Premier League UCL&UEL

ဟန်ဆောင်ကာမူပိုလွန်းတယ်လို့ ဟန်ဒါဆန်ကို ဖာနန်ဒက်စ် ဘာကြောင့် ရိလိုက်သလဲ

ပြီးခဲ့တဲ့ အေစီမီလန်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အတွက် အရေးပါလှတဲ့ ကာကွယ်မှုတွေကို လက်စွမ်းပြခဲ့သူက ဒဟဲယားနေရာကို ၁၀၀ ရာခိုင်နှုန်း အစားထိုးနိုင်ကြောင်း ပွဲတွေဆက်တိုက် သက်သေပြလာခဲ့တဲ့ ဂိုးသမား ဒင်းန်ဟန်ဒါဆန်ပါ။

အေစီမီလန်နဲ့ပွဲအပြီးမှာ ယူနိုက်တက်ရဲ့အနိုင်ဂိုးရှင် ပေါ့ဘာရဲ့နာမည်နဲ့ ပုံရိပ်တွေက သတင်းစာမျက်နှာထက်တွေမှာ ပလူပျံခဲ့သလောက် အီဘရာဟီမိုဗစ်ချ်ရဲ့ သံသရာရှည်သွားစေနိုင်တဲ့ အနီးကပ်ခေါင်းတိုက်ချက်ကို လေထဲပျံဝဲပြီး လက်စွမ်းပြ ကာကွယ်မှုကတော့ ထင်သလောက် အသိအမှတ်ပြုမခံရဘဲဖြစ်ခဲ့ပါတယ်။

အေစီမီလန်အတွက် အသက်တမျှ အရေးကြီးတဲ့ အခွင့်အရေးတချို့ကို တားဆီးခဲ့တဲ့ ဟန်ဒါဆန်ရဲ့စွမ်းဆောင်ရည်ဟာ ယူနိုက်တက်ကို ယူရိုပါလိဂ် ကွာတားဖိုင်နယ်တက်စေဖို့ ကောင်းကောင်းအလုပ်ဖြစ်ခဲ့ပေမယ့် လူပြောများမှုအနေနဲ့တော့ အနည်းငယ်ငုပ်နေခဲ့ပြီး ပရိသတ်တွေအလယ်မှာ မျက်နှာသိပ်မပွင့်ခဲ့ဘဲ သူ့ရဲ့အားထုတ်မှုက ဖုံးလွှမ်းခံထားရသလို ဖြစ်ခဲ့တာလည်းအမှန်ပါ။

ဒီအချိန်မှာတော့ ဒင်းန်ဟန်ဒါဆန်တယောက် ဘရူနို ဖာနန်ဒက်စ်ဆီက ကျီစယ်မှုကိုလည်း မရှောင်လွှဲနိုင်ခဲ့သလို လှောင်ပြောင်ခံခဲ့ရတာကို တွေ့ရပြီး ဘရူနို ဖာနန်ဒက်စ်က မျက်နှာငယ်နေတဲ့ သူ့ရဲ့ ရဲဘော်ကို ရည်ရွယ်ချက်ရှိရှိ ဟာသလုပ်ပြီး ပြက်လုံးထုတ်သွားခဲ့တာပါ။

]

ဦးစားပေးဂိုးသမား ဒေဗစ် ဒဟေးယား မပါဝင်နိုင်ချိန်မှာ အခွင့်အရေးရနေတဲ့ ဟန်ဒါဆန်ရဲ့ ဂိုးဖမ်းတဲ့ပုံစံဟာ ရုပ်ရှင်ရိုက်နေသလို ပဲများလွန်းပြီး ဟန်ဆောင်ကာမူပိုလွန်းတယ်လို့ ဘရူနို အတည်ပေါက်နဲ့နောက်ပြောင်ပြီး ရိသွားခဲ့တာဖြစ်ပါတယ်။

အီဘရာဟီမိုဗစ်ချ်ရဲ့ အနီးကပ်ခေါင်းတိုက်သွင်းမှုကို ဟန်ဒါဆန်အနေနဲ့ ကာကွယ်မှုနဲ့ပတ်သတ်ပြီး ” ငါအကုန်လုံး သိတယ်နော် သားကြီး။ မင်းဖမ်းတဲ့ပုံစံက ဓာတ်ပုံထဲမှာ လှလှလေးထွက်အောင် ဖမ်းနေတာပဲကွ။ နောက်တခါကျရင်တော့ ဘောလုံးနဲ့ လက်နဲ့မိအောင် သေသေချာချာ ဖမ်းပေးစမ်းပါကွာ” လို့ ဘရူနိုက လူမှုကွန်ရက်မှာ ဝင်ရောက်ကွန်မန့်ရးသွားခဲ့တာပါ။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း ” ဒီလိုဘောလုံးမျိုးက ပြီးခဲ့တဲ့ အပတ်ကပွဲမှာလည်း သူကြုံခဲ့ရသေးတယ်။ အဲဒီအချိန်ကတည်းက ကာကွယ်နိုင်ခဲ့ရမှာဗျ။ အခုတော့ ကာကွယ်သွားတာကို မြင်ရတာ အရမ်းကျေနပ်ပီတိဖြစ်တယ်။ သိပ်ကောင်းမွန်တဲ့ လက်စွမ်းပြမှုပါ” လိူ့ သူ့ရဲ့တိုးတက်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ချီးကျူးပြောဆိုသွားခဲ့ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ ေအစီမီလန္နဲ႔ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ ယူႏိုက္တက္အတြက္ အေရးပါလွတဲ့ ကာကြယ္မႈေတြကို လက္စြမ္းျပခဲ့သူက ဒဟဲယားေနရာကို ၁၀၀ ရာခိုင္ႏႈန္း အစားထိုးႏိုင္ေၾကာင္း ပြဲေတြဆက္တိုက္ သက္ေသျပလာခဲ့တဲ့ ဂိုးသမား ဒင္းန္ဟန္ဒါဆန္ပါ။

ေအစီမီလန္နဲ႔ပြဲအၿပီးမွာ ယူႏိုက္တက္ရဲ႕အႏိုင္ဂိုးရွင္ ေပါ့ဘာရဲ႕နာမည္နဲ႔ ပုံရိပ္ေတြက သတင္းစာမ်က္ႏွာထက္ေတြမွာ ပလူပ်ံခဲ့သေလာက္ အီဘရာဟီမိုဗစ္ခ်္ရဲ႕ သံသရာရွည္သြားေစႏိုင္တဲ့ အနီးကပ္ေခါင္းတိုက္ခ်က္ကို ေလထဲပ်ံဝဲၿပီး လက္စြမ္းျပ ကာကြယ္မႈကေတာ့ ထင္သေလာက္ အသိအမွတ္ျပဳမခံရဘဲျဖစ္ခဲ့ပါတယ္။

ေအစီမီလန္အတြက္ အသက္တမွ် အေရးႀကီးတဲ့ အခြင့္အေရးတခ်ိဳ႕ကို တားဆီးခဲ့တဲ့ ဟန္ဒါဆန္ရဲ႕စြမ္းေဆာင္ရည္ဟာ ယူႏိုက္တက္ကို ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္တက္ေစဖို႔ ေကာင္းေကာင္းအလုပ္ျဖစ္ခဲ့ေပမယ့္ လူေျပာမ်ားမႈအေနနဲ႔ေတာ့ အနည္းငယ္ငုပ္ေနခဲ့ၿပီး ပရိသတ္ေတြအလယ္မွာ မ်က္ႏွာသိပ္မပြင့္ခဲ့ဘဲ သူ႔ရဲ႕အားထုတ္မႈက ဖုံးလႊမ္းခံထားရသလို ျဖစ္ခဲ့တာလည္းအမွန္ပါ။

ဒီအခ်ိန္မွာေတာ့ ဒင္းန္ဟန္ဒါဆန္တေယာက္ ဘ႐ူႏို ဖာနန္ဒက္စ္ဆီက က်ီစယ္မႈကိုလည္း မေရွာင္လႊဲႏိုင္ခဲ့သလို ေလွာင္ေျပာင္ခံခဲ့ရတာကို ေတြ႕ရၿပီး ဘ႐ူႏို ဖာနန္ဒက္စ္က မ်က္ႏွာငယ္ေနတဲ့ သူ႔ရဲ႕ ရဲေဘာ္ကို ရည္႐ြယ္ခ်က္ရွိရွိ ဟာသလုပ္ၿပီး ျပက္လုံးထုတ္သြားခဲ့တာပါ။

]

ဦးစားေပးဂိုးသမား ေဒဗစ္ ဒေဟးယား မပါဝင္ႏိုင္ခ်ိန္မွာ အခြင့္အေရးရေနတဲ့ ဟန္ဒါဆန္ရဲ႕ ဂိုးဖမ္းတဲ့ပုံစံဟာ ႐ုပ္ရွင္႐ိုက္ေနသလို ပဲမ်ားလြန္းၿပီး ဟန္ေဆာင္ကာမူပိုလြန္းတယ္လို႔ ဘ႐ူႏို အတည္ေပါက္နဲ႔ေနာက္ေျပာင္ၿပီး ရိသြားခဲ့တာျဖစ္ပါတယ္။

အီဘရာဟီမိုဗစ္ခ်္ရဲ႕ အနီးကပ္ေခါင္းတိုက္သြင္းမႈကို ဟန္ဒါဆန္အေနနဲ႔ ကာကြယ္မႈနဲ႔ပတ္သတ္ၿပီး ” ငါအကုန္လုံး သိတယ္ေနာ္ သားႀကီး။ မင္းဖမ္းတဲ့ပုံစံက ဓာတ္ပုံထဲမွာ လွလွေလးထြက္ေအာင္ ဖမ္းေနတာပဲကြ။ ေနာက္တခါက်ရင္ေတာ့ ေဘာလုံးနဲ႔ လက္နဲ႔မိေအာင္ ေသေသခ်ာခ်ာ ဖမ္းေပးစမ္းပါကြာ” လို႔ ဘ႐ူႏိုက လူမႈကြန္ရက္မွာ ဝင္ေရာက္ကြန္မန႔္ရးသြားခဲ့တာပါ။

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားကလည္း ” ဒီလိုေဘာလုံးမ်ိဳးက ၿပီးခဲ့တဲ့ အပတ္ကပြဲမွာလည္း သူႀကဳံခဲ့ရေသးတယ္။ အဲဒီအခ်ိန္ကတည္းက ကာကြယ္ႏိုင္ခဲ့ရမွာဗ်။ အခုေတာ့ ကာကြယ္သြားတာကို ျမင္ရတာ အရမ္းေက်နပ္ပီတိျဖစ္တယ္။ သိပ္ေကာင္းမြန္တဲ့ လက္စြမ္းျပမႈပါ” လိူ႔ သူ႔ရဲ႕တိုးတက္မႈကို အသိအမွတ္ျပဳတဲ့အေနနဲ႔ ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.