La Liga Other Leagues Premier League Serie A UCL&UEL

အာဆင်နယ်တို့ လမ်းကြောင်းချောင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက် အကျပ်တွေ့နိုင်တဲ့ ယူရိုပါလိဂ်ပွဲစဉ်များ

ယူရိုပါလိဂ်အတွက် ကွာတားဖိုင်နယ်ပွဲစဉ်တွေနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို မဲခွဲရေးဆွဲပွဲကို ဆွစ်ဇာလန်နိုင်ငံ နီယွန်မြို့မှာ ညနေပိုင်းက ကျင်းပခဲ့ရာမှာ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးကစားသမားဟောင်း ဂေးလ် ကလစ်ရှီက တက်ရောက်မဲနှိုက်ပေးခဲ့ပြီး ဒီအချိန်မှာ သူ့ရဲ့ အသင်းဟောင်းက ပွဲချောင်ခဲ့သလို ဒီနှစ်သင်းစလုံးနဲ့ ပြိုင်ဘက်၊ ရန်ဘက်ဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကတော့ ပွဲကျပ်လမ်းကြောင်းထဲ ကျရောက်နေခဲ့တာကိုလည်း တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့ရပါတယ်။

ကလစ်ချီရဲ့ ရွေးချယ်မှုမှာ ကွာတားဖိုင်နယ်ပွဲစဉ်(၁)အတွက် ပထမဆုံးအသင်းအဖြစ် စပိန်ကလပ် ဂရန်နာဒါက ထွက်ပေါ်လာခဲ့ပြီး ပထမအကျော့အတွက် အိမ်ကွင်းကနေ စောင့်ကြိုနေချိန်မှာတော့ သူ့ရဲ့ တွဲဖက်အသင်းအဖြစ် မန်ချက်စတာယူနိုက်တက်က ထွက်ပေါ်လာခဲ့ပြီး အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။

ဒုတိယမြောက် ကွာတားဖိုင်နယ်ပွဲစဉ်(၂)ကိုတော့ သူ့ရဲ့အသင်းဟောင်း အာဆင်နယ်ကို ပြင်သစ်သားက ပထမအကျော့အိမ်ကွင်းမှာ ကစားဖို့ ရွေးထုတ်ခဲ့ပြီး ပြိုင်ဘက်ကို ရှာဖွေရာမှာတော့ ဒီအဆင့်ကို တက်ရောက်လာခဲ့တဲ့အထဲမှာ အင်အားအနည်းဆုံးတစ်သင်းလို့ ဆိုလို့ရတဲ့ ဆလားဗီးယား ပရာဟာ(ပရပ်ဂ်) အသင်းက ထွက်ပေါ်ခဲ့တာပါ။

ကွာတားဖိုင်နယ် ပွဲစဉ်(၃)အဖြစ် မဲနှိုက်ခဲ့ရာမှာတော့ နယ်သာလန်အင်အားကြီးကလပ် အိုင်းယက်စ်က ပထမအကျော့ အိမ်ရှင်အဖြစ် ပေါ်ထွက်လာခဲ့ပြီး သူ့ရဲ့ ပြိုင်ဘက်အဖြစ်တော့ စီးရီးအေကလပ် ရိုးမားအသင်းကို ရွေးချယ်ခံခဲ့ရတာကတော့ ဒီအဆင့်ရဲ့ လက်ရည်အညီဆုံးပွဲစဉ် ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံး ကွာတားဖိုင်နယ် ပွဲစဉ်(၄)ရဲ့ နှစ်သင်းက ဗီလာရီးရဲလ်နဲ့ စပါးစ်ကို ဖြုတ်ချခဲ့တဲ့ ဒီနာမို ဇာဂရက်ဘ်တို့ဖြစ်ခဲ့ပြီး အိမ်ကွင်းသမားကို မဲနှိုက်ရာမှာတော့ ခရိုအေးရှားကလပ်က အရင်ထွက်ပေါ်လာခဲ့တဲ့အတွက် စပိန်က အူနိုင်း အမ်မရီရဲ့ အသင်းက အဝေးကွင်းမှာ ကစားဖို့ဖြစ်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဆက်လက်မဲခွဲရာမှာတော့ ကွာတားဖိုင်နယ်(၁) ဂရန်နာဒါ-မန်ချက်စတာယူနိုက်တက်အတွဲက အနိုင်ရရှိသူက အိမ်ကွင်းမှာ စတင်ကစားရမှာဖြစ်ပြီး ကွာတားဖိုင်နယ်(၃) အိုင်းယက်စ်-ရိုးမားအတွဲက အနိုင်ရရှိတဲ့အသင်းနဲ့ တွေ့ဆုံမှာဖြစ်တဲ့အတွက် ဆီမီးပွဲစဉ်(၁)က လမ်းကြောင်းကျပ်သွားခဲ့ပါတယ်။

ပွဲစဉ်(၂)ကိုတော့ အိမ်ရှင်အဖြစ် ကွာတားဖိုင်နယ်(၄) ဒီနာမို ဇာဂရက်ဘ်-ဗီလာရီးရဲလ်တို့ပွဲက အနိုင်ရရှိသူက ကစားရဖို့ဖြစ်လာပြီး ကွာတား ဖိုင်နယ်(၂) အာဆင်နယ်နဲ့ ဆလားဗီးယား ပရာဟာတို့အတွဲက နောက်တစ်ဆင့်တက်မယ့်သူက အဝေးကွင်းမှာ သွားရောက်ကစားရဖို့ ပေါ်ထွက်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာတော့ မန်ချက်စတာယူနိုက်တက်ကတော့ နောက်တစ်ဆင့်တက်ဖို့ များနေခဲ့ပေမယ့် တစ်ဖက်က ဘယ်သူပဲလာလာ ခက်ခဲတဲ့ ပြိုင်ဘက်ကို ရရှိမှာဖြစ်တဲ့အတွက် နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ လူမစုံရင် ရုန်းကန်ရနိုင်သလို ခြေပိုမှန်တဲ့ အိုင်းယက်စ်ကတော့ သူတို့ရဲ့ ပြိုင်ဘက် ပိုဖြစ်နိုင်ခြေရှိနေပါတယ်။

နောက်တစ်ခြမ်းမှာတော့ အာဆင်နယ်အသင်းကပဲ ချက်ကလပ်ကို ကျော်ဖြတ်လာနိုင်သလို တစ်ဖက်ကလည်း ဗီလာရီးရဲလ်ပဲ တက်ဖို့ များနေခဲ့တာဖြစ်လို့ အူနိုင်း အမ်မရီအနေနဲ့ အသင်းဟောင်းကို ရင်ဆိုင်ရနိုင်ပြီး အာတီတာအနေနဲ့ သူ့ရှေ့ကလူ သိထားနိုင်တဲ့ အားနည်းချက်တွေကို ပြင်ဆင်ဖုံးဖိပြီး ကျော်ဖြတ်သွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဖိုင်နယ်ပွဲစဉ်ကိုတော့ ဒုတိယကမ္ဘာစစ်အတွင်းက ဒန်းဇစ်လို့ လူသိများတဲ့ ဂျာမန်တို့ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ပိုလန်စင်္ကြန်ဒေသက ဂဒန့်စ်မြို့မှာ ကစားရမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်တုန်းက အဇာဘိုင်ဂျန်မှာလိုမျိုး All English Final ဖြစ်လာနိုင်ခြေလည်း ရှိနေသလို အင်္ဂလန်အသင်းတွေ မဟုတ်ဘဲ တခြားဥရောပအသင်းတွေလည်း ဖြစ်လာနိုင်တာမို့ ပရိသတ်တွေ ကြိုတင်ရင်ခုန်နိုင်ကြဖို့ ဖော်ပြပေးလိုက်ပါတယ်။

REF: UEFA EUROPA LEAGUE TWITTER
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူ႐ိုပါလိဂ္အတြက္ ကြာတားဖိုင္နယ္ပြဲစဥ္ေတြနဲ႔ ဆီမီးဖိုင္နယ္ပြဲစဥ္ေတြကို မဲခြဲေရးဆြဲပြဲကို ဆြစ္ဇာလန္ႏိုင္ငံ နီယြန္ၿမိဳ႕မွာ ညေနပိုင္းက က်င္းပခဲ့ရာမွာ အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးကစားသမားေဟာင္း ေဂးလ္ ကလစ္ရွီက တက္ေရာက္မဲႏႈိက္ေပးခဲ့ၿပီး ဒီအခ်ိန္မွာ သူ႔ရဲ႕ အသင္းေဟာင္းက ပြဲေခ်ာင္ခဲ့သလို ဒီႏွစ္သင္းစလုံးနဲ႔ ၿပိဳင္ဘက္၊ ရန္ဘက္ျဖစ္ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္ကေတာ့ ပြဲက်ပ္လမ္းေၾကာင္းထဲ က်ေရာက္ေနခဲ့တာကိုလည္း တိုက္တိုက္ဆိုင္ဆိုင္ ေတြ႕ခဲ့ရပါတယ္။

ကလစ္ခ်ီရဲ႕ ေ႐ြးခ်ယ္မႈမွာ ကြာတားဖိုင္နယ္ပြဲစဥ္(၁)အတြက္ ပထမဆုံးအသင္းအျဖစ္ စပိန္ကလပ္ ဂရန္နာဒါက ထြက္ေပၚလာခဲ့ၿပီး ပထမအေက်ာ့အတြက္ အိမ္ကြင္းကေန ေစာင့္ႀကိဳေနခ်ိန္မွာေတာ့ သူ႔ရဲ႕ တြဲဖက္အသင္းအျဖစ္ မန္ခ်က္စတာယူႏိုက္တက္က ထြက္ေပၚလာခဲ့ၿပီး အေဝးကြင္းမွာ သြားေရာက္ရင္ဆိုင္ရဖို႔ ျဖစ္လာခဲ့ပါတယ္။

ဒုတိယေျမာက္ ကြာတားဖိုင္နယ္ပြဲစဥ္(၂)ကိုေတာ့ သူ႔ရဲ႕အသင္းေဟာင္း အာဆင္နယ္ကို ျပင္သစ္သားက ပထမအေက်ာ့အိမ္ကြင္းမွာ ကစားဖို႔ ေ႐ြးထုတ္ခဲ့ၿပီး ၿပိဳင္ဘက္ကို ရွာေဖြရာမွာေတာ့ ဒီအဆင့္ကို တက္ေရာက္လာခဲ့တဲ့အထဲမွာ အင္အားအနည္းဆုံးတစ္သင္းလို႔ ဆိုလို႔ရတဲ့ ဆလားဗီးယား ပရာဟာ(ပရပ္ဂ္) အသင္းက ထြက္ေပၚခဲ့တာပါ။

ကြာတားဖိုင္နယ္ ပြဲစဥ္(၃)အျဖစ္ မဲႏႈိက္ခဲ့ရာမွာေတာ့ နယ္သာလန္အင္အားႀကီးကလပ္ အိုင္းယက္စ္က ပထမအေက်ာ့ အိမ္ရွင္အျဖစ္ ေပၚထြက္လာခဲ့ၿပီး သူ႔ရဲ႕ ၿပိဳင္ဘက္အျဖစ္ေတာ့ စီးရီးေအကလပ္ ႐ိုးမားအသင္းကို ေ႐ြးခ်ယ္ခံခဲ့ရတာကေတာ့ ဒီအဆင့္ရဲ႕ လက္ရည္အညီဆုံးပြဲစဥ္ ျဖစ္လာခဲ့ပါတယ္။

ေနာက္ဆုံး ကြာတားဖိုင္နယ္ ပြဲစဥ္(၄)ရဲ႕ ႏွစ္သင္းက ဗီလာရီးရဲလ္နဲ႔ စပါးစ္ကို ျဖဳတ္ခ်ခဲ့တဲ့ ဒီနာမို ဇာဂရက္ဘ္တို႔ျဖစ္ခဲ့ၿပီး အိမ္ကြင္းသမားကို မဲႏႈိက္ရာမွာေတာ့ ခ႐ိုေအးရွားကလပ္က အရင္ထြက္ေပၚလာခဲ့တဲ့အတြက္ စပိန္က အူႏိုင္း အမ္မရီရဲ႕ အသင္းက အေဝးကြင္းမွာ ကစားဖို႔ျဖစ္ခဲ့ပါတယ္။

ဆီမီးဖိုင္နယ္ပြဲစဥ္ေတြကို ဆက္လက္မဲခြဲရာမွာေတာ့ ကြာတားဖိုင္နယ္(၁) ဂရန္နာဒါ-မန္ခ်က္စတာယူႏိုက္တက္အတြဲက အႏိုင္ရရွိသူက အိမ္ကြင္းမွာ စတင္ကစားရမွာျဖစ္ၿပီး ကြာတားဖိုင္နယ္(၃) အိုင္းယက္စ္-႐ိုးမားအတြဲက အႏိုင္ရရွိတဲ့အသင္းနဲ႔ ေတြ႕ဆုံမွာျဖစ္တဲ့အတြက္ ဆီမီးပြဲစဥ္(၁)က လမ္းေၾကာင္းက်ပ္သြားခဲ့ပါတယ္။

ပြဲစဥ္(၂)ကိုေတာ့ အိမ္ရွင္အျဖစ္ ကြာတားဖိုင္နယ္(၄) ဒီနာမို ဇာဂရက္ဘ္-ဗီလာရီးရဲလ္တို႔ပြဲက အႏိုင္ရရွိသူက ကစားရဖို႔ျဖစ္လာၿပီး ကြာတား ဖိုင္နယ္(၂) အာဆင္နယ္နဲ႔ ဆလားဗီးယား ပရာဟာတို႔အတြဲက ေနာက္တစ္ဆင့္တက္မယ့္သူက အေဝးကြင္းမွာ သြားေရာက္ကစားရဖို႔ ေပၚထြက္ခဲ့ပါတယ္။

ဆီမီးဖိုင္နယ္ပြဲစဥ္ေတြမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ကေတာ့ ေနာက္တစ္ဆင့္တက္ဖို႔ မ်ားေနခဲ့ေပမယ့္ တစ္ဖက္က ဘယ္သူပဲလာလာ ခက္ခဲတဲ့ ၿပိဳင္ဘက္ကို ရရွိမွာျဖစ္တဲ့အတြက္ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ လူမစုံရင္ ႐ုန္းကန္ရႏိုင္သလို ေျခပိုမွန္တဲ့ အိုင္းယက္စ္ကေတာ့ သူတို႔ရဲ႕ ၿပိဳင္ဘက္ ပိုျဖစ္ႏိုင္ေျခရွိေနပါတယ္။

ေနာက္တစ္ျခမ္းမွာေတာ့ အာဆင္နယ္အသင္းကပဲ ခ်က္ကလပ္ကို ေက်ာ္ျဖတ္လာႏိုင္သလို တစ္ဖက္ကလည္း ဗီလာရီးရဲလ္ပဲ တက္ဖို႔ မ်ားေနခဲ့တာျဖစ္လို႔ အူႏိုင္း အမ္မရီအေနနဲ႔ အသင္းေဟာင္းကို ရင္ဆိုင္ရႏိုင္ၿပီး အာတီတာအေနနဲ႔ သူ႔ေရွ႕ကလူ သိထားႏိုင္တဲ့ အားနည္းခ်က္ေတြကို ျပင္ဆင္ဖုံးဖိၿပီး ေက်ာ္ျဖတ္သြားႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဖိုင္နယ္ပြဲစဥ္ကိုေတာ့ ဒုတိယကမာၻစစ္အတြင္းက ဒန္းဇစ္လို႔ လူသိမ်ားတဲ့ ဂ်ာမန္တို႔ ပိုင္ဆိုင္ခဲ့ဖူးတဲ့ ပိုလန္စၾကၤန္ေဒသက ဂဒန႔္စ္ၿမိဳ႕မွာ ကစားရမွာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္တုန္းက အဇာဘိုင္ဂ်န္မွာလိုမ်ိဳး All English Final ျဖစ္လာႏိုင္ေျခလည္း ရွိေနသလို အဂၤလန္အသင္းေတြ မဟုတ္ဘဲ တျခားဥေရာပအသင္းေတြလည္း ျဖစ္လာႏိုင္တာမို႔ ပရိသတ္ေတြ ႀကိဳတင္ရင္ခုန္ႏိုင္ၾကဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

REF: UEFA EUROPA LEAGUE TWITTER
PHOTOS AND TWEETS CREDIT TO OWNERS
SPORTS A2Z.