Premier League Transfer News

16 Mar နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဂိုးသမား ဒေးဗစ် ဒဟေးယားရဲ့ နေရာအတွက် အက်သလက်တီကို မက်ဒရစ်ရဲ့ ယန် အော့ဘ်လက်ခ်ကို အလိုရှိနေပြီး အေစီမီလန်ရဲ့ ဂျန်လွီဂီ ဒွန်နာရမ်မာကိုတော့ အရန်အစီအစဉ်အဖြစ် သတ်မှတ်ထားချိန်မှာ တီကိုဘက်ကလည်း ဒွန်နာရမ်မာကို ပြန်လည်အစားထိုးနိုင်သူအဖြစ် စောင့်ကြည့်နေ။

– လာမယ့်ရာသီမှာ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအနေနဲ့ တိုက်စစ်မှာ အာလင်း ဟားလန်း၊ ညာနောက်ခံလူနေရာမှာ မက်စ် အာရွန်စ်နဲ့ ဗဟိုနောက်ခံလူအဖြစ် ဘန်ဝှိုက်တို့ကို အလိုရှိနေပြီး အရေးပါတဲ့ ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာနဲ့ ဂိုးသမား ဒေးဗစ် ဒဟေးယားကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ဆန္ဒရှိနေ။

– အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားအနေနဲ့ လက်ရှိဗဟိုနောက်ခံလူအတွဲအဖက်တွေကို စိတ်တိုင်းမကျဘဲဖြစ်နေပြီး သူအနေနဲ့ ညွှန်ကြားဖို့ ခက်ခဲနေတယ်လို့ နည်းပြ ဆိုးလ်ရှားဆီ ပြောကြားခဲ့သလို အင်္ဂလန်သားနောက်ခံလူတစ်ဦးကို ခေါ်ယူပေးဖို့ တောင်းဆိုထားပြီး ဘရိုက်တန်ရဲ့ ဘန်ဝှိုက်က ဒီနေရာကို ရောက်လာနိုင်ခြေရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လာမယ့်ရာသီမှာ မက်ဂွိုင်းယားရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး နိုင်ငံခြားသားနောက်ခံလူတစ်ယောက် ထပ်မံခေါ်ယူခဲ့မယ်ဆိုရင်တော့ စီးရီးအေကလပ် ဖီအိုရင်တီးနားအသင်းက နီကိုလာ မီလင်ကိုဗစ်ဖြစ်လာဖွယ်ရှိနေပြီး ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ရနိုင်ဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေအနေနဲ့ အသင်းကို ဦးဆောင်ဖို့နဲ့ ဆုဖလားတွေ ရယူဖို့ အရည်အချင်း မပြည့်မီဘူးလို့ ယူဆနေကြတဲ့ သူတို့ရဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ စာချုပ်သစ်ကို ဆိုင်းငံ့ထားဖို့ တောင်းဆိုခဲ့ကြပြီး ပရီးမီးယားလိဂ်ရဲ့ ဦးဆောင်သူအဖြစ်က မြို့ခံပြိုင်ဘက်နောက်မှာ အမှတ်ဖြတ်ခံလိုက်ရတာကို မကျေမနပ်ဖြစ်နေကြ။

– ယူနိုက်တက်တာဝန်ရှိသူတွေနဲ့ နည်းပြတွေကြားမှာ မလိုအပ်တဲ့ ကစားသမားတွေကို ခေါ်ယူပေးမှု ရှိနေတယ်လို့ Express က ရေးသားလိုက်ပြီး မော်ရင်ညိုလက်ထက်မှာ သူ့အနေနဲ့ ဖရက်ဒ်ကို မလိုချင်ဘဲ ရရှိခဲ့သလို ဆိုးလ်ရှားအတွက်လည်း ဘာမှ အသုံးမဝင်တဲ့ ဗန်ဒဘိခ်ကို ပရိသတ်တွေကို ဈေးနှုန်းသက်သာမှုကို အကြောင်းပြုပြီး နှစ်သိမ့်ချင်ရုံသက်သက်နဲ့ ခေါ်ယူထားခဲ့။

– မန်ချက်စတာယူနိုက်တက်နဲ့ ဂျေဒန် ဆန်ချိုတို့ရဲ့ ပေါင်းစပ်နိုင်ခြေက ဝေဝါးသွားခဲ့ပြီဖြစ်ပြီး တောင်ပံတိုက်စစ်မှာ အာမက် ဂျယ်လိုနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်တို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ တာဝန်ရှိသူတွေအနေနဲ့ ပေါင်သန်း ၁၃၀ အထိ ကျသင့်နိုင်ပြီး တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲ ပေးချေရနိုင်တဲ့ တိုက်စစ်မှူး အာလင်း ဟားလန်းကိုပဲ အလိုရှိနေ။

– အသင်းရဲ့ ဂန္ထဝင်နောက်ခံလူဟောင်း ရီယို ဖာဒီနန်က ယူနိုက်တက်ရဲ့ နောက်တန်းမှာ မြန်နှုန်းမြင့်ကစားနိုင်မယ့် ဗဟိုနောက်လူတစ်ဦး လိုအပ်နေတယ်လို့ ထောက်ပြလိုက်ပြီး မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ရဲ့ အမြန်နှုန်းဟာ လူကျွံထောင်ချောက်သာ လွဲချော်သွားခဲ့ရင် လိုက်လံတားဆီးနိုင်မယ့် အခြေအနေမှာ မရှိဘူးလို့ သုံးသပ်သွား။

– မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့ နည်းစနစ်ပိုင်းဝန်ထမ်းတွေထဲက ထွက်ပေါ်လာခဲ့တဲ့ ဂျွန် မာတပ်ဖ်နဲ့ ဒါရင်း ဖလက်ချာတို့ရဲ့ အဓိက ဒါရိုက်တာနှစ်ဦးအဖြစ် အပြောင်းအရွှေ့ပိုင်းတွေကို တာဝန်ယူမယ့်အပေါ် ဘယ်သူကမှ အထင်မကြီးခဲ့ကြ ပေမယ့် ဟားလန်းနာမည်ကို ထုတ်ဖော်လိုက်တာအတွက် အနည်းငယ် လူကြိုက်များလာခဲ့ပြီး အရည်အချင်းကိုတော့ စောင့်ကြည့်ရဖို့ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဂိုးသမား ေဒးဗစ္ ဒေဟးယားရဲ႕ ေနရာအတြက္ အက္သလက္တီကို မက္ဒရစ္ရဲ႕ ယန္ ေအာ့ဘ္လက္ခ္ကို အလိုရွိေနၿပီး ေအစီမီလန္ရဲ႕ ဂ်န္လြီဂီ ဒြန္နာရမ္မာကိုေတာ့ အရန္အစီအစဥ္အျဖစ္ သတ္မွတ္ထားခ်ိန္မွာ တီကိုဘက္ကလည္း ဒြန္နာရမ္မာကို ျပန္လည္အစားထိုးႏိုင္သူအျဖစ္ ေစာင့္ၾကည့္ေန။

– လာမယ့္ရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြအေနနဲ႔ တိုက္စစ္မွာ အာလင္း ဟားလန္း၊ ညာေနာက္ခံလူေနရာမွာ မက္စ္ အာ႐ြန္စ္နဲ႔ ဗဟိုေနာက္ခံလူအျဖစ္ ဘန္ဝႈိက္တို႔ကို အလိုရွိေနၿပီး အေရးပါတဲ့ ကစားသမားေတြျဖစ္တဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာနဲ႔ ဂိုးသမား ေဒးဗစ္ ဒေဟးယားကို ဆက္လက္ထိန္းသိမ္းႏိုင္ဖို႔ ဆႏၵရွိေန။

– အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားအေနနဲ႔ လက္ရွိဗဟိုေနာက္ခံလူအတြဲအဖက္ေတြကို စိတ္တိုင္းမက်ဘဲျဖစ္ေနၿပီး သူအေနနဲ႔ ၫႊန္ၾကားဖို႔ ခက္ခဲေနတယ္လို႔ နည္းျပ ဆိုးလ္ရွားဆီ ေျပာၾကားခဲ့သလို အဂၤလန္သားေနာက္ခံလူတစ္ဦးကို ေခၚယူေပးဖို႔ ေတာင္းဆိုထားၿပီး ဘ႐ိုက္တန္ရဲ႕ ဘန္ဝႈိက္က ဒီေနရာကို ေရာက္လာႏိုင္ေျခရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ လာမယ့္ရာသီမွာ မက္ဂြိဳင္းယားရဲ႕ ဆႏၵကို ဆန႔္က်င္ၿပီး ႏိုင္ငံျခားသားေနာက္ခံလူတစ္ေယာက္ ထပ္မံေခၚယူခဲ့မယ္ဆိုရင္ေတာ့ စီးရီးေအကလပ္ ဖီအိုရင္တီးနားအသင္းက နီကိုလာ မီလင္ကိုဗစ္ျဖစ္လာဖြယ္ရွိေနၿပီး ေပါင္သန္း ၃၀ ဝန္းက်င္နဲ႔ ရႏိုင္ဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းပရိသတ္ေတြအေနနဲ႔ အသင္းကို ဦးေဆာင္ဖို႔နဲ႔ ဆုဖလားေတြ ရယူဖို႔ အရည္အခ်င္း မျပည့္မီဘူးလို႔ ယူဆေနၾကတဲ့ သူတို႔ရဲ႕ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားရဲ႕ စာခ်ဳပ္သစ္ကို ဆိုင္းငံ့ထားဖို႔ ေတာင္းဆိုခဲ့ၾကၿပီး ပရီးမီးယားလိဂ္ရဲ႕ ဦးေဆာင္သူအျဖစ္က ၿမိဳ႕ခံၿပိဳင္ဘက္ေနာက္မွာ အမွတ္ျဖတ္ခံလိုက္ရတာကို မေက်မနပ္ျဖစ္ေနၾက။

– ယူႏိုက္တက္တာဝန္ရွိသူေတြနဲ႔ နည္းျပေတြၾကားမွာ မလိုအပ္တဲ့ ကစားသမားေတြကို ေခၚယူေပးမႈ ရွိေနတယ္လို႔ Express က ေရးသားလိုက္ၿပီး ေမာ္ရင္ညိဳလက္ထက္မွာ သူ႔အေနနဲ႔ ဖရက္ဒ္ကို မလိုခ်င္ဘဲ ရရွိခဲ့သလို ဆိုးလ္ရွားအတြက္လည္း ဘာမွ အသုံးမဝင္တဲ့ ဗန္ဒဘိခ္ကို ပရိသတ္ေတြကို ေဈးႏွဳန္းသက္သာမွဳကို အေၾကာင္းျပဳၿပီး ႏွစ္သိမ့္ခ်င္႐ုံသက္သက္နဲ႔ ေခၚယူထားခဲ့။

– မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေဂ်ဒန္ ဆန္ခ်ိဳတို႔ရဲ႕ ေပါင္းစပ္ႏိုင္ေျခက ေဝဝါးသြားခဲ့ၿပီျဖစ္ၿပီး ေတာင္ပံတိုက္စစ္မွာ အာမက္ ဂ်ယ္လိုနဲ႔ မားကပ္စ္ ရက္ရွ္ဖို႔ဒ္တို႔လို ကစားသမားေတြကို ပိုင္ဆိုင္ထားတဲ့ တာဝန္ရွိသူေတြအေနနဲ႔ ေပါင္သန္း ၁၃၀ အထိ က်သင့္ႏိုင္ၿပီး တစ္ပတ္လုပ္ခ ေပါင္သုံးသိန္းခြဲ ေပးေခ်ရႏိုင္တဲ့ တိုက္စစ္မႉး အာလင္း ဟားလန္းကိုပဲ အလိုရွိေန။

– အသင္းရဲ႕ ဂႏၴဝင္ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္က ယူႏိုက္တက္ရဲ႕ ေနာက္တန္းမွာ ျမန္ႏႈန္းျမင့္ကစားႏိုင္မယ့္ ဗဟိုေနာက္လူတစ္ဦး လိုအပ္ေနတယ္လို႔ ေထာက္ျပလိုက္ၿပီး မက္ဂြိဳင္းယားနဲ႔ လင္ဒီေလာ့ဖ္တို႔ရဲ႕ အျမန္ႏႈန္းဟာ လူကြၽံေထာင္ေခ်ာက္သာ လြဲေခ်ာ္သြားခဲ့ရင္ လိုက္လံတားဆီးႏိုင္မယ့္ အေျခအေနမွာ မရွိဘူးလို႔ သုံးသပ္သြား။

– မန္ခ်က္စတာယူႏိုက္တက္ရဲ႕ နည္းျပအဖြဲ႕ဝင္ေတြနဲ႔ နည္းစနစ္ပိုင္းဝန္ထမ္းေတြထဲက ထြက္ေပၚလာခဲ့တဲ့ ဂြၽန္ မာတပ္ဖ္နဲ႔ ဒါရင္း ဖလက္ခ်ာတို႔ရဲ႕ အဓိက ဒါ႐ိုက္တာႏွစ္ဦးအျဖစ္ အေျပာင္းအေ႐ႊ႕ပိုင္းေတြကို တာဝန္ယူမယ့္အေပၚ ဘယ္သူကမွ အထင္မႀကီးခဲ့ၾက ေပမယ့္ ဟားလန္းနာမည္ကို ထုတ္ေဖာ္လိုက္တာအတြက္ အနည္းငယ္ လူႀကိဳက္မ်ားလာခဲ့ၿပီး အရည္အခ်င္းကိုေတာ့ ေစာင့္ၾကည့္ရဖို႔ ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.