Premier League

ပြဲစဥ္မ်ား ျပန္မကစားႏုိင္လွ်င္ လီဗာပူးလ္အသင္းအား ခ်န္ပီယံဆုေပးအပ္မည့္အဆုိအား တင္သြင္းထား

ကို႐ိုနာဗုိင္းရပ္စ္အႏၲရာယ္ေၾကာင့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို တကယ္လို႔ ျပန္လည္မစတင္ႏုိင္ေတာ့ဘူးဆုိရင္ လက္ရွိရပ္တည္မွဳ အေနအထားအတုိင္း ရာသီကို ပိတ္သိမ္းဖို႔နဲ႔ လီဗာပူးလ္အသင္းကို ခ်န္ပီယံေပးအပ္မွဳနဲ႔အတူ ႏွစ္ ၃၀ အခ်ိန္နဲ႔ ရမွတ္ ၆ မွတ္ကို ေစာင့္ဆုိင္းေနရတာကို ျပည့္ဝသြားေစဖို႔ တာဝန္ရွိသူေတြက စဥ္းစားေနတယ္လုိ႔ဆုိပါတယ္။

က်န္တဲ့အသင္းေတြရဲ႕ ရပ္တည္မွဳေတြကိုလည္း လက္ရွိအတုိင္း တြက္ခ်က္သြားဖို႔ ရွိေပမယ့္ ပရီးမီးယားလိဂ္ကေန ဒီ ၂၀၁၉-၂၀ ရာသီမွာ တန္းဆင္းဇုန္မွာ ရပ္တည္ေနတဲ့ အသင္း ၃ သင္းျဖစ္ၾကတဲ့ ဘုန္းေမာက္၊ အက္စတန္ဗီလာနဲ႔ ေနာ့ဝစ္ခ်္တုိ႔ကိုလည္း တန္းဆင္းေစမွာ မဟုတ္ဘူးလို႔ သိရၿပီး လိဂ္ခ်န္ပီယံရွစ္ကေတာ့ ၂ သင္းကို တန္းတက္ေစမယ္လို႔ ဆုိပါတယ္။

လက္ရွိအေနအထားအရေတာ့ လိဂ္ခ်န္ပီယံရွစ္ကို ဦးေဆာင္ေနတဲ့ လိဒ္စ္ယူႏုိက္တက္နဲ႔ သူ႕ေနာက္က ကပ္လိုက္ေနတဲ့ ဝက္စ္ဘရြန္းတုိ႔ကို ၂၀၂၀-၂၁ ရာသီအတြက္ တန္းတက္ခြင့္ေပးဖြယ္ရွိေနၿပီး အဆင့္ ၃ ကေန အဆင့္ ၆ အထိ ကစားရတဲ့ Play-off ကိုေတာ့ ပယ္ဖ်က္သြားဖို႔ ရွိေနပါတယ္။

လာမယ့္ရာသီအတြက္ကိုေတာ့ ကစားသမားေတြကို ပုိမိုလန္းဆန္းေစႏုိင္ဖို႔နဲ႔ ၂ ပြဲ ကစားရႏိုင္တဲ့ အေျခအေနအတြက္ေတာ့ EFL Cup တစ္ျဖစ္လဲ ကာရာေဘာင္းဖလားကို ဖ်က္သိမ္းသြားဖို႔ရွိေနၿပီး ဥေရာပဝင္ခြင့္ကိုေတာ့ ဘယ္လိုဆုံးျဖတ္သြားမလဲဆုိတာကိုေတာ့ အျငင္းပြားစရာေတြ ရွိေနဆဲျဖစ္ပါတယ္။

ကနဦးၾကားရတဲ့ ဥေရာပဝင္ခြင့္ ဆုံးျဖတ္မွဳကိုေတာ့ ၂၀၁၈-၁၉ ရာသီက ရပ္တည္မွဳအတုိင္း ေပးအပ္သြားမယ္လို႔ သိရၿပီး မန္ခ်က္စတာစီးတီး အသင္းသာ UEFA ရဲ႕ ျပစ္ဒဏ္ကို ခံရမယ္ဆုိရင္ အဆင့္ ၅ မွာ ရပ္တည္ခဲ့တဲ့ အာဆင္နယ္အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔အတူ ကံေကာင္းႏုိင္ေၾကာင္းလည္း သိရွိရပါတယ္။

REF: TALK SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို တကယ်လို့ ပြန်လည်မစတင်နိုင်တော့ဘူးဆိုရင် လက်ရှိရပ်တည်မှု အနေအထားအတိုင်း ရာသီကို ပိတ်သိမ်းဖို့နဲ့ လီဗာပူးလ်အသင်းကို ချန်ပီယံပေးအပ်မှုနဲ့အတူ နှစ် ၃၀ အချိန်နဲ့ ရမှတ် ၆ မှတ်ကို စောင့်ဆိုင်းနေရတာကို ပြည့်ဝသွားစေဖို့ တာဝန်ရှိသူတွေက စဉ်းစားနေတယ်လို့ဆိုပါတယ်။

ကျန်တဲ့အသင်းတွေရဲ့ ရပ်တည်မှုတွေကိုလည်း လက်ရှိအတိုင်း တွက်ချက်သွားဖို့ ရှိပေမယ့် ပရီးမီးယားလိဂ်ကနေ ဒီ ၂၀၁၉-၂၀ ရာသီမှာ တန်းဆင်းဇုန်မှာ ရပ်တည်နေတဲ့ အသင်း ၃ သင်းဖြစ်ကြတဲ့ ဘုန်းမောက်၊ အက်စတန်ဗီလာနဲ့ နော့ဝစ်ချ်တို့ကိုလည်း တန်းဆင်းစေမှာ မဟုတ်ဘူးလို့ သိရပြီး လိဂ်ချန်ပီယံရှစ်ကတော့ ၂ သင်းကို တန်းတက်စေမယ်လို့ ဆိုပါတယ်။

လက်ရှိအနေအထားအရတော့ လိဂ်ချန်ပီယံရှစ်ကို ဦးဆောင်နေတဲ့ လိဒ်စ်ယူနိုက်တက်နဲ့ သူ့နောက်က ကပ်လိုက်နေတဲ့ ဝက်စ်ဘရွန်းတို့ကို ၂၀၂၀-၂၁ ရာသီအတွက် တန်းတက်ခွင့်ပေးဖွယ်ရှိနေပြီး အဆင့် ၃ ကနေ အဆင့် ၆ အထိ ကစားရတဲ့ Play-off ကိုတော့ ပယ်ဖျက်သွားဖို့ ရှိနေပါတယ်။

လာမယ့်ရာသီအတွက်ကိုတော့ ကစားသမားတွေကို ပိုမိုလန်းဆန်းစေနိုင်ဖို့နဲ့ ၂ ပွဲ ကစားရနိုင်တဲ့ အခြေအနေအတွက်တော့ EFL Cup တစ်ဖြစ်လဲ ကာရာဘောင်းဖလားကို ဖျက်သိမ်းသွားဖို့ရှိနေပြီး ဥရောပဝင်ခွင့်ကိုတော့ ဘယ်လိုဆုံးဖြတ်သွားမလဲဆိုတာကိုတော့ အငြင်းပွားစရာတွေ ရှိနေဆဲဖြစ်ပါတယ်။

ကနဦးကြားရတဲ့ ဥရောပဝင်ခွင့် ဆုံးဖြတ်မှုကိုတော့ ၂၀၁၈-၁၉ ရာသီက ရပ်တည်မှုအတိုင်း ပေးအပ်သွားမယ်လို့ သိရပြီး မန်ချက်စတာစီးတီး အသင်းသာ UEFA ရဲ့ ပြစ်ဒဏ်ကို ခံရမယ်ဆိုရင် အဆင့် ၅ မှာ ရပ်တည်ခဲ့တဲ့ အာဆင်နယ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့အတူ ကံကောင်းနိုင်ကြောင်းလည်း သိရှိရပါတယ်။

REF: TALK SPORT
PHOTOS CREDIT TO OWNERS
SPORTS A2Z.