Premier League

ေနာက္ခံလူဆိုတာ ေဘာလုံးကို အျမဲတမ္း ဝင္မလုရဘူးလို႔ လိုဗရန္ကို သတိေပးလုိက္တဲ့ ကာေရဂါ

စကိုင္းစပုိ႔စ္ရဲ႕ အစီအစဥ္တင္ဆက္သူအျဖစ္ ေဆာင္ရြက္ေနတဲ့ လီဗာပူးလ္ေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါက ေနာက္ခံလူတစ္ေယာက္ အေနနဲ႔ ေတြ႕သမွ် တစ္ဖက္ကစားသမားေတြဆီက ေဘာလုံးကို လုိက္လုတာမ်ဳိး မလုပ္ရဘဲ အမွားေတြကေန သင္ယူသင့္ၿပီျဖစ္ေၾကာင္း အသင္းေဟာင္း ေနာက္ခံလူ ဒီဂ်န္ လိုဗရန္ကို သတိေပးေျပာၾကားလုိက္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ ဒီရာသီမွာ စံခ်ိန္ေတြကို ဆုံးရွဳံးခဲ့သလို ၿပဳိင္ပြဲေတြကလည္း ထြက္ခြာခဲ့ရရာမွာ အရန္ကစားသမားေတြရဲ႕ အရည္အေသြးနဲ႔ ေလ့က်င့္သားျပည့္ဝမွဳဟာ ေမးခြန္းထုတ္စရာလည္းျဖစ္ခဲ့ၿပီး လိုဗရန္နဲ႔ ဂိုးသမား အက္ဒရီယန္တုိ႔ဟာ အျပစ္ဆုိစရာ လူၾကမ္းေတြလည္း ျဖစ္ေနခဲ့တာပါ။

အသင္းရဲ႕ ရွဳံးပြဲမရွိနဲ႔ ပရီးမီးယားလိဂ္ကို ရယူႏုိင္မယ့္စံခ်ိန္ ရပ္တန္႔ခဲ့ရသလို သုံးမွတ္ေလ်ာ့ခဲ့တဲ့ ဝတ္ဖို႔ဒ္နဲ႔ပြဲဟာ လုိဗရန္ရဲ႕ မပါးနပ္မွဳေတြကို တစ္ဖက္တုိက္စစ္မွဴး ထရြဳိင္ ဒီးနီက အေကာင္းဆုံးအသုံးခ်သြားႏုိင္ခဲ့တဲ့ပြဲလည္းျဖစ္ၿပီး ကာေရဂါကေတာ့ ဒါဟာ ဒီခ႐ိုေအးရွားေနာက္ခံလူအတြက္ ပထမဆုံးမဟုတ္ေၾကာင္းနဲ႔ ဒီလိုပဲ သူဟာ အျမဲတမ္းလုပ္ေလ့ရွိေၾကာင္းဆုိပါတယ္။

“သူ႕အေနနဲ႔ လီဗာပူးလ္အက်ႌကို စဝတ္ကတည္းက ကၽြန္ေတာ္ေစာင့္ၾကည့္ျဖစ္ခဲ့ၿပီး ဒီလိုအမွားမ်ဳိးကေတာ့ ပထမဆုံးလည္း မဟုတ္ေတာ့ပါဘူး။ သူဟာ သူနဲ႔ ရင္ဆုိင္ရတဲ့ ကစားသမားဆီက ေဘာလုံးကို လုယူဖို႔ အျမဲႀကဳိးစားတတ္ၿပီး စပါးစ္နဲ႔ ပြဲမွာလည္း ဟာရီကိန္းက သူ႕ကို ဒီလိုမ်ဳိးပဲ ေက်ာ္ျဖတ္သြားၿပီးပါၿပီ။ သူ႕အေနနဲ႔ ဒီအသက္အရြယ္မွာ သင္ခန္းစာရသင့္ၿပီျဖစ္ၿပီး ဒီးနီလို ကစားသမားဆီက ေဘာလုံးကို မလုဘဲထားလိုက္လို႔ အႏၲရာယ္မမ်ားလွဘူးဆုိတာ သူေကာင္းေကာင္းသိသင့္ပါတယ္”လို႔ ကာေရဂါက လိုဗရန္ကို ေဝဖန္သြားခဲ့ပါတယ္။

ဒီအသက္ ၃၀ အရြယ္ေနာက္ခံလူဟာ လီဗာပူးလ္အသင္းမွာ ဗန္ဒိုက္၊ ဂ်ဳိးဂိုမက္ဇ္နဲ႔ မာတစ္ပ္တုိ႔ေနာက္မွာသာ ပြဲထြက္ခြင့္ရေနသူျဖစ္ၿပီး ေရွ႕က ကစားသမားေတြ မကစားႏုိင္ခဲ့လို႔ ပါဝင္ခဲ့ရတဲ့ ပြဲမွာ မ်က္ႏွာပ်က္ခဲ့ၿပီးတဲ့ေနာက္ေတာ့ လာမယ့္ ၁၈ လက်န္ စာခ်ဳပ္သက္တမ္းအတြင္း ေရာင္းထုတ္ခံရဖြယ္ရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စကိုင်းစပို့စ်ရဲ့ အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်နေတဲ့ လီဗာပူးလ်နောက်ခံလူဟောင်း ဂျေမီ ကာရေဂါက နောက်ခံလူတစ်ယောက် အနေနဲ့ တွေ့သမျှ တစ်ဖက်ကစားသမားတွေဆီက ဘောလုံးကို လိုက်လုတာမျိုး မလုပ်ရဘဲ အမှားတွေကနေ သင်ယူသင့်ပြီဖြစ်ကြောင်း အသင်းဟောင်း နောက်ခံလူ ဒီဂျန် လိုဗရန်ကို သတိပေးပြောကြားလိုက်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ဒီရာသီမှာ စံချိန်တွေကို ဆုံးရှုံးခဲ့သလို ပြိုင်ပွဲတွေကလည်း ထွက်ခွာခဲ့ရရာမှာ အရန်ကစားသမားတွေရဲ့ အရည်အသွေးနဲ့ လေ့ကျင့်သားပြည့်ဝမှုဟာ မေးခွန်းထုတ်စရာလည်းဖြစ်ခဲ့ပြီး လိုဗရန်နဲ့ ဂိုးသမား အက်ဒရီယန်တို့ဟာ အပြစ်ဆိုစရာ လူကြမ်းတွေလည်း ဖြစ်နေခဲ့တာပါ။

အသင်းရဲ့ ရှုံးပွဲမရှိနဲ့ ပရီးမီးယားလိဂ်ကို ရယူနိုင်မယ့်စံချိန် ရပ်တန့်ခဲ့ရသလို သုံးမှတ်လျော့ခဲ့တဲ့ ဝတ်ဖို့ဒ်နဲ့ပွဲဟာ လိုဗရန်ရဲ့ မပါးနပ်မှုတွေကို တစ်ဖက်တိုက်စစ်မှူး ထရွိုင် ဒီးနီက အကောင်းဆုံးအသုံးချသွားနိုင်ခဲ့တဲ့ပွဲလည်းဖြစ်ပြီး ကာရေဂါကတော့ ဒါဟာ ဒီခရိုအေးရှားနောက်ခံလူအတွက် ပထမဆုံးမဟုတ်ကြောင်းနဲ့ ဒီလိုပဲ သူဟာ အမြဲတမ်းလုပ်လေ့ရှိကြောင်းဆိုပါတယ်။

“သူ့အနေနဲ့ လီဗာပူးလ်အင်္ကျီကို စဝတ်ကတည်းက ကျွန်တော်စောင့်ကြည့်ဖြစ်ခဲ့ပြီး ဒီလိုအမှားမျိုးကတော့ ပထမဆုံးလည်း မဟုတ်တော့ပါဘူး။ သူဟာ သူနဲ့ ရင်ဆိုင်ရတဲ့ ကစားသမားဆီက ဘောလုံးကို လုယူဖို့ အမြဲကြိုးစားတတ်ပြီး စပါးစ်နဲ့ ပွဲမှာလည်း ဟာရီကိန်းက သူ့ကို ဒီလိုမျိုးပဲ ကျော်ဖြတ်သွားပြီးပါပြီ။ သူ့အနေနဲ့ ဒီအသက်အရွယ်မှာ သင်ခန်းစာရသင့်ပြီဖြစ်ပြီး ဒီးနီလို ကစားသမားဆီက ဘောလုံးကို မလုဘဲထားလိုက်လို့ အန္တရာယ်မများလှဘူးဆိုတာ သူကောင်းကောင်းသိသင့်ပါတယ်”လို့ ကာရေဂါက လိုဗရန်ကို ဝေဖန်သွားခဲ့ပါတယ်။

ဒီအသက် ၃၀ အရွယ်နောက်ခံလူဟာ လီဗာပူးလ်အသင်းမှာ ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်နဲ့ မာတစ်ပ်တို့နောက်မှာသာ ပွဲထွက်ခွင့်ရနေသူဖြစ်ပြီး ရှေ့က ကစားသမားတွေ မကစားနိုင်ခဲ့လို့ ပါဝင်ခဲ့ရတဲ့ ပွဲမှာ မျက်နှာပျက်ခဲ့ပြီးတဲ့နောက်တော့ လာမယ့် ၁၈ လကျန် စာချုပ်သက်တမ်းအတွင်း ရောင်းထုတ်ခံရဖွယ်ရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.