Match Report Premier League

ပွဲပြီးခါနီး ဂိုးနှစ်ဂိုးနဲ့ ဂွတ်ဒီဆန်ပါ့ခ်မှာ အက်ဖ်အေဖလားကို ဆီမီးတက်တဲ့ စီးတီး

အဲဗာတန်အသင်းကို အဝေးကွင်းမှာ ယှဉ်ပြိုင်ခဲ့ရတဲ့ မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ ပြည်တွင်းဖလားပွဲဂိုးသမား ဇက်ခ် စတက်ဖင်ကလွဲလို့ ကျန်တဲ့ ကွင်းထဲက ၁၁ နေရာကို လူစုံထုတ်သုံးလာခဲ့ပြီး ဂွတ်ဒီဆန်ပါ့ခ်မှာ နောက်တစ်ဆင့်တက်ဖို့ ဖလားလေးလုံးအိပ်မက်အတွက် ပြင်ဆင်လာခဲ့ပါတယ်။

ဒီဘရိုင်းနားနဲ့ မာရက်ဇ်ကို အသုံးမပြုခဲ့တဲ့ ပွဲမှာ တောင်ပံနဲ့ ကွင်းလယ်ညာခြမ်းကို ဖိုဒန်နဲ့ ဘာနာဒို ဆေးလ်ဗားတို့က တာဝန်ယူခဲ့သလို ဘယ်ခြမ်းကိုတော့ စတာလင်နဲ့ ဇင်ချန်ကိုရဲ့ တောင်ပံတိုက်စစ်တွေကို အသုံးပြုခဲ့ပြီး အဲဗာတန်ကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ် မပါနိုင်ချိန်မှာ အရန်ဂိုးသမား ဂျာအို ဗာဂျီးနီးယားက ဝင်ဖမ်းခဲ့ရပါတယ်။

စတာလင်ကတော့ ပထမပိုင်းမှာ အခွင့်အရေးတွေကို အသုံးမချနိုင်ဘဲ လွဲချော်နေခဲ့ပြီး အဲဗာတန်ရဲ့ ရစ်ချာလစ်ဆန်ကလည်း တစ်ကိုယ်ကောင်းဆန်လွန်းတာကြောင့် အင်္ဂလန်သားနဲ့ မတိမ်းမယိမ်းပဲဖြစ်နေခဲ့ပြီး ပွဲချိန် ၄၅ မိနစ်ပြည့်ခါနီးမှာ ထောင့်ကန်ဘောကနေ ယယ်ရီ မီနာရဲ့ ခေါင်းတိုက်ချက်ကို ဇင်ချန်ကို ဂိုးစည်းပေါ်ကနေ ကာကွယ်ခဲ့ရတာက လွဲရင် သိပ်ပြီး ရင်ခုန်စရာလည်း မရှိခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း စတာလင်ဟာ မယုံနိုင်လောက်အောင် ဖြုန်းတီးနေခဲ့ပြီး ပေါ့ဆတဲ့ ကန်ချက်က မိုးပေါ်ထောင်ခဲ့သလို မဖြစ်နိုင်တဲ့ ထောင့်ကျဉ်းအနေအထားက တစ်ကြိမ်ကိုလည်း ဂိုးသမားဆီပဲ ကန်ခဲ့ပါတယ်။ ဒီအချိန်မှာ အဲဗာတန်ရဲ့ ရစ်ချာလစ်ဆန်ကလည်း အားကျမခံ ပြန်ဖြုန်းပြီး မနီးရိုးစွဲလိုက်နေခဲ့ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ ငယ်ခြေပြန်ပေါ်ပြီး တိုက်စစ်ဆင်နေတဲ့ ဖာနန်ဒင်ညိုရဲ့ ဘယ်ခြမ်းကနေ တစ်ကိုယ်တော်ဆွဲပြေးပြီး ပြန်ချိုးပေးတဲ့ ဘောလုံးကို စတာလင်က ညာဘက်တိုင်ခြေကို ကန်သွင်းနိုင်ပေမယ့် ဂိုးသမား ဗာဂျီးနီးယား ကာကွယ်သွားနိုင်ခဲ့သလို ဖိုဒန်ကတော့ လှပပေမယ့် မထိရောက်တဲ့ ကစားပုံကိုပဲ ပြသနေခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာတော့ စီးတီးတို့ အနိုင်ရရှိဖို့အတွက် အလုပ်မဖြစ်တဲ့ ဘာနာဒို ဆေးလ်ဗားနေရာမှာ မာရက်ဇ်ကို ထည့်ခဲ့သလို မိနစ် ၈၀ မှာတော့ စတာလင်အစား ဒီဘရိုင်းနား ဝင်လာခဲ့ပြီး အသင်းတိုက်စစ်က ပိုမိုကောင်းမွန်လာခဲ့သလို အခွင့်အရေးတွေ ရှာဖွေနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ လာပေါ့တ်ဆွဲယူလာတဲ့ ဘောလုံးကို ဒီဘရိုင်းနားကို အဲဗာတန်နောက်ခံလူတွေ ဖျက်ထုတ်ရာကနေ ပြစ်ဒဏ်ဘော ပေးရမလိုလို ဖြစ်နေချိန်မှာ လာပေါ့တ်ကပဲ ပြန်ထွက်လာတဲ့ ဘောလုံးကို ပိတ်သွင်းခဲ့ပြီး ဘားထိတာကတစ်ဆင့် ဂွန်ဒိုးဝမ်က အနီးကပ်ခေါင်းတိုက်ချက်နဲ့ စီးတီးတို့အတွက် ဦးဆောင်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၉၀ မှာတော့ အဲဗာတန်တို့ တက်ဖိနေရင်း ယယ်ရီ မီနာ ခေါင်းတိုက်ပေးတဲ့ ဘောလုံးကို ရိုဒရီက ပြန်တင်ပေးလိုက်ရာမှာ ဒီဘရိုင်းနားက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ဘယ်ခြေနဲ့ ကန်သွင်းနိုင်ခဲ့လို့ စီးတီးတို့ နိုင်ပွဲကို သေချာသွားစေခဲ့ပါတယ်။

ဒီဂိုးအတွက် အဲဗာတန်ဘက်က ယယ်ရီ မီနာ ခေါင်းတိုက်တာကို မာရက်ဇ်က ခြေထောက်မြှောက်တယ်ဆိုပြီး ကန့်ကွက်ခဲ့ကြပေမယ့် ဒိုင်လူကြီး မိုက်ကယ် အိုလီဗာကတော့ ပြစ်ဒဏ်ဘောအဖြစ် မသတ်မှတ်ခဲ့တာကြောင့် စီးတီးတို့ ဂွတ်ဒီဆန်ပါ့ခ်မှာ အောင်ပွဲခံနိုင်ခဲ့ကြပြီး အက်ဖ်အေဖလားရဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဲဗာတန္အသင္းကို အေဝးကြင္းမွာ ယွဥ္ၿပိဳင္ခဲ့ရတဲ့ မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ျပည္တြင္းဖလားပြဲဂိုးသမား ဇက္ခ္ စတက္ဖင္ကလြဲလို႔ က်န္တဲ့ ကြင္းထဲက ၁၁ ေနရာကို လူစုံထုတ္သုံးလာခဲ့ၿပီး ဂြတ္ဒီဆန္ပါ့ခ္မွာ ေနာက္တစ္ဆင့္တက္ဖို႔ ဖလားေလးလုံးအိပ္မက္အတြက္ ျပင္ဆင္လာခဲ့ပါတယ္။

ဒီဘ႐ိုင္းနားနဲ႔ မာရက္ဇ္ကို အသုံးမျပဳခဲ့တဲ့ ပြဲမွာ ေတာင္ပံနဲ႔ ကြင္းလယ္ညာျခမ္းကို ဖိုဒန္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔က တာဝန္ယူခဲ့သလို ဘယ္ျခမ္းကိုေတာ့ စတာလင္နဲ႔ ဇင္ခ်န္ကိုရဲ႕ ေတာင္ပံတိုက္စစ္ေတြကို အသုံးျပဳခဲ့ၿပီး အဲဗာတန္ကေတာ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္ မပါႏိုင္ခ်ိန္မွာ အရန္ဂိုးသမား ဂ်ာအို ဗာဂ်ီးနီးယားက ဝင္ဖမ္းခဲ့ရပါတယ္။

စတာလင္ကေတာ့ ပထမပိုင္းမွာ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ဘဲ လြဲေခ်ာ္ေနခဲ့ၿပီး အဲဗာတန္ရဲ႕ ရစ္ခ်ာလစ္ဆန္ကလည္း တစ္ကိုယ္ေကာင္းဆန္လြန္းတာေၾကာင့္ အဂၤလန္သားနဲ႔ မတိမ္းမယိမ္းပဲျဖစ္ေနခဲ့ၿပီး ပြဲခ်ိန္ ၄၅ မိနစ္ျပည့္ခါနီးမွာ ေထာင့္ကန္ေဘာကေန ယယ္ရီ မီနာရဲ႕ ေခါင္းတိုက္ခ်က္ကို ဇင္ခ်န္ကို ဂိုးစည္းေပၚကေန ကာကြယ္ခဲ့ရတာက လြဲရင္ သိပ္ၿပီး ရင္ခုန္စရာလည္း မရွိခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း စတာလင္ဟာ မယုံႏိုင္ေလာက္ေအာင္ ျဖဳန္းတီးေနခဲ့ၿပီး ေပါ့ဆတဲ့ ကန္ခ်က္က မိုးေပၚေထာင္ခဲ့သလို မျဖစ္ႏိုင္တဲ့ ေထာင့္က်ဥ္းအေနအထားက တစ္ႀကိမ္ကိုလည္း ဂိုးသမားဆီပဲ ကန္ခဲ့ပါတယ္။ ဒီအခ်ိန္မွာ အဲဗာတန္ရဲ႕ ရစ္ခ်ာလစ္ဆန္ကလည္း အားက်မခံ ျပန္ျဖဳန္းၿပီး မနီး႐ိုးစြဲလိုက္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ငယ္ေျချပန္ေပၚၿပီး တိုက္စစ္ဆင္ေနတဲ့ ဖာနန္ဒင္ညိဳရဲ႕ ဘယ္ျခမ္းကေန တစ္ကိုယ္ေတာ္ဆြဲေျပးၿပီး ျပန္ခ်ိဳးေပးတဲ့ ေဘာလုံးကို စတာလင္က ညာဘက္တိုင္ေျခကို ကန္သြင္းႏိုင္ေပမယ့္ ဂိုးသမား ဗာဂ်ီးနီးယား ကာကြယ္သြားႏိုင္ခဲ့သလို ဖိုဒန္ကေတာ့ လွပေပမယ့္ မထိေရာက္တဲ့ ကစားပုံကိုပဲ ျပသေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ စီးတီးတို႔ အႏိုင္ရရွိဖို႔အတြက္ အလုပ္မျဖစ္တဲ့ ဘာနာဒို ေဆးလ္ဗားေနရာမွာ မာရက္ဇ္ကို ထည့္ခဲ့သလို မိနစ္ ၈၀ မွာေတာ့ စတာလင္အစား ဒီဘ႐ိုင္းနား ဝင္လာခဲ့ၿပီး အသင္းတိုက္စစ္က ပိုမိုေကာင္းမြန္လာခဲ့သလို အခြင့္အေရးေတြ ရွာေဖြႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ လာေပါ့တ္ဆြဲယူလာတဲ့ ေဘာလုံးကို ဒီဘ႐ိုင္းနားကို အဲဗာတန္ေနာက္ခံလူေတြ ဖ်က္ထုတ္ရာကေန ျပစ္ဒဏ္ေဘာ ေပးရမလိုလို ျဖစ္ေနခ်ိန္မွာ လာေပါ့တ္ကပဲ ျပန္ထြက္လာတဲ့ ေဘာလုံးကို ပိတ္သြင္းခဲ့ၿပီး ဘားထိတာကတစ္ဆင့္ ဂြန္ဒိုးဝမ္က အနီးကပ္ေခါင္းတိုက္ခ်က္နဲ႔ စီးတီးတို႔အတြက္ ဦးေဆာင္ဂိုးကို ရယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ အဲဗာတန္တို႔ တက္ဖိေနရင္း ယယ္ရီ မီနာ ေခါင္းတိုက္ေပးတဲ့ ေဘာလုံးကို ႐ိုဒရီက ျပန္တင္ေပးလိုက္ရာမွာ ဒီဘ႐ိုင္းနားက လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ဘယ္ေျခနဲ႔ ကန္သြင္းႏိုင္ခဲ့လို႔ စီးတီးတို႔ ႏိုင္ပြဲကို ေသခ်ာသြားေစခဲ့ပါတယ္။

ဒီဂိုးအတြက္ အဲဗာတန္ဘက္က ယယ္ရီ မီနာ ေခါင္းတိုက္တာကို မာရက္ဇ္က ေျခေထာက္ေျမႇာက္တယ္ဆိုၿပီး ကန႔္ကြက္ခဲ့ၾကေပမယ့္ ဒိုင္လူႀကီး မိုက္ကယ္ အိုလီဗာကေတာ့ ျပစ္ဒဏ္ေဘာအျဖစ္ မသတ္မွတ္ခဲ့တာေၾကာင့္ စီးတီးတို႔ ဂြတ္ဒီဆန္ပါ့ခ္မွာ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး အက္ဖ္ေအဖလားရဲ႕ ေနာက္တစ္ဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.