Premier League

အာတီတာနဲ႔ အဆက္အသြယ္ရေၾကာင္းနဲ႔ ေလ့က်င့္ေနေၾကာင္း ျပသသြားခဲ့တဲ့ ေတာ္ရဲရား

အာဆင္နယ္အသင္းရဲ႕ ဥ႐ုေဂြးကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားက သူတို႔ကစားသမားေတြနဲ႔ နည္းျပ မုိက္ကယ္ အာတီတာၾကားမွာ ခြဲျခား ေစာင့္ၾကည့္ခံေနရေပမယ့္လည္း အဆက္အသြယ္ရွိေၾကာင္းနဲ႔ အာတီတာရဲ႕ အေျခအေနက တုိးတက္ေကာင္းမြန္လ်က္ရွိတယ္လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

ဒဏ္ရာကေန ျပန္လည္ႀကံ့ခိုင္ေရးေတြ ေဆာင္ရြက္ေနတဲ့ ေတာ္ရဲရားက ဒီေရာဂါကို အာဆင္နယ္အသင္းဆီ ေရာက္လာမယ္လို႔ မေမွ်ာ္လင့္ခဲ့ဖူးဘူးလို႔လည္း ေျပာၾကားလုိက္ၿပီး နည္းျပ အာတီတာအေနနဲ႔ အျမန္ဆုံး ျပန္လည္ေကာင္းမြန္လာၿပီး အသင္းနဲ႔ ပူးေပါင္းႏုိင္ဖို႔ ေမွ်ာ္လင့္ေၾကာင္းလည္း ဆုိပါတယ္။

အာဆင္နယ္အသင္းက ညႊန္ၾကားထားတဲ့အတုိင္း ကစားသမားေတြအေနနဲ႔ အိမ္ေတြမွာ ႀက့ံခိုင္ေရးလုပ္ငန္းစဥ္ေတြကို ေဆာင္ရြက္ရမယ္လို႔ ပါရွိတဲ့အတုိင္း လုပ္ေဆာင္ေနတဲ့အထဲမွာ ဒီအသက္ ၂၃ ႏွစ္အရြယ္ ကြင္းလယ္ကစားသမားကလည္း တစ္ဦးအပါဝင္အျဖစ္ၿပီး သူ႕ရဲ႕လုပ္ေဆာင္မွဳပုံစံကို ေဖာ္ျပသြားခဲ့ပါတယ္။

ႀကံ့ခိုင္မွဳ အျပည့္အဝနဲ႔ လန္းဆန္းေနတဲ့ ပုံစံရွိတဲ့ ေတာ္ရဲရားက ၈ ပတ္ကေန ၁၀ ပတ္အထိ အနားယူရႏုိင္တဲ့ ဒဏ္ရာကို ပုိ႔စ္ေမာက္နဲ႔ပြဲမွာ ရရွိထားခဲ့ၿပီး ေျခေထာက္မွာေတာ့ အကာအကြယ္ဖိနပ္ကို ဝတ္ဆင္ထားခဲ့သလို ရာသီမကုန္ခင္မွာေတာ့ ျပန္လည္ကစားႏုိင္ဖို႔လည္း ပစ္မွတ္ထားေနပါတယ္။

ေတာ္ရဲရားက ဥ႐ုေဂြးကုိ ေလေၾကာင္းလိုင္းေတြ ပိတ္ထားလုိ႔ ျပန္လုိ႔ မရဘူးလို႔ဆုိခဲ့သလို ဆူပါမာ့ကက္ေတြမွာ အိမ္သာသုံးစကၠဴနဲ႔ လက္သန္႔ေဆးေတြ ဝယ္မရဘူးလို႔လည္း ညည္းျပသြားခဲ့ၿပီး အျမန္ဆုံးျပန္လာႏုိင္ဖို႔ လုပ္ေဆာင္ေနတယ္လုိ႔လည္း သူ႕ရဲ႕ အင္စတာဂရမ္မွာ ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ ဥရုဂွေးကွင်းလယ်လူ လူးကပ်စ် တော်ရဲရားက သူတို့ကစားသမားတွေနဲ့ နည်းပြ မိုက်ကယ် အာတီတာကြားမှာ ခွဲခြား စောင့်ကြည့်ခံနေရပေမယ့်လည်း အဆက်အသွယ်ရှိကြောင်းနဲ့ အာတီတာရဲ့ အခြေအနေက တိုးတက်ကောင်းမွန်လျက်ရှိတယ်လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ဒဏ်ရာကနေ ပြန်လည်ကြံ့ခိုင်ရေးတွေ ဆောင်ရွက်နေတဲ့ တော်ရဲရားက ဒီရောဂါကို အာဆင်နယ်အသင်းဆီ ရောက်လာမယ်လို့ မမျှော်လင့်ခဲ့ဖူးဘူးလို့လည်း ပြောကြားလိုက်ပြီး နည်းပြ အာတီတာအနေနဲ့ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာပြီး အသင်းနဲ့ ပူးပေါင်းနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဆိုပါတယ်။

အာဆင်နယ်အသင်းက ညွှန်ကြားထားတဲ့အတိုင်း ကစားသမားတွေအနေနဲ့ အိမ်တွေမှာ ကြံ့ခိုင်ရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရမယ်လို့ ပါရှိတဲ့အတိုင်း လုပ်ဆောင်နေတဲ့အထဲမှာ ဒီအသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမားကလည်း တစ်ဦးအပါဝင်အဖြစ်ပြီး သူ့ရဲ့လုပ်ဆောင်မှုပုံစံကို ဖော်ပြသွားခဲ့ပါတယ်။

ကြံ့ခိုင်မှု အပြည့်အဝနဲ့ လန်းဆန်းနေတဲ့ ပုံစံရှိတဲ့ တော်ရဲရားက ၈ ပတ်ကနေ ၁၀ ပတ်အထိ အနားယူရနိုင်တဲ့ ဒဏ်ရာကို ပို့စ်မောက်နဲ့ပွဲမှာ ရရှိထားခဲ့ပြီး ခြေထောက်မှာတော့ အကာအကွယ်ဖိနပ်ကို ဝတ်ဆင်ထားခဲ့သလို ရာသီမကုန်ခင်မှာတော့ ပြန်လည်ကစားနိုင်ဖို့လည်း ပစ်မှတ်ထားနေပါတယ်။

တော်ရဲရားက ဥရုဂွေးကို လေကြောင်းလိုင်းတွေ ပိတ်ထားလို့ ပြန်လို့ မရဘူးလို့ဆိုခဲ့သလို ဆူပါမာ့ကက်တွေမှာ အိမ်သာသုံးစက္ကူနဲ့ လက်သန့်ဆေးတွေ ဝယ်မရဘူးလို့လည်း ညည်းပြသွားခဲ့ပြီး အမြန်ဆုံးပြန်လာနိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း သူ့ရဲ့ အင်စတာဂရမ်မှာ ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.