Premier League Transfer News UCL&UEL

ဟားလန်းအကြောင်းပြောရင် ကြိုက်မှာ မဟုတ်ဘူးဆိုတဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာက အက်ဖ်အေဖလား အဲဗာတန်နဲ့ ပွဲစဉ်အကြို သတင်းစာရှင်းလင်းပွဲမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဖြစ် တွေ့ဆုံရမယ့် ဒေါ့မွန်အသင်းက တိုက်စစ်မှူး အာလင်း ဟားလန်းကို ခေါ်ယူဖို့အတွက် မေးမြန်းမှုတွေကို ငြင်းဆန်ခြင်းမပြုဘဲ ပါးပါးနပ်နပ်ပဲ ဖြေကြားသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ဒေါ့မွန်ကို အိမ်ကွင်း အစ်တီဟတ်မှာ အရင် လက်ခံကစားရမှာဖြစ်ပြီး သူတို့ကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့်တက်နိုင်မယ်လို့ အလေးပေးမှုတွေ ရှိနေပေမယ့် ဟားလန်းကတော့ ပြိုင်ဘက်အသင်းဆီက အကြီးဆုံးခြိမ်းခြောက်မှု အဖြစ်လည်း ရှိနေခဲ့တာပါ။

ချန်ပီယံလိဂ် အုပ်စုနဲ့ ရှုံးထွက်ပွဲစဉ် ၈ ပွဲမှာ ၁၀ ဂိုးသွင်းယူထားတဲ့ ဟားလန်းကို ခေါ်ယူနိုင်တဲ့ အသင်းတွေထဲက ရှေ့ဆုံးမှာ ဦးဆောင်နေတဲ့ အသင်းတစ်သင်းအဖြစ် ရှိနေတဲ့ မန်စီးတီးအသင်းအနေနဲ့ သူတို့ရဲ့ နွေရာသီပစ်မှတ်ကို သူတို့ကိုယ်တိုင် ထိပ်တိုက်စမ်းသပ်နိုင်တဲ့ အခွင့်အရေးလည်း ဖြစ်နေချိန်မှာ မေးမြန်းမှုတွေကိုတော့ ဂွါဒီယိုလာက ဖြေကြားသွားခဲ့ပါတယ်။

“သူက ဒေါ့မွန်ရဲ့ ကစားသမားပါ။ ကျွန်တော့်အနေနဲ့ ဘာမှ အကျယ်တဝင့် မပြောလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ရဲ့ ကစားသမားတွေကိုလည်း ဟိုလူက ခေါ်မယ်၊ ဒီလူက ခေါ်မယ်လို့ ပြောလာရင် မကြိုက်လို့ ကိုယ်ချင်းစာတဲ့ သဘောပါ”လို့ ဂွါဒီယိုလာက ခေါ်ယူမယ် ဆိုရင်တောင် လက်ရှိမှာ ပြောမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

“သူ့ရဲ့အကြောင်းကို သွင်းဂိုးနဲ့ မှတ်တမ်းတွေက သက်သေပြပြီးပါပြီ။ ဒီအသက်အရွယ်မှာ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ကျွန်တော်တို့အတွက်တော့ သူဘယ်လောက်ကောင်းသလဲဆိုတာ နှစ်ပတ်အတွင်း ကိုယ်တိုင်ကြုံတွေ့ရပါလိမ့်မယ်”လို့ ဂွါဒီယိုလာက ချန်ပီယံလိဂ်မဲခွဲမှုနဲ့ ဟားလန်းရဲ့ အပြောင်းအရွှေ့အတွက် မေးခွန်းတွေကို ဖြေကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS & TWEETS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းနည္းျပ ပက္ပ္ ဂြါဒီယိုလာက အက္ဖ္ေအဖလား အဲဗာတန္နဲ႔ ပြဲစဥ္အႀကိဳ သတင္းစာရွင္းလင္းပြဲမွာ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အျဖစ္ ေတြ႕ဆုံရမယ့္ ေဒါ့မြန္အသင္းက တိုက္စစ္မႉး အာလင္း ဟားလန္းကို ေခၚယူဖို႔အတြက္ ေမးျမန္းမႈေတြကို ျငင္းဆန္ျခင္းမျပဳဘဲ ပါးပါးနပ္နပ္ပဲ ေျဖၾကားသြားခဲ့ပါတယ္။

မန္စီးတီးအသင္းဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္မွာ ေဒါ့မြန္ကို အိမ္ကြင္း အစ္တီဟတ္မွာ အရင္ လက္ခံကစားရမွာျဖစ္ၿပီး သူတို႔ကို ေက်ာ္ျဖတ္ၿပီး ေနာက္တစ္ဆင့္တက္ႏိုင္မယ္လို႔ အေလးေပးမႈေတြ ရွိေနေပမယ့္ ဟားလန္းကေတာ့ ၿပိဳင္ဘက္အသင္းဆီက အႀကီးဆုံးၿခိမ္းေျခာက္မႈ အျဖစ္လည္း ရွိေနခဲ့တာပါ။

ခ်န္ပီယံလိဂ္ အုပ္စုနဲ႔ ရႈံးထြက္ပြဲစဥ္ ၈ ပြဲမွာ ၁၀ ဂိုးသြင္းယူထားတဲ့ ဟားလန္းကို ေခၚယူႏိုင္တဲ့ အသင္းေတြထဲက ေရွ႕ဆုံးမွာ ဦးေဆာင္ေနတဲ့ အသင္းတစ္သင္းအျဖစ္ ရွိေနတဲ့ မန္စီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ေႏြရာသီပစ္မွတ္ကို သူတို႔ကိုယ္တိုင္ ထိပ္တိုက္စမ္းသပ္ႏိုင္တဲ့ အခြင့္အေရးလည္း ျဖစ္ေနခ်ိန္မွာ ေမးျမန္းမႈေတြကိုေတာ့ ဂြါဒီယိုလာက ေျဖၾကားသြားခဲ့ပါတယ္။

“သူက ေဒါ့မြန္ရဲ႕ ကစားသမားပါ။ ကြၽန္ေတာ့္အေနနဲ႔ ဘာမွ အက်ယ္တဝင့္ မေျပာလိုပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ့္ရဲ႕ ကစားသမားေတြကိုလည္း ဟိုလူက ေခၚမယ္၊ ဒီလူက ေခၚမယ္လို႔ ေျပာလာရင္ မႀကိဳက္လို႔ ကိုယ္ခ်င္းစာတဲ့ သေဘာပါ”လို႔ ဂြါဒီယိုလာက ေခၚယူမယ္ ဆိုရင္ေတာင္ လက္ရွိမွာ ေျပာမွာ မဟုတ္ဘူးလို႔ ဆိုခဲ့ပါတယ္။

“သူ႔ရဲ႕အေၾကာင္းကို သြင္းဂိုးနဲ႔ မွတ္တမ္းေတြက သက္ေသျပၿပီးပါၿပီ။ ဒီအသက္အ႐ြယ္မွာ ကမာၻ႔အေကာင္းဆုံးေတြထဲက တစ္ေယာက္အျဖစ္ ရပ္တည္ႏိုင္ခဲ့ၿပီး ကြၽန္ေတာ္တို႔အတြက္ေတာ့ သူဘယ္ေလာက္ေကာင္းသလဲဆိုတာ ႏွစ္ပတ္အတြင္း ကိုယ္တိုင္ႀကဳံေတြ႕ရပါလိမ့္မယ္”လို႔ ဂြါဒီယိုလာက ခ်န္ပီယံလိဂ္မဲခြဲမႈနဲ႔ ဟားလန္းရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ ေမးခြန္းေတြကို ေျဖၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS & TWEETS CREDIT TO OWNERS
SPORTS A2Z.