Premier League

ချာကာနဲ့ ဘယ်လာရင်တို့ကို ဝုန်းလိုက်တဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်းရဲ့ ဝေဖန်မှု

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ချာလီ နစ်ကိုလတ်စ်အနေနဲ့ သူ့ရဲ့ အသင်းဟောင်းရဲ့ ပြောင်းလဲပုံအတွက် စိတ်ကျေနပ်တဲ့ ပုံစံကို ပြသခဲ့ပေမယ့် ကစားသမားနှစ်ဦးအတွက် တော်တော်လေး စိတ်ပျက်နေပုံပေါ်ပြီး ပက်ဒီပါဝါနဲ့ ပြုလုပ်တဲ့ အစီအစဉ်တစ်ခုမှာ လူသိရှင်ကြား ထုတ်ဖော် ပြောကြားလိုက်တာပဲဖြစ်ပါတယ်။

၂၀၁၆ ဩဂုတ်လက အသင်းကို ရောက်ရှိလာခဲ့တဲ့ ဆွစ်ဇာလန်ကွင်းလယ်လူ ဂရာနစ် ချာကာဟာ အမ်းမရိတ်မှာ သူ့ကြောင့် မကြာခဏ အငြင်းအခုံတွေ ဖြစ်ပွားစေသူဖြစ်ပြီး ခြေစွမ်းကောင်းနဲ့ အသင်းကို မောင်းနှင်နိုင်တဲ့ အခါတွေ ရှိသလို အမှားတွေနဲ့ အသင်းကို စိတ်ပျက်စေခဲ့တဲ့ အချိန်တွေလည်း မနည်းတာမို့ သူကစားပေးခဲ့တဲ့ ၂၀၉ ပွဲမှာ ဝမ်းသာရမလား ဝမ်းနည်းရမလား မသိခဲ့ကြတာလည်းဖြစ်ပါတယ်။

သူရောက်ရှိလာခဲ့ကတည်းကနေ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်မှာ သူ့လောက် အမှားတွေကနေ ဂိုးပေးရသူလည်း မရှိဘဲ ထိပ်ဆုံးက ဦးဆောင်နေပြီး မွန်ချန်ဂလာဘက်ချ်ကွင်းလယ်လူဟောင်းဟာ အသင်းခေါင်းဆောင်ဖြစ်ပြီးမှ ပရိသတ်တွေနဲ့ ပြဿနာဖြစ်ပွားခဲ့လို့ ရာထူးက ဖြုတ်ချခဲ့ရဖူးသူလည်း ဖြစ်နေခဲ့တာပါ။

ဟက်တာ ဘယ်လာရင်ကတော့ လက်ရှိအသင်းရဲ့ အချိန်အကြာဆုံး ကစားပေးထားသူဖြစ်ပြီး တိုက်စစ်နဲ့ခံစစ် ဟန်ချက်မညီမျှတဲ့ ကစားဟန်နဲ့ ခြေစွမ်းမမှန်မှုကြောင့် ဝေဖန်ခံခဲ့ရပြီး လက်ရှိမှာ ဆီးဒရစ်ရဲ့ နေရာလုယူခြင်းကိုပါကို ခံနေရသလို ဒဏ်ရာကနေ ပြန်ကောင်းလာခဲ့ပြီးကတည်းက အာဆင်နယ်ပရိသတ်တွေရဲ့ သဘောကျမှုကိုတော့ မယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

“အာတီတာက သူ့ရဲ့ အရည်အသွေးကို သက်သေပြဖို့ လိုနေသေးတယ်ဆိုပေမယ့် ဝင်းဂါးလက်ထက်ကတည်းက ဆိုးရွားခဲ့တဲ့ ခံစစ်ကိုတော့ ပြင်နိုင်လိုက်တာ အမှန်ပဲဗျ။ ဒီထဲမှာ ကီရန် တီယာနီကတော့ အကောင်းဆုံးဖြစ်ပြီး သူ့ရဲ့ လုပ်အားနှုန်းနဲ့ တိုက်စစ်ကိုပါ မောင်းနှင်နိုင်ခဲ့တာပေါ့။ ဒါပေမယ့် ဟက်တာ ဘယ်လာရင်နဲ့ ဂရာနစ် ချာကာတို့အတွက်တော့ ခံစားလို့ကို မရဘူး”လို့ ချာလီ နစ်ကိုလတ်စ်က ဆိုပါတယ်။

“ချာကာက ဘာလဲ… သူ့ရဲ့ အကောင်းဆုံးပုံစံမှာ ကစားနေတာလား။ ဒါဆိုရင်တော့ ဘယ်လိုဖြစ်လို့ အာဆင်နယ်က အဆင့် ၁၀ ကို ရောက်နေတာလဲ။ တကယ်တမ်းမှာ အသင်းအတွက် တည်ငြိမ်တဲ့ ပုံစံကောင်းကို ပြသချင်တယ်ဆိုရင် သူနဲ့တော့ မဆိုင်သလိုပဲ။ ဒီနေရာမှာ လူငယ်တွေကို အားကိုးတာကပဲ အားတက်စရာဖြစ်လာမှာပါ”လို့ဆိုခဲ့ပြီး သူတို့ကို ရောင်းထုတ်သွားဖို့ပဲ အကြံပြုခဲ့ပါတယ်။

ဘယ်လာရင်နဲ့ ချာကာတို့ နှစ်ဦးစလုံးဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၃ နွေရာသီအထိ စာချုပ်ချုပ်ဆိုထားသူတွေဖြစ်ကြပြီး စပိန်သားကို ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့က စိတ်ဝင်စားနေကြသလို ဆွစ်ဇာလန်သားကိုတော့ သူကျင်လည်ခဲ့ဖူးတဲ့ ဘွန်ဒက်စ်လီဂါအသင်းတွေက ကမ်းလှမ်းဖွယ် ရှိနေတယ်လို့လည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းရဲ႕ တိုက္စစ္မႉးေဟာင္း ခ်ာလီ နစ္ကိုလတ္စ္အေနနဲ႔ သူ႔ရဲ႕ အသင္းေဟာင္းရဲ႕ ေျပာင္းလဲပုံအတြက္ စိတ္ေက်နပ္တဲ့ ပုံစံကို ျပသခဲ့ေပမယ့္ ကစားသမားႏွစ္ဦးအတြက္ ေတာ္ေတာ္ေလး စိတ္ပ်က္ေနပုံေပၚၿပီး ပက္ဒီပါဝါနဲ႔ ျပဳလုပ္တဲ့ အစီအစဥ္တစ္ခုမွာ လူသိရွင္ၾကား ထုတ္ေဖာ္ ေျပာၾကားလိုက္တာပဲျဖစ္ပါတယ္။

၂၀၁၆ ဩဂုတ္လက အသင္းကို ေရာက္ရွိလာခဲ့တဲ့ ဆြစ္ဇာလန္ကြင္းလယ္လူ ဂရာနစ္ ခ်ာကာဟာ အမ္းမရိတ္မွာ သူ႔ေၾကာင့္ မၾကာခဏ အျငင္းအခုံေတြ ျဖစ္ပြားေစသူျဖစ္ၿပီး ေျခစြမ္းေကာင္းနဲ႔ အသင္းကို ေမာင္းႏွင္ႏိုင္တဲ့ အခါေတြ ရွိသလို အမွားေတြနဲ႔ အသင္းကို စိတ္ပ်က္ေစခဲ့တဲ့ အခ်ိန္ေတြလည္း မနည္းတာမို႔ သူကစားေပးခဲ့တဲ့ ၂၀၉ ပြဲမွာ ဝမ္းသာရမလား ဝမ္းနည္းရမလား မသိခဲ့ၾကတာလည္းျဖစ္ပါတယ္။

သူေရာက္ရွိလာခဲ့ကတည္းကေန လက္ရွိအခ်ိန္အထိ ပရီးမီးယားလိဂ္မွာ သူ႔ေလာက္ အမွားေတြကေန ဂိုးေပးရသူလည္း မရွိဘဲ ထိပ္ဆုံးက ဦးေဆာင္ေနၿပီး မြန္ခ်န္ဂလာဘက္ခ်္ကြင္းလယ္လူေဟာင္းဟာ အသင္းေခါင္းေဆာင္ျဖစ္ၿပီးမွ ပရိသတ္ေတြနဲ႔ ျပႆနာျဖစ္ပြားခဲ့လို႔ ရာထူးက ျဖဳတ္ခ်ခဲ့ရဖူးသူလည္း ျဖစ္ေနခဲ့တာပါ။

ဟက္တာ ဘယ္လာရင္ကေတာ့ လက္ရွိအသင္းရဲ႕ အခ်ိန္အၾကာဆုံး ကစားေပးထားသူျဖစ္ၿပီး တိုက္စစ္နဲ႔ခံစစ္ ဟန္ခ်က္မညီမွ်တဲ့ ကစားဟန္နဲ႔ ေျခစြမ္းမမွန္မႈေၾကာင့္ ေဝဖန္ခံခဲ့ရၿပီး လက္ရွိမွာ ဆီးဒရစ္ရဲ႕ ေနရာလုယူျခင္းကိုပါကို ခံေနရသလို ဒဏ္ရာကေန ျပန္ေကာင္းလာခဲ့ၿပီးကတည္းက အာဆင္နယ္ပရိသတ္ေတြရဲ႕ သေဘာက်မႈကိုေတာ့ မယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

“အာတီတာက သူ႔ရဲ႕ အရည္အေသြးကို သက္ေသျပဖို႔ လိုေနေသးတယ္ဆိုေပမယ့္ ဝင္းဂါးလက္ထက္ကတည္းက ဆိုး႐ြားခဲ့တဲ့ ခံစစ္ကိုေတာ့ ျပင္ႏိုင္လိုက္တာ အမွန္ပဲဗ်။ ဒီထဲမွာ ကီရန္ တီယာနီကေတာ့ အေကာင္းဆုံးျဖစ္ၿပီး သူ႔ရဲ႕ လုပ္အားႏႈန္းနဲ႔ တိုက္စစ္ကိုပါ ေမာင္းႏွင္ႏိုင္ခဲ့တာေပါ့။ ဒါေပမယ့္ ဟက္တာ ဘယ္လာရင္နဲ႔ ဂရာနစ္ ခ်ာကာတို႔အတြက္ေတာ့ ခံစားလို႔ကို မရဘူး”လို႔ ခ်ာလီ နစ္ကိုလတ္စ္က ဆိုပါတယ္။

“ခ်ာကာက ဘာလဲ… သူ႔ရဲ႕ အေကာင္းဆုံးပုံစံမွာ ကစားေနတာလား။ ဒါဆိုရင္ေတာ့ ဘယ္လိုျဖစ္လို႔ အာဆင္နယ္က အဆင့္ ၁၀ ကို ေရာက္ေနတာလဲ။ တကယ္တမ္းမွာ အသင္းအတြက္ တည္ၿငိမ္တဲ့ ပုံစံေကာင္းကို ျပသခ်င္တယ္ဆိုရင္ သူနဲ႔ေတာ့ မဆိုင္သလိုပဲ။ ဒီေနရာမွာ လူငယ္ေတြကို အားကိုးတာကပဲ အားတက္စရာျဖစ္လာမွာပါ”လို႔ဆိုခဲ့ၿပီး သူတို႔ကို ေရာင္းထုတ္သြားဖို႔ပဲ အႀကံျပဳခဲ့ပါတယ္။

ဘယ္လာရင္နဲ႔ ခ်ာကာတို႔ ႏွစ္ဦးစလုံးဟာ အာဆင္နယ္အသင္းနဲ႔ ၂၀၂၃ ေႏြရာသီအထိ စာခ်ဳပ္ခ်ဳပ္ဆိုထားသူေတြျဖစ္ၾကၿပီး စပိန္သားကို ဘာစီလိုနာနဲ႔ ပီအက္စ္ဂ်ီတို႔က စိတ္ဝင္စားေနၾကသလို ဆြစ္ဇာလန္သားကိုေတာ့ သူက်င္လည္ခဲ့ဖူးတဲ့ ဘြန္ဒက္စ္လီဂါအသင္းေတြက ကမ္းလွမ္းဖြယ္ ရွိေနတယ္လို႔လည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.