La Liga Premier League

ရီးရဲမက္ဒရစ္အသင္းနဲ႔ အဆင္မေျပႏိုင္တဲ့ ဗန္ဒီဘိခ္ကို မန္ခ်က္စတာယူႏုိက္တက္ေခၚယူဖို႔ ေစာင့္ၾကည့္ေန

စပိန္ထိပ္သီးကလပ္ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ အေျပာင္းအေရႊ႕သေဘာတူညီဖို႔အတြက္ နီးစပ္ေနခဲ့ၿပီးမွ စပိန္ကလပ္ရဲ႕ ကစားသမား စီမံခန္႔ခြဲမွဳ အေျခအေနေၾကာင့္ ပ်က္ျပယ္ဖို႔ ရွိေနတဲ့ အုိင္းယက္စ္ကြင္းလယ္လူ ဒြန္နီ ဗန္ဒီဘိခ္ကို ေခၚယူဖို႔ မန္ခ်က္စတာယူႏုိက္တက္အသင္းက ေစာင့္ၾကည့္ေနတယ္လို႔ ဆုိပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ နည္းျပ ဇီနီဒန္း ဇီဒန္းအေနနဲ႔ ဒီအသက္ ၂၂ ႏွစ္အရြယ္ ဒတ္ခ်္ကြင္းလယ္လူကို အလိုရွိေနေပမယ့္လည္း အသင္းက ပိုလွ်ံကစားသမားေတြျဖစ္ၾကတဲ့ ဟားမက္စ္ ႐ိုဒရီဂြက္ဇ္နဲ႔ ဂါရက္သ္ ေဘးလ္တုိ႔ကို ေရာင္းခ်ျခင္းမျပဳႏုိင္ခဲ့တာက သေဘာတူညီမွဳကို ေရွ႕မဆက္ႏုိင္မယ့္ အခ်က္လည္းျဖစ္ေနတယ္လုိ႔ သိရပါတယ္။

လက္ရွိေပးေခ်ေနရတဲ့ လစာေငြ၊ ဆုေၾကးနဲ႔ တျခားအသုံးစရိတ္ေတြနဲ႔ ကစားသမားေရာင္းခ်မွဳဝင္ေငြနဲ႔ တျခားဝင္ေငြေတြကို ႏွဳိင္းယွဥ္ရင္ လက္ရွိမွာ ေတာ္ေတာ္ေလးပြဲၾကမ္းေနတဲ့ UEFA ရဲ႕ ဘဏၰာေရးမွ်တစြာ ယွဥ္ၿပဳိင္ေရးမူဝါဒ FFP နဲ႔ ၿငိစြန္းႏုိင္တဲ့ အေျခအေနမ်ဳိးကို ရီးရဲလ္မက္ဒရစ္ဘက္က ႀကဳိတင္ေရွာင္လႊဲဖို႔ ရွိေနတာလည္းျဖစ္ပါတယ္။

စပိန္သတင္းဌာန မာကာကေတာ့ မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ဒီအေျခအေနကို ၾကားဝင္သြားဖို႔ ရွိေနၿပီး ကြင္းလယ္မွာ ခံစစ္ေရာ တုိက္စစ္ပါ လုိက္ပါကစားႏုိင္တဲ့ နယ္သာလန္ရဲ႕ Total Football စတုိင္ကို အသင္းရဲ႕ အင္အားစုထဲကို ထပ္ေပါင္းထည့္ဖို႔ နည္းျပ အုိလီ ဂန္နာ ဆုိးလ္ရွားက စိတ္ဝင္စားေနတယ္လုိ႔လည္း ဆိုပါတယ္။

အုိင္းယက္စ္အသင္းအတြက္ ၿပဳိင္ပြဲစုံ စုစုေပါင္း ၁၆၄ ပြဲမွာ ဂိုး ၄၀ သြင္းယူထားခဲ့တဲ့ ဗန္ဒီဘိခ္ဟာ ကြင္းလယ္အထိုင္ကစားသမားအျဖစ္ နံပါတ္ ၆ ေနရာမွာ အေကာင္းဆုံးကစားႏုိင္သူျဖစ္ၿပီး ယူႏုိက္တက္အသင္းအေနနဲ႔ သူ႕အတြက္ ေပါင္သန္း ၆၀ ေလာက္ ေပးေခ်ရႏုိင္ေၾကာင္းလည္း သိရွိရပါတယ္။

REF: MARCA & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အပြောင်းအရွှေ့သဘောတူညီဖို့အတွက် နီးစပ်နေခဲ့ပြီးမှ စပိန်ကလပ်ရဲ့ ကစားသမား စီမံခန့်ခွဲမှု အခြေအနေကြောင့် ပျက်ပြယ်ဖို့ ရှိနေတဲ့ အိုင်းယက်စ်ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းက စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နည်းပြ ဇီနီဒန်း ဇီဒန်းအနေနဲ့ ဒီအသက် ၂၂ နှစ်အရွယ် ဒတ်ချ်ကွင်းလယ်လူကို အလိုရှိနေပေမယ့်လည်း အသင်းက ပိုလျှံကစားသမားတွေဖြစ်ကြတဲ့ ဟားမက်စ် ရိုဒရီဂွက်ဇ်နဲ့ ဂါရက်သ် ဘေးလ်တို့ကို ရောင်းချခြင်းမပြုနိုင်ခဲ့တာက သဘောတူညီမှုကို ရှေ့မဆက်နိုင်မယ့် အချက်လည်းဖြစ်နေတယ်လို့ သိရပါတယ်။

လက်ရှိပေးချေနေရတဲ့ လစာငွေ၊ ဆုကြေးနဲ့ တခြားအသုံးစရိတ်တွေနဲ့ ကစားသမားရောင်းချမှုဝင်ငွေနဲ့ တခြားဝင်ငွေတွေကို နှိုင်းယှဉ်ရင် လက်ရှိမှာ တော်တော်လေးပွဲကြမ်းနေတဲ့ UEFA ရဲ့ ဘဏ္ဏာရေးမျှတစွာ ယှဉ်ပြိုင်ရေးမူဝါဒ FFP နဲ့ ငြိစွန်းနိုင်တဲ့ အခြေအနေမျိုးကို ရီးရဲလ်မက်ဒရစ်ဘက်က ကြိုတင်ရှောင်လွှဲဖို့ ရှိနေတာလည်းဖြစ်ပါတယ်။

စပိန်သတင်းဌာန မာကာကတော့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီအခြေအနေကို ကြားဝင်သွားဖို့ ရှိနေပြီး ကွင်းလယ်မှာ ခံစစ်ရော တိုက်စစ်ပါ လိုက်ပါကစားနိုင်တဲ့ နယ်သာလန်ရဲ့ Total Football စတိုင်ကို အသင်းရဲ့ အင်အားစုထဲကို ထပ်ပေါင်းထည့်ဖို့ နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားက စိတ်ဝင်စားနေတယ်လို့လည်း ဆိုပါတယ်။

အိုင်းယက်စ်အသင်းအတွက် ပြိုင်ပွဲစုံ စုစုပေါင်း ၁၆၄ ပွဲမှာ ဂိုး ၄၀ သွင်းယူထားခဲ့တဲ့ ဗန်ဒီဘိခ်ဟာ ကွင်းလယ်အထိုင်ကစားသမားအဖြစ် နံပါတ် ၆ နေရာမှာ အကောင်းဆုံးကစားနိုင်သူဖြစ်ပြီး ယူနိုက်တက်အသင်းအနေနဲ့ သူ့အတွက် ပေါင်သန်း ၆၀ လောက် ပေးချေရနိုင်ကြောင်းလည်း သိရှိရပါတယ်။

REF: MARCA & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.