္မႉးေဟာင္းဟာ ခ်ယ္လ္ဆီးကို ၁၉၅၂ ကေန ၁၉၆၁ အထိ ကိုင္တြယ္ခဲ့သူျဖစ္တယ္။ ခ်ယ္လ္ဆီးအားေပးသူေတြထဲမွာကို အေတာ္ေလး လူသိနည္းတယ္။ သူ႔ရဲ႕ ေအာင္ျမင္မႈေတြကလည္း ခ်ယ္လ္ဆီးသမိုင္းကို အခ်ိဳးအေကြ႕ျဖစ္ေစခဲ့တယ္။ အသင္းကို အေျပာင္းအလဲမ်ားစြာ ျပဳလုပ္ၿပီး တိုးတက္ေစခဲ့တယ္။ ခ်ယ္လ္ဆီးအသင္းကို အမွတ္ေပးဖလားခ်န္ပီယံျဖစ္ေစခဲ့တဲ့ ၂ဝ ရာစုထဲက တဦးတည္းေသာ ခ်ယ္လ္ဆီးနည္းျပ ျဖစ္ပါတယ္။ အသင္းရဲ႕ အမွတ္တံဆိပ္မွာ ျခေသၤ့႐ုပ္ပုံကို ထည့္သြင္းခဲ့သူလည္းျဖစ္ပါတယ္။

တက္ဒ္ ဒရိတ္ခ္ဟာ သူ႔ေခတ္သူအခါက ေဘာလုံးေတာ္လွန္ေရးလို႔ ဆိုရမယ့္ ဆန္းသစ္မႈေတြကို ေရွ႕ေျပးေဆာင္႐ြက္ခဲ့သူျဖစ္တယ္။ သူက လူငယ္ေတြကို ေျမေတာင္ေျမႇာက္ေပးသူျဖစ္တယ္။ ခ်ယ္လ္ဆီးအသင္းရဲ႕ DNA စစ္စစ္ကို သူက ခိုင္ခိုင္မာမာ ထူေထာင္သြားခဲ့တာပါ။

၂။ ဂ်န္လူကာ ဗီယာလီ
အသင္းတစ္သင္းမွာ ကစားသမားဘဝေအာင္ျမင္မႈလည္း ရရွိတာနဲ႔တၿပိဳင္နက္ နည္းျပဘဝေအာင္ျမင္မႈက က်န္ရစ္ခဲ့တဲ့ ကစားဘဝေအာင္ျမင္မႈကို ေနာက္ပို႔လိုက္ႏိုင္တဲ့အထိ ေျပာင္ေျမာက္ေအာင္ စြမ္းေဆာင္ႏိုင္သူက အေတာ္ေလးရွားပါးပါတယ္။ ခ်ယ္လ္ဆီးအသင္းမွာ အဲဒီလို စြမ္းေဆာင္ခဲ့သူကို လက္ညႇိဳးထိုးပါဆိုရင္ေတာ့ ဗီယာလီပါ။

ဂႏၴဝင္ အီတလီတိုက္စစ္မႉးႀကီးဟာ ခ်ယ္လ္ဆီးအသင္းမွာ ဂိုးေတြ သြင္းလို႔ဝေတာ့ ႐ုဒ္ဂူးလစ္ရဲ႕ နည္းျပေနရာကို ဆက္ခံခဲ့တယ္။ ႐ုဒ္ဂူးလစ္က သူ႔ကို ၁၉၉၈ မွာ ေခၚယူစာခ်ဳပ္ခ်ဳပ္ခဲ့တဲ့ နည္းျပလည္းျဖစ္တယ္။ နည္းျပဘဝ တာထြက္ရာသီမွာပဲ ခ်ယ္လ္ဆီးအတြက္ ဖလား ၃ လုံးဆြတ္ယူခဲ့တယ္။ လိဂ္ဖလား၊ UEFA Cup Winner’s Cup နဲ႔ UEFA ဆူပါဖလားေတြကို ရယူခဲ့တာျဖစ္တယ္။ UEFA ဆူပါဖလားမွာ ပိုၿပီးေျပာစမွတ္က်န္ရစ္ခဲ့တာက ခ်ယ္လ္ဆီးအသင္းဟာ ဗိုလ္လုပြဲမွာ နာမည္ႀကီးထိပ္သီး ရီးယဲလ္မက္ဒရစ္အသင္းကို ၁-၀ နဲ႔ ဒူးေထာက္ေစခဲ့လို႔ ပိုၿပီးေက်ာ္ၾကားခဲ့ပါတယ္။ အမွတ္ေပးဇယားမွာလည္း အဆင့္ ၃ မွာ ရပ္တည္ၿပီး ရာသီသိမ္းခဲ့တယ္။

နည္းျပဘဝ ဒုတိယရာသီမွာ ခ်ယ္လ္ဆီးအသင္းသမိုင္းတေလွ်ာက္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို ပထမဆုံးအႀကိမ္အျဖစ္ ကစားခြင့္ရခဲ့တယ္။ ကြာတားဖိုင္နယ္ ပေက်ာ့မွာ ဘာဆာကို ၃-၁ နဲ႔ ႏိုင္ခဲ့ေပမယ့္ ေနာက္တက်ာ့မွာေတာ့ ၅-၁ နဲ႔ အေရးနိမ့္သြားခဲ့တယ္။ အဲဒီရာသီမွာပဲ ခ်ယ္လ္ဆီးက FA ဖလား ခ်န္ပီယံျဖစ္တယ္။ သူ႔ရဲ႕ တတိယရာသီကေတာ့ ခ်ယ္လ္ဆီးနဲ႔ ႏႈတ္ဆက္လမ္းခြဲရာသီျဖစ္ခဲ့တယ္။ ရာသီအဖြင့္မွာ ခ်ာရတီဒိုင္းဖလားကို ရယူခဲ့တယ္။ ၂၀၀၀ ခုႏွစ္မွာေတာ့ အသင္းနဲ႔ ခြာၿပဲခဲ့ရတယ္။ ေအဘရာမိုခ်္ေခတ္ႀကိဳမွာေတာ့ သူဟာ ခ်ယ္လ္ဆီးရဲ႕ အေအာင္ျမင္ဆုံးနည္းျပအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။

၃။ ေရာဘတ္တို ဒီမတ္တီယို
အီတလီသားရဲ႕ ခ်ယ္လ္ဆီးနည္းျပဘဝက ၅ လပဲ သက္ဆိုးရွည္ခဲ့ပါတယ္။ ထုံးစံအတိုင္း ခ်ယ္လ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ရဲ႕ နည္းျပအေျပာင္းအလဲၾကမ္းတဲ့ ဒဏ္ကို ခံခဲ့ရတာပါပဲ။ သူက ၅ လသာ ကိုင္တြယ္ခဲ့ေပမယ့္ ခ်ယ္လ္ဆီးမွာ ႐ုပ္ရွင္ဆန္ဆန္ျဖစ္ရပ္ေတြ ျဖစ္ပြားသြားခဲ့တာက အခုအခ်ိန္ထိ ေဘာလုံးသမိုင္းမွာ ေျပာစမွတ္တြင္က်န္ေနဆဲပါ။

၂၀၁၁ မွာ အန္ဒေရ ဗီလာ ဘိုအာ့စ္ရဲ႕ လက္ေထာက္နည္းျပအျဖစ္ ခ်ယ္လ္ဆီးအသင္းကို ေရာက္လာတယ္။ ဘိုအာ့စ္အထုတ္ပယ္ခံရၿပီး အသင္းရဲ႕ ယာယီနည္းျပျဖစ္လာတယ္။ သူ႔ရဲ႕ နည္းျပဘဝမွာ ခ်ယ္လ္ဆီးကို FA ဖလားကိုင္ေျမႇာက္ေစခဲ့သလို ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲေစခဲ့ၿပီး ခ်န္ပီယံလိဂ္ဆုဖလားကို ကိုင္ေျမႇာက္ႏိုင္တဲ့ ပထမဆုံးလန္ဒန္အသင္းက ခ်ယ္လ္ဆီးအသင္းျဖစ္လာခဲ့တယ္။

ဒါ့အျပင္ ဒီမက္တီယိုက ခ်ယ္လ္ဆီးအသင္းရဲ႕သမိုင္းမွာ ခ်န္ပီယံလိဂ္ဖလား ရယူေပးခဲ့တဲ့ ပထမဦးဆုံး နည္းျပလည္း ျဖစ္လာခဲ့ပါတယ္။ ဒီလို တသက္မွာတခါ ေအာင္ျမင္မႈမ်ိဳးကို ေဆာင္ယူလာခဲ့တဲ့ နည္းျပကို အၿမဲတမ္းနည္းျပအျဖစ္ ခန႔္အပ္ခဲ့သလို လပိုင္းအတြင္းမွာပဲ အသင္းကေန ျပန္လည္ထုတ္ပယ္ခဲ့တဲ့ လုပ္ရပ္ကိုလည္း ခ်ယ္လ္ဆီးပရိသတ္ေတြ အဲဒီအခ်ိန္က အေတာ္ဆြံ႕အခဲ့ၿပီး အံ့အားသင့္ခဲ့ရပါေသးတယ္။

၄။ ကာလို အန္ဆယ္ေလာ့တီ

ဂႏၴဝင္နည္းျပႀကီး၊ အီတလီသား အန္ဆယ္ေလာ့တီရဲ႕ ခ်ယ္လ္ဆီးနည္းျပဘဝ ေအာင္ျမင္မႈက အေတာ္ေလးႀကီးမားခဲ့ပါတယ္။ ထာဝရအေကာင္းဆုံး နည္းျပေတြထဲက တစ္ေယာက္အျဖစ္ ဘာေၾကာင့္ သတ္မွတ္ခံထားရလဲဆိုတာ ခ်ယ္လ္ဆီးကို ကိုင္တြယ္ၿပီး ထပ္မံသက္ေသထူျပခဲ့သူလည္းျဖစ္တယ္။ ၂၀၀၉ ဇြန္ ၁ မွာ ခ်ယ္လ္ဆီးနည္းျပအျဖစ္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တယ္။ ၂ လအၾကာမွာပဲ ယူႏိုက္တက္အသင္းကို ပင္နယ္တီနဲ႔ အႏိုင္ယူၿပီး ကြန္ျမဴနတီဒိုင္းဖလားကို ပထမဆုံးေအာင္ျမင္မႈအျဖစ္ သိမ္းပိုက္တယ္။ ခ်ယ္လ္ဆီးနည္းျပဘဝ တာထြက္ရာသီမွာပဲ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာတယ္။

ခ်ယ္လ္ဆီးရဲ႕ ကစားပုံက အဆင့္အတန္းျမင့္ခဲ့တယ္။ တိုက္စစ္က ၁၀၃ ဂိုးသြင္းတယ္။ ပရီးမီးယားလိဂ္မွာ ဂိုး ၁၀၀ ေက်ာ္သြင္းတဲ့ ပထမဆုံးအသင္းျဖစ္လာတယ္။ FA ဖလားကို ထပ္သိမ္းတယ္။ သူ႔လက္ထက္မွာ ျပည္တြင္းဖလား ၂ လုံး တၿပိဳင္နက္တည္းရတဲ့ ပထမဆုံးအႀကိမ္ျဖစ္လာတယ္။ ေနာက္တစ္ရာသီမွာေတာ့ ခ်န္ပီယံလိဂ္ ကြာတားအဆင့္မွာ ယူႏိုက္တက္ရဲ႕ ျဖဳတ္ခ်ျခင္းကို ခံခဲ့ရၿပီး ပရီးမီးယားလိဂ္မွာ အဆင့္ ၂ နဲ႔ ရာသီသိမ္းခဲ့တယ္။ အန္ဆေလာ့တီဟာလည္း ခ်ယ္လ္ဆီးနဲ႔ ေစာေစာစီးစီး လမ္းခြဲသြားခဲ့ရတယ္။

၅။ ဂ်ိဳေဆးေဆး ေမာ္ရင္ညိဳ

ခ်ယ္လ္ဆီးအသင္းရဲ႕သမိုင္းမွာ ၾသဇာတိကၠမႀကီးမားခဲ့တဲ့ နည္းျပကေတာ့ ဟိုေဆး ေမာ္ရင္ညိဳလို႔ အသင္းပရိသတ္ေတြအားလုံးက တညီတၫြတ္တည္း လက္ခံထားၾကမွာပါ။ သူ႔အေပၚ ခ်စ္စြဲ၊ မုန္းစြဲပုံစံအမ်ိဳးမ်ိဳးနဲ႔ ခ်ယ္လ္ဆီးပရိသတ္ေတြ ရင္ထဲမွာ အခုထိ လက္ခံထားၾကရဆဲျဖစ္ပါတယ္။

ကိုယ့္ကိုယ္ကိုယ္ ‘Special One’ လို႔ ေႂကြးေၾကာ္ခဲ့သူ၊ ေပၚတိုလိုအသင္းကို ခ်န္ပီယံလိဂ္ခ်န္ပီယံျဖစ္ေစခဲ့သူ ေမာ္ရင္ညိဳဟာ ၂၀၀၄ မွာ ခ်ယ္လ္ဆီးနည္းျပအျဖစ္ စတင္ခန႔္အပ္ခံရတယ္။ ေရာက္ေရာက္ခ်င္းဆိုသလို ၿပိဳင္ဘက္ေတြကို ေဆာက္နဲ႔ထြင္းခဲ့တယ္။ ပရီးမီးယားလိဂ္အမွတ္ေပး ခ်န္ပီယံျဖစ္တယ္။ လိဂ္ဖလားယူတယ္။ ပရီးမီးယားလိဂ္သမိုင္းမွာ အမွတ္အမ်ားဆုံးနဲ႔ ေပးဂိုးအနည္းဆုံး အသင္းျဖစ္ခဲ့တယ္။ ေနာက္ရာသီမွာလည္း ပရီးမီးယားလိဂ္ဖလားကို ၂ ႏွစ္ဆက္သိမ္းပိုက္တယ္။ ခ်ယ္လ္ဆီးအသင္းဟာ ေမာ္ရင္ညိဳရဲ႕ တတိယရာသီမွာေတာ့ FA ဖလားနဲ႔ လိဂ္ဖလားကိုသာ ေအာင္ျမင္ဆြတ္ခူးခဲ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.