Premier League UCL&UEL

ဆူပါကွန်ပျူတာတွက်ချက်မှုအရ ယူရိုပါလိဂ်ချန်ပီယံဖြစ်ဖို့ အ​ခြေအနေကောင်းနေတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းနဲ့ နည်းပြဆိုးလ်ရှားတို့ဟာ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မှာ အင်အားကြီးပြိုင်ဘက် အေစီမီလန်ကို နှစ်ကျော့ပေါင်းရလဒ် ၂-၁ နဲ့ ဖြုတ်ချကာ ဆန်စီရိုမှာ ပေါ့ဘာရဲ့ အနိုင်ဂိုးနဲ့အတူ ခြေစွမ်းပြပြီး နောက်တဆင့်ကို ထိုက်ထိုက်တန်တန် တက်ရောက်လာခဲ့ပါတယ်။ အခု ကွာတားဖိုင်နယ်အဆင့်မှာတော့ ဂရန်နာဒါအသင်းနဲ့ ထိပ်တိုက်တွေ့ရမှာဖြစ်တယ်လို့ မဲခွဲဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပါတယ်။

ဒါ့အပြင် ယူရိုပါလိဂ် ပွဲစဥ်အရရေးဆွဲမှုအရ ယူနိုက်တက်ဟာ အကယ်၍ ဂရန်နာဒါအသင်းကို ကျော်ဖြတ်လာခဲ့သည်ရှိသော် ဆီမီးဖိုင်နယ်အဆင့်မှာ ရိုးမား သို့မဟုတ် အိုင်းယက်စ်အသင်းနဲ့ ရင်ဆိုင်တွေ့ကြုံရဦးမှာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဆီဗီလားအသင်းကို ဆီမီးဖိုင်နယ်အဆင့်မှာ ဒူးထောက်လိုက်ရပြီး လက်ဗလာနဲ့ အိမ်ပြန်ခဲ့ရတဲ့ ဒဏ်ရာဟောင်းကို ကုသဖို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ပြင်ဆင်နေတာဖြစ်ပြီး ယူနိုက်တက်အသင်းအနေနဲ့ ဒီနှစ်ယူရိုပါလိဂ်ချန်ပီယံဆုနဲ့ ဖြေဆေးဖော်ဖို့ ပစ်မှတ်ထားနေတာဖြစ်ကြောင်း ဆိုးလ်ရှားရဲ့စကားအသွားအလာတွေအရ ကောက်ချက်ဆွဲနိုင်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေအနေနဲ့လည်း မိမိတို့အသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခြေကို တွက်ဆနေကြတာကို တွေ့ရပြီး လက်ရှိပြိုင်ဘက်အသင်းတွေရဲ့ အင်အားအရ တောင့်တင်းမှုနည်းပါးတာကြောင့် ယူနိုက်တက်အသင်းကသာ ချန်ပီယံဖြစ်နိုင်ခြေမြင့်မားတဲ့ အနေအထားအဖြစ် သုံးသပ်သူတွေ ရှိလာပါတယ်။

ဒီစိတ်ဝင်စားမှုကိုတော့ ဆူပါကွန်ပျူတာက အနီးစပ်ဆုံးဖြစ်နိုင်ခြေအနေအထားတွေနဲ့အ​တူ တွက်ထုတ်ပေးလိုက်တာဖြစ်ပြီး ယူနိုက်တက်ပရိသတ်တွေအတွက် ဝမ်းသားကျေနပ်အားရစရာ သတင်းကောင်းတရပ်အနေနဲ့ တင်ဆက်ပေးစရာဖြစ်လာပါတယ်။

ဆူပါကွန်ပျူတာက ယူနိုက်တက်အသင်းအနေနဲ့ ယူရိုပါလိဂ်ဆုဖလားကို ကိုင်မြှောက်ဖို့ ၃၃ ရာခိုင်နှုန်း အခွင့်အရေးရှိနေတယ်လို့ ခန့်မှန်းလိုက်တာကို တွေ့ခဲ့ရပါတယ်။ ဒါက လက်ရှိ ယူရိုပါလိဂ် ဆန်ခါတင် ၈ သင်းထဲမှာ ယူနိုက်တက်က ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်သွားခဲ့တာပါ။

ဒုတိယနေရာက ရေပန်းစားတဲ့ အာဆင်နယ်အသင်းကတော့ ချန်ပီယံဖြစ်နိုင်ခြေ အခွင့်အရေး ၁၉ ရာခိုင်နှုန်းရှိပြီး ယူနိုက်တက်အနောက်ကနေ လိုက်လာပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းဟာ ဆလားဗီးယား ပရာ့ဂ်ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်ကိုတက်ရောက်ဖို့ ၇၃ ရာခိုင်နှုန်း၊ ဖိုင်နယ်ကိုတက်ရောက်ဖို့ ၅၀ ရာခိုင်နှုန်းအခွင့်အရေးရှိနေတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူႏိုက္တက္အသင္းနဲ႔ နည္းျပဆိုးလ္ရွားတို႔ဟာ ယူ႐ိုပါလိဂ္ ၁၆ သင္း ရႈံးထြက္အဆင့္မွာ အင္အားႀကီးၿပိဳင္ဘက္ ေအစီမီလန္ကို ႏွစ္ေက်ာ့ေပါင္းရလဒ္ ၂-၁ နဲ႔ ျဖဳတ္ခ်ကာ ဆန္စီ႐ိုမွာ ေပါ့ဘာရဲ႕ အႏိုင္ဂိုးနဲ႔အတူ ေျခစြမ္းျပၿပီး ေနာက္တဆင့္ကို ထိုက္ထိုက္တန္တန္ တက္ေရာက္လာခဲ့ပါတယ္။ အခု ကြာတားဖိုင္နယ္အဆင့္မွာေတာ့ ဂရန္နာဒါအသင္းနဲ႔ ထိပ္တိုက္ေတြ႕ရမွာျဖစ္တယ္လို႔ မဲခြဲဆုံးျဖတ္ခ်က္ ထြက္ေပၚလာခဲ့ပါတယ္။

ဒါ့အျပင္ ယူ႐ိုပါလိဂ္ ပြဲစဥ္အရေရးဆြဲမႈအရ ယူႏိုက္တက္ဟာ အကယ္၍ ဂရန္နာဒါအသင္းကို ေက်ာ္ျဖတ္လာခဲ့သည္ရွိေသာ္ ဆီမီးဖိုင္နယ္အဆင့္မွာ ႐ိုးမား သို႔မဟုတ္ အိုင္းယက္စ္အသင္းနဲ႔ ရင္ဆိုင္ေတြ႕ႀကဳံရဦးမွာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က ဆီဗီလားအသင္းကို ဆီမီးဖိုင္နယ္အဆင့္မွာ ဒူးေထာက္လိုက္ရၿပီး လက္ဗလာနဲ႔ အိမ္ျပန္ခဲ့ရတဲ့ ဒဏ္ရာေဟာင္းကို ကုသဖို႔ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ျပင္ဆင္ေနတာျဖစ္ၿပီး ယူႏိုက္တက္အသင္းအေနနဲ႔ ဒီႏွစ္ယူ႐ိုပါလိဂ္ခ်န္ပီယံဆုနဲ႔ ေျဖေဆးေဖာ္ဖို႔ ပစ္မွတ္ထားေနတာျဖစ္ေၾကာင္း ဆိုးလ္ရွားရဲ႕စကားအသြားအလာေတြအရ ေကာက္ခ်က္ဆြဲႏိုင္ပါတယ္။

ယူႏိုက္တက္ပရိသတ္ေတြအေနနဲ႔လည္း မိမိတို႔အသင္းရဲ႕ ခ်န္ပီယံျဖစ္ႏိုင္ေျခကို တြက္ဆေနၾကတာကို ေတြ႕ရၿပီး လက္ရွိၿပိဳင္ဘက္အသင္းေတြရဲ႕ အင္အားအရ ေတာင့္တင္းမႈနည္းပါးတာေၾကာင့္ ယူႏိုက္တက္အသင္းကသာ ခ်န္ပီယံျဖစ္ႏိုင္ေျချမင့္မားတဲ့အေနအထားအျဖစ္ သုံးသပ္သူေတြ ရွိလာပါတယ္။

ဒီစိတ္ဝင္စားမႈကိုေတာ့ ဆူပါကြန္ပ်ဴတာက အနီးစပ္ဆုံးျဖစ္ႏိုင္ေျခအေနအထားေတြနဲ႔အ​တူ တြက္ထုတ္ေပးလိုက္တာျဖစ္ၿပီး ယူႏိုက္တက္ပရိသတ္ေတြအတြက္ ဝမ္းသားေက်နပ္အားရစရာ သတင္းေကာင္းတရပ္အေနနဲ႔ တင္ဆက္ေပးစရာျဖစ္လာပါတယ္။

ဆူပါကြန္ပ်ဴတာက ယူႏိုက္တက္အသင္းအေနနဲ႔ ယူ႐ိုပါလိဂ္ဆုဖလားကို ကိုင္ေျမႇာက္ဖို႔ ၃၃ ရာခိုင္ႏႈန္း အခြင့္အေရးရွိေနတယ္လို႔ ခန္႔မွန္းလိုက္တာကို ေတြ႕ခဲ့ရပါတယ္။ ဒါက လက္ရွိ ယူ႐ိုပါလိဂ္ ဆန္ခါတင္ ၈ သင္းထဲမွာ ယူႏိုက္တက္က ခ်န္ပီယံျဖစ္ဖို႔ ေရပန္းအစားဆုံးအသင္းအျဖစ္ ရပ္တည္သြားခဲ့တာပါ။

ဒုတိယေနရာက ေရပန္းစားတဲ့ အာဆင္နယ္အသင္းကေတာ့ ခ်န္ပီယံျဖစ္ႏိုင္ေျခ အခြင့္အေရး ၁၉ ရာခိုင္ႏႈန္းရွိၿပီး ယူႏိုက္တက္အေနာက္ကေန လိုက္လာပါတယ္။ ဒါ့အျပင္ အာဆင္နယ္အသင္းဟာ ဆလားဗီးယား ပရာ့ဂ္ကို ေက်ာ္ျဖတ္ၿပီး ဆီမီးဖိုင္နယ္ကိုတက္ေရာက္ဖို႔ ၇၃ ရာခိုင္ႏႈန္း၊ ဖိုင္နယ္ကိုတက္ေရာက္ဖို႔ ၅၀ ရာခိုင္ႏႈန္းအခြင့္အေရးရွိေနတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.