Premier League Transfer News

14 Mar ညနေခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီညမှာ ရင်ဆိုင်ရမယ့် ဝက်စ်ဟမ်းနဲ့ပွဲစဉ်ကို ပထမအသင်းကြီးက ကစားသမား ၁၀ ဦးအထိ မပါဝင်ဘဲ ရင်ဆိုင်ရမှာဖြစ်ပြီး နောက်ခံလူတွေဖြစ်ကြတဲ့ အဲရစ် ဘိုင်လီနဲ့ ဗစ်တာ နီးလ်ဆန် လင်ဒီလော့ဖ်တို့မှာလည်း ဒဏ်ရာ ပြဿနာ အနည်းငယ်စီ ရှိနေကြ။

– ယူနိုက်တက် တာဝန်ရှိသူတွေအနေနဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကို နောက်ထပ်စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းသွားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး တစ်နှစ်ကို ပေါင် ၉ သန်း ပေးချေသွားမယ်ဆိုတဲ့ မေရာသတင်းအပေါ် ပရိသတ်တွေက စိတ်ပျက်နေကြပြီး အသင်းရဲ့ စီမံခန့်ခွဲမှုကို ပြစ်တင်ခဲ့ကြ။

– နော့တင်ဟမ် ဖောရက်စ်အသင်းကို အငှားနဲ့ သွားရောက်ကစားနေခဲ့တဲ့ လူငယ်ကွင်းလယ်လူ ဂျိမ်းစ် ဂါနာရဲ့ ခြေစွမ်းကို စောင့်ကြည့်သူ ပရိသတ်တွေက သဘောကျနေကြပြီး ဒီအတိုင်းဆက်သွားရင် အနာဂတ်မှာ ဖရက်ဒ်ရဲ့ နေရာကို အစားထိုးဖို့ လူသစ်ခေါ်စရာမလိုဘူးလို့ ဆိုနေကြ။

– စကိုင်းစပို့စ်ရဲ့ တင်ဆက်သူ ပေါလ် မာဆန်က အက်ဒင်ဆန် ကာဗာနီနဲ့ အန်တိုနီ မာစီယယ်လ်တို့ ဦးဆောင်နေတဲ့ တိုက်စစ်လောက်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြားလိုက်ပြီး နံပါတ် ၉ တိုက်စစ်မှူးသစ်တစ်ဦး နွေရာသီမှာ အားဖြည့်ဖို့ တိုက်တွန်း။

– နွေရာသီမှာ အသင်းဘက် ရောင်းချဖို့ စိတ်ကူးထားတဲ့ ဂိုးသမား ဒေးဗစ် ဒဟေးယားအနေနဲ့ အေးဂျင့်နဲ့အတူ အသင်းသစ်ရှာဖွေနေပြီဖြစ်ပြီး တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ကတော့ ပြင်သစ်မြေကို ပြန်ဖွယ်ရှိသလို ချိတ်ဆက်မှုတချို့ ရှိနေပြီး အသင်းဟောင်း မိုနာကိုဆီ ပြန်ရောက်နိုင်တယ်လို့ ခန့်မှန်းနေကြ။

– ဂိုးသမားသစ်တစ်ဦး ရှာဖွေနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လိုအပ်တဲ့ Homegrown အရေအတွက်ကိုပါ တစ်ချက်ခုတ် နှစ်ချက်ပြတ် တိုးမြှင့်သွားတဲ့အနေနဲ့ အေစီမီလန်ရဲ့ ဂျန်လွီဂီ ဒွန်နာရမ်မာထက် ဘန်လေရဲ့ နစ်ခ် ပုပ်ကို ခေါ်ယူလိုနေပြီး ပေါင်သန်း ၅၀ ခန့် အသုံးပြုဖွယ်ရှိနေ။

– ဝက်စ်ဟမ်းအသင်းအနေနဲ့ ဂျက်ဆီ လင်ဂတ်ကို မိခင်အသင်း မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ထည့်သွင်းခွင့် မရှိပေမယ့်လည်း သူတို့ အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ကောင်းကောင်းရင်ဆိုင်လာလိမ့်မယ်လို့ တိုက်စစ်မှူးဟောင်း ကလင်တန် မောရစ်ဆန်က ခန့်မှန်းလိုက်ပြီး အိမ်ရှင်အသင်းရဲ့ ခြေစွမ်းကျဆင်းမှုကိုလည်း ထောက်ပြသွားခဲ့။

– နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ နွေရာသီမှာ ကစားသမားတွေကို ထုတ်ရောင်းပြီး ပေါင်သန်း ၆၀ လောက် ရရှိနိုင်ဖို့ လုပ်ဆောင်နေပြီး ဘုတ်အဖွဲ့က ရာသီသစ်အတွက် ချမှတ်ပေးမယ့် အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၈၀ မှာ ထပ်မံပေါင်းထည့်နိုင်ဖို့ လင်ဂတ်နဲ့ ကစားသမား ၃-၄ ဦးကို ရောင်းချသွားဖို့ စီစဉ်ထား။

– ဝက်စ်ဟမ်းအသင်းရဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်ဟာ အသင်းရဲ့ တာဝန်ရှိသူတွေဖြစ်ကြတဲ့ ဂျွန် မာတပ်ဖ်၊ ဒါရင် ဖလက်ချာနဲ့ နည်းပြ ဆိုးလ်ရှားတို့အတွက် စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူနှစ်ဦးကို အနီးကပ် ကင်းထောက်နိုင်မယ့် အခွင့်အရေးဖြစ်ပြီး တောမတ် ဆူးချက်ခ်နဲ့ ဒက်ကလန် ရိုက်စ်တို့ကို စောင့်ကြည့်နိုင်ဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ဒီညမွာ ရင္ဆုိင္ရမယ့္ ဝက္စ္ဟမ္းနဲ႔ပြဲစဥ္ကို ပထမအသင္းႀကီးက ကစားသမား ၁၀ ဦးအထိ မပါဝင္ဘဲ ရင္ဆုိင္ရမွာျဖစ္ၿပီး ေနာက္ခံလူေတြျဖစ္ၾကတဲ့ အဲရစ္ ဘိုင္လီနဲ႔ ဗစ္တာ နီးလ္ဆန္ လင္ဒီေလာ့ဖ္တုိ႔မွာလည္း ဒဏ္ရာ ျပႆနာ အနည္းငယ္စီ ရွိေနၾက။

– ယူႏုိက္တက္ တာဝန္ရွိသူေတြအေနနဲ႔ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားကို ေနာက္ထပ္စာခ်ဳပ္သစ္တစ္ရပ္ ကမ္းလွမ္းသြားဖို႔ အဆင္သင့္ျဖစ္ေနၿပီျဖစ္ၿပီး တစ္ႏွစ္ကို ေပါင္ ၉ သန္း ေပးေခ်သြားမယ္ဆုိတဲ့ ေမရာသတင္းအေပၚ ပရိသတ္ေတြက စိတ္ပ်က္ေနၾကၿပီး အသင္းရဲ႕ စီမံခန္႔ခြဲမွဳကို ျပစ္တင္ခဲ့ၾက။

– ေနာ့တင္ဟမ္ ေဖာရက္စ္အသင္းကို အငွားနဲ႔ သြားေရာက္ကစားေနခဲ့တဲ့ လူငယ္ကြင္းလယ္လူ ဂ်ိမ္းစ္ ဂါနာရဲ႕ ေျခစြမ္းကို ေစာင့္ၾကည့္သူ ပရိသတ္ေတြက သေဘာက်ေနၾကၿပီး ဒီအတုိင္းဆက္သြားရင္ အနာဂတ္မွာ ဖရက္ဒ္ရဲ႕ ေနရာကို အစားထိုးဖို႔ လူသစ္ေခၚစရာမလိုဘူးလို႔ ဆုိေနၾက။

– စကိုင္းစပုိ႔စ္ရဲ႕ တင္ဆက္သူ ေပါလ္ မာဆန္က အက္ဒင္ဆန္ ကာဗာနီနဲ႔ အန္တိုနီ မာစီယယ္လ္တုိ႔ ဦးေဆာင္ေနတဲ့ တုိက္စစ္ေလာက္နဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို စိန္ေခၚဖို႔ မျဖစ္ႏုိင္ဘူးလို႔ ေျပာၾကားလိုက္ၿပီး နံပါတ္ ၉ တုိက္စစ္မွဴးသစ္တစ္ဦး ေႏြရာသီမွာ အားျဖည့္ဖုိ႔ တုိက္တြန္း။

– ေႏြရာသီမွာ အသင္းဘက္ ေရာင္းခ်ဖို႔ စိတ္ကူးထားတဲ့ ဂိုးသမား ေဒးဗစ္ ဒေဟးယားအေနနဲ႔ ေအးဂ်င့္နဲ႔အတူ အသင္းသစ္ရွာေဖြေနၿပီျဖစ္ၿပီး တုိက္စစ္မွဴး အန္တိုနီ မာစီယယ္လ္ကေတာ့ ျပင္သစ္ေျမကို ျပန္ဖြယ္ရွိသလို ခ်ိတ္ဆက္မွဳတခ်ဳိ႕ ရွိေနၿပီး အသင္းေဟာင္း မိုနာကိုဆီ ျပန္ေရာက္ႏုိင္တယ္လို႔ ခန္႔မွန္းေနၾက။

– ဂိုးသမားသစ္တစ္ဦး ရွာေဖြေနတဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ လိုအပ္တဲ့ Homegrown အေရအတြက္ကိုပါ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ တုိးျမႇင့္သြားတဲ့အေနနဲ႔ ေအစီမီလန္ရဲ႕ ဂ်န္လြီဂီ ဒြန္နာရမ္မာထက္ ဘန္ေလရဲ႕ နစ္ခ္ ပုပ္ကို ေခၚယူလိုေနၿပီး ေပါင္သန္း ၅၀ ခန္႔ အသုံးျပဳဖြယ္ရွိေန။

– ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဂ်က္ဆီ လင္ဂတ္ကို မိခင္အသင္း မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာ ထည့္သြင္းခြင့္ မရွိေပမယ့္လည္း သူတုိ႔ အေနနဲ႔ အုိးလ္ထရက္ဖို႔ဒ္မွာ ေကာင္းေကာင္းရင္ဆုိင္လာလိမ့္မယ္လို႔ တုိက္စစ္မွဴးေဟာင္း ကလင္တန္ ေမာရစ္ဆန္က ခန္႔မွန္းလုိက္ၿပီး အိမ္ရွင္အသင္းရဲ႕ ေျခစြမ္းက်ဆင္းမွဳကိုလည္း ေထာက္ျပသြားခဲ့။

– နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားအေနနဲ႔ ေႏြရာသီမွာ ကစားသမားေတြကို ထုတ္ေရာင္းၿပီး ေပါင္သန္း ၆၀ ေလာက္ ရရွိႏုိင္ဖို႔ လုပ္ေဆာင္ေနၿပီး ဘုတ္အဖြဲ႕က ရာသီသစ္အတြက္ ခ်မွတ္ေပးမယ့္ အေျပာင္းအေရႊ႕အသုံးစရိတ္ ေပါင္သန္း ၈၀ မွာ ထပ္မံေပါင္းထည့္ႏုိင္ဖို႔ လင္ဂတ္နဲ႔ ကစားသမား ၃-၄ ဦးကို ေရာင္းခ်သြားဖို႔ စီစဥ္ထား။

– ဝက္စ္ဟမ္းအသင္းရဲ႕ ရင္ဆုိင္ရမယ့္ ပြဲစဥ္ဟာ အသင္းရဲ႕ တာဝန္ရွိသူေတြျဖစ္ၾကတဲ့ ဂၽြန္ မာတပ္ဖ္၊ ဒါရင္ ဖလက္ခ်ာနဲ႔ နည္းျပ ဆုိးလ္ရွားတုိ႔အတြက္ စိတ္ဝင္စားေနတဲ့ ကြင္းလယ္လူႏွစ္ဦးကို အနီးကပ္ ကင္းေထာက္ႏုိင္မယ့္ အခြင့္အေရးျဖစ္ၿပီး ေတာမတ္ ဆူးခ်က္ခ္နဲ႔ ဒက္ကလန္ ႐ိုက္စ္တို႔ကို ေစာင့္ၾကည့္ႏုိင္ဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.