Premier League Transfer News

စပါးစ်ရဲ့ ဂိုးသမား ရှာပုံတော်မှာ ယူနိုက်တက်ရဲ့ ဟန်ဒါဆန်နဲ့ အဆင်ပြေသွားမလား

တော့တင်ဟမ် ဟော့စပါးစ်အသင်းအနေနဲ့ သူတို့ရဲ့ အသက်အရွယ်ကြောင့် လျင်မြန်မှု ကျဆင်းလာခဲ့ပြီး နာမည်သာ ကျန်တော့တဲ့ ဂိုးသမား ဟူဂို လိုရစ်ကို အစားထိုးသွားဖို့ စီစဉ်နေရာမှာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့်ရနေပေမယ့် နေရာအတွက် အာမခံချက်မရတဲ့ ဒင်းန် ဟန်ဒါဆန်ကိုလည်း စိတ်ဝင်စားနေခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် အင်္ဂလန်သားဟာ ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့အတူ ဘရမ်းမောလ်လိန်းမှာ လက်စွမ်းပြခဲ့ပြီး သူ အိုးလ်ထရက်ဖို့ဒ်ကို ပြန်ရောက်ချိန်မှာ ဘလိတ်ဓားတွေ ဘယ်လိုဖြစ်ကျန်ခဲ့တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပြီး သူ့ရဲ့ အရေးပါမှုကို ထင်ရှားစေခဲ့ပြီးသူလည်းဖြစ်ပါတယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားနဲ့ အသင်းတာဝန်ရှိသူတွေက သူ့ရဲ့ အတွေ့အကြုံဟာ ပြိုင်ပွဲကြီးတွေမှာ လုံလောက်မှု မရှိဘူးလို့ ယူဆနေပြီး အသင်းကြီးတစ်သင်းကို အငှားနဲ့ ထပ်မံပို့ဆောင်ဖို့တောင် စဉ်းစားခဲ့သေးတာဖြစ်ပေမယ့် ဦးစားပေးဂိုးသမား ဒေးဗစ် ဒဟေးယားက သိပ်မယုံရချိန်မှာ လူစားအချိန်မီ ရှာနိုင်ဖို့လည်း မလွယ်တာကြောင့် ဆက်လက်ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဒဟေးယားရဲ့ ကြံ့ခိုင်မှုအရ မပါဝင်နိုင်ချိန်မှာ လက်စွမ်းပြပေမယ့် ပရိသတ်မကြိုက်တဲ့ အလှအပ ဂိုးဖမ်းဟန်တွေကတော့ သူ့ကို ဝေဖန်ခံရစေချိန်မှာ စပါးစ်အသင်းအနေနဲ့ သူတို့အသင်းရဲ့ လိုအပ်ချက်အတွက် ဟန်ဒါဆန်အနေနဲ့ လုံလောက်မှုရှိနေတယ်ဆိုပြီး ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။

ဟန်ဒါဆန်အနေနဲ့ ပရီးမီးယားလိဂ်အသင်းတစ်သင်းမှာ ကစားခွင့်ကလည်း သူ့ရဲ့ အင်္ဂလန်လက်ရွေးစင်အိပ်မက်အတွက် အရေးပါနေတာမို့ ယူနိုက်တက်အသင်းမှာ ကစားခွင့်မရရင် ထွက်ခွာဖွယ်ရှိနေသလို တာဝန်ရှိသူတွေကတော့ အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာနဲ့ အက်သလက်တီကိုရဲ့ အော့ဘ်လက်ခ်တို့ကိုလည်း စိတ်ဝင်စားနေခဲ့ပါတယ်။

စပါးစ်အသင်းအနေနဲ့ လက်ရှိအချိန်မှာတော့ ရလဒ်တွေ ဆိုးရွားနေတဲ့ အချိန်မှာ ဟူဂို လိုရစ်ရဲ့ (ဘောလုံးပရိသတ်တွေကြားက ဖုန်းတစ်ဂိုး ဆိုသလိုမျိုးဖြစ်နေတဲ့) လက်စွမ်းက အသင်းကို ထိခိုက်မှု ရှိစေတယ်လို့ ယုံကြည်နေကြပြီး ဒါက နည်းပြ မော်ရင်ညိုရဲ့ အရှုံးသားကောင်ရှာဖွေတာလည်း ဖြစ်နိုင်ပေမယ့် အသင်းရဲ့ ဂိုးသမားတွေက လုံလောက်မှု မရှိတာတော့လည်း အမှန်တကယ်ပဲဖြစ်ပါတယ်။

ဒါကြောင့် ဂိုးသမားလိုနေတဲ့ စပါးစ်နဲ့ အရေးပါမှုကို လိုချင်နေတဲ့ ဟန်ဒါဆန်တို့နှစ်ဦး ပေါင်းထုပ်သွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး မြောက်လန်ဒန်အသင်းအနေနဲ့ကတော့ အရန်အစီအစဉ်အဖြစ် ဘန်လေရဲ့ နစ်ခ် ပုပ်နဲ့ ဝက်စ်ဘရွန်းရဲ့ ယူနိုက်တက်အကယ်ဒမီထွက်တစ်ဦးပဲဖြစ်တဲ့ ဆမ် ဂျွန်စတုန်းစ်တို့ကိုလည်း စောင့်ကြည့်နေတယ်လို့ သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ ေဟာ့စပါးစ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အသက္အ႐ြယ္ေၾကာင့္ လ်င္ျမန္မႈ က်ဆင္းလာခဲ့ၿပီး နာမည္သာ က်န္ေတာ့တဲ့ ဂိုးသမား ဟူဂို လိုရစ္ကို အစားထိုးသြားဖို႔ စီစဥ္ေနရာမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ပြဲထြက္ခြင့္ရေနေပမယ့္ ေနရာအတြက္ အာမခံခ်က္မရတဲ့ ဒင္းန္ ဟန္ဒါဆန္ကိုလည္း စိတ္ဝင္စားေနခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ အဂၤလန္သားဟာ ရွက္ဖီးလ္ဒ္ယူႏိုက္တက္နဲ႔အတူ ဘရမ္းေမာလ္လိန္းမွာ လက္စြမ္းျပခဲ့ၿပီး သူ အိုးလ္ထရက္ဖို႔ဒ္ကို ျပန္ေရာက္ခ်ိန္မွာ ဘလိတ္ဓားေတြ ဘယ္လိုျဖစ္က်န္ခဲ့တယ္ဆိုတာ အားလုံးအသိပဲျဖစ္ၿပီး သူ႔ရဲ႕ အေရးပါမႈကို ထင္ရွားေစခဲ့ၿပီးသူလည္းျဖစ္ပါတယ္။

ဒါေပမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းနည္းျပ အိုလီဂန္နာ ဆိုးလ္ရွားနဲ႔ အသင္းတာဝန္ရွိသူေတြက သူ႔ရဲ႕ အေတြ႕အႀကဳံဟာ ၿပိဳင္ပြဲႀကီးေတြမွာ လုံေလာက္မႈ မရွိဘူးလို႔ ယူဆေနၿပီး အသင္းႀကီးတစ္သင္းကို အငွားနဲ႔ ထပ္မံပို႔ေဆာင္ဖို႔ေတာင္ စဥ္းစားခဲ့ေသးတာျဖစ္ေပမယ့္ ဦးစားေပးဂိုးသမား ေဒးဗစ္ ဒေဟးယားက သိပ္မယုံရခ်ိန္မွာ လူစားအခ်ိန္မီ ရွာႏိုင္ဖို႔လည္း မလြယ္တာေၾကာင့္ ဆက္လက္ထိန္းသိမ္းခဲ့တာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ဒေဟးယားရဲ႕ ႀကံ့ခိုင္မႈအရ မပါဝင္ႏိုင္ခ်ိန္မွာ လက္စြမ္းျပေပမယ့္ ပရိသတ္မႀကိဳက္တဲ့ အလွအပ ဂိုးဖမ္းဟန္ေတြကေတာ့ သူ႔ကို ေဝဖန္ခံရေစခ်ိန္မွာ စပါးစ္အသင္းအေနနဲ႔ သူတို႔အသင္းရဲ႕ လိုအပ္ခ်က္အတြက္ ဟန္ဒါဆန္အေနနဲ႔ လုံေလာက္မႈရွိေနတယ္ဆိုၿပီး ေခၚယူဖို႔ စိတ္ဝင္စားလာခဲ့တာျဖစ္ပါတယ္။

ဟန္ဒါဆန္အေနနဲ႔ ပရီးမီးယားလိဂ္အသင္းတစ္သင္းမွာ ကစားခြင့္ကလည္း သူ႔ရဲ႕ အဂၤလန္လက္ေ႐ြးစင္အိပ္မက္အတြက္ အေရးပါေနတာမို႔ ယူႏိုက္တက္အသင္းမွာ ကစားခြင့္မရရင္ ထြက္ခြာဖြယ္ရွိေနသလို တာဝန္ရွိသူေတြကေတာ့ ေအစီမီလန္ဂိုးသမား ဒြန္နာရမ္မာနဲ႔ အက္သလက္တီကိုရဲ႕ ေအာ့ဘ္လက္ခ္တို႔ကိုလည္း စိတ္ဝင္စားေနခဲ့ပါတယ္။

စပါးစ္အသင္းအေနနဲ႔ လက္ရွိအခ်ိန္မွာေတာ့ ရလဒ္ေတြ ဆိုး႐ြားေနတဲ့ အခ်ိန္မွာ ဟူဂို လိုရစ္ရဲ႕ (ေဘာလုံးပရိသတ္ေတြၾကားက ဖုန္းတစ္ဂိုး ဆိုသလိုမ်ိဳးျဖစ္ေနတဲ့) လက္စြမ္းက အသင္းကို ထိခိုက္မႈ ရွိေစတယ္လို႔ ယုံၾကည္ေနၾကၿပီး ဒါက နည္းျပ ေမာ္ရင္ညိဳရဲ႕ အရႈံးသားေကာင္ရွာေဖြတာလည္း ျဖစ္ႏိုင္ေပမယ့္ အသင္းရဲ႕ ဂိုးသမားေတြက လုံေလာက္မႈ မရွိတာေတာ့လည္း အမွန္တကယ္ပဲျဖစ္ပါတယ္။

ဒါေၾကာင့္ ဂိုးသမားလိုေနတဲ့ စပါးစ္နဲ႔ အေရးပါမႈကို လိုခ်င္ေနတဲ့ ဟန္ဒါဆန္တို႔ႏွစ္ဦး ေပါင္းထုပ္သြားႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ေျမာက္လန္ဒန္အသင္းအေနနဲ႔ကေတာ့ အရန္အစီအစဥ္အျဖစ္ ဘန္ေလရဲ႕ နစ္ခ္ ပုပ္နဲ႔ ဝက္စ္ဘ႐ြန္းရဲ႕ ယူႏိုက္တက္အကယ္ဒမီထြက္တစ္ဦးပဲျဖစ္တဲ့ ဆမ္ ဂြၽန္စတုန္းစ္တို႔ကိုလည္း ေစာင့္ၾကည့္ေနတယ္လို႔ သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.