Premier League

ယခုနှစ် EPL မှာ ဂျင်းထည့်ခံရသလို ဖြစ်ခဲ့ရတဲ့ အဆိုးရွားဆုံး အပြောင်းအရွှေ့ ၁၀ ခု

ရိုင်ယန် ဘရူးစတား – ရှက်ဖီးအသင်းက အားကိုးတကြီးနဲ့ ခေါ်ယူခဲ့ရတဲ့ တိုက်စစ်မှူးဟာ အောက်တိုဘာမှာ လီဗာပူးလ်အသင်းကနေ ပြောင်းရွှေ့လာတာဖြစ်တယ်။ အင်္ဂလန် ယူ ၂၁ကြယ်ပွင့် ဘရူးစတားဟာ ပေါင် ၂၃.၅ သန်းနဲ့ လီဗာပူးလ်ရဲ့ ရောင်းထုတ်ခံရပြီး ၄ ပွဲသာကစားခွင့်ရခဲ့သလို ရှက်ဖီးအသင်းမှာလည်း ၅လခွဲတာကာလအတွင်း ၂၂ပွဲကစားပြီး တဂိုးမှသွင်းမထားနိုင်ပါဘူး။

ဆီမီးကက်စ် – အိုလံပီယာကို့စ်အသင်းကနေ ပေါင် ၁၁.၇၅ သန်းတန်ကြေးနဲ့ လီဗာပူးလ်အသင်းထံ ရောက်ရှိလာခဲ့တယ်။ ဂရိသားကို အန်ဒီ ရော်ဘတ်ဆန်ရဲ့ တာဝန်ကို သက်သာစေဖို့ အရန်အဖြစ် ပစ်မှတ်ထားခဲ့တာဖြစ်တယ်။ ဒါပေမယ့် လီဗာပူးလ်မှာ ၄ပွဲကစားထားရပြီး ပေါင်ဒဏ်ရာ၊ဒူးဒဏ်ရာတွေကြောင့် ရုန်းကန်ထားရတယ်။ ဘယ်အစွန်လူတစ်ယောက်ရဲ့ တာဝန်ကို ရော်ဘတ်ဆန်ကသာ ဆက်လက်ပခုံးထမ်းနေရဆဲဖြစ်တယ်။

ဝီလီယန် – အသက်အရွယ်ရလာချိန်မှာ ချယ်လ်ဆီးအသင်းကနေ အာဆင်နယ်ကိုပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ်သားဟာ အာဆင်နယ်နဲ့အတူ ၂၉ ပွဲအထိကစားပြီး တဂိုးမှသွင်းယူထားနိုင်ခြင်းမရှိတာက အံ့အားသင့်းရာကောင်းနေပြီး နည်းပြအာတီတာကိုလည်း စိတ်ပျက်စေခဲ့တယ်။ အတွေ့အကြုံရင့် တောင်ပံတိုက်စစ်ကစားသမားတယောက် အနေနဲ့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ဖန်တီးနိုင်စွမ်းကို တိုးတက်စေမယ်လို့ ယုံကြည်အားကိုးခြင်းခံခဲ့ရပေမယ့် ဂိုးဖန်တီးမှု ၇ ကြိမ်ရှိသော်ငြား သူ့ရဲ့ဂိုးပေါက်ပျောက်ဆုံးမှုကြောင့် အာဆင်နယ်ကို အကျိုးမပြုနိုင်သေးသလို ပေါင် ၃၅ သန်း (တပတ်လစာ ပေါင် ၂သိန်း၂သောင်းနဲ့ ၃ နှစ်စာချုပ်)ဟာ မတန်တဆဈေးနှုန်းဖြစ်လာခဲ့တယ်။

မတ် ဒိုဟာတီ – ဝုဗ်စ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် ၂ ရာသီကစားပြီး တည်ငြိမ်တဲ့ခြေစွမ်းကြောင့် စပါးအသင်းရဲ့မျက်စိကျခြင်းကို ခံရပြီး ပေါင် ၁၅ သန်းနဲ့ မော်ရင်ညိုလက်အောက်ကို ရောက်လာတယ်။ သူ့ခြေစွမ်းကို ဒီငွေကြေးနဲ့ရတာ သိပ်တန်တဲ့ဈေးလို့ အများကသတ်မှတ်ခဲ့တယ်။ ညာတောင်ပံအစွန်လူအဖြစ် ဝုဗ်မှာခြေစွမ်းပြခဲ့ပေမယ့် မော်ရင်ညိုလက်ထက်မှာ ကစားဟန်အပြောင်းအလဲဟာ သူ့ရဲ့အားသန်တဲ့ပုံစံနဲ့ ဖီလာဆန့်ကျင်ပြီး ခြေငုတ်သွားခဲ့ရတယ်။ အော်ရီယာနဲ့ နေရာလုတိုက်ပွဲဝင်နေရတယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ဦးလုံးဟာ မော်ရင်ညိုမနှစ်မြို့တော့တဲ့ ကစားသမားတွေဖြစ်လာတယ်။

နယ်လ်ဆင် ဆီမီဒို – ဘာဆာအသင်းနဲ့ လာလီဂါဖလား ၂ လုံးဆွတ်ခူးခဲ့တဲ့ ဆီမီဒိုက ဝုဗ်မှာတော့ ခြေစွမ်းပျောက်သွားတယ်။ လစ်ဟာသွားတဲ့ မက်ဒိုဟာတီရဲ့နေရာကိုဖြည့်ဖို့ ပေါင် ၂၇.၅ သန်း ဝုဗ်ကိုရောက်လာပေမယ့် ပေါ်တူဂီသားဟာ အိုင်ယာလန်သားရဲ့ ခြေစွမ်းကို မမီခဲ့ဘူး။ ထင်သလောက်ခြေမပေါ်ခဲ့ဘူး။ သူရောက်လာချိန်မှာ ဝုဗ်ရဲ့ခံစစ်မာကျောမှုက အရည်ပျော်နေချိန်နဲ့ တိုက်ဆိုင်သွားခဲ့တာဟာလည်းအကြောင်းရင်းတရပ်ပါ။ အက်စ်ပိုဆီတိုရဲ့ လက်အောက်မှာ ၂၆ ပွဲကစားပြီး ဂိုးဖန်တီးမှု ၁ ကြိမ်သာပြုလုပ်ထားနိုင်ပါတယ်။

ခိုင် ဟာဗတ်ဇ် – သူက ပြီးခဲ့တဲ့နွေရာသီမှာ ဈေးအကြီးဆုံးကစားသမားဖြစ်တယ်။ ဈေးခပ်မြင့်မြင့် ပေါင် ၇၂ သန်းနဲ့ ချယ်လ်ဆီးမြေကို ဆိုက်ရောက်လာခဲ့ပါတယ်။ သူကတန်ကြေးနဲ့ မထိုက်တန်ဘူးဆိုတဲ့ ဝေဖန်မှုတွေကို လတ်တလောမှာ အများဆုံးခံနေရတယ်။ ချယ်လ်ဆီးအသင်းပိုက်ဘောမိသွားပြီလားလို့ လှောင်ပြောင်မှုတွေအထိ ကြုံလာရပေမယ့် သူက နည်းပြသစ် တူဟယ်လ်လက်ထက်မှာတော့ တည်ငြိမ်တဲ့ ခြေစွမ်းတချို့ကို ပြန်လည် ပြသနေတယ်။ လမ်းပတ်လက်ထက်မှာ သူလည်းနစ်မြုပ်ခဲ့သလို လမ်းပတ်လည်း ချယ်လ်ဆီးရဲ့ အထုတ်ပယ် ခံခဲ့ရတယ်။ လက်ရှိမှာ ၅ ဂိုးသွင်း၊ ၅ ဂိုးဖန်တီးပြီး ဒါဟာ အသင်းငယ်တွေနဲ့ ပြိုင်ပွဲငယ်တွေက ခြေစွမ်းတွေ ဖြစ်နေတယ်။ ပွဲမတိုးတဲ့ လူငယ်ကြယ်ပွင့်မျိုးမဖြစ်အောင်တော့ ဂျာမဏီသားဟာ သူ့ကိုယ်သူ ဆက်လက် အရောင်တင်ရပါဦးမယ်။

ဒွန်နီ ဗန်ဒဘိခ် – နည်းစနစ်ပိုင်း တဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ ဒတ်ချ်ကွင်းလယ်ဖန်တီးရှင် ဗန်ဒဘိခ်ဟာ နည်းပြဆိုးလ်ရှားရဲ့လက်အောက်မှာ နေရာတနေရာဖို့ မနည်းရုန်းကန်နေရသူဖြစ်တယ်။ အခုတင်ပြနေတဲ့ အဆိုးရွားဆုံး အပြောင်းအရွှေ့လူစာရင်းမှာ သူ့ကို ထည့်သွင်းရတာဟာ စိတ်ပျက်စရာအကောင်းဆုံးပါ။ ဘောလုံးဦးနှောက်၊ လုပ်ရည်ကိုင်ရည်နဲ့ အရည်အချင်းရှိပြီး နည်းစနစ်အရည်အသွေးပြည့်မီတဲ့ ကစားဖြစ်နေပေမယ့် သူနဲ့ထိုက်တန်တဲ့ ပွဲထွက်ခွင့်ကို ဆုံးရှုံးနေရသူဖြစ်တယ်။ သူအားအသန်ဆုံး နေရာမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ လွှမ်းမိုးခြင်းကိုခံထားရတယ်။ ပိုပြီးဆိုးရွားသွားစေတာက ဒဏ်ရာရပြီး လက်ရှိမှာ အနားယူနေရတာပါ။ အိုင်းယက်စ်ကို ယူနိုက်တက်ပေးချေခဲ့ရတဲ့ ပေါင် ၃၅ သန်းဟာ သူ့ခြေစွမ်းနဲ့ယှဉ်ရင် နိမ့်ပါးနေသေးကြောင်း သူကသက်သေပြရပါလိမ့်ဦးမယ်။

နာသန် အေကီ – ဘုန်းမောက်ကနေ ပေါင်သန်း ၄၀နဲ့ ပြောင်းလာတယ်။ မန်စီးတီးရဲ့ အဓိကခံစစ်မှူးတွေကို အရန်နေရာကနေ ဖြည့်ကစားပေးဖို့ ဂွာဒီယိုလာက အားကိုးတကြီးခေါ်လာတယ်။ ဒတ်ချ် ကစားသမားဟာ ဒီရာသီရဲ့အများစုမှာ တံကောက်ကြောဒဏ်ရာနဲ့သာ အချိန်ကုန်ဆုံးနရတာကို တွေ့ရတယ်။ ဂွာဒီယိုလာရဲ့ စတုတ္ထ နဲ့ ပဉ္စမ ဦးစားပေး အဆင့်အထိ လျှောဆင်းသွားခဲ့တယ်။ မန်စီးတီးရဲ့ ငွေဖြုန်းတီးမှုသက်သက်သာဖြစ်ခဲ့တယ်။

ဖေဘီယို ဆေးလ်ဗား – နိုဝင်ဘာမှာ ဦးခေါင်ခွံရိုး ထိခိုက်ဒဏ်ရာရသွားခဲ့တဲ့ ဝုဗ်တိုက်စစ်မှူး ရာအူးလ် ဟင်မီနက်ဇ်ရဲ့နေရာမှာ ကလပ်အသင်းရဲ့ ပြောင်းရွှေ့ကြေးစံချိန်ရှင် ပေါင် ၃၅ သန်းတန် ဖေဘီယို ဆေးလ်ဗားက ဝင်ကစားရဖို့ အကြောင်းဖန်လာခဲ့တယ်။ ၁၈ နှစ်သား ဆယ်ကျော်သက်တဦးအတွက်တော့ ဖိအားများတဲ့တာဝန်ဖြစ်ပါတယ်။ သူက ၂၆ ပွဲကစားပြီး ၂ ဂိုးသာသွင်းနိုင်ခဲ့တယ်။ မက္ကဆီကန်သားရဲ့ ခြေရာကို မနင်းနိုင်ခဲ့ဘူး။ ထိုက်တန်တဲ့ ခြေစွမ်းကို ပြသဖို့ရုန်းကန်နေရတယ်။ ၂၀၂၁ ရဲ့ နောက်ဆုံး ၈ပွဲမှာ သူကအရန်ခုံကိုသာ အပိုင်စားရခဲ့တယ်။ ပေါ်တိုအသင်းရဲ့ လူငယ်ကြယ်ပွင့်အဖြစ် ကျော်ကြားခဲ့တဲ့ သူ့မှာဆက်လက်သက်သေပြစရာတွေ ရှိနေပါသေးတယ်။

ကာလန် ဂရန့် – ၂၀၂၁ ခုနှစ်အစကတည်းက ပွဲထွက်နေရာပျောက်ဆုံးသွားတာက ဝက်စ်ဘရွမ်းတိုက်စစ်မှူး ကာလန် ဂရန့်ပါ။ ဟက်ဒါစဖီးလ်အသင်းကနေ ပေါင် ၁၅ သန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၂၃နှစ်သားဟာ ကစားခွင့်ရတဲ့ နောက်ဆုံး ၁၅ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးခဲ့လို ဆမ်အလာဒွိုက်စ်က အရန်ခုံမှာ ချောင်ထိုးလိုက်ရတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

႐ိုင္ယန္ ဘ႐ူးစတား – ရွက္ဖီးအသင္းက အားကိုးတႀကီးနဲ႔ ေခၚယူခဲ့ရတဲ့ တိုက္စစ္မႉးဟာ ေအာက္တိုဘာမွာ လီဗာပူးလ္အသင္းကေန ေျပာင္းေ႐ႊ႕လာတာျဖစ္တယ္။ အဂၤလန္ ယူ ၂၁ၾကယ္ပြင့္ ဘ႐ူးစတားဟာ ေပါင္ ၂၃.၅ သန္းနဲ႔ လီဗာပူးလ္ရဲ႕ ေရာင္းထုတ္ခံရၿပီး ၄ ပြဲသာကစားခြင့္ရခဲ့သလို ရွက္ဖီးအသင္းမွာလည္း ၅လခြဲတာကာလအတြင္း ၂၂ပြဲကစားၿပီး တဂိုးမွသြင္းမထားႏိုင္ပါဘူး။

ဆီမီးကက္စ္ – အိုလံပီယာကို႔စ္အသင္းကေန ေပါင္ ၁၁.၇၅ သန္းတန္ေၾကးနဲ႔ လီဗာပူးလ္အသင္းထံ ေရာက္ရွိလာခဲ့တယ္။ ဂရိသားကို အန္ဒီ ေရာ္ဘတ္ဆန္ရဲ႕ တာဝန္ကို သက္သာေစဖို႔ အရန္အျဖစ္ ပစ္မွတ္ထားခဲ့တာျဖစ္တယ္။ ဒါေပမယ့္ လီဗာပူးလ္မွာ ၄ပြဲကစားထားရၿပီး ေပါင္ဒဏ္ရာ၊ဒူးဒဏ္ရာေတြေၾကာင့္ ႐ုန္းကန္ထားရတယ္။ ဘယ္အစြန္လူတစ္ေယာက္ရဲ႕ တာဝန္ကို ေရာ္ဘတ္ဆန္ကသာ ဆက္လက္ပခုံးထမ္းေနရဆဲျဖစ္တယ္။

ဝီလီယန္ – အသက္အ႐ြယ္ရလာခ်ိန္မွာ ခ်ယ္လ္ဆီးအသင္းကေန အာဆင္နယ္ကိုေျပာင္းေ႐ႊ႕လာခဲ့တဲ့ ဘရာဇီးလ္သားဟာ အာဆင္နယ္နဲ႔အတူ ၂၉ ပြဲအထိကစားၿပီး တဂိုးမွသြင္းယူထားႏိုင္ျခင္းမရွိတာက အံ့အားသင့္းရာေကာင္းေနၿပီး နည္းျပအာတီတာကိုလည္း စိတ္ပ်က္ေစခဲ့တယ္။ အေတြ႕အႀကဳံရင့္ ေတာင္ပံတိုက္စစ္ကစားသမားတေယာက္ အေနနဲ႔ အာဆင္နယ္အသင္းရဲ႕ တိုက္စစ္ဖန္တီးႏိုင္စြမ္းကို တိုးတက္ေစမယ္လို႔ ယုံၾကည္အားကိုးျခင္းခံခဲ့ရေပမယ့္ ဂိုးဖန္တီးမႈ ၇ ႀကိမ္ရွိေသာ္ျငား သူ႔ရဲ႕ဂိုးေပါက္ေပ်ာက္ဆုံးမႈေၾကာင့္ အာဆင္နယ္ကို အက်ိဳးမျပဳႏိုင္ေသးသလို ေပါင္ ၃၅ သန္း (တပတ္လစာ ေပါင္ ၂သိန္း၂ေသာင္းနဲ႔ ၃ ႏွစ္စာခ်ဳပ္ ) ဟာ မတန္တဆေဈးႏႈန္းျဖစ္လာခဲ့တယ္။

မတ္ ဒိုဟာတီ – ဝုဗ္စ္အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ ၂ ရာသီကစားၿပီး တည္ၿငိမ္တဲ့ေျခစြမ္းေၾကာင့္ စပါးအသင္းရဲ႕မ်က္စိက်ျခင္းကို ခံရၿပီး ေပါင္ ၁၅ သန္းနဲ႔ ေမာ္ရင္ညိဳလက္ေအာက္ကို ေရာက္လာတယ္။ သူ႔ေျခစြမ္းကို ဒီေငြေၾကးနဲ႔ရတာ သိပ္တန္တဲ့ေဈးလို႔ အမ်ားကသတ္မွတ္ခဲ့တယ္။ ညာေတာင္ပံအစြန္လူအျဖစ္ ဝုဗ္မွာေျခစြမ္းျပခဲ့ေပမယ့္ ေမာ္ရင္ညိဳလက္ထက္မွာ ကစားဟန္အေျပာင္းအလဲဟာ သူ႔ရဲ႕အားသန္တဲ့ပုံစံနဲ႔ ဖီလာဆန႔္က်င္ၿပီး ေျခငုတ္သြားခဲ့ရတယ္။ ေအာ္ရီယာနဲ႔ ေနရာလုတိုက္ပြဲဝင္ေနရတယ္။ ေနာက္ဆုံးမွာေတာ့ သူတို႔ႏွစ္ဦးလုံးဟာ ေမာ္ရင္ညိဳမႏွစ္ၿမိဳ႕ေတာ့တဲ့ ကစားသမားေတြျဖစ္လာတယ္။

နယ္လ္ဆင္ ဆီမီဒို – ဘာဆာအသင္းနဲ႔ လာလီဂါဖလား ၂ လုံးဆြတ္ခူးခဲ့တဲ့ ဆီမီဒိုက ဝုဗ္မွာေတာ့ ေျခစြမ္းေပ်ာက္သြားတယ္။ လစ္ဟာသြားတဲ့ မက္ဒိုဟာတီရဲ႕ေနရာကိုျဖည့္ဖို႔ ေပါင္ ၂၇.၅ သန္း ဝုဗ္ကိုေရာက္လာေပမယ့္ ေပၚတူဂီသားဟာ အိုင္ယာလန္သားရဲ႕ ေျခစြမ္းကို မမီခဲ့ဘူး။ ထင္သေလာက္ေျခမေပၚခဲ့ဘူး။ သူေရာက္လာခ်ိန္မွာ ဝုဗ္ရဲ႕ခံစစ္မာေက်ာမႈက အရည္ေပ်ာ္ေနခ်ိန္နဲ႔ တိုက္ဆိုင္သြားခဲ့တာဟာလည္းအေၾကာင္းရင္းတရပ္ပါ။ အက္စ္ပိုဆီတိုရဲ႕ လက္ေအာက္မွာ ၂၆ ပြဲကစားၿပီး ဂိုးဖန္တီးမႈ ၁ ႀကိမ္သာျပဳလုပ္ထားႏိုင္ပါတယ္။

ခိုင္ ဟာဗတ္ဇ္ – သူက ၿပီးခဲ့တဲ့ေႏြရာသီမွာ ေဈးအႀကီးဆုံးကစားသမားျဖစ္တယ္။ ေဈးခပ္ျမင့္ျမင့္ ေပါင္ ၇၂ သန္းနဲ႔ ခ်ယ္လ္ဆီးေျမကို ဆိုက္ေရာက္လာခဲ့ပါတယ္။ သူကတန္ေၾကးနဲ႔ မထိုက္တန္ဘူးဆိုတဲ့ ေဝဖန္မႈေတြကို လတ္တေလာမွာ အမ်ားဆုံးခံေနရတယ္။ ခ်ယ္လ္ဆီးအသင္းပိုက္ေဘာမိသြားၿပီလားလို႔ ေလွာင္ေျပာင္မႈေတြအထိ ႀကဳံလာရေပမယ့္ သူက နည္းျပသစ္ တူဟယ္လ္လက္ထက္မွာေတာ့ တည္ၿငိမ္တဲ့ ေျခစြမ္းတခ်ိဳ႕ကို ျပန္လည္ ျပသေနတယ္။ လမ္းပတ္လက္ထက္မွာ သူလည္းနစ္ျမဳပ္ခဲ့သလို လမ္းပတ္လည္း ခ်ယ္လ္ဆီးရဲ႕ အထုတ္ပယ္ ခံခဲ့ရတယ္။ လက္ရွိမွာ ၅ ဂိုးသြင္း၊ ၅ ဂိုးဖန္တီးၿပီး ဒါဟာ အသင္းငယ္ေတြနဲ႔ ၿပိဳင္ပြဲငယ္ေတြက ေျခစြမ္းေတြ ျဖစ္ေနတယ္။ ပြဲမတိုးတဲ့ လူငယ္ၾကယ္ပြင့္မ်ိဳးမျဖစ္ေအာင္ေတာ့ ဂ်ာမဏီသားဟာ သူ႔ကိုယ္သူ ဆက္လက္ အေရာင္တင္ရပါဦးမယ္။

ဒြန္နီ ဗန္ဒဘိခ္ – နည္းစနစ္ပိုင္း တဖက္ကမ္းခတ္ကြၽမ္းက်င္တဲ့ ဒတ္ခ်္ကြင္းလယ္ဖန္တီးရွင္ ဗန္ဒဘိခ္ဟာ နည္းျပဆိုးလ္ရွားရဲ႕လက္ေအာက္မွာ ေနရာတေနရာဖို႔ မနည္း႐ုန္းကန္ေနရသူျဖစ္တယ္။ အခုတင္ျပေနတဲ့ အဆိုး႐ြားဆုံး အေျပာင္းအေ႐ႊ႕လူစာရင္းမွာ သူ႔ကို ထည့္သြင္းရတာဟာ စိတ္ပ်က္စရာအေကာင္းဆုံးပါ။ ေဘာလုံးဦးေႏွာက္၊ လုပ္ရည္ကိုင္ရည္နဲ႔ အရည္အခ်င္းရွိၿပီး နည္းစနစ္အရည္အေသြးျပည့္မီတဲ့ ကစားျဖစ္ေနေပမယ့္ သူနဲ႔ထိုက္တန္တဲ့ ပြဲထြက္ခြင့္ကို ဆုံးရႈံးေနရသူျဖစ္တယ္။ သူအားအသန္ဆုံး ေနရာမွာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ လႊမ္းမိုးျခင္းကိုခံထားရတယ္။ ပိုၿပီးဆိုး႐ြားသြားေစတာက ဒဏ္ရာရၿပီး လက္ရွိမွာ အနားယူေနရတာပါ။ အိုင္းယက္စ္ကို ယူႏိုက္တက္ေပးေခ်ခဲ့ရတဲ့ ေပါင္ ၃၅ သန္းဟာ သူ႔ေျခစြမ္းနဲ႔ယွဥ္ရင္ နိမ့္ပါးေနေသးေၾကာင္း သူကသက္ေသျပရပါလိမ့္ဦးမယ္။

နာသန္ ေအကီ – ဘုန္းေမာက္ကေန ေပါင္သန္း ၄၀နဲ႔ ေျပာင္းလာတယ္။ မန္စီးတီးရဲ႕ အဓိကခံစစ္မႉးေတြကို အရန္ေနရာကေန ျဖည့္ကစားေပးဖို႔ ဂြာဒီယိုလာက အားကိုးတႀကီးေခၚလာတယ္။ ဒတ္ခ်္ ကစားသမားဟာ ဒီရာသီရဲ႕အမ်ားစုမွာ တံေကာက္ေၾကာဒဏ္ရာနဲ႔သာ အခ်ိန္ကုန္ဆုံးနရတာကို ေတြ႕ရတယ္။ ဂြာဒီယိုလာရဲ႕ စတုတၳ နဲ႔ ပၪၥမ ဦးစားေပး အဆင့္အထိ ေလွ်ာဆင္းသြားခဲ့တယ္။ မန္စီးတီးရဲ႕ ေငြျဖဳန္းတီးမႈသက္သက္သာျဖစ္ခဲ့တယ္။

ေဖဘီယို ေဆးလ္ဗား – ႏိုဝင္ဘာမွာ ဦးေခါင္ခြံ႐ိုး ထိခိုက္ဒဏ္ရာရသြားခဲ့တဲ့ ဝုဗ္တိုက္စစ္မႉး ရာအူးလ္ ဟင္မီနက္ဇ္ရဲ႕ေနရာမွာ ကလပ္အသင္းရဲ႕ ေျပာင္းေ႐ႊ႕ေၾကးစံခ်ိန္ရွင္ ေပါင္ ၃၅ သန္းတန္ ေဖဘီယို ေဆးလ္ဗားက ဝင္ကစားရဖို႔ အေၾကာင္းဖန္လာခဲ့တယ္။ ၁၈ ႏွစ္သား ဆယ္ေက်ာ္သက္တဦးအတြက္ေတာ့ ဖိအားမ်ားတဲ့တာဝန္ျဖစ္ပါတယ္။ သူက ၂၆ ပြဲကစားၿပီး ၂ ဂိုးသာသြင္းႏိုင္ခဲ့တယ္။ မကၠဆီကန္သားရဲ႕ ေျခရာကို မနင္းႏိုင္ခဲ့ဘူး။ ထိုက္တန္တဲ့ ေျခစြမ္းကို ျပသဖို႔႐ုန္းကန္ေနရတယ္။ ၂၀၂၁ ရဲ႕ ေနာက္ဆုံး ၈ပြဲမွာ သူကအရန္ခုံကိုသာ အပိုင္စားရခဲ့တယ္။ ေပၚတိုအသင္းရဲ႕ လူငယ္ၾကယ္ပြင့္အျဖစ္ ေက်ာ္ၾကားခဲ့တဲ့ သူ႔မွာဆက္လက္သက္ေသျပစရာေတြ ရွိေနပါေသးတယ္။

ကာလန္ ဂရန႔္ – ၂၀၂၁ ခုႏွစ္အစကတည္းက ပြဲထြက္ေနရာေပ်ာက္ဆုံးသြားတာက ဝက္စ္ဘ႐ြမ္းတိုက္စစ္မႉး ကာလန္ ဂရန႔္ပါ။ ဟက္ဒါစဖီးလ္အသင္းကေန ေပါင္ ၁၅ သန္းနဲ႔ေျပာင္းေ႐ႊ႕လာခဲ့တဲ့ အသက္ ၂၃ႏွစ္သားဟာ ကစားခြင့္ရတဲ့ ေနာက္ဆုံး ၁၅ ပြဲဆက္ ဂိုးေပါက္ေပ်ာက္ဆုံးခဲ့လို ဆမ္အလာဒြိဳက္စ္က အရန္ခုံမွာ ေခ်ာင္ထိုးလိုက္ရတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.