Premier League Transfer News

ယူနိုက်တက်အတွက် မက်ဂွိုင်းယားက ပြဿနာလို့ ထုတ်ပြောလိုက်တဲ့ ရီယို ဖာဒီနန်

မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်းကြီး ရီယို ဖာဒီနန်က သူတို့အသင်းအတွက် ကပ္ပတိန် ဟာရီ မက်ဂွိုင်းယားဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ပေမယ့် ကြီးမားတဲ့ စိုးရိမ်စရာတစ်ရပ်အဖြစ် ခံစစ်ပိုင်းနေရာတချို့မှာ ပြဿနာရှိနေပြီး ဒီအတွက် နွေရာသီမှာ မဖြစ်မနေ ပြင်ဆင်သွားရဖို့ ရှိနေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသင်းဂန္ထဝင်နောက်ခံလူဟောင်းကြီးက အသက် ၂၈ နှစ်အရွယ် နောက်ခံလူရဲ့ နှေးကွေးလေးလံမှုဟာ သူ့ကို တစ်ဖက်တိုက်စစ်မှူးတွေက အဓိက ထိုးနှက်လေ့ရှိတဲ့ အားနည်းချက်ဖြစ်ပြီး သူ့ကို အတော်များများက ကျော်ပြေးနိုင်ခဲ့ကြသလို တခြားအရည်အသွေးတွေဘက်မှာ ပြည့်စုံတဲ့ နောက်ခံလူကောင်းတစ်ယောက်ဖြစ်နေပေမယ့် ဒီအတွက် အသင်းမှာ ပြဿနာရှိတယ်လို့လည်း ဆိုခဲ့တာပါ။

မက်ဂွိုင်းယားနဲ့အတူ ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ အဓိကခံစစ်ခေါင်းဆောင်ကစားသမားတွေကို ကြည့်လိုက်ရင် အနည်းဆုံး သူ့ထက် လျင်မြန်ကြသူတွေများပြီး သူနဲ့ တစ်တန်းတည်းထားရမယ့်သူတွေဖြစ်ကြတဲ့ ဗန်ဒိုက်၊ စတုန်းစ်၊ ရူဘင် ဒီယက်စ်၊ သီယာဂို ဆေးလ်ဗား၊ ဇူးမား၊ ဟိုးလ်ဒင်း၊ ဒေဗင်ဆန် ဆန်ချက် စတဲ့ ကစားသမားတွေဟာ သူ့လိုမျိုး တွဲဖက်ခံစစ်သမားရဲ့ အကူအညီမလိုဘဲ ကစားနိုင်ကြသူတွေလည်းဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ ၁၁ ကြိမ်ကျော်ဖြတ်ခံထားရပြီး အများဆုံး ကြုံတွေ့ရသူတွေထဲက တစ်ဦးဖြစ်နေသလို လက်စတာရဲ့ ဖိုဖာနာက ၁၂ ကြိမ်၊ စပါးစ်ရဲ့ အယ်လ်ဒါဝီရယ်လ်နဲ့ အဲဗာတန်ရဲ့ မိုက်ကယ် ကီးန်တို့က ၁၁ ကြိမ် ရှိနေချိန်မှာ သူတို့ဟာ ယူနိုက်တက် အသင်းခေါင်းဆောင်နဲ့ တစ်တန်းနိမ့်သူတွေဖြစ်နေကြလို့ အတူတူပဲလို့ နှိုင်းယှဉ်လို့တော့ မဖြစ်နိုင်တာပါ။

သူနဲ့ အဆင့်အတန်းတူတဲ့ ကစားသမားတွေကို ကြည့်ရင် မန်စီးတီးရဲ့ ဂျွန်စတုန်းစ်နဲ့ ရူဘင် ဒီယက်စ်တို့ဟာ ၅ ကြိမ်နဲ့ ၆ ကြိမ်စီသာ ကျော်ဖြတ်ခံရဖူးပြီး ချဲလ်ဆီးရဲ့ အရွယ်လွန်နောက်ခံလူ သီယာဂို ဆေးလ်ဗားတောင်မှ ၅ ကြိမ်သာ ကျော်ဖြတ်ခံခဲ့ရတာတွေက မြင်သာတဲ့ အချက်တွေ ဖြစ်ကြသလို တကယ်တမ်းမှာတော့ တွဲဖက်ခံစစ်မှူးရဲ့ အကူအညီရမှုနဲ့ မြန်ဆန်မှုကလည်း အများကြီး စကားပြောတဲ့ အချက်တွေဖြစ်ပါတယ်။

ဂိမ်းကစားဖူးတဲ့သူတွေဆို ပိုသိကြမယ့် ဖီဖာမှာ Sprint Speed 53, Acceleration 47, Football Manager မှာ Speed 12, Acceleration 10 ဆိုတာတွေက ယူနိုက်တက်အသင်းခေါင်းဆောင်အတွက် ဂုဏ်ယူနိုင်စရာအချက်တွေတော့ မဟုတ်ဘဲ ဆိုးလ်ရှားရဲ့ ကစားကွက်မှာ ခံစစ်ပိုင်းဟာ မြန်နှုန်းမြင့် တိုက်စစ်မှူးတွေကို ရင်ဆိုင်ဖို့ လင်ဒီလော့ဖ်နဲ့ ပိုမိုမြန်ဆန်တဲ့ ဘိုင်လီတို့ကို မှီခိုနေခဲ့ရတာပါ။

လက်ရှိမှာ မက်ဂွိုင်းယားကို Cover လုပ်ပေးမယ့်သူနှစ်ဦးရဲ့ အခြေအနေကတော့ ယူနိုက်တက်ပရိသတ်တွေ သိကြတဲ့အတိုင်းပဲ တစ်နေ့ရွှေ တစ်နေ့ငွေဖြစ်နေတာမို့ ဖာဒီနန်ကအနေနဲ့ နွေရာသီမှာ အသင်းရဲ့ အားနည်းချက်အတွက် ဖြည့်ဆည်းပေးဖို့ တောင်းဆိုလိုက်တာလည်းဖြစ်ပြီး လက်ရှိကစားသမားတွေထက် ကြံ့ခိုင်ပြီး ပိုမိုလျင်မြန်မယ့် ဒေါင်ဒေါင်မြည်နောက်ခံလူတစ်ဦးကို မဖြစ်မနေ ခေါ်ယူဖို့ တိုက်တွန်းထားကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူေဟာင္းႀကီး ရီယို ဖာဒီနန္က သူတို႔အသင္းအတြက္ ကပၸတိန္ ဟာရီ မက္ဂြိဳင္းယားဟာ ကစားသမားေကာင္းတစ္ေယာက္ျဖစ္ေပမယ့္ ႀကီးမားတဲ့ စိုးရိမ္စရာတစ္ရပ္အျဖစ္ ခံစစ္ပိုင္းေနရာတခ်ိဳ႕မွာ ျပႆနာရွိေနၿပီး ဒီအတြက္ ေႏြရာသီမွာ မျဖစ္မေန ျပင္ဆင္သြားရဖို႔ ရွိေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

အသင္းဂႏၴဝင္ေနာက္ခံလူေဟာင္းႀကီးက အသက္ ၂၈ ႏွစ္အ႐ြယ္ ေနာက္ခံလူရဲ႕ ေႏွးေကြးေလးလံမႈဟာ သူ႔ကို တစ္ဖက္တိုက္စစ္မႉးေတြက အဓိက ထိုးႏွက္ေလ့ရွိတဲ့ အားနည္းခ်က္ျဖစ္ၿပီး သူ႔ကို အေတာ္မ်ားမ်ားက ေက်ာ္ေျပးႏိုင္ခဲ့ၾကသလို တျခားအရည္အေသြးေတြဘက္မွာ ျပည့္စုံတဲ့ ေနာက္ခံလူေကာင္းတစ္ေယာက္ျဖစ္ေနေပမယ့္ ဒီအတြက္ အသင္းမွာ ျပႆနာရွိတယ္လို႔လည္း ဆိုခဲ့တာပါ။

မက္ဂြိဳင္းယားနဲ႔အတူ ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ အဓိကခံစစ္ေခါင္းေဆာင္ကစားသမားေတြကို ၾကည့္လိုက္ရင္ အနည္းဆုံး သူ႔ထက္ လ်င္ျမန္ၾကသူေတြမ်ားၿပီး သူနဲ႔ တစ္တန္းတည္းထားရမယ့္သူေတြျဖစ္ၾကတဲ့ ဗန္ဒိုက္၊ စတုန္းစ္၊ ႐ူဘင္ ဒီယက္စ္၊ သီယာဂို ေဆးလ္ဗား၊ ဇူးမား၊ ဟိုးလ္ဒင္း၊ ေဒဗင္ဆန္ ဆန္ခ်က္ စတဲ့ ကစားသမားေတြဟာ သူ႔လိုမ်ိဳး တြဲဖက္ခံစစ္သမားရဲ႕ အကူအညီမလိုဘဲ ကစားႏိုင္ၾကသူေတြလည္းျဖစ္ပါတယ္။

မက္ဂြိဳင္းယားဟာ လက္ရွိရာသီ ပရီးမီးယားလိဂ္မွာ ၁၁ ႀကိမ္ေက်ာ္ျဖတ္ခံထားရၿပီး အမ်ားဆုံး ႀကဳံေတြ႕ရသူေတြထဲက တစ္ဦးျဖစ္ေနသလို လက္စတာရဲ႕ ဖိုဖာနာက ၁၂ ႀကိမ္၊ စပါးစ္ရဲ႕ အယ္လ္ဒါဝီရယ္လ္နဲ႔ အဲဗာတန္ရဲ႕ မိုက္ကယ္ ကီးန္တို႔က ၁၁ ႀကိမ္ ရွိေနခ်ိန္မွာ သူတို႔ဟာ ယူႏိုက္တက္ အသင္းေခါင္းေဆာင္နဲ႔ တစ္တန္းနိမ့္သူေတြျဖစ္ေနၾကလို႔ အတူတူပဲလို႔ ႏႈိင္းယွဥ္လို႔ေတာ့ မျဖစ္ႏိုင္တာပါ။

သူနဲ႔ အဆင့္အတန္းတူတဲ့ ကစားသမားေတြကို ၾကည့္ရင္ မန္စီးတီးရဲ႕ ဂြၽန္စတုန္းစ္နဲ႔ ႐ူဘင္ ဒီယက္စ္တို႔ဟာ ၅ ႀကိမ္နဲ႔ ၆ ႀကိမ္စီသာ ေက်ာ္ျဖတ္ခံရဖူးၿပီး ခ်ဲလ္ဆီးရဲ႕ အ႐ြယ္လြန္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားေတာင္မွ ၅ ႀကိမ္သာ ေက်ာ္ျဖတ္ခံခဲ့ရတာေတြက ျမင္သာတဲ့ အခ်က္ေတြ ျဖစ္ၾကသလို တကယ္တမ္းမွာေတာ့ တြဲဖက္ခံစစ္မႉးရဲ႕ အကူအညီရမႈနဲ႔ ျမန္ဆန္မႈကလည္း အမ်ားႀကီး စကားေျပာတဲ့ အခ်က္ေတြျဖစ္ပါတယ္။

ဂိမ္းကစားဖူးတဲ့သူေတြဆို ပိုသိၾကမယ့္ ဖီဖာမွာ Sprint Speed 53, Acceleration 47, Football Manager မွာ Speed 12, Acceleration 10 ဆိုတာေတြက ယူႏိုက္တက္အသင္းေခါင္းေဆာင္အတြက္ ဂုဏ္ယူႏိုင္စရာအခ်က္ေတြေတာ့ မဟုတ္ဘဲ ဆိုးလ္ရွားရဲ႕ ကစားကြက္မွာ ခံစစ္ပိုင္းဟာ ျမန္ႏႈန္းျမင့္ တိုက္စစ္မႉးေတြကို ရင္ဆိုင္ဖို႔ လင္ဒီေလာ့ဖ္နဲ႔ ပိုမိုျမန္ဆန္တဲ့ ဘိုင္လီတို႔ကို မွီခိုေနခဲ့ရတာပါ။

လက္ရွိမွာ မက္ဂြိဳင္းယားကို Cover လုပ္ေပးမယ့္သူႏွစ္ဦးရဲ႕ အေျခအေနကေတာ့ ယူႏိုက္တက္ပရိသတ္ေတြ သိၾကတဲ့အတိုင္းပဲ တစ္ေန႔ေ႐ႊ တစ္ေန႔ေငြျဖစ္ေနတာမို႔ ဖာဒီနန္ကအေနနဲ႔ ေႏြရာသီမွာ အသင္းရဲ႕ အားနည္းခ်က္အတြက္ ျဖည့္ဆည္းေပးဖို႔ ေတာင္းဆိုလိုက္တာလည္းျဖစ္ၿပီး လက္ရွိကစားသမားေတြထက္ ႀကံ့ခိုင္ၿပီး ပိုမိုလ်င္ျမန္မယ့္ ေဒါင္ေဒါင္ျမည္ေနာက္ခံလူတစ္ဦးကို မျဖစ္မေန ေခၚယူဖို႔ တိုက္တြန္းထားေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.