Premier League Transfer News

14 Mar နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးနဲ့ လိဒ်စ်တို့ သရေကျတဲ့ ပွဲစဉ်မှာ ဂိုးသမား အေဒူယာ မန်ဒီရဲ့ ကာကွယ်မှုတွေက အဓိကကျကြောင်း နောက်ခံလူ ချေးလ်ဝဲလ်က ချီးကျူးလိုက်ပြီး အသင်းအနေနဲ့ ဆီနီဂေါသား ရေဘဝဲကြီးကို ယုံကြည်စိတ်ချနိုင်ပေမယ့် ရှေ့ကတော့ ဂိုးတွေ ပိုရဖို့ လိုနေကြောင်း သတိပေးသွား။

– ဘိုင်ယန်မြူးနစ်နဲ့ ချဲလ်ဆီးအသင်းတို့ကြား ကင်းစလီ ကိုမွန်နဲ့ ခရစ္စတီယန် ပူလီရှစ်ချ်တို့ကို အလဲအထပ်လုပ်မယ့်ကိစ္စမျိုး ရှိလာမှာ မဟုတ်ကြောင်းနဲ့ အမေရိကန်တောင်ပံကစားသမားအနေနဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခွင့်ကို တန်ဖိုးထားပြီး ပွဲထွက်ခွင့်အတွက်ပဲ ကြိုးစားသွားမှာဖြစ်တယ်လို့ ဖာဘရီဇီယို ရိုမာနို ပြောကြား။

– ချဲလ်ဆီးအသင်းအနေနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်အတွက် မေဆန်မောင့်နဲ့ ဂျော်ဂျင်ညိုတို့ ပွဲပယ်ခံထားရလို့ အားနည်းနေခဲ့ပေမယ့် တစ်ဖက်အသင်းရဲ့ လာလီဂါမှာ ဆိုးရွားနေတဲ့ ပုံစံတွေကတော့ အိမ်ကွင်းမှာ ကစားရမယ့် တူဟယ်လ်တို့အဖွဲ့အတွက် အားတက်စရာ ဖြစ်လာ။

– လာမယ့်နွေရာသီမှာ အာလင်း ဟားလန်းကို ရရှိဖို့ဟာ ချဲလ်ဆီးတို့အတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် ရည်မှန်းချက်ဖြစ်ပြီး သူတို့အသင်းကို နောက်တစ်ဆင့်မြင့်တက်အောင် နော်ဝေသားက လုပ်ဆောင်နိုင်လိမ့်မယ်လို့ လိဒ်စ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲအပြီးမှာ ရီယို ဖာဒီနန်က တိုက်တွန်းသွား။

– ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့ အသင်းသားတွေကြား ကွင်းတွင်းမှာ ဆက်သွယ်ပြောဆိုဖို့ လျှို့ဝှက်စကားတွေကို တီထွင်ပေးထားပြီး ကိုယ့်ဘက်က နည်းစနစ်နဲ့ ကစားပုံအတွက် ညွှန်ကြားရာမှာ တစ်ဖက်အသင်းက အလွယ်တကူ မသိရှိနိုင်ဖို့ လုပ်ဆောင်ထားတယ်လို့ သိရ။

– ပေါ်တိုအသင်းနဲ့အတူ ခြေစွမ်းပြနေခဲ့တဲ့ နောက်ခံလူ မာလန်း ဆားရ်က မတ်လမှာ ရပ်တန့်သွားခဲ့တဲ့ လီဂူးဝမ်းကြောင့် ချဲလ်ဆီးမှာ ချက်ချင်း ကစားခွင့်မရနိုင်ခဲ့တာလို့ နားလည်ထားကြောင်းနဲ့ ဒီအသင်းမှာ ကြိုးစားပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာ နေရာတစ်နေရာ ပိုင်ဆိုင်နိုင်ဖို့ ဆုံးဖြတ်ထားကြောင်း ပြောကြားသွား။

– ချဲလ်ဆီးဂိုးသမား အေဒူယာ မန်ဒီအနေနဲ့ သူ့ရဲ့ ဘောလုံးပေးပို့မှုကို ပိုမိုတိုးတက်လာအောင် လုပ်ဆောင်ရမှာဖြစ်ပြီး ဒါဟာ သူ့ရဲ့ တစ်ခုတည်းသော အားနည်းချက်ဖြစ်သလို ကျန်တဲ့ ကာကွယ်မှုအပိုင်းတွေမှာ ထူးချွန်တဲ့ပုံစံကို ရီယို ဖာဒီနန်က ချီးကျူးလိုက်ပြီး နံပါတ်တစ်ဂိုးသမားနေရာကို ပိုင်ဆိုင်နိုင်ဖို့ အကြံပေးသွား။

– တောင်ပံကစားသမား ဟာကင်းမ် ဇီးယက်ရှ်ဟာ ဖရန့် လမ်းပတ်လက်ထက်က ပိုမိုကောင်းမွန်ခဲ့ပေမယ့် တူဟယ်လ်ရဲ့ နည်းစနစ်မှာတော့ ရုန်းကန်နေခဲ့ရကြောင်းနဲ့ ကစားသမားအနေနဲ့ ကစားပုံသစ်နဲ့အတူ တိုးတက်လာအောင် အသင်းဖော်တွေနဲ့ ကစားကွက်ကို ပိုမိုနားလည်အောင် လုပ်ဆောင်ရမှာဖြစ်တယ်လို့ နောက်ခံလူဟောင်း မာရီယို မဲလ်ခီယော့ တိုက်တွန်း။

– လိဒ်စ်ယူနိုက်တက်နဲ့ပွဲမှာ ခရစ္စတီယန် ပူလီရှစ်ချ်ကို Wing Back နေရာမှာ သုံးခဲ့တဲ့ သောမတ်စ် တူဟယ်လ်ကို နောက်ခံလူဟောင်း ဖရန့်ခ် လူးဘတ်ဖ်က ပြစ်တင်ပြောကြားလိုက်သလို အမေရိကန်သားကို လုံးဝအသုံးမကျတဲ့သူတစ်ယောက်လို့ လူတွေက မြင်အောင် လုပ်လိုက်သလိုပဲလို့ ထိုးနှက်သွားခဲ့ပြီး သူ့ရဲ့ နေရာမှန်ဟာ ဘယ်ခြမ်းတိုက်စစ်ပဲဖြစ်ကြောင်းဆိုသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ခ်ဲလ္ဆီးနဲ႔ လိဒ္စ္တို႔ သေရက်တဲ့ ပြဲစဥ္မွာ ဂိုးသမား ေအဒူယာ မန္ဒီရဲ႕ ကာကြယ္မႈေတြက အဓိကက်ေၾကာင္း ေနာက္ခံလူ ေခ်းလ္ဝဲလ္က ခ်ီးက်ဴးလိုက္ၿပီး အသင္းအေနနဲ႔ ဆီနီေဂါသား ေရဘဝဲႀကီးကို ယုံၾကည္စိတ္ခ်ႏိုင္ေပမယ့္ ေရွ႕ကေတာ့ ဂိုးေတြ ပိုရဖို႔ လိုေနေၾကာင္း သတိေပးသြား။

– ဘိုင္ယန္ျမဴးနစ္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ၾကား ကင္းစလီ ကိုမြန္နဲ႔ ခရစၥတီယန္ ပူလီရွစ္ခ်္တို႔ကို အလဲအထပ္လုပ္မယ့္ကိစၥမ်ိဳး ရွိလာမွာ မဟုတ္ေၾကာင္းနဲ႔ အေမရိကန္ေတာင္ပံကစားသမားအေနနဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ကစားခြင့္ကို တန္ဖိုးထားၿပီး ပြဲထြက္ခြင့္အတြက္ပဲ ႀကိဳးစားသြားမွာျဖစ္တယ္လို႔ ဖာဘရီဇီယို ႐ိုမာႏို ေျပာၾကား။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ အက္သလက္တီကို မက္ဒရစ္အသင္းနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့ပြဲစဥ္အတြက္ ေမဆန္ေမာင့္နဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔ ပြဲပယ္ခံထားရလို႔ အားနည္းေနခဲ့ေပမယ့္ တစ္ဖက္အသင္းရဲ႕ လာလီဂါမွာ ဆိုး႐ြားေနတဲ့ ပုံစံေတြကေတာ့ အိမ္ကြင္းမွာ ကစားရမယ့္ တူဟယ္လ္တို႔အဖြဲ႕အတြက္ အားတက္စရာ ျဖစ္လာ။

– လာမယ့္ေႏြရာသီမွာ အာလင္း ဟားလန္းကို ရရွိဖို႔ဟာ ခ်ဲလ္ဆီးတို႔အတြက္ မျဖစ္မေန လုပ္ေဆာင္ရမယ့္ ရည္မွန္းခ်က္ျဖစ္ၿပီး သူတို႔အသင္းကို ေနာက္တစ္ဆင့္ျမင့္တက္ေအာင္ ေနာ္ေဝသားက လုပ္ေဆာင္ႏိုင္လိမ့္မယ္လို႔ လိဒ္စ္နဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ ပြဲအၿပီးမွာ ရီယို ဖာဒီနန္က တိုက္တြန္းသြား။

– ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ အသင္းသားေတြၾကား ကြင္းတြင္းမွာ ဆက္သြယ္ေျပာဆိုဖို႔ လွ်ိဳ႕ဝွက္စကားေတြကို တီထြင္ေပးထားၿပီး ကိုယ့္ဘက္က နည္းစနစ္နဲ႔ ကစားပုံအတြက္ ၫႊန္ၾကားရာမွာ တစ္ဖက္အသင္းက အလြယ္တကူ မသိရွိႏိုင္ဖို႔ လုပ္ေဆာင္ထားတယ္လို႔ သိရ။

– ေပၚတိုအသင္းနဲ႔အတူ ေျခစြမ္းျပေနခဲ့တဲ့ ေနာက္ခံလူ မာလန္း ဆားရ္က မတ္လမွာ ရပ္တန႔္သြားခဲ့တဲ့ လီဂူးဝမ္းေၾကာင့္ ခ်ဲလ္ဆီးမွာ ခ်က္ခ်င္း ကစားခြင့္မရႏိုင္ခဲ့တာလို႔ နားလည္ထားေၾကာင္းနဲ႔ ဒီအသင္းမွာ ႀကိဳးစားၿပီး စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ေနရာတစ္ေနရာ ပိုင္ဆိုင္ႏိုင္ဖို႔ ဆုံးျဖတ္ထားေၾကာင္း ေျပာၾကားသြား။

– ခ်ဲလ္ဆီးဂိုးသမား ေအဒူယာ မန္ဒီအေနနဲ႔ သူ႔ရဲ႕ ေဘာလုံးေပးပို႔မႈကို ပိုမိုတိုးတက္လာေအာင္ လုပ္ေဆာင္ရမွာျဖစ္ၿပီး ဒါဟာ သူ႔ရဲ႕ တစ္ခုတည္းေသာ အားနည္းခ်က္ျဖစ္သလို က်န္တဲ့ ကာကြယ္မႈအပိုင္းေတြမွာ ထူးခြၽန္တဲ့ပုံစံကို ရီယို ဖာဒီနန္က ခ်ီးက်ဴးလိုက္ၿပီး နံပါတ္တစ္ဂိုးသမားေနရာကို ပိုင္ဆိုင္ႏိုင္ဖို႔ အႀကံေပးသြား။

– ေတာင္ပံကစားသမား ဟာကင္းမ္ ဇီးယက္ရွ္ဟာ ဖရန႔္ လမ္းပတ္လက္ထက္က ပိုမိုေကာင္းမြန္ခဲ့ေပမယ့္ တူဟယ္လ္ရဲ႕ နည္းစနစ္မွာေတာ့ ႐ုန္းကန္ေနခဲ့ရေၾကာင္းနဲ႔ ကစားသမားအေနနဲ႔ ကစားပုံသစ္နဲ႔အတူ တိုးတက္လာေအာင္ အသင္းေဖာ္ေတြနဲ႔ ကစားကြက္ကို ပိုမိုနားလည္ေအာင္ လုပ္ေဆာင္ရမွာျဖစ္တယ္လို႔ ေနာက္ခံလူေဟာင္း မာရီယို မဲလ္ခီေယာ့ တိုက္တြန္း။

– လိဒ္စ္ယူႏိုက္တက္နဲ႔ပြဲမွာ ခရစၥတီယန္ ပူလီရွစ္ခ်္ကို Wing Back ေနရာမွာ သုံးခဲ့တဲ့ ေသာမတ္စ္ တူဟယ္လ္ကို ေနာက္ခံလူေဟာင္း ဖရန႔္ခ္ လူးဘတ္ဖ္က ျပစ္တင္ေျပာၾကားလိုက္သလို အေမရိကန္သားကို လုံးဝအသုံးမက်တဲ့သူတစ္ေယာက္လို႔ လူေတြက ျမင္ေအာင္ လုပ္လိုက္သလိုပဲလို႔ ထိုးႏွက္သြားခဲ့ၿပီး သူ႔ရဲ႕ ေနရာမွန္ဟာ ဘယ္ျခမ္းတိုက္စစ္ပဲျဖစ္ေၾကာင္းဆိုသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.