Premier League

အာဆင္နယ္တိုက္စစ္မွဴး အြန္နရီဟာ ဂိုးမသြင္းႏုိင္မွာ အလြန္စိုးရိမ္ခဲ့ဖူးေၾကာင္း အီယန္႐ိုက္ထုတ္ေဖာ္

UNICODE: နာမည်ကြီး ဘောလုံးကျွမ်းကျင်သူတစ်ယောက်အဖြစ် ဆောင်ရွက်နေတဲ့ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အီယန်ရိုက်က သူ့ရဲ့နောက်ပိုင်းမှာ အဓိက ဂိုးသွင်းသူနေရာကို ဆက်ခံခဲ့ပြီး စံချိန်တွေကိုပါ ချိုးဖျက်သွားခဲ့တဲ့ သီယာရီ အွန်နရီအနေနဲ့ တစ်ချိန်က ဂိုးမသွင်းနိုင်မှာကို အင်မတန်မှ စိုးရိမ်ခဲ့ဖူးကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသင်းရဲ့ ထာဝရအများဆုံး ဂိုးသွင်းရှင်အဖြစ် ၂၂၈ ဂိုးနဲ့ ရပ်တည်နေခဲ့တဲ့ အွန်နရီဟာ အာဆင်နယ်အသင်းကို ရောက်ရှိလာစဉ်က သူ့အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်အတွက် တော်တော်လေး ဖိအားဝင်နေခဲ့ပြီး နည်းပြကြီး အာဆင်ဝင်းဂါးက ယုံကြည်မှုမြှင့်တင်ပေးခဲ့ရတယ်လို့လည်း အီယန်ရိုက်က ဆိုပါတယ်။

“သူက ဘုရင်တစ်ပါးလိုပါပဲ။ အသင်းကို သူရောက်လာတော့ ပြင်သစ်နဲ့ ၁၉၉၈ ကမ္ဘာ့ဖလားကိုယူပြီးမှ ရောက်လာတာဆိုတော့ လူတွေက သူ့ကို တောင်ပံကစားသမားကောင်းတစ်ယောက်အဖြစ် သိထားကြသလို အာဆင်ဝင်းဂါးကတော့ ဘောလုံးလောကရဲ့ မိုက်ကယ် ဂျော်ဒန်လို့ ခိုင်းနှိုင်းခဲ့တာပေါ့။ သူက တော်တော်လေးလုပ်ပြနိုင်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှုအဆင့်အတန်းကိုလည်း အသားကျခဲ့ပြီး ဂိုးတွေ အများကြီး သွင်းယူနိုင်ခဲ့တာပေါ့”လို့ အာဆင်နယ်ဂန္ထဝင်က အစချီပါတယ်။

“သူ့ကို စာချုပ်အတွက် လက်မှတ်ထိုးဖိုးလုပ်တော့ သူက ကျွန်တော်က ဂိုးမသွင်းနိုင်ဘူးတဲ့၊ ခင်ဗျားတို့အတွက် လိုအပ်သလောက် ဂိုးတွေကို မသွင်းနိုင်မှာ စိုးရိမ်တယ်လို့ ပြောတယ်။ အာဆင်ဝင်းဂါးကတော့ စိတ်မပူနဲ့၊ မင်းဂိုးတွေ သွင်းနိုင်မှာတဲ့။ အဲ့ဒီအချိန်မှာ အွန်နရီရဲ့ မျက်နှာကို မြင်ရတာတော့ ယုံကြည်မှု ရှိပုံမရဘူး။ ဒါပေမယ့် သူ့အနေနဲ့ ဂိုးမသွင်းနိုင်ခြင်းရဲ့ အားနည်းချက်ကို ရှာတွေ့သွားတာနဲ့ အားလုံးက လွယ်သွားပြီး ခုလိုမျိုး ဂိုးတွေ ရခဲ့တော့တာပါပဲ”လို့ အီယန်ရိုက်က ပြောသွားပါတယ်။

ဒါ့အပြင် အီယန်ရိုက်က သူ့အနေနဲ့ အွန်နရီရဲ့ ကစားပုံကို အပြစ်ရှာကြည့်လို့ မရကြောင်းနဲ့ တစ်ကိုယ်ကောင်းမဆန်ဘဲ အသင်းအတွက် ကစားတဲ့ ဒီကစားသမားရဲ့ အကြောင်းကို သူသွင်းယူခဲ့တဲ့ ဂိုးတွေအပြင် လက်ရှိအချိန်အထိ တည်မြဲနေဆဲဖြစ်တဲ့ အာဆင်နယ်ရဲ့ ဖန်တီးမှုအများဆုံး စံချိန်ကိုလည်း ကြည့်ရင် သိနိုင်တယ်လို့ ချီးကျူးသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နာမည္ႀကီး ေဘာလုံးကၽြမ္းက်င္သူတစ္ေယာက္အျဖစ္ ေဆာင္ရြက္ေနတဲ့ အာဆင္နယ္ဂႏၴဝင္တုိက္စစ္မွဴး အီယန္႐ိုက္က သူ႕ရဲ႕ေနာက္ပုိင္းမွာ အဓိက ဂိုးသြင္းသူေနရာကို ဆက္ခံခဲ့ၿပီး စံခ်ိန္ေတြကိုပါ ခ်ဳိးဖ်က္သြားခဲ့တဲ့ သီယာရီ အြန္နရီအေနနဲ႔ တစ္ခ်ိန္က ဂိုးမသြင္းႏုိင္မွာကို အင္မတန္မွ စိုးရိမ္ခဲ့ဖူးေၾကာင္း ထုတ္ေဖာ္ေျပာၾကားလုိက္ပါတယ္။

အသင္းရဲ႕ ထာဝရအမ်ားဆုံး ဂိုးသြင္းရွင္အျဖစ္ ၂၂၈ ဂိုးနဲ႔ ရပ္တည္ေနခဲ့တဲ့ အြန္နရီဟာ အာဆင္နယ္အသင္းကို ေရာက္ရွိလာစဥ္က သူ႕အေနနဲ႔ ထမ္းေဆာင္ရမယ့္ တာဝန္အတြက္ ေတာ္ေတာ္ေလး ဖိအားဝင္ေနခဲ့ၿပီး နည္းျပႀကီး အာဆင္ဝင္းဂါးက ယုံၾကည္မွဳျမႇင့္တင္ေပးခဲ့ရတယ္လုိ႔လည္း အီယန္႐ိုက္က ဆုိပါတယ္။

“သူက ဘုရင္တစ္ပါးလုိပါပဲ။ အသင္းကို သူေရာက္လာေတာ့ ျပင္သစ္နဲ႔ ၁၉၉၈ ကမာၻ႕ဖလားကိုယူၿပီးမွ ေရာက္လာတာဆုိေတာ့ လူေတြက သူ႕ကို ေတာင္ပံကစားသမားေကာင္းတစ္ေယာက္အျဖစ္ သိထားၾကသလို အာဆင္ဝင္းဂါးကေတာ့ ေဘာလုံးေလာကရဲ႕ မုိက္ကယ္ ေဂ်ာ္ဒန္လို႔ ခုိင္းႏွဳိင္းခဲ့တာေပါ့။ သူက ေတာ္ေတာ္ေလးလုပ္ျပႏိုင္ပါတယ္။ ပရီးမီးယားလိဂ္ရဲ႕ ႀကံ့ခုိင္မွဳအဆင့္အတန္းကိုလည္း အသားက်ခဲ့ၿပီး ဂိုးေတြ အမ်ားႀကီး သြင္းယူႏုိင္ခဲ့တာေပါ့”လို႔ အာဆင္နယ္ဂႏၴဝင္က အစခ်ီပါတယ္။

“သူ႕ကို စာခ်ဳပ္အတြက္ လက္မွတ္ထိုးဖိုးလုပ္ေတာ့ သူက ကၽြန္ေတာ္က ဂိုးမသြင္းႏုိင္ဘူးတဲ့၊ ခင္ဗ်ားတုိ႔အတြက္ လိုအပ္သေလာက္ ဂိုးေတြကို မသြင္းႏုိင္မွာ စိုးရိမ္တယ္လို႔ ေျပာတယ္။ အာဆင္ဝင္းဂါးကေတာ့ စိတ္မပူနဲ႔၊ မင္းဂိုးေတြ သြင္းႏုိင္မွာတဲ့။ အဲ့ဒီအခ်ိန္မွာ အြန္နရီရဲ႕ မ်က္ႏွာကို ျမင္ရတာေတာ့ ယုံၾကည္မွဳ ရွိပုံမရဘူး။ ဒါေပမယ့္ သူ႕အေနနဲ႔ ဂိုးမသြင္းႏုိင္ျခင္းရဲ႕ အားနည္းခ်က္ကို ရွာေတြ႕သြားတာနဲ႔ အားလုံးက လြယ္သြားၿပီး ခုလိုမ်ဳိး ဂိုးေတြ ရခဲ့ေတာ့တာပါပဲ”လို႔ အီယန္႐ိုက္က ေျပာသြားပါတယ္။

ဒါ့အျပင္ အီယန္႐ိုက္က သူ႕အေနနဲ႔ အြန္နရီရဲ႕ ကစားပုံကို အျပစ္ရွာၾကည့္လုိ႔ မရေၾကာင္းနဲ႔ တစ္ကိုယ္ေကာင္းမဆန္ဘဲ အသင္းအတြက္ ကစားတဲ့ ဒီကစားသမားရဲ႕ အေၾကာင္းကို သူသြင္းယူခဲ့တဲ့ ဂိုးေတြအျပင္ လက္ရွိအခ်ိန္အထိ တည္ျမဲေနဆဲျဖစ္တဲ့ အာဆင္နယ္ရဲ႕ ဖန္တီးမွဳအမ်ားဆုံး စံခ်ိန္ကိုလည္း ၾကည့္ရင္ သိႏုိင္တယ္လုိ႔ ခ်ီးက်ဴးသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: FOOTBALL LONDON
PHOTOS CREDIT TO OWNERS
SPORTS A2Z.