Premier League

ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ တစ္လတာအေကာင္းဆုံးဆုနဲ႔ ယူႏိုက္တက္အတြက္ အထိေရာက္ဆုံး အင္အား

ပရီးမီးယားလိဂ္ရဲ႕ ေဖေဖာ္ဝါရီလတစ္လတာအေကာင္းဆုံး ကစားသမားဆုကို ခ်ီးျမႇင့္ဖို႔ ပရိသတ္ေတြရဲ႕ မဲေပးေရြးခ်ယ္မွဳေတြကို ေစာင့္ဆုိင္းခဲ့ရသလို ကို႐ိုနာဗုိင္းရပ္စ္ရဲ႕ ဝင္ေရာက္ေႏွာင့္ယွက္မွဳေၾကာင့္ ပုံမွန္ထက္ အနည္းငယ္ ေနာက္က်ထုတ္ျပန္ခဲ့ရေပမယ့္ ရလဒ္ေတြ ထြက္ေပၚလာခ်ိန္မွာ ဘ႐ူႏုိ ဖာနန္ဒက္စ္အတြက္ မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြ ဝမ္းသာႏုိင္ခဲ့ၾကပါတယ္။

အသင္းကို ေပါင္ ၆၈ သန္းနဲ႔ ေျပာင္းေရႊ႕ေရာက္ရွိလာတဲ့ ကြင္းလယ္ဖန္တီးရွင္ဟာ အသင္းကို ေရာက္ေရာက္ခ်င္း ပထမဆုံးပြဲစဥ္မွာပဲ ပြဲထြက္ခြင့္ရခဲ့ၿပီး ဝုလ္ဗ္စ္နဲ႔ပြဲမွာ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားရဲ႕ ယုံၾကည္မွဳနဲ႔ ထုိက္တန္ေအာင္ အစိမ္းသက္သက္ၿပဳိင္ပြဲမွာ လက္ခံႏိုင္တဲ့ ေျခစြမ္းကို ျပသခဲ့ၿပီး အသင္းနဲ႔ ဟန္ခ်က္ညီတဲ့ ကစားပုံကိုလည္း ျပသႏုိင္ခဲ့ပါတယ္။

ႏွစ္ပတ္အၾကာမွာေတာ့ ခ်ဲလ္ဆီးနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္က အေဝးကြင္းပြဲစဥ္မွာ ေျခစြမ္းျပၿပီး ဂိုးဖန္တီးမွဳ ျပဳလုပ္ႏုိင္ခဲ့သလို ယူႏုိက္တက္ ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြနဲ႔အတူ ေနာက္လာမယ့္ပြဲေတြမွာ ပုိမိုေကာင္းမြန္လာခဲ့ၿပီး ဝတ္ဖို႔ဒ္နဲ႔ အိမ္ကြင္းပြဲစဥ္မွာေတာ့ သူကိုယ္တုိင္ေၾကာင့္ ရခဲ့တဲ့ ပင္နယ္တီကေန အသင္းအတြက္ ပထမဆုံးဂိုးကို သြင္းယူႏုိင္ခဲ့တဲ့အျပင္ လူငယ္တုိက္စစ္မွဴး ဂရင္းဝုဒ္ကိုပါ တစ္ဂိုးဖန္တီးေပးႏုိင္ခဲ့ပါတယ္။

ေဖေဖာ္ဝါရီလအတြင္းမွာ တစ္ဂိုးသြင္းၿပီး ႏွစ္ဂိုးဖန္တီးႏုိင္ခဲ့တဲ့ ဖာနန္ဒက္စ္အေနနဲ႔ မားကို႔စ္ အလြန္ဆုိ၊ အူဘာမီယန္း၊ ကဲလ္ဗတ္-လူဝင္နဲ႔ မတ္ ဒိုဟာတီတုိ႔ကို ျဖတ္ေက်ာ္ၿပီး အေကာင္းဆုံးဆုကို ရယူႏုိင္ခဲ့တာျဖစ္သလို ဒီဆုကို ရရွိတဲ့ တတိယေျမာက္ ေပၚတူဂီသားနဲ႔ ဆာအဲလက္စ္ဖာဂူဆန္ရဲ႕ အနားယူမွဳေနာက္ပုိင္း စတုတၳေျမာက္ကစားသမားလည္းျဖစ္ခဲ့ပါတယ္။

ဖာနန္ဒက္စ္ကေတာ့ ဒီဆုကို ဆြတ္ခူးႏုိင္ခဲ့လို႔ ဘ႐ူႏုိရဲ႕ အသင္းသစ္နဲ႔ စတင္မွဳအေၾကာင္း ေျပာစရာရွိသြားခဲ့ၿပီျဖစ္ေပမယ့္ ဒါဟာ တစ္ဦးတည္းေၾကာင့္ မဟုတ္ဘဲ တစ္သင္းလုံးေကာင္းလို႔သာ ရရွိခဲ့တာျဖစ္ၿပီး တစ္ေယာက္တည္းဟာ ဘာမွမလုပ္ႏုိင္ေပမယ့္ ၿပဳိင္တူတြန္းရင္ ေရြ႕ႏိုင္တဲ့ အသင္းရဲ႕ အားထုတ္မွဳကိုပဲ ပိုမိုခ်ီးက်ဴးရမွာလည္းျဖစ္တယ္လုိ႔ ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ပရီးမီးယားလိဂ်ရဲ့ ဖေဖော်ဝါရီလတစ်လတာအကောင်းဆုံး ကစားသမားဆုကို ချီးမြှင့်ဖို့ ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုတွေကို စောင့်ဆိုင်းခဲ့ရသလို ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဝင်ရောက်နှောင့်ယှက်မှုကြောင့် ပုံမှန်ထက် အနည်းငယ် နောက်ကျထုတ်ပြန်ခဲ့ရပေမယ့် ရလဒ်တွေ ထွက်ပေါ်လာချိန်မှာ ဘရူနို ဖာနန်ဒက်စ်အတွက် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ ဝမ်းသာနိုင်ခဲ့ကြပါတယ်။

အသင်းကို ပေါင် ၆၈ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာတဲ့ ကွင်းလယ်ဖန်တီးရှင်ဟာ အသင်းကို ရောက်ရောက်ချင်း ပထမဆုံးပွဲစဉ်မှာပဲ ပွဲထွက်ခွင့်ရခဲ့ပြီး ဝုလ်ဗ်စ်နဲ့ပွဲမှာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်အောင် အစိမ်းသက်သက်ပြိုင်ပွဲမှာ လက်ခံနိုင်တဲ့ ခြေစွမ်းကို ပြသခဲ့ပြီး အသင်းနဲ့ ဟန်ချက်ညီတဲ့ ကစားပုံကိုလည်း ပြသနိုင်ခဲ့ပါတယ်။

နှစ်ပတ်အကြာမှာတော့ ချဲလ်ဆီးနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်က အဝေးကွင်းပွဲစဉ်မှာ ခြေစွမ်းပြပြီး ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့သလို ယူနိုက်တက် ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေနဲ့အတူ နောက်လာမယ့်ပွဲတွေမှာ ပိုမိုကောင်းမွန်လာခဲ့ပြီး ဝတ်ဖို့ဒ်နဲ့ အိမ်ကွင်းပွဲစဉ်မှာတော့ သူကိုယ်တိုင်ကြောင့် ရခဲ့တဲ့ ပင်နယ်တီကနေ အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တဲ့အပြင် လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ကိုပါ တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဖေဖော်ဝါရီလအတွင်းမှာ တစ်ဂိုးသွင်းပြီး နှစ်ဂိုးဖန်တီးနိုင်ခဲ့တဲ့ ဖာနန်ဒက်စ်အနေနဲ့ မားကို့စ် အလွန်ဆို၊ အူဘာမီယန်း၊ ကဲလ်ဗတ်-လူဝင်နဲ့ မတ် ဒိုဟာတီတို့ကို ဖြတ်ကျော်ပြီး အကောင်းဆုံးဆုကို ရယူနိုင်ခဲ့တာဖြစ်သလို ဒီဆုကို ရရှိတဲ့ တတိယမြောက် ပေါ်တူဂီသားနဲ့ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အနားယူမှုနောက်ပိုင်း စတုတ္ထမြောက်ကစားသမားလည်းဖြစ်ခဲ့ပါတယ်။

ဖာနန်ဒက်စ်ကတော့ ဒီဆုကို ဆွတ်ခူးနိုင်ခဲ့လို့ ဘရူနိုရဲ့ အသင်းသစ်နဲ့ စတင်မှုအကြောင်း ပြောစရာရှိသွားခဲ့ပြီဖြစ်ပေမယ့် ဒါဟာ တစ်ဦးတည်းကြောင့် မဟုတ်ဘဲ တစ်သင်းလုံးကောင်းလို့သာ ရရှိခဲ့တာဖြစ်ပြီး တစ်ယောက်တည်းဟာ ဘာမှမလုပ်နိုင်ပေမယ့် ပြိုင်တူတွန်းရင် ရွေ့နိုင်တဲ့ အသင်းရဲ့ အားထုတ်မှုကိုပဲ ပိုမိုချီးကျူးရမှာလည်းဖြစ်တယ်လို့ ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.