Bundesliga Premier League Transfer News

ဟာသာနဲ့ မကြည်တဲ့ ဂန်ဒူဇီနဲ့ အာဆင်နယ်တို့ ပြန်လည်ပေါင်းထုပ်ကြဦးမှာလား

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ အငှားချထားခဲ့တဲ့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီကို ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဟာသာဘာလင်က အပြီးသတ်ခေါ်ယူဖို့နဲ့ အငှားသက်တမ်းတိုးဖို့ မရှိဘူးလို့ ပြောကြားခဲ့အပြီးမှာ ကစားသမားအနေနဲ့ အမ်းမရိတ်ကိုပဲ ပြန်ရဖို့ ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက အသင်းရဲ့ ထရိန်နင်မှာ ဟေးလားဝါးလားလုပ်မှုအပြင် ဘရိုက်တန်နဲ့ပွဲမှာ ပြဿနာရှာခဲ့မှုကြောင့် နေရာပျောက်ဆုံးခဲ့ရပြီး တခြားအသင်းတစ်သင်းမှာ သင်ယူဖို့ စေလွှတ်ခံခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူဟာ လက်ရှိအချိန်အထိတော့ သူ့ရဲ့ လမ်းကြောင်းမှန်ကို ရှာမတွေ့သေးတဲ့ ပုံစံမျိုးလည်းဖြစ်နေခဲ့ပါတယ်။

ဟာသာဘာလင်မှာ ရာသီအစကနေ လက်ရှိအချိန်အထိ ကစားခွင့် ၁၉ ပွဲ ရရှိထားခဲ့ပြီး သွင်းဂိုးနှစ်ဂိုးနဲ့ ဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားနိုင်ခဲ့ ပေမယ့် သူ့ရဲ့ ကိုယ်နှုတ်အမူအယာနဲ့ ပြောဆိုခံယူချက်တွေကတော့ လက်ရှိအချိန်အထိ တိုးတက်မလာသေးတာကို တွေ့ရပြီး အသင်းနည်းပြ ပါလ် ဒါဒိုင်းကတော့ ပွင့်ပွင့်လင်းလင်းပဲ သုံးသပ်ချက်ပေးလိုက်ပါတယ်။

“သူက အခုမှ အရွယ်ရောက်လာတဲ့ လူပျိုပေါက်တစ်ယောက်လိုပဲ လုပ်နေတာပါ။ ဟိုလိုပြောလည်း မနာခံ၊ ဒီလိုပြောလည်း လိုက်နာမှုမရှိနဲ့ တော်လှန်နေတာပေါ့။ ဒါပေမယ့် သူ့အနေနဲ့ ကစားသမားဘဝကို ကောင်းကောင်းမွန်မွန် ရှေ့ဆက်ဖို့ဆိုရင် ပြင်းပြင်းထန်ထန် ကြိုးစားပြီး ကျိုးနွံတဲ့ တိရစ္ဆာန်တစ်ကောင်ကို သင်ယူရမယ်ဆိုတာကို သိထားဖို့ လိုပါတယ်”လို့ ဟန်ဂေရီသားနည်းပြက ခပ်ရှင်းရှင်းပဲ ပြောလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ဂန်ဒူဇီကို ဟာသာဘာလင်ဆီ ပို့ဆောင်ခဲ့တာဟာ ရည်ရွယ်ချက်နှစ်ရပ်ရှိပြီး တစ်ခုက သူ့ရဲ့ ကစားခွင့်နဲ့အတူ ပုံစံကျလာဖို့ဖြစ်သလို တစ်ခုကတော့ ခြေစွမ်းကောင်းမွန်ခဲ့လို့ သူ့ကို သဘောကျခဲ့ရင်လည်း ဒီအသင်းအပြင် တခြားအသင်းတွေဆီ အပြီးသတ် ရောင်းထုတ်နိုင်ဖို့ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မိခင်ဖြစ်သူ ဗာရိုနိခ်က ဝင်ရှုပ်လွန်းလို့ အသင်းတွေ လက်ရှောင်ခဲ့ကြတဲ့ အက်ဒရီယန် ရာဗျိုထက်တောင်မှ ဂန်ဒူဇီရဲ့ အနေအထားက ပိုဆိုးနေတဲ့ ပုံစံမျိုးဖြစ်နေပြီး သူကိုယ်တိုင်ရဲ့ နှိမ့်နှိမ့်ချချနေတတ်မှဖြစ်မယ့် အချိန်မျိုးမှာ “ငါက ပေါင်လေးသောင်းရတယ်ကွ”ဆိုတဲ့ အကွက်မျိုးကိုတော့ ဆက်လုပ်လို့ မဖြစ်နိုင်တာပါ။

Bild က ဖော်ပြခဲ့တဲ့ နည်းပြ ဒါဒိုင်းရဲ့ စကားအရတော့ ဒီရည်ရွယ်ချက်နှစ်စလုံးက လက်ရှိမှာ မအောင်မြင်ခဲ့ဘူးလို့ ဆိုရတော့မှာဖြစ်ပြီး မော်ရိုကိုနွယ်ဖွား ပြင်သစ်သားတစ်ယောက် အမ်းမရိတ်နဲ့ အနာဂတ်ကို ပြန်လည်တည်ဆောက်နိုင်မလား၊ ဒါမှမဟုတ် နည်းပြ မီခယ်လ် အာတီတာရဲ့ ပြတ်သားတဲ့ ပုံစံမှာပဲ လေလွင့်သွားမလားဆိုတာကိုတော့ အာဆင်နယ်ပရိသတ်တွေ စိုးရိမ်တကြီး စောင့်ကြည့်ရဦးမှာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အငွားခ်ထားခဲ့တဲ့ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီကို ဂ်ာမန္ဘြန္ဒက္စ္လီဂါကလပ္ ဟာသာဘာလင္က အၿပီးသတ္ေခၚယူဖို႔နဲ႔ အငွားသက္တမ္းတိုးဖို႔ မရွိဘူးလို႔ ေျပာၾကားခဲ့အၿပီးမွာ ကစားသမားအေနနဲ႔ အမ္းမရိတ္ကိုပဲ ျပန္ရဖို႔ ျဖစ္လာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရာသီက အသင္းရဲ႕ ထရိန္နင္မွာ ေဟးလားဝါးလားလုပ္မႈအျပင္ ဘ႐ိုက္တန္နဲ႔ပြဲမွာ ျပႆနာရွာခဲ့မႈေၾကာင့္ ေနရာေပ်ာက္ဆုံးခဲ့ရၿပီး တျခားအသင္းတစ္သင္းမွာ သင္ယူဖို႔ ေစလႊတ္ခံခဲ့ရတဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ လက္ရွိအခ်ိန္အထိေတာ့ သူ႔ရဲ႕ လမ္းေၾကာင္းမွန္ကို ရွာမေတြ႕ေသးတဲ့ ပုံစံမ်ိဳးလည္းျဖစ္ေနခဲ့ပါတယ္။

ဟာသာဘာလင္မွာ ရာသီအစကေန လက္ရွိအခ်ိန္အထိ ကစားခြင့္ ၁၉ ပြဲ ရရွိထားခဲ့ၿပီး သြင္းဂိုးႏွစ္ဂိုးနဲ႔ ဖန္တီးမႈတစ္ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ ေပမယ့္ သူ႔ရဲ႕ ကိုယ္ႏႈတ္အမူအယာနဲ႔ ေျပာဆိုခံယူခ်က္ေတြကေတာ့ လက္ရွိအခ်ိန္အထိ တိုးတက္မလာေသးတာကို ေတြ႕ရၿပီး အသင္းနည္းျပ ပါလ္ ဒါဒိုင္းကေတာ့ ပြင့္ပြင့္လင္းလင္းပဲ သုံးသပ္ခ်က္ေပးလိုက္ပါတယ္။

“သူက အခုမွ အ႐ြယ္ေရာက္လာတဲ့ လူပ်ိဳေပါက္တစ္ေယာက္လိုပဲ လုပ္ေနတာပါ။ ဟိုလိုေျပာလည္း မနာခံ၊ ဒီလိုေျပာလည္း လိုက္နာမႈမရွိနဲ႔ ေတာ္လွန္ေနတာေပါ့။ ဒါေပမယ့္ သူ႔အေနနဲ႔ ကစားသမားဘဝကို ေကာင္းေကာင္းမြန္မြန္ ေရွ႕ဆက္ဖို႔ဆိုရင္ ျပင္းျပင္းထန္ထန္ ႀကိဳးစားၿပီး က်ိဳးႏြံတဲ့ တိရစာၦန္တစ္ေကာင္ကို သင္ယူရမယ္ဆိုတာကို သိထားဖို႔ လိုပါတယ္”လို႔ ဟန္ေဂရီသားနည္းျပက ခပ္ရွင္းရွင္းပဲ ေျပာလိုက္ပါတယ္။

အာဆင္နယ္အသင္းဟာ ဂန္ဒူဇီကို ဟာသာဘာလင္ဆီ ပို႔ေဆာင္ခဲ့တာဟာ ရည္႐ြယ္ခ်က္ႏွစ္ရပ္ရွိၿပီး တစ္ခုက သူ႔ရဲ႕ ကစားခြင့္နဲ႔အတူ ပုံစံက်လာဖို႔ျဖစ္သလို တစ္ခုကေတာ့ ေျခစြမ္းေကာင္းမြန္ခဲ့လို႔ သူ႔ကို သေဘာက်ခဲ့ရင္လည္း ဒီအသင္းအျပင္ တျခားအသင္းေတြဆီ အၿပီးသတ္ ေရာင္းထုတ္ႏိုင္ဖို႔ ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မိခင္ျဖစ္သူ ဗာ႐ိုနိခ္က ဝင္ရႈပ္လြန္းလို႔ အသင္းေတြ လက္ေရွာင္ခဲ့ၾကတဲ့ အက္ဒရီယန္ ရာဗ်ိဳထက္ေတာင္မွ ဂန္ဒူဇီရဲ႕ အေနအထားက ပိုဆိုးေနတဲ့ ပုံစံမ်ိဳးျဖစ္ေနၿပီး သူကိုယ္တိုင္ရဲ႕ ႏွိမ့္ႏွိမ့္ခ်ခ်ေနတတ္မွျဖစ္မယ့္ အခ်ိန္မ်ိဳးမွာ “ငါက ေပါင္ေလးေသာင္းရတယ္ကြ”ဆိုတဲ့ အကြက္မ်ိဳးကိုေတာ့ ဆက္လုပ္လို႔ မျဖစ္ႏိုင္တာပါ။

Bild က ေဖာ္ျပခဲ့တဲ့ နည္းျပ ဒါဒိုင္းရဲ႕ စကားအရေတာ့ ဒီရည္႐ြယ္ခ်က္ႏွစ္စလုံးက လက္ရွိမွာ မေအာင္ျမင္ခဲ့ဘူးလို႔ ဆိုရေတာ့မွာျဖစ္ၿပီး ေမာ္႐ိုကိုႏြယ္ဖြား ျပင္သစ္သားတစ္ေယာက္ အမ္းမရိတ္နဲ႔ အနာဂတ္ကို ျပန္လည္တည္ေဆာက္ႏိုင္မလား၊ ဒါမွမဟုတ္ နည္းျပ မီခယ္လ္ အာတီတာရဲ႕ ျပတ္သားတဲ့ ပုံစံမွာပဲ ေလလြင့္သြားမလားဆိုတာကိုေတာ့ အာဆင္နယ္ပရိသတ္ေတြ စိုးရိမ္တႀကီး ေစာင့္ၾကည့္ရဦးမွာလည္းျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.