Premier League

ဟာလန်းဟာ နစ္စတယ်လ်ရွိုင်းလက်သစ်ဖြစ်တယ်လို့ အွန်နရီ ဘာ့ကြောင့် ချီးကျူးလိုက်သလဲ

ဒေါ့မန်အသင်းရဲ့ဂိုးသွင်းစက်ဖြစ်တဲ့ နော်ဝေတိုက်စစ်မှူး၊ ဂိုးမုဆိုးစစ်စစ် အာလင်း ဟာလန်းရဲ့ ဂိုးသွင်းစွမ်းရည်က ကမ္ဘာ့ဘောလုံးလောကကို တမဟုတ်ချင်း ကိုင်လှုပ်သွားခဲ့တာဖြစ်ပြီး လူတိုင်းရဲ့ပါးစပ်ဖျားမှာ ဟာလန်းလို့စွဲကျန်ရစ်နေသလို သူ့ရဲ့ ကျွမ်းကျင်ပါးနပ်ပြီး ရဲရင့်ပိုင်နိုင်တဲ့ အဆုံးသတ်နိုင်မှု၊ ဂိုးသွင်းပုံရိပ်တွေဟာ လူတိုင်းရဲ့မြင်ကွင်းထဲမှာ စွဲထင်နေပါတယ်။

ဟာလန်းဟာ ဂျာမနီမြေကို ခြေချခဲ့တဲ့ ၁၅ လအတွင်း ၄၈ ပွဲကစားပြီး ၄၇ ဂိုးသွင်းယူထားတာက အသက် ၂၀ အရွယ် လူငယ်သွေးသစ်တိုက်စစ်မှူးတိုင်း မလုပ်နိုင်တဲ့အလုပ်ဖြစ်ပြီး အင်မတန်ထူးခြားကာ သီးသန့်တည်ရှိနေတဲ့မှတ်တမ်းမျိုးဖြစ်သလို ဟာလန်းက ချန်ပီယံလိဂ် ၁၃ ပွဲကစားထားရမှာ ၁၈ ဂိုး သွင်းယူထားခြင်းအပါအဝင် ၁၄၆ ပွဲကစားပြီး သွင်းဂိုး ၁၀၀ ပြည့်ထားတဲ့ ကစားသမားမျိုးဖြစ်တယ်။

ဒီလိုအဆင့်အတန်းမျိုးမှာ ရပ်တည်နေတယ်။ ဒါက ရော်နယ်လ်ဒို၊ မက်ဆီ၊ အမ်ဘာပေတို့ထက်သာလွန်ပြီး မြန်မြန်ရောက်ရှိခဲ့တဲ့ ဂိုး ၁၀၀ မှတ်တိုင်ဖြစ်တယ်။ ဒီစံနှုန်းအတိုင်း ဆက်သွားရင် ဟာလန်းဟာ ကမ္ဘာ့သမိုင်းထဲကဘယ်စံချိန်ကိုမဆို ရိုက်ချိုးမယ့်သူ၊ ​ဘောလုံးသမိုင်းကို သူ့သွင်းဂိုးတွေနဲ့ အသစ်ရေးမယ့်သူလို့ သတ်မှတ်ခြင်းခံထားရပါတယ်။

လက်ရှိမှာ ယူနိုက်တက်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ ရီးရဲ မက်ဒရစ်၊ နဲ့ ဘိုင်ယန်မြူးနစ်တို့လို ကမ္ဘာ့အထက်တန်းလွှာ ဘောလုံးအသင်းကြီးတွေ​က ဟာလန်းနောက်ကို ငွေထုပ်ပိုက်ပြီး အပြိုင်လိုက်နေကြတာပါ။

MEN ရဲ့ဖော်ပြချက်အရ အသင်းသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အားကစားဒါရိုက်တာခန့်အပ်ထားတဲ့ ယူနိုက်တက်အသင်းရဲ့ ဒီနွေရာသီ ဦးစားပေးပစ်မှတ်ဟာ ဟာလန်းဖြစ်တယ်လို့ သိရပြီး နည်းပြ ဆိုးလ်ရှားအနေနဲ့ အားကစားဒါရိုက်တာ ဂျွန် မာတပ်ဖ်နဲ့ အတူပူးပေါင်းပြီး နော်ဝေသားကို အင်္ဂလန်မြေကို ခေါ်ဆောင်ဖို့ လုပ်ဆောင်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ဒီအချိန်မှာ ဟာလန်းနဲ့ပတ်သက်ပြီး အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီး သီယာရီ အွန်နရီကလည်း ချီးကျူးစကားဆိုခဲ့သလို ဟာလန်းဟာ ယူနိုက်တက်ပရိသတ်တွေအသည်းစွဲဖြစ်ခဲ့တဲ့ ရုဒ်ဗန် နစ္စတယ်လ်ရွိုင်းလက်သစ်ဖြစ်တယ်လို့ မှတ်ချက်ပေးသွားပါတယ်။

” ဟာလန်းက ဂိုးပေါက်ကလွဲရင် ဘာကိုမှဂရုမစိုက်တတ်တဲ့သူမျိုးဗျ။ ဂိုးသွင်းဖို့ပဲ သူ့ခေါင်းထဲမှာရှိနေတယ်။ ပွဲချိန်ပြည့် ဂိုးဆာလောင်နေတဲ့ တိုက်စစ်မှူးမျိုးဖြစ်တယ်။ ဂိုးတိုင်နှစ်ခုရှေ့ သူရပ်နေတိုင်း ဘာမဆိုသူလုပ်နိုင်တယ်ဆိုတာ သူသိရှိထားတယ်။ ဂိုးသွင်းအဆိပ်အရမ်းပြင်းတယ်။ သူက ဂိုးမုဆိုးစစ်စစ်ပဲ။ သူ့ကိုယ်သူအရမ်းယုံကြည်တဲ့သူပါ။

ဒီလိုနေရာမှာ ဟာလန်းက နစ္စတယ်လ်ရွိုင်းနဲ့ တပုံစံတည်းတူ​ညီပါတယ်။ ပြိုင်ဘက်ဧရိယာထဲမှာ ဘောလုံးကို ကျားချောင်းချောင်းနေတတ်တာလည်း တူညီတယ်။ ငါဂိုးသွင်းမယ်၊ ငါ့အသင်းကိုနိုင်အောင်လုပ်မယ်၊ ငါ့ဂိုးနဲ့နိုင်ကိုနိုင်စေရမယ်လို့ အမြဲဆန္ဒပြင်းပြနေသူဖြစ်တယ်။” လို့ အွန်နရီက Sky Sports ကို ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ေဒါ့မန္အသင္းရဲ႕ဂိုးသြင္းစက္ျဖစ္တဲ့ ေနာ္ေဝတိုက္စစ္မႉး၊ ဂိုးမုဆိုးစစ္စစ္ အာလင္း ဟာလန္းရဲ႕ ဂိုးသြင္းစြမ္းရည္က ကမာၻ႔ေဘာလုံးေလာကကို တမဟုတ္ခ်င္း ကိုင္လႈပ္သြားခဲ့တာျဖစ္ၿပီး လူတိုင္းရဲ႕ပါးစပ္ဖ်ားမွာ ဟာလန္းလို႔စြဲက်န္ရစ္ေနသလို သူ႔ရဲ႕ ကြၽမ္းက်င္ပါးနပ္ၿပီး ရဲရင့္ပိုင္ႏိုင္တဲ့ အဆုံးသတ္ႏိုင္မႈ၊ ဂိုးသြင္းပုံရိပ္ေတြဟာ လူတိုင္းရဲ႕ျမင္ကြင္းထဲမွာ စြဲထင္ေနပါတယ္။

ဟာလန္းဟာ ဂ်ာမနီေျမကို ေျခခ်ခဲ့တဲ့ ၁၅ လအတြင္း ၄၈ ပြဲကစားၿပီး ၄၇ ဂိုးသြင္းယူထားတာက အသက္ ၂၀ အ႐ြယ္ လူငယ္ေသြးသစ္တိုက္စစ္မႉးတိုင္း မလုပ္ႏိုင္တဲ့အလုပ္ျဖစ္ၿပီး အင္မတန္ထူးျခားကာ သီးသန္႔တည္ရွိေနတဲ့မွတ္တမ္းမ်ိဳးျဖစ္သလို ဟာလန္းက ခ်န္ပီယံလိဂ္ ၁၃ ပြဲကစားထားရမွာ ၁၈ ဂိုး သြင္းယူထားျခင္းအပါအဝင္ ၁၄၆ ပြဲကစားၿပီး သြင္းဂိုး ၁၀၀ ျပည့္ထားတဲ့ ကစားသမားမ်ိဳးျဖစ္တယ္။

ဒီလိုအဆင့္အတန္းမ်ိဳးမွာ ရပ္တည္ေနတယ္။ ဒါက ေရာ္နယ္လ္ဒို၊ မက္ဆီ၊ အမ္ဘာေပတို႔ထက္သာလြန္ၿပီး ျမန္ျမန္ေရာက္ရွိခဲ့တဲ့ ဂိုး ၁၀၀ မွတ္တိုင္ျဖစ္တယ္။ ဒီစံႏႈန္းအတိုင္း ဆက္သြားရင္ ဟာလန္းဟာ ကမာၻ႔သမိုင္းထဲကဘယ္စံခ်ိန္ကိုမဆို ႐ိုက္ခ်ိဳးမယ့္သူ၊ ​ေဘာလုံးသမိုင္းကို သူ႔သြင္းဂိုးေတြနဲ႔ အသစ္ေရးမယ့္သူလို႔ သတ္မွတ္ျခင္းခံထားရပါတယ္။

လက္ရွိမွာ ယူႏိုက္တက္၊ မန္စီးတီး၊ ခ်ယ္လ္ဆီး၊ ရီးရဲ မက္ဒရစ္၊ နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔လို ကမာၻ႔အထက္တန္းလႊာ ေဘာလုံးအသင္းႀကီးေတြ​က ဟာလန္းေနာက္ကို ေငြထုပ္ပိုက္ၿပီး အၿပိဳင္လိုက္ေနၾကတာပါ။

MEN ရဲ႕ေဖာ္ျပခ်က္အရ အသင္းသမိုင္းမွာ ပထမဆုံးအႀကိမ္အျဖစ္ အားကစားဒါ႐ိုက္တာခန္႔အပ္ထားတဲ့ ယူႏိုက္တက္အသင္းရဲ႕ ဒီေႏြရာသီ ဦးစားေပးပစ္မွတ္ဟာ ဟာလန္းျဖစ္တယ္လို႔ သိရၿပီး နည္းျပ ဆိုးလ္ရွားအေနနဲ႔ အားကစားဒါ႐ိုက္တာ ဂြၽန္ မာတပ္ဖ္နဲ႔ အတူပူးေပါင္းၿပီး ေနာ္ေဝသားကို အဂၤလန္ေျမကို ေခၚေဆာင္ဖို႔ လုပ္ေဆာင္မႈေတြရွိေနတယ္လို႔ ဆိုပါတယ္။

ဒီအခ်ိန္မွာ ဟာလန္းနဲ႔ပတ္သက္ၿပီး အာဆင္နယ္အသင္းရဲ႕ ဂႏၴဝင္တိုက္စစ္မႉးႀကီး သီယာရီ အြန္နရီကလည္း ခ်ီးက်ဴးစကားဆိုခဲ့သလို ဟာလန္းဟာ ယူႏိုက္တက္ပရိသတ္ေတြအသည္းစြဲျဖစ္ခဲ့တဲ့ ႐ုဒ္ဗန္ နစၥတယ္လ္႐ြိဳင္းလက္သစ္ျဖစ္တယ္လို႔ မွတ္ခ်က္ေပးသြားပါတယ္။

” ဟာလန္းက ဂိုးေပါက္ကလြဲရင္ ဘာကိုမွဂ႐ုမစိုက္တတ္တဲ့သူမ်ိဳးဗ်။ ဂိုးသြင္းဖို႔ပဲ သူ႔ေခါင္းထဲမွာရွိေနတယ္။ ပြဲခ်ိန္ျပည့္ ဂိုးဆာေလာင္ေနတဲ့ တိုက္စစ္မႉးမ်ိဳးျဖစ္တယ္။ ဂိုးတိုင္ႏွစ္ခုေရွ႕ သူရပ္ေနတိုင္း ဘာမဆိုသူလုပ္ႏိုင္တယ္ဆိုတာ သူသိရွိထားတယ္။ ဂိုးသြင္းအဆိပ္အရမ္းျပင္းတယ္။ သူက ဂိုးမုဆိုးစစ္စစ္ပဲ။ သူ႔ကိုယ္သူအရမ္းယုံၾကည္တဲ့သူပါ။

ဒီလိုေနရာမွာ ဟာလန္းက နစၥတယ္လ္႐ြိဳင္းနဲ႔ တပုံစံတည္းတူ​ညီပါတယ္။ ၿပိဳင္ဘက္ဧရိယာထဲမွာ ေဘာလုံးကို က်ားေခ်ာင္းေခ်ာင္းေနတတ္တာလည္း တူညီတယ္။ ငါဂိုးသြင္းမယ္၊ ငါ့အသင္းကိုႏိုင္ေအာင္လုပ္မယ္၊ ငါ့ဂိုးနဲ႔ႏိုင္ကိုႏိုင္ေစရမယ္လို႔ အၿမဲဆႏၵျပင္းျပေနသူျဖစ္တယ္။” လို႔ အြန္နရီက Sky Sports ကို ေျပာျပသြားခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.