Premier League

ဖူလ်ဟမ် ဝ-၃ မန်စီးတီး ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ် စားမြုံ့ပြန်စရာ ၇ ချက်

ဂိုးမိုးခေါင်မှုကို အဆုံးသတ်ခဲ့တဲ့ အဂွေရို
ပြီးခဲ့တဲ့လပိုင်းတွေဟာ အဂွေရိုအတွက် စိတ်ရောကိုယ်ပါ ထောင်းထောင်းကြေခဲ့တဲ့ အချိန်ကာလတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ဒူးဒဏ်ရာကို ပြန်ရခဲ့တယ်။ ဒီကြောက်မက်ဖွယ် ဒဏ်ရာဟာ သူ့ကစားသမားဘဝတလျှောက်လုံးကို နှိပ်စက်နေခဲ့တာဖြစ်တယ်။

ဒီပွဲမှာတော့ သူ့ကစားသမားဘဝတလျှောက် အကြာမြင့်ဆုံး ဂိုးမိုးခေါင်မှုကိုအဆုံးသတ်ဖို့ ကွင်းထဲကို ဝင်ရောက်လာခဲ့တဲ့အဂွေရိုဟာ ၄၁၇ ရက်အတွင်း သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်ဂိုးကို ပြန်လည်သွင်းယူသွားခဲ့တယ်။ ခြေစွမ်းအရတော့ သူဟာပုံမှန်အောက်ကို ရောက်ရှိနေခဲ့တာဟာ စိတ်မသက်သာစရာ မြင်တွေ့ခဲ့ရတယ်။

ဂိုးသွင်းနှုန်းထက်မြက်နေတဲ့ ဂျွန်စတုန်းစ်
အခုလက်ရှိရာသီက ဂျွန်စတုန်းစ်ရဲ့ရာသီလို့တောင်ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့နွေမှာ အသင်းနဲ့ခွာပြဲတော့မလိုဖြစ်ပြီး ယိုင်နဲ့ခဲ့တဲ့ ဂျွန်စတုန်းစ်ဟာ လာပေါ်တေးရဲ့ ဒဏ်ရာတချက်ကြောင့် မန်စီးတီးအသင်းမှာ သူ့ရဲ့အနာဂတ်ကို ဆက်လက်တည်ရှိိနေစေခဲ့တာပါ။ ပွဲထွက်ခွင့်နဲ့ ထိုက်တန်ကြောင်း သက်သေပြပြီး ဒီရာသီမှာ ဂွာဒီယိုလာရဲ့လက်စွဲတော်ဖြစ်လာတယ်။ မန်စီးတီးရဲ့ ခံစစ်ကြောင်း ကျောက်ဆောင်ကျောက်သားလို မာကျောလာစေအောင် ဦးဆောင်ခဲ့တယ်။ ပရီးမီးယားလိဂ် Clean Sheet အများဆုံးနဲ့ ပေးဂိုးအနည်းဆုံးအသင်းဖြစ်လာတယ်။ သူ့ရဲ့ နောက်ဆုံး ၁၀ ပွဲမှာ မန်စီးတီးအတွက် ၄ ဂိုးအထိသွင်းယူထားတယ်။ ကန်ဆယ်လိုရဲ့ဖြတ်တင်ဘောကို အသာအယာအဆုံးသတ်ပြီး ဖူလ်ဟမ်ကို ဦးဆောင်သွားခဲ့တယ်။ ဒါဟာ တချို့တိိုက်စစ်မှူးတွေထက်တောင် ဂိုးသွင်းနှုန်းအရ မြင့်တက်နေတဲ့ အနေအထားပါ။

ချန်ပီယံဗိုလ်ဝင်ခံဖို့ ၁၄ မှတ်သာလိုအပ်တော့တဲ့ မန်စီးတီး
ပရီးမီယားလိဂ်လက်ကျန်က ၁၀ ပွဲသာကစားရဖို့ ရှိတော့တယ်။ ဒီရာသီကို အနှစ်ချုပ်မယ်ဆိုရင် ဘယ်အသင်းက ချန်ပီယံဖြစ်မလဲလို့ အတပ်ဟောဖို့ မဖြစ်နိုင်ပေမယ့် အမှတ်ပေးဇယား အဆင့် ၁ နေရာက မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ဗိုလ်ဝင်ခံဖို့ ရမှတ် ၁၄ မှတ်သာ လိုအပ်တော့တာဖြစ်တယ်။ ခြေတလှမ်းချင်းဟာ ဤခရီးကို နီးလာစေတယ်။ ဖူလ်ဟမ်​ကို ၃ ဂိုးပြတ်တီးအပြီးမှာ ယူနိုက်တက်ကို ၁၇ မှတ်ဖြတ်လိုက်တယ်။ တားမရဆီးမရ ကုန်တင်ကားကြီးလို ရမှတ်တွေကို သိမ်းကျုံးတင်ဆောင်သွားမယ့် မန်စီးတီးက ဒီလောက်အားသာပြီးကြီးမားနေတဲ့ အခွင့်အရေးကောင်းကြီးကို ခြေချော်သွားဖို့ဆိုတာက မဖြစ်နိုင်ရေးချ အ​နေအထားမျိုးပါ။ မန်စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့ အနီးစပ်ဆုံးတောင်ကုန်းကို ရောက်နေတာဖြစ်ပြီး ဒီကနေ ပြန်ခုန်ချဖို့ဆိုတာ စိတ်ကူးယဥ်မှုသက်သက်သာ ဖြစ်ပါလိမ့်မယ်။

လီဗာပူးလ်အပြီး မန်စီးတီးကိုအနိုင်ကန်ဖို့ ကြိုးစားခဲ့တဲ့ ဖူလ်ဟမ်
ပထမပိုင်းမှာ မန်စီးတီးရဲ့လူအလှည့်အ​ပြောင်းတွေနဲ့အတူ ပွဲထွက်လာမှုက ဖူလ်ဟမ်ရဲ့ခံစစ်မာကျောစုစည်းမှုကို ကျော်ဖြတ်မရဖြစ်စေခဲ့တယ်။ မန်စီးတီးထိုးဖောက်သမျှဟာ အချည်းနှီးဖြစ်နေခဲ့တယ်။ လီဗာပူးလ်ကို အနိုင်ကစားခဲ့တဲ့ နည်းလမ်းနဲ့ မန်စီးတီးကိုပါ ဆက်တိုက်အနိုင်ကစားသွားဖို့ စကော့ပါကားရဲ့ ဖူလ်ဟမ်အသင်းရဲ့ ကျားချောင်းချောင်းနေတာကို မြင်တွေ့ခဲ့ရတယ်။ တိုက်စစ်မှုးလွတ်ခ်မန်းကိုတည်ပြီး မန်စီးတီးခံစစ်ကို အမြင့်ဘောတွေရိုက်တင်ပြီး ထိုးနှက်ဖို့ကြိုးစားခဲ့တယ်။ နောက်ဆုံး ၇ ပွဲမှာ ခံစစ်က ၂ ဂိုးသာပေးခဲ့ရတဲ့ ဖူလ်ဟမ်အတွက် ကံဆိုးခဲ့တာက ဒါဟာတိုက်စစ်မုဆိုး မန်စီးတီးအသင်း ဖြစ်နေတာပါပဲ။ ဒုတိယပိုင်းမှာတော့ ပွဲစစချင်း အာရုံစူးစိုက်မှုကင်းလွတ်နေတဲ့ ဖူလ်ဟမ်အသင်းဟာ လူကပ်မထားမိတဲ့ ဂျွန်စတုန်းစ်ကြောင့် လျင်လျင်မြန်မြန်ပဲ အပြစ်ဒဏ်သင့်သွားခဲ့တယ်။

စိတ်ဝင်စားစရာကောင်းနေတဲ့ စကော့ပါကား
ဖူလ်ဟမ်အသင်းဟာ မန်စီးတီးရဲ့ဖိအားပေးမှုအောက်မှာ ဒူးထောက်ခဲ့ရပေမယ့် စကော့ပါကားမှာ စိတ်ဝင်စားစရာ ရှုထောင့်တွေ မြင်ခဲ့ရတယ်။ ဖူလ်ဟမ်ဟာ မန်စီးတီးမဟုတ်တဲ့ ပြိုင်ဘက်သာဖြစ်ခဲ့ရင် ဒီပွဲ​ခြေစွမ်းဟာ အနိုင်ကစားဖို့ ဓားလိုသွေးထားပြီးတဲ့ စွမ်းဆောင်ရည်မျိုးဖြစ်တယ်။ ဗဟိုကွင်းလယ်လူ ၄ ဦးအထိ ထည့်သွင်းကစားခဲ့တဲ့ ပါကားရဲ့နည်းဗျူဟာက အလုပ်ဖြစ်ခဲ့တယ်။

ကွင်းလယ်မှာတင် မန်စီးတီးကိုထိန်းချုပ်ဖို့ကြိုးစားတယ်။ တိုက်စစ်တိုးအား တန့်သွားအောင်လုပ်တယ်။ မန်စီးတီးတိုက်စစ်မှူးတွေကို လှုပ်မရအောင် လူကပ်ကစားထားတယ်။ မန်စီးတီးရှေ့တန်းကစားသမားတွေနောက်ကို အရိပ်လိုလိုက်နေခဲ့တယ်။ သူတို့ဆီဘောလုံးတွေ ရောက်မလာအောင် ဖြတ်တောက်ပစ်တယ်။ ဒီအားသာချက်တွေက အထင်ကြီးစရာဖြစ်ခဲ့သလို တဖက်မှာလည်း ဖူလ်ဟမ်တိုက်စစ်ကစားပုံက အခုထက်ပိုတိုးတက်ဖို့ လိုနေသေးတာလည်းအမှန်ပါ။ တန်းဆင်းဇုန်ရုန်းအားမှာ စကော့ပါကားရဲ့ နည်းဗျူဟာတွေက အလုပ်ဖြစ်​နေပါတယ်။

ဘူဒါပတ်စ်ကို လန်းဆန်းနေတဲ့လူစာရင်းနဲ့ ခရီးဆက်မယ်
မန်စီးတီးဟာ ဒီပွဲမှာ တချိို့အဓိက ကစားသမားတွေကို အနားပေးပြီး ကြီးကြီးမားမား လူအလှည့်အပြောင်းလုပ်ခဲ့တယ်။ မိုချန်ဂလာဘတ်နဲ့ ချန်ပီယံလိဂ်ပွဲစဥ်ကို လန်းဆန်းနေတဲ့ ခရီးဆက်နိုင်တော့မယ်လို့ ဂွာဒီယိုလာက ဝမ်းသာအားရပြောခဲ့တယ်။ ဒါပြီးရင် FA ဖလား ကွာတားဖိုင်နယ်ကိုလည်း ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ တက်တက်ကြွကြွနဲ့ ပြောလာတယ်။ ဂွာဒီယိုလာရဲ့တက်ကြွမှုမှာ ယုံကြည်ချက်တွေပါဝင်နေတယ်။ စိတ်ဓာတ်ပြည့်ဝနေတဲ့ မန်စီးတီးရဲ့ ဒီနှစ်ခြေစွမ်း​က အထူးပြည့်ဝနေတယ်။ ဘာမဆိုလုပ်ပြသွားတော့မယ့် တောက်လောင်နေတဲ့ ဆန္ဒမျိုးဟာ ဖုံးကွယ်ထားမရအောင်ကို ပေါ် ပေါ်လွင်လှပါတယ်။

ဖူလ်ဟမ်ကို နောက်ဆုံး ၇ ပွဲ၊ ၂၁ ဂိုးသွင်းတဲ့ မန်စီးတီး
မန်စီးတီးအသင်းဟာ ဖူလ်ဟမ်အသင်းကို ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ၂၁ ဂိုးအထိ သွင်းယူထားတယ်။ ဂိုးမြူးတဲ့ ငယ်နိုင်အသင်းလို ချေဖျက်ကစားထားတယ်။ ပေးဂိုး တဂိုးမှ မရှိခဲ့ဘူး။ ဒါဟာထူးခြားပါတယ်။ မန်စီးတီးမှာ စံချိန်တခုရှိခဲ့ဖူးတယ်။ ၂၀၁၀-၁၃ ခုနှစ်အတွင်း ဝီဂန်အသင်းကို ၇ ပွဲတွေ့ဆုံရာမှာ တဂိုးမှ မပေးခဲ့ရပါဘူး။ ပြိုင်ဘက်အသင်းတသင်းကို အကြာမြင့်ဆုံးဂိုးမပေးရတဲ့စံချိန်ကို ​ပြိုင်ဘက်ဖူလ်ဟမ်အသင်းနဲ့ နောက်တကြိမ် စိုက်ထူလိုက်ပြီဖြစ်တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ဂိုးမိုးေခါင္မႈကို အဆုံးသတ္ခဲ့တဲ့ အေဂြ႐ို
ၿပီးခဲ့တဲ့လပိုင္းေတြဟာ အေဂြ႐ိုအတြက္ စိတ္ေရာကိုယ္ပါ ေထာင္းေထာင္းေၾကခဲ့တဲ့ အခ်ိန္ကာလေတြျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဇြန္လမွာ ဒူးဒဏ္ရာကို ျပန္ရခဲ့တယ္။ ဒီေၾကာက္မက္ဖြယ္ ဒဏ္ရာဟာ သူ႔ကစားသမားဘဝတေလွ်ာက္လုံးကို ႏွိပ္စက္ေနခဲ့တာျဖစ္တယ္။

ဒီပြဲမွာေတာ့ သူ႔ကစားသမားဘဝတေလွ်ာက္ အၾကာျမင့္ဆုံး ဂိုးမိုးေခါင္မႈကိုအဆုံးသတ္ဖို႔ ကြင္းထဲကို ဝင္ေရာက္လာခဲ့တဲ့အေဂြ႐ိုဟာ ၄၁၇ ရက္အတြင္း သူ႔ရဲ႕ပထမဆုံးပရီးမီးယားလိဂ္ဂိုးကို ျပန္လည္သြင္းယူသြားခဲ့တယ္။ ေျခစြမ္းအရေတာ့ သူဟာပုံမွန္ေအာက္ကို ေရာက္ရွိေနခဲ့တာဟာ စိတ္မသက္သာစရာ ျမင္ေတြ႕ခဲ့ရတယ္။

ဂိုးသြင္းႏႈန္းထက္ျမက္ေနတဲ့ ဂြၽန္စတုန္းစ္
အခုလက္ရွိရာသီက ဂြၽန္စတုန္းစ္ရဲ႕ရာသီလို႔ေတာင္ဆိုႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ေႏြမွာ အသင္းနဲ႔ခြာၿပဲေတာ့မလိုျဖစ္ၿပီး ယိုင္နဲ႔ခဲ့တဲ့ ဂြၽန္စတုန္းစ္ဟာ လာေပၚေတးရဲ႕ ဒဏ္ရာတခ်က္ေၾကာင့္ မန္စီးတီးအသင္းမွာ သူ႔ရဲ႕အနာဂတ္ကို ဆက္လက္တည္ရွိိေနေစခဲ့တာပါ။ ပြဲထြက္ခြင့္နဲ႔ ထိုက္တန္ေၾကာင္း သက္ေသျပၿပီး ဒီရာသီမွာ ဂြာဒီယိုလာရဲ႕လက္စြဲေတာ္ျဖစ္လာတယ္။ မန္စီးတီးရဲ႕ ခံစစ္ေၾကာင္း ေက်ာက္ေဆာင္ေက်ာက္သားလို မာေက်ာလာေစေအာင္ ဦးေဆာင္ခဲ့တယ္။ ပရီးမီးယားလိဂ္ Clean Sheet အမ်ားဆုံးနဲ႔ ေပးဂိုးအနည္းဆုံးအသင္းျဖစ္လာတယ္။ သူ႔ရဲ႕ ေနာက္ဆုံး ၁၀ ပြဲမွာ မန္စီးတီးအတြက္ ၄ ဂိုးအထိသြင္းယူထားတယ္။ ကန္ဆယ္လိုရဲ႕ျဖတ္တင္ေဘာကို အသာအယာအဆုံးသတ္ၿပီး ဖူလ္ဟမ္ကို ဦးေဆာင္သြားခဲ့တယ္။ ဒါဟာ တခ်ိဳ႕တိိုက္စစ္မႉးေတြထက္ေတာင္ ဂိုးသြင္းႏႈန္းအရ ျမင့္တက္ေနတဲ့ အေနအထားပါ။

ခ်န္ပီယံဗိုလ္ဝင္ခံဖို႔ ၁၄ မွတ္သာလိုအပ္ေတာ့တဲ့ မန္စီးတီး
ပရီးမီယားလိဂ္လက္က်န္က ၁၀ ပြဲသာကစားရဖို႔ ရွိေတာ့တယ္။ ဒီရာသီကို အႏွစ္ခ်ဳပ္မယ္ဆိုရင္ ဘယ္အသင္းက ခ်န္ပီယံျဖစ္မလဲလို႔ အတပ္ေဟာဖို႔ မျဖစ္ႏိုင္ေပမယ့္ အမွတ္ေပးဇယား အဆင့္ ၁ ေနရာက မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္ဗိုလ္ဝင္ခံဖို႔ ရမွတ္ ၁၄ မွတ္သာ လိုအပ္ေတာ့တာျဖစ္တယ္။ ေျခတလွမ္းခ်င္းဟာ ဤခရီးကို နီးလာေစတယ္။ ဖူလ္ဟမ္​ကို ၃ ဂိုးျပတ္တီးအၿပီးမွာ ယူႏိုက္တက္ကို ၁၇ မွတ္ျဖတ္လိုက္တယ္။ တားမရဆီးမရ ကုန္တင္ကားႀကီးလို ရမွတ္ေတြကို သိမ္းက်ဳံးတင္ေဆာင္သြားမယ့္ မန္စီးတီးက ဒီေလာက္အားသာၿပီးႀကီးမားေနတဲ့ အခြင့္အေရးေကာင္းႀကီးကို ေျခေခ်ာ္သြားဖို႔ဆိုတာက မျဖစ္ႏိုင္ေရးခ် အ​ေနအထားမ်ိဳးပါ။ မန္စီးတီးက ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာဖို႔ အနီးစပ္ဆုံးေတာင္ကုန္းကို ေရာက္ေနတာျဖစ္ၿပီး ဒီကေန ျပန္ခုန္ခ်ဖို႔ဆိုတာ စိတ္ကူးယဥ္မႈသက္သက္သာ ျဖစ္ပါလိမ့္မယ္။

လီဗာပူးလ္အၿပီး မန္စီးတီးကိုအႏိုင္ကန္ဖို႔ ႀကိဳးစားခဲ့တဲ့ ဖူလ္ဟမ္
ပထမပိုင္းမွာ မန္စီးတီးရဲ႕လူအလွည့္အ​ေျပာင္းေတြနဲ႔အတူ ပြဲထြက္လာမႈက ဖူလ္ဟမ္ရဲ႕ခံစစ္မာေက်ာစုစည္းမႈကို ေက်ာ္ျဖတ္မရျဖစ္ေစခဲ့တယ္။ မန္စီးတီးထိုးေဖာက္သမွ်ဟာ အခ်ည္းႏွီးျဖစ္ေနခဲ့တယ္။ လီဗာပူးလ္ကို အႏိုင္ကစားခဲ့တဲ့ နည္းလမ္းနဲ႔ မန္စီးတီးကိုပါ ဆက္တိုက္အႏိုင္ကစားသြားဖို႔ စေကာ့ပါကားရဲ႕ ဖူလ္ဟမ္အသင္းရဲ႕ က်ားေခ်ာင္းေခ်ာင္းေနတာကို ျမင္ေတြ႕ခဲ့ရတယ္။ တိုက္စစ္မႈးလြတ္ခ္မန္းကိုတည္ၿပီး မန္စီးတီးခံစစ္ကို အျမင့္ေဘာေတြ႐ိုက္တင္ၿပီး ထိုးႏွက္ဖို႔ႀကိဳးစားခဲ့တယ္။ ေနာက္ဆုံး ၇ ပြဲမွာ ခံစစ္က ၂ ဂိုးသာေပးခဲ့ရတဲ့ ဖူလ္ဟမ္အတြက္ ကံဆိုးခဲ့တာက ဒါဟာတိုက္စစ္မုဆိုး မန္စီးတီးအသင္း ျဖစ္ေနတာပါပဲ။ ဒုတိယပိုင္းမွာေတာ့ ပြဲစစခ်င္း အာ႐ုံစူးစိုက္မႈကင္းလြတ္ေနတဲ့ ဖူလ္ဟမ္အသင္းဟာ လူကပ္မထားမိတဲ့ ဂြၽန္စတုန္းစ္ေၾကာင့္ လ်င္လ်င္ျမန္ျမန္ပဲ အျပစ္ဒဏ္သင့္သြားခဲ့တယ္။

စိတ္ဝင္စားစရာေကာင္းေနတဲ့ စေကာ့ပါကား
ဖူလ္ဟမ္အသင္းဟာ မန္စီးတီးရဲ႕ဖိအားေပးမႈေအာက္မွာ ဒူးေထာက္ခဲ့ရေပမယ့္ စေကာ့ပါကားမွာ စိတ္ဝင္စားစရာ ရႈေထာင့္ေတြ ျမင္ခဲ့ရတယ္။ ဖူလ္ဟမ္ဟာ မန္စီးတီးမဟုတ္တဲ့ ၿပိဳင္ဘက္သာျဖစ္ခဲ့ရင္ ဒီပြဲ​ေျခစြမ္းဟာ အႏိုင္ကစားဖို႔ ဓားလိုေသြးထားၿပီးတဲ့ စြမ္းေဆာင္ရည္မ်ိဳးျဖစ္တယ္။ ဗဟိုကြင္းလယ္လူ ၄ ဦးအထိ ထည့္သြင္းကစားခဲ့တဲ့ ပါကားရဲ႕နည္းဗ်ဴဟာက အလုပ္ျဖစ္ခဲ့တယ္။

ကြင္းလယ္မွာတင္ မန္စီးတီးကိုထိန္းခ်ဳပ္ဖို႔ႀကိဳးစားတယ္။ တိုက္စစ္တိုးအား တန္႔သြားေအာင္လုပ္တယ္။ မန္စီးတီးတိုက္စစ္မႉးေတြကို လႈပ္မရေအာင္ လူကပ္ကစားထားတယ္။ မန္စီးတီးေရွ႕တန္းကစားသမားေတြေနာက္ကို အရိပ္လိုလိုက္ေနခဲ့တယ္။ သူတို႔ဆီေဘာလုံးေတြ ေရာက္မလာေအာင္ ျဖတ္ေတာက္ပစ္တယ္။ ဒီအားသာခ်က္ေတြက အထင္ႀကီးစရာျဖစ္ခဲ့သလို တဖက္မွာလည္း ဖူလ္ဟမ္တိုက္စစ္ကစားပုံက အခုထက္ပိုတိုးတက္ဖို႔ လိုေနေသးတာလည္းအမွန္ပါ။ တန္းဆင္းဇုန္႐ုန္းအားမွာ စေကာ့ပါကားရဲ႕ နည္းဗ်ဴဟာေတြက အလုပ္ျဖစ္​ေနပါတယ္။

ဘူဒါပတ္စ္ကို လန္းဆန္းေနတဲ့လူစာရင္းနဲ႔ ခရီးဆက္မယ္
မန္စီးတီးဟာ ဒီပြဲမွာ တခ်ိို႔အဓိက ကစားသမားေတြကို အနားေပးၿပီး ႀကီးႀကီးမားမား လူအလွည့္အေျပာင္းလုပ္ခဲ့တယ္။ မိုခ်န္ဂလာဘတ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္ကို လန္းဆန္းေနတဲ့ ခရီးဆက္ႏိုင္ေတာ့မယ္လို႔ ဂြာဒီယိုလာက ဝမ္းသာအားရေျပာခဲ့တယ္။ ဒါၿပီးရင္ FA ဖလား ကြာတားဖိုင္နယ္ကိုလည္း ကစားဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ တက္တက္ႂကြႂကြနဲ႔ ေျပာလာတယ္။ ဂြာဒီယိုလာရဲ႕တက္ႂကြမႈမွာ ယုံၾကည္ခ်က္ေတြပါဝင္ေနတယ္။ စိတ္ဓာတ္ျပည့္ဝေနတဲ့ မန္စီးတီးရဲ႕ ဒီႏွစ္ေျခစြမ္း​က အထူးျပည့္ဝေနတယ္။ ဘာမဆိုလုပ္ျပသြားေတာ့မယ့္ ေတာက္ေလာင္ေနတဲ့ ဆႏၵမ်ိဳးဟာ ဖုံးကြယ္ထားမရေအာင္ကို ေပၚ ေပၚလြင္လွပါတယ္။

ဖူလ္ဟမ္ကို ေနာက္ဆုံး ၇ ပြဲ၊ ၂၁ ဂိုးသြင္းတဲ့ မန္စီးတီး
မန္စီးတီးအသင္းဟာ ဖူလ္ဟမ္အသင္းကို ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၇ ပြဲမွာ ၂၁ ဂိုးအထိ သြင္းယူထားတယ္။ ဂိုးျမဴးတဲ့ ငယ္ႏိုင္အသင္းလို ေခ်ဖ်က္ကစားထားတယ္။ ေပးဂိုး တဂိုးမွ မရွိခဲ့ဘူး။ ဒါဟာထူးျခားပါတယ္။ မန္စီးတီးမွာ စံခ်ိန္တခုရွိခဲ့ဖူးတယ္။ ၂၀၁၀-၁၃ ခုႏွစ္အတြင္း ဝီဂန္အသင္းကို ၇ ပြဲေတြ႕ဆုံရာမွာ တဂိုးမွ မေပးခဲ့ရပါဘူး။ ၿပိဳင္ဘက္အသင္းတသင္းကို အၾကာျမင့္ဆုံးဂိုးမေပးရတဲ့စံခ်ိန္ကို ​ၿပိဳင္ဘက္ဖူလ္ဟမ္အသင္းနဲ႔ ေနာက္တႀကိမ္ စိုက္ထူလိုက္ၿပီျဖစ္တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.