Premier League

အာဆင္နယ္တုိက္စစ္ပုိင္းကို ေႏြရာသီမွာ အေျပာင္းအလဲလုပ္သြားဖြယ္ရွိ

အာဆင္နယ္အသင္းနည္းျပသစ္ျဖစ္လာတဲ့ မုိက္ကယ္ အာတီတာအေနနဲ႔ သူတို႔ရဲ႕ တုိက္စစ္ပုိင္းက နာမည္ႀကီးကစားသမားေတြကို ေႏြရာသီမွာ ေရာင္းခ်ဖို႔ စီစဥ္ေနၿပီး ေရာင္းရတဲ့အေပၚမွာ ျပန္လည္အစားထုိးသြားဖို႔ရွိေၾကာင္း ကၽြမ္းက်င္သူေတြက ခန္႔မွန္းခဲ့ပါတယ္။

အသင္းကေန ႐ုံခါမယ့္ စာရင္းထဲမွာ လခအႀကီးဆုံးကြင္းလယ္ဖန္တီးရွင္ နံပါတ္ ၁၀ မီဆတ္ အုိေဇးလ္၊ ေျခစြမ္းမေကာင္းဘဲ ဂိုးေပါက္ေပ်ာက္ေနခဲ့တဲ့ အလက္ဇန္းဒါး လာကာဇက္နဲ႔ အခ်ိန္ရတုန္းမွာ ေငြျပန္ေဖာ္ရမယ့္ ဂိုးသြင္းဘုရင္ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းတုိ႔ ပါဝင္ေနတယ္လို႔ Sports Mail က ေရးသားခဲ့ပါတယ္။

အာဆင္နယ္အသင္းရဲ႕ နည္းျပအေျပာင္းအလဲမွာ ေျခစြမ္းေပ်ာက္ဆုံးခဲ့ရတဲ့ အိုေဇးလ္အေနနဲ႔ ႀကဳိးစားကစားခဲ့ေပမယ့္ အရင္ကလို ေျခစြမ္းမ်ဳိးကိုေတာ့ ပုိင္ဆုိင္ထားျခင္းမရွိဘဲ သူ႕ရဲ႕ Assist King ဆိုတဲ့ ဂုဏ္ပုဒ္ကို မန္စီးတီးကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားက သိမ္းပုိက္သြားခဲ့ၿပီျဖစ္သလို အသင္းရဲ႕ ဖန္တီးမွဳအမ်ားဆုံးကလည္း လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာျဖစ္ေနတဲ့အထိ ေနာက္ပုိင္းမွာ အသင္းေဖာ္ေတြနဲ႔ အတြဲအဖက္မိမွဳကပါ က်ဆင္းလာသလိုျဖစ္ေနခဲ့ပါတယ္။

လာကာဇက္ကေတာ့ ေနရာလြတ္ေတြ ရွာေဖြေပးႏုိင္ေပမယ့္ အဆုံးသတ္ပုိင္းမွာ တုိက္စစ္မွဴးတစ္ဦးရဲ႕ ႀကဳံသလုိ အသုံးခ်ႏိုင္စြမ္းမရွိေတာ့ဘဲ အပုိင္အခြင့္အေရးေတြကိုပါ လြဲေခ်ာ္ေနေပမယ့္ အက္ဒင္ဆန္ ကာဗာနီကို မရလုိက္တဲ့ အက္သလက္တီကို မက္ဒရစ္ရဲ႕ တုိက္စစ္ျမားဦးအတြက္ေတာ့ စိတ္ဝင္စားခံေနရဆဲလည္းျဖစ္ပါတယ္။

အာတီတာအေနနဲ႔ အနာဂတ္မွာ ေျခစြမ္းျပႏုိင္တဲ့ လူငယ္ေတြကို စုစည္းဖို႔ ရွိေနရာမွာ ေနရာယူေကာင္းမြန္မွဳကေန ေျပးဝင္ပိတ္သြင္းတဲ့ တစ္ေပါက္တည္းကသာ ဂိုးသြင္းယူႏိုင္တဲ့ အသင္းေခါင္းေဆာင္ အူဘာမီယန္းကိုလည္း ဘာစီလိုနာအသင္းဆီ ေရာင္းခ်သြားဖြယ္ရွိေနၿပီး ဒီေနရာကိုေတာ့ RB လိုက္ပ္ဇစ္ကေန ထြက္ခြာႏုိင္တဲ့ တီမို ဗာနာနဲ႔ အစားထိုးသြားႏိုင္ေျခလည္း ရွိေနပါတယ္။

အသင္းတာဝန္ရွိသူေတြရဲ႕ ယုံၾကည္မွဳနဲ႔ ေထာက္ခံမွဳကို ရရွိထားတဲ့ အသင္းေခါင္းေဆာင္ေဟာင္း အာတီတာအေနနဲ႔ နည္းျပဘဝမွာ အာဆင္နယ္ကို အသစ္တစ္ဖန္ ျပန္လည္တည္ေဆာက္သြားဖြယ္ရွိေနၿပီး ေႏြရာသီမွာ ေရာင္းခ်ၿပီး ျပန္ဝယ္တဲ့ ပုံစံကို က်င့္သုံးသြားဖို႔ ရွိေနသလို အိုေဇးလ္ရဲ႕ တစ္ႏွစ္ကို ေပါင္ ၁၈ သန္းေက်ာ္ေပးေနရတဲ့ လစာေငြကိုလည္း ေလွ်ာ့ခ်သြားႏိုင္ဖို႔ ရည္ရြယ္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: SPORTS MAIL VIA DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းနည်းပြသစ်ဖြစ်လာတဲ့ မိုက်ကယ် အာတီတာအနေနဲ့ သူတို့ရဲ့ တိုက်စစ်ပိုင်းက နာမည်ကြီးကစားသမားတွေကို နွေရာသီမှာ ရောင်းချဖို့ စီစဉ်နေပြီး ရောင်းရတဲ့အပေါ်မှာ ပြန်လည်အစားထိုးသွားဖို့ရှိကြောင်း ကျွမ်းကျင်သူတွေက ခန့်မှန်းခဲ့ပါတယ်။

အသင်းကနေ ရုံခါမယ့် စာရင်းထဲမှာ လခအကြီးဆုံးကွင်းလယ်ဖန်တီးရှင် နံပါတ် ၁၀ မီဆတ် အိုဇေးလ်၊ ခြေစွမ်းမကောင်းဘဲ ဂိုးပေါက်ပျောက်နေခဲ့တဲ့ အလက်ဇန်းဒါး လာကာဇက်နဲ့ အချိန်ရတုန်းမှာ ငွေပြန်ဖော်ရမယ့် ဂိုးသွင်းဘုရင် ပျယ်-အမ်မရိခ် အူဘာမီယန်းတို့ ပါဝင်နေတယ်လို့ Sports Mail က ရေးသားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ နည်းပြအပြောင်းအလဲမှာ ခြေစွမ်းပျောက်ဆုံးခဲ့ရတဲ့ အိုဇေးလ်အနေနဲ့ ကြိုးစားကစားခဲ့ပေမယ့် အရင်ကလို ခြေစွမ်းမျိုးကိုတော့ ပိုင်ဆိုင်ထားခြင်းမရှိဘဲ သူ့ရဲ့ Assist King ဆိုတဲ့ ဂုဏ်ပုဒ်ကို မန်စီးတီးကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားက သိမ်းပိုက်သွားခဲ့ပြီဖြစ်သလို အသင်းရဲ့ ဖန်တီးမှုအများဆုံးကလည်း လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာဖြစ်နေတဲ့အထိ နောက်ပိုင်းမှာ အသင်းဖော်တွေနဲ့ အတွဲအဖက်မိမှုကပါ ကျဆင်းလာသလိုဖြစ်နေခဲ့ပါတယ်။

လာကာဇက်ကတော့ နေရာလွတ်တွေ ရှာဖွေပေးနိုင်ပေမယ့် အဆုံးသတ်ပိုင်းမှာ တိုက်စစ်မှူးတစ်ဦးရဲ့ ကြုံသလို အသုံးချနိုင်စွမ်းမရှိတော့ဘဲ အပိုင်အခွင့်အရေးတွေကိုပါ လွဲချော်နေပေမယ့် အက်ဒင်ဆန် ကာဗာနီကို မရလိုက်တဲ့ အက်သလက်တီကို မက်ဒရစ်ရဲ့ တိုက်စစ်မြားဦးအတွက်တော့ စိတ်ဝင်စားခံနေရဆဲလည်းဖြစ်ပါတယ်။

အာတီတာအနေနဲ့ အနာဂတ်မှာ ခြေစွမ်းပြနိုင်တဲ့ လူငယ်တွေကို စုစည်းဖို့ ရှိနေရာမှာ နေရာယူကောင်းမွန်မှုကနေ ပြေးဝင်ပိတ်သွင်းတဲ့ တစ်ပေါက်တည်းကသာ ဂိုးသွင်းယူနိုင်တဲ့ အသင်းခေါင်းဆောင် အူဘာမီယန်းကိုလည်း ဘာစီလိုနာအသင်းဆီ ရောင်းချသွားဖွယ်ရှိနေပြီး ဒီနေရာကိုတော့ RB လိုက်ပ်ဇစ်ကနေ ထွက်ခွာနိုင်တဲ့ တီမို ဗာနာနဲ့ အစားထိုးသွားနိုင်ခြေလည်း ရှိနေပါတယ်။

အသင်းတာဝန်ရှိသူတွေရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှုကို ရရှိထားတဲ့ အသင်းခေါင်းဆောင်ဟောင်း အာတီတာအနေနဲ့ နည်းပြဘဝမှာ အာဆင်နယ်ကို အသစ်တစ်ဖန် ပြန်လည်တည်ဆောက်သွားဖွယ်ရှိနေပြီး နွေရာသီမှာ ရောင်းချပြီး ပြန်ဝယ်တဲ့ ပုံစံကို ကျင့်သုံးသွားဖို့ ရှိနေသလို အိုဇေးလ်ရဲ့ တစ်နှစ်ကို ပေါင် ၁၈ သန်းကျော်ပေးနေရတဲ့ လစာငွေကိုလည်း လျှော့ချသွားနိုင်ဖို့ ရည်ရွယ်နေကြောင်းလည်း သိရှိရပါတယ်။

REF: SPORTS MAIL VIA DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.