Premier League

ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးဆုရ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ အသင္းဂႏၴဝင္တစ္ဦးျဖစ္ဖို႔ ေရာက္လာတာလို႔ ဒါေလာ့ ခ်ီးက်ဴး

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ေပၚတူဂီလူငယ္ေနာက္ခံလူ ဒီယိုဂို ဒါေလာ့က ကြင္းလယ္ဖန္တီးရွင္ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ အသင္းကို ဂႏၴဝင္တစ္ဦးျဖစ္ဖို႔ ေရာက္ရွိလာတာျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာၾကားလုိက္ၿပီး ဒီကိစၥအတြက္ လုံးဝသံသယရွိစရာမလုိေအာင္ သူ႕ရဲ႕ အရည္အေသြးနဲ႔ သက္ေသျပလိမ့္မယ္လုိ႔လည္း ေျပာၾကားလုိက္ပါတယ္။

အုိးလ္ထရက္ဖို႔ဒ္ကို ေပါင္ ၆၈ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ အသက္ ၂၅ ႏွစ္အရြယ္ ေပၚတူဂီလက္ေရြးစင္ကြင္းလယ္လူဟာ ယူႏိုက္တက္အတြက္ ကစားေပးထားခဲ့တဲ့ ၉ ပြဲမွာ ၃ ဂိုးသြင္းယူၿပီး ၄ ဂိုး ဖန္တီးထားႏုိင္ခဲ့သလို အသင္းကို ေရာက္ေရာက္ခ်င္းမွာ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားရဲ႕ ယုံၾကည္မွဳကိုလည္း ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္နဲ႔ အလ်င္အျမန္ အသားက်ခဲ့ၿပီး သူ႕ရဲ႕ အကြက္ျမင္တဲ့ ဖန္တီးေပးပို႔မွဳေတြနဲ႔ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ကြင္းလယ္တုိက္စစ္မွာ တစ္ေနရာ အခိုင္အမာ ရယူထားခဲ့တဲ့ ဖာနန္ဒက္စ္အေနနဲ႔ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ကစားသမားလုိ႔ေတာင္ ဆုိလုိ႔ရေနၿပီျဖစ္ၿပီး ဒီလိုအေနအထားကို အလ်င္အျမန္ ရယူႏုိင္ခဲ့တာကလည္း အံ့ၾသခ်ီးက်ဴးစရာပဲျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ တနလၤာေန႔က ေၾကျငာခဲ့တဲ့ ပရီးမီးယားလိဂ္ရဲ႕ ေဖေဖာ္ဝါရီလ တစ္လတာအေကာင္းဆုံးဆုကိုလည္း သူ႕ရဲ႕ ဒီၿပဳိင္ပြဲနဲ႔ ပထမဆုံးလမွာပဲ ရယူႏုိင္ခဲ့ၿပီး ေပၚတူဂီကစားသမားေတြထဲက ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ေဒကိုတုိ႔ေနာက္ တတိယေျမာက္ရရွိသူျဖစ္ခဲ့သလို ဆာအဲလက္စ္ ဖာဂူဆန္အနားယူၿပီးေနာက္ပုိင္းမွာ ယူႏုိက္တက္ရဲ႕ စတုတၳေျမာက္ဆုရရွိသူလည္းျဖစ္ခဲ့ပါတယ္။

“သူက ထိပ္တန္းကစားသမားနဲ႔ အလြန္ေကာင္းမြန္တဲ့ အရည္အေသြးေတြရွိၿပီး အသင္းရဲ႕ ဂႏၴဝင္ျဖစ္လာမွာပါ”လို႔ ဒါေလာ့က ဆုိခဲ့သလို ေခါင္းေဆာင္မွဳအရည္အေသြးနဲ႔ ျပည့္ဝတဲ့ ဒီကစားသမားကို ပုိင္ဆုိင္ထားရတာဟာ မန္ခ်က္စတာယူႏုိက္တက္အတြက္ အလြန္ေကာင္းတဲ့အခ်က္လည္း ျဖစ္တယ္လုိ႔ ခ်ီးက်ဴးေျပာၾကားသြားခဲ့ပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီလူငယ်နောက်ခံလူ ဒီယိုဂို ဒါလော့က ကွင်းလယ်ဖန်တီးရှင် ဘရူနို ဖာနန်ဒက်စ်ဟာ အသင်းကို ဂန္ထဝင်တစ်ဦးဖြစ်ဖို့ ရောက်ရှိလာတာဖြစ်တယ်လို့ ချီးကျူးပြောကြားလိုက်ပြီး ဒီကိစ္စအတွက် လုံးဝသံသယရှိစရာမလိုအောင် သူ့ရဲ့ အရည်အသွေးနဲ့ သက်သေပြလိမ့်မယ်လို့လည်း ပြောကြားလိုက်ပါတယ်။

အိုးလ်ထရက်ဖို့ဒ်ကို ပေါင် ၆၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူဟာ ယူနိုက်တက်အတွက် ကစားပေးထားခဲ့တဲ့ ၉ ပွဲမှာ ၃ ဂိုးသွင်းယူပြီး ၄ ဂိုး ဖန်တီးထားနိုင်ခဲ့သလို အသင်းကို ရောက်ရောက်ချင်းမှာ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ ယုံကြည်မှုကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်နဲ့ အလျင်အမြန် အသားကျခဲ့ပြီး သူ့ရဲ့ အကွက်မြင်တဲ့ ဖန်တီးပေးပို့မှုတွေနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်တိုက်စစ်မှာ တစ်နေရာ အခိုင်အမာ ရယူထားခဲ့တဲ့ ဖာနန်ဒက်စ်အနေနဲ့ ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားလို့တောင် ဆိုလို့ရနေပြီဖြစ်ပြီး ဒီလိုအနေအထားကို အလျင်အမြန် ရယူနိုင်ခဲ့တာကလည်း အံ့သြချီးကျူးစရာပဲဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေငြာခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ ဖေဖော်ဝါရီလ တစ်လတာအကောင်းဆုံးဆုကိုလည်း သူ့ရဲ့ ဒီပြိုင်ပွဲနဲ့ ပထမဆုံးလမှာပဲ ရယူနိုင်ခဲ့ပြီး ပေါ်တူဂီကစားသမားတွေထဲက ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဒေကိုတို့နောက် တတိယမြောက်ရရှိသူဖြစ်ခဲ့သလို ဆာအဲလက်စ် ဖာဂူဆန်အနားယူပြီးနောက်ပိုင်းမှာ ယူနိုက်တက်ရဲ့ စတုတ္ထမြောက်ဆုရရှိသူလည်းဖြစ်ခဲ့ပါတယ်။

“သူက ထိပ်တန်းကစားသမားနဲ့ အလွန်ကောင်းမွန်တဲ့ အရည်အသွေးတွေရှိပြီး အသင်းရဲ့ ဂန္ထဝင်ဖြစ်လာမှာပါ”လို့ ဒါလော့က ဆိုခဲ့သလို ခေါင်းဆောင်မှုအရည်အသွေးနဲ့ ပြည့်ဝတဲ့ ဒီကစားသမားကို ပိုင်ဆိုင်ထားရတာဟာ မန်ချက်စတာယူနိုက်တက်အတွက် အလွန်ကောင်းတဲ့အချက်လည်း ဖြစ်တယ်လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.