Match Report Premier League UCL&UEL

တူဟယ်လ်ရဲ့ဗျူဟာမှာ ဆီမီယွန်နီ ဒူးထောက်ခဲ့ရပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းကို ပထမအကျော့ အဝေးကွင်းမှာ အနိုင်ယူနိုင်ခဲ့သလို ဒုတိယအကျော့ အိမ်ကွင်း မှာလည်း ပြတ်ပြတ်သားသားအနိုင်ယူပြီးတော့ ကစားရခက်ခဲတဲ့ အသင်းတစ်သင်းကို ပုံစံကောင်းနဲ့ ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။

အက်သလက်တီကိုကလည်း သူတို့ရဲ့ အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပေမယ့် ၃-၄-၃ ကစားကွက်မှာ ပါးရေနပ်ရေပိုရှိတဲ့ အလွန်ဆိုနဲ့ ညာခြမ်းက လုပ်အားနှုန်းကောင်းတဲ့ ရီးစ်ဂျိမ်းစ်တို့ကြောင့် ထင်သလို မတုံ့ပြန်နိုင်ခဲ့ဘဲ ချဲလ်ဆီးတို့ရဲ့ ကစားကွက်အောက်ကို ရောက်နေခဲ့ပါတယ်။

အစောပိုင်းက အလွန်ဆို၊ ဗာနာနဲ့ ဂျိမ်းစ်တို့ရဲ့ ကန်ချက်တွေ လွဲချော်ခဲ့သလို ပွဲချိန် ၂၂ မိနစ်မှာ အက်ဇ်ပီလီကွေတာ နောက်ပြန်ပေးတဲ့ ဘောလုံးကို ဖြတ်ယူဖို့ ကြိုးစားတဲ့ ကာရက်စ်ကိုကို လက်နဲ့ အနည်းငယ်ဆွဲခဲ့လို့ ပင်နယ်တီဧရိယာထဲ လဲကျသွားတာကို ဒိုင်လူကြီးက မျက်ကွယ်ပြုခဲ့လို့ ချဲလ်ဆီးတို့ သက်သာရာရခဲ့ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ ထရစ်ပီယာရဲ့ ဖြတ်တင်ဘောကို ချဲလ်ဆီးနောက်တန်းက ရှင်းထုတ်လို့ ပြန်ထွက်လာတာကနေ ဟာဗတ်ဇ်ကတစ်ဆင့် တီမို ဗာနာက ဘယ်ခြမ်းကနေ ဆွဲပြေးပြီး ပြန်ချိုးပေးခဲ့တာကို ညာခြမ်းက လိုက်ပါလာတဲ့ ဇီးယက်ရှ်က ပိတ်သွင်းပြီး အိမ်ရှင်တို့အတွက် အဖွင့်ဂိုးကို ရယူပေးခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီး အချိန်တွေမှာ ခြေတက်နေတဲ့ ဟာဗတ်ဇ်ရဲ့ အတိုးအလှုပ်တွေကနေ ချဲလ်ဆီးတို့ ထိုးဖောက်နိုင်ခဲ့ပေမယ့် အဆုံးသတ်မှုနဲ့ ဖန်တီးမှုတွေမှာတော့ ပြောပြလောက်အောင် ကောင်းမွန်ခြင်းမရှိခဲ့လို့ ပွဲချိန်တစ်ဝက်မှာတော့ တီကိုအပေါ် တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၄၇ မိနစ်မှာ တီမို ဗာနာ တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးရပေမယ့် ဂိုးသမားနားကိုပဲ ကန်မိခဲ့လို့ ကာကွယ်ခံခဲ့ရပြီး ပွဲချိန် ၅၂ မိနစ်မှာ ဇီးယက်ရှ်ရဲ့ ကန်ချက် ပိတ်ဆို့ခံခဲ့ရသလို ၅၆ မိနစ်မှာတော့ သူ့ရဲ့ကန်ချက်က ကောင်းမွန်ခဲ့ပေမယ့် တီကိုဂိုးသမား အော့ဘ်လက်ခ် ပုတ်ထုတ်ခဲ့ပါတယ်။

တန်ပြန်တိုက်စစ်တွေကနေ တီကိုနောက်တန်းကို ဖြတ်ကျော်နေတဲ့ တီမို ဗာနာကတော့ ဂိုးရဖို့ကိုပဲ အာရုံစိုက်နေခဲ့တာကြောင့် အသင်းဖော် ဟာဗတ်ဇ်နဲ့ ချိတ်ဆက်ဖို့တွေ ပျက်ကွက်နေခဲ့တာကိုလည်း တွေ့ရပြီး ချဲလ်ဆီးခံစစ်ကတော့ တစ်ဖက်တိုက်စစ်ကို အပိုင်အခွင့်အရေးတွေ မပေးဘဲ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၁ မိနစ်မှတော့ ရူဒီဂါကို တံတောင်နဲ့တွက်တဲ့ ဆာဗစ်ချ် တိုက်ရိုက်ထုတ်ပယ်ခဲ့ရပြီး တီကိုတို့ ဆယ်ယောက်နဲ့ ကစားခဲ့ရသလို ချဲလ်ဆီးတို့ ထိန်းချုပ်နိုင်ခဲ့ပေမယ့် နာကျင်အချိန်ပိုက ဂျာအို ဖဲလစ်ရဲ့ ကန်ချက်ကိုတော့ ဂိုးသမား မန်ဒီ ပုတ်ထုတ်ကာကွယ်ခဲ့ရပါတယ်။

နာကျင်အချိန်ပို ၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ လူစားဝင်ကစားသမားသုံးဦးရဲ့ ချိတ်ဆက်ကြိုးစားမှုကနေ ချဲလ်ဆီးတို့ နောက်တစ်ဂိုး ထပ်ရခဲ့ပြီး ဟဒ်ဆန်-အိုဒွိုင်းပေးတဲ့ ဘောလုံးကို ပူလီရှစ်ချ်က ဆွဲပြေးပြီး ဘယ်ခြမ်းကို ထုတ်ပေးခဲ့တဲ့ ဘောလုံးကို အီမာဆန်က မနားတမ်း ကန်သွင်းခဲ့ရာမှာ အော့ဘ်လက်ခ် အငိုက်မိခဲ့ပြီး အနိုင်သေချာစေမယ့်ဂိုးကို ရရှိခဲ့သလို ပြတ်ပြတ်သားသား အောင်ပွဲခံနိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် ချဲလ်ဆီးတို့အနေနဲ့ နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး-ဂိုးမရှိနဲ့ ကွာတားဖိုင်နယ်အဆင့်ကို ကျန်တဲ့ အင်္ဂလန်နှစ်သင်းနဲ့အတူ တက်ရောက်သွားနိုင်ခဲ့ပြီး နိုင်ငံတူချင်း မရေးဆွဲရတဲ့ ကာကွယ်ပေးမှု မရှိတော့တဲ့ အဆင့်ဖြစ်လို့ နောက်တစ်ဆင့်မှာ ကျန်အသင်း ၇ သင်းထဲက ဘယ်သူနဲ့ တွေ့ဆုံမလဲဆိုတာကိုတော့ မတ်လ ၁၉ ရက်နေ့မှာ အဖြေပေါ်မှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းဟာ အက္သလက္တီကို မက္ဒရစ္အသင္းကို ပထမအေက်ာ့ အေဝးကြင္းမွာ အႏိုင္ယူႏိုင္ခဲ့သလို ဒုတိယအေက်ာ့ အိမ္ကြင္း မွာလည္း ျပတ္ျပတ္သားသားအႏိုင္ယူၿပီးေတာ့ ကစားရခက္ခဲတဲ့ အသင္းတစ္သင္းကို ပုံစံေကာင္းနဲ႔ ေက်ာ္ျဖတ္သြားႏိုင္ခဲ့ပါတယ္။

အက္သလက္တီကိုကလည္း သူတို႔ရဲ႕ အေကာင္းဆုံး လူစာရင္းနဲ႔ ပြဲထြက္လာခဲ့ေပမယ့္ ၃-၄-၃ ကစားကြက္မွာ ပါးေရနပ္ေရပိုရွိတဲ့ အလြန္ဆိုနဲ႔ ညာျခမ္းက လုပ္အားႏႈန္းေကာင္းတဲ့ ရီးစ္ဂ်ိမ္းစ္တို႔ေၾကာင့္ ထင္သလို မတုံ႔ျပန္ႏိုင္ခဲ့ဘဲ ခ်ဲလ္ဆီးတို႔ရဲ႕ ကစားကြက္ေအာက္ကို ေရာက္ေနခဲ့ပါတယ္။

အေစာပိုင္းက အလြန္ဆို၊ ဗာနာနဲ႔ ဂ်ိမ္းစ္တို႔ရဲ႕ ကန္ခ်က္ေတြ လြဲေခ်ာ္ခဲ့သလို ပြဲခ်ိန္ ၂၂ မိနစ္မွာ အက္ဇ္ပီလီေကြတာ ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို ျဖတ္ယူဖို႔ ႀကိဳးစားတဲ့ ကာရက္စ္ကိုကို လက္နဲ႔ အနည္းငယ္ဆြဲခဲ့လို႔ ပင္နယ္တီဧရိယာထဲ လဲက်သြားတာကို ဒိုင္လူႀကီးက မ်က္ကြယ္ျပဳခဲ့လို႔ ခ်ဲလ္ဆီးတို႔ သက္သာရာရခဲ့ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ထရစ္ပီယာရဲ႕ ျဖတ္တင္ေဘာကို ခ်ဲလ္ဆီးေနာက္တန္းက ရွင္းထုတ္လို႔ ျပန္ထြက္လာတာကေန ဟာဗတ္ဇ္ကတစ္ဆင့္ တီမို ဗာနာက ဘယ္ျခမ္းကေန ဆြဲေျပးၿပီး ျပန္ခ်ိဳးေပးခဲ့တာကို ညာျခမ္းက လိုက္ပါလာတဲ့ ဇီးယက္ရွ္က ပိတ္သြင္းၿပီး အိမ္ရွင္တို႔အတြက္ အဖြင့္ဂိုးကို ရယူေပးခဲ့ပါတယ္။

ပထမပိုင္းၿပီးခါနီး အခ်ိန္ေတြမွာ ေျခတက္ေနတဲ့ ဟာဗတ္ဇ္ရဲ႕ အတိုးအလႈပ္ေတြကေန ခ်ဲလ္ဆီးတို႔ ထိုးေဖာက္ႏိုင္ခဲ့ေပမယ့္ အဆုံးသတ္မႈနဲ႔ ဖန္တီးမႈေတြမွာေတာ့ ေျပာျပေလာက္ေအာင္ ေကာင္းမြန္ျခင္းမရွိခဲ့လို႔ ပြဲခ်ိန္တစ္ဝက္မွာေတာ့ တီကိုအေပၚ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္း ၄၇ မိနစ္မွာ တီမို ဗာနာ တန္ျပန္တိုက္စစ္ကေန အခြင့္အေရးရေပမယ့္ ဂိုးသမားနားကိုပဲ ကန္မိခဲ့လို႔ ကာကြယ္ခံခဲ့ရၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာ ဇီးယက္ရွ္ရဲ႕ ကန္ခ်က္ ပိတ္ဆို႔ခံခဲ့ရသလို ၅၆ မိနစ္မွာေတာ့ သူ႔ရဲ႕ကန္ခ်က္က ေကာင္းမြန္ခဲ့ေပမယ့္ တီကိုဂိုးသမား ေအာ့ဘ္လက္ခ္ ပုတ္ထုတ္ခဲ့ပါတယ္။

တန္ျပန္တိုက္စစ္ေတြကေန တီကိုေနာက္တန္းကို ျဖတ္ေက်ာ္ေနတဲ့ တီမို ဗာနာကေတာ့ ဂိုးရဖို႔ကိုပဲ အာ႐ုံစိုက္ေနခဲ့တာေၾကာင့္ အသင္းေဖာ္ ဟာဗတ္ဇ္နဲ႔ ခ်ိတ္ဆက္ဖို႔ေတြ ပ်က္ကြက္ေနခဲ့တာကိုလည္း ေတြ႕ရၿပီး ခ်ဲလ္ဆီးခံစစ္ကေတာ့ တစ္ဖက္တိုက္စစ္ကို အပိုင္အခြင့္အေရးေတြ မေပးဘဲ ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၁ မိနစ္မွေတာ့ ႐ူဒီဂါကို တံေတာင္နဲ႔တြက္တဲ့ ဆာဗစ္ခ်္ တိုက္႐ိုက္ထုတ္ပယ္ခဲ့ရၿပီး တီကိုတို႔ ဆယ္ေယာက္နဲ႔ ကစားခဲ့ရသလို ခ်ဲလ္ဆီးတို႔ ထိန္းခ်ဳပ္ႏိုင္ခဲ့ေပမယ့္ နာက်င္အခ်ိန္ပိုက ဂ်ာအို ဖဲလစ္ရဲ႕ ကန္ခ်က္ကိုေတာ့ ဂိုးသမား မန္ဒီ ပုတ္ထုတ္ကာကြယ္ခဲ့ရပါတယ္။

နာက်င္အခ်ိန္ပို ၄ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန လူစားဝင္ကစားသမားသုံးဦးရဲ႕ ခ်ိတ္ဆက္ႀကိဳးစားမႈကေန ခ်ဲလ္ဆီးတို႔ ေနာက္တစ္ဂိုး ထပ္ရခဲ့ၿပီး ဟဒ္ဆန္-အိုဒြိဳင္းေပးတဲ့ ေဘာလုံးကို ပူလီရွစ္ခ်္က ဆြဲေျပးၿပီး ဘယ္ျခမ္းကို ထုတ္ေပးခဲ့တဲ့ ေဘာလုံးကို အီမာဆန္က မနားတမ္း ကန္သြင္းခဲ့ရာမွာ ေအာ့ဘ္လက္ခ္ အငိုက္မိခဲ့ၿပီး အႏိုင္ေသခ်ာေစမယ့္ဂိုးကို ရရွိခဲ့သလို ျပတ္ျပတ္သားသား ေအာင္ပြဲခံႏိုင္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ခ်ဲလ္ဆီးတို႔အေနနဲ႔ ႏွစ္ေက်ာ့ေပါင္းရလဒ္ သုံးဂိုး-ဂိုးမရွိနဲ႔ ကြာတားဖိုင္နယ္အဆင့္ကို က်န္တဲ့ အဂၤလန္ႏွစ္သင္းနဲ႔အတူ တက္ေရာက္သြားႏိုင္ခဲ့ၿပီး ႏိုင္ငံတူခ်င္း မေရးဆြဲရတဲ့ ကာကြယ္ေပးမႈ မရွိေတာ့တဲ့ အဆင့္ျဖစ္လို႔ ေနာက္တစ္ဆင့္မွာ က်န္အသင္း ၇ သင္းထဲက ဘယ္သူနဲ႔ ေတြ႕ဆုံမလဲဆိုတာကိုေတာ့ မတ္လ ၁၉ ရက္ေန႔မွာ အေျဖေပၚမွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.