Premier League Serie A Transfer News

ပေါင်သန်း ၃၀ တန်နောက်ခံလူအတွက် အခြေအနေကောင်းနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားမှာ ဒေါင်ဒေါင်မြည်တွဲဖက်မရှိတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် နွေရာသီမှာ သူတို့ရဲ့ ပစ်မှတ်နောက်ခံလူကို ဘဏ္ဏာရေးအခြေအနေကို ထိန်းညှိဖို့ ရောင်းချနေတဲ့ ဖီအိုရင်တီးနားကြောင့် အလွယ်တကူ ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။

ဖလော့ရင့်မြို့ခံကလပ်အနေနဲ့ သူတို့ရဲ့နောက်ခံလူ နီကိုလာ မီလင်ကိုဗစ်ချ်ကို ပေါင်သန်း ၃၀ (ယူရို ၃၅ သန်း) ရရင် ရောင်းချသွားမယ်လို့ ကြေငြာထားတယ်လို့ အီတလီအခြေစိုက်သတင်းတွေက ဖော်ပြခဲ့ကြပြီး ကစားသမားအနေနဲ့လည်း ယူနိုက်တက်ဆီ ပြောင်းရွှေ့ကစားချင်နေတယ်လို့ ဝန်ခံထားခဲ့ဖူးပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ သူတို့ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဟာရီ မက်ဂွိုင်းယားကို တွဲဖက်ဖို့ ကာလကြာရှည်ခံစားနေရတဲ့ ကျောဒဏ်ရာနဲ့ ဗစ်တာ နီးလ်ဆန် လင်ဒီလော့ဖ်နဲ့ ကြံ့ခိုင်မှုက တစ်နေ့ရွှေ၊ တစ်နေ့ငွေဖြစ်နေတဲ့ အဲရစ် ဘိုင်လီတို့နှစ်ဦးသာ စီနီယာကစားသမားတွေအဖြစ် ရှိနေပြီး သူတို့နှစ်ဦးစလုံးက ပရိသတ်တွေ စိတ်ထဲမှာတော့ လုံလောက်မှု မရှိသေးတာလည်းဖြစ်ပါတယ်။

ဒါကြောင့် ၂၀၂၂ နွေရာသီမှာ စာချုပ်ကုန်ဆုံးမှာဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ဖီအိုရင်တီးနားအသင်းနောက်ခံလူ မီလင်ကိုဗစ်ချ်ဟာ ရွေးချယ်ဖို့ အကောင်းဆုံးအဖြစ် ရှိနေပြီး သူအတုယူ အားကျခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ဆားဘီးယားသားကြီး နီမန်ဂျာ ဗီဒစ်ချ်ရဲ့ ခြေရာကို နင်းနိုင်မလား စောင့်ကြည့်ရဖို့လည်း ရှိနေပါတယ်။

ဆားဘီးယားလက်ရွေးစင်အဖြစ် ၂၆ ပွဲ ပါဝင်ကစားပေးပြီးဖြစ်တဲ့ မီလင်ကိုဗစ်ချ်ဟာ အရပ်အမောင်း မြင့်မားသူဖြစ်ပြီး ၆ ပေ ၅ လက်မဆိုတဲ့ ပမာဏဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားနိုင်ဖို့ ရှိနေသလို လက်ရှိအချိန်မှာ ဖီအိုရင်တီးနားအသင်းအတွက်တော့ ၄ ရာသီမှာ ပြိုင်ပွဲစုံ ၁၁၅ ပွဲ ကစား၊ ၁၁ ဂိုး သွင်းယူပေးထားနိုင်သူလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ နည်းစနစ်ဒါရိုက်တာသစ် ဒါရင်း ဖလက်ချာနဲ့ အားကစားဒါရိုက်တာသစ် ဂျွန် မာတပ်ဖ်တို့အနေနဲ့ နွေရာသီမှာ အသင်းကို အပြောင်းအလဲတွေ ပြုလုပ်သွားဖွယ်ရှိနေပြီး မလိုအပ်တဲ့ ကစားသမားတွေကို ရှင်းထုတ်ရာမှာ ဘိုင်လီကိုလည်း လက်ခံနိုင်တဲ့ ဈေးနှုန်းရရင် ရောင်းချသွားဖို့ ရှိနေပြီး ဒီနေရာအတွက် ပြန်လည်အစားထိုးဖို့ မီလင်ကိုဗစ်ချ်အပြင် ပစ်မှတ်တချို့ကိုလည်း ချိတ်ဆက်နေခဲ့ပါတယ်။

အသင်းခေါင်းဆောင် မက်ဂွိုင်းယားကတော့ သူဟာ လာမယ့်အနာဂတ်မှာ အင်္ဂလိပ်စကားပြောတဲ့ နောက်ခံလူတစ်ဦးနဲ့ တွဲဖက်ကစားလိုကြောင်း အသင်းကို တောင်းဆိုထားခဲ့တဲ့အတွက် ပြောင်းရွှေ့ဖြစ်ခဲ့ရင် ဘာသာစကားသစ်ကို သင်ယူရဦးမယ့် မီလင်ကိုဗစ်ချ်ရဲ့ ရောက်လာနိုင်ခြေကို စောင့်ကြည့်ရဦးမှာဖြစ်ပြီး အရည်အသွေးနဲ့ ဈေးနှုန်းအရတော့ ရောက်လာနိုင်ခြေများတဲ့အထဲမှာ ပါဝင်နေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားမှာ ဒေါင်ဒေါင်မြည်တွဲဖက်မရှိတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် နွေရာသီမှာ သူတို့ရဲ့ ပစ်မှတ်နောက်ခံလူကို ဘဏ္ဏာရေးအခြေအနေကို ထိန်းညှိဖို့ ရောင်းချနေတဲ့ ဖီအိုရင်တီးနားကြောင့် အလွယ်တကူ ခေါ်ယူနိုင်ဖွယ်ရှိနေပါတယ်။

ဖလော့ရင့်မြို့ခံကလပ်အနေနဲ့ သူတို့ရဲ့နောက်ခံလူ နီကိုလာ မီလင်ကိုဗစ်ခ်ျကို ပေါင်သန်း ၃၀ (ယူရို ၃၅ သန်း) ရရင် ရောင်းချသွားမယ်လို့ ကြေငြာထားတယ်လို့ အီတလီအခြေစိုက်သတင်းတွေက ဖော်ပြခဲ့ကြပြီး ကစားသမားအနေနဲ့လည်း ယူနိုက်တက်ဆီ ပြောင်းရွှေ့ကစားချင်နေတယ်လို့ ဝန်ခံထားခဲ့ဖူးပါတယ်။


ဒါကြောင့် ၂၀၂၂ နွေရာသီမှာ စာချုပ်ကုန်ဆုံးမှာဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ဖီအိုရင်တီးနားအသင်းနောက်ခံလူ မီလင်ကိုဗစ်ခ်ျဟာ ရွေးချယ်ဖို့ အကောင်းဆုံးအဖြစ် ရှိနေပြီး သူအတုယူ အားကျခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ဆားဘီးယားသားကြီး နီမန်ဂျာ ဗီဒစ်ခ်ျရဲ့ ခြေရာကို နင်းနိုင်မလား စောင့်ကြည့်ရဖို့လည်း ရှိနေပါတယ်။

ဆားဘီးယားလက်ရွေးစင်အဖြစ် ၂၆ ပွဲ ပါဝင်ကစားပေးပြီးဖြစ်တဲ့ မီလင်ကိုဗစ်ခ်ျဟာ အရပ်အမောင်း မြင့်မားသူဖြစ်ပြီး ၆ ပေ ၅ လက်မဆိုတဲ့ ပမာဏဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားနိုင်ဖို့ ရှိနေသလို လက်ရှိအချိန်မှာ ဖီအိုရင်တီးနားအသင်းအတွက်တော့ ၄ ရာသီမှာ ပြိုင်ပွဲစုံ ၁၁၅ ပွဲ ကစား၊ ၁၁ ဂိုး သွင်းယူပေးထားနိုင်သူလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ နည်းစနစ်ဒါရိုက်တာသစ် ဒါရင်း ဖလက်ချာနဲ့ အားကစားဒါရိုက်တာသစ် ဂျွန် မာတပ်ဖ်တို့အနေနဲ့ နွေရာသီမှာ အသင်းကို အပြောင်းအလဲတွေ ပြုလုပ်သွားဖွယ်ရှိနေပြီး မလိုအပ်တဲ့ ကစားသမားတွေကို ရှင်းထုတ်ရာမှာ ဘိုင်လီကိုလည်း လက်ခံနိုင်တဲ့ ဈေးနှုန်းရရင် ရောင်းချသွားဖို့ ရှိနေပြီး ဒီနေရာအတွက် ပြန်လည်အစားထိုးဖို့ မီလင်ကိုဗစ်ခ်ျအပြင် ပစ်မှတ်တချို့ကိုလည်း ချိတ်ဆက်နေခဲ့ပါတယ်။

အသင်းခေါင်းဆောင် မက်ဂွိုင်းယားကတော့ သူဟာ လာမယ့်အနာဂတ်မှာ အင်္ဂလိပ်စကားပြောတဲ့ နောက်ခံလူတစ်ဦးနဲ့ တွဲဖက်ကစားလိုကြောင်း အသင်းကို တောင်းဆိုထားခဲ့တဲ့အတွက် ပြောင်းရွှေ့ဖြစ်ခဲ့ရင် ဘာသာစကားသစ်ကို သင်ယူရဦးမယ့် မီလင်ကိုဗစ်ခ်ျရဲ့ ရောက်လာနိုင်ခြေကို စောင့်ကြည့်ရဦးမှာဖြစ်ပြီး အရည်အသွေးနဲ့ ဈေးနှုန်းအရတော့ ရောက်လာနိုင်ခြေများတဲ့အထဲမှာ ပါဝင်နေကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.