Premier League Transfer News

13 Mar ညနေခင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– လီဗာပူးလ်အသင်းအနေနဲ့ ၂၀၂၃ ခုနှစ်မှာ စာချုပ်ကုန်ဆုံးမယ့် မိုဟာမက် ဆာလားကို ဆက်လက်ထိန်းသိမ်းဖို့အတွက် တော်တော်လေး ခေါင်းစားနေရပြီး ဆက်လက်ထားရှိမယ်ဆိုရင် ဒီကြားထဲမှာ လစာတိုးပေးရဦးမှာဖြစ်သလို ဆာဒီယို မာနေးနဲ့ မပြေလည်တဲ့ ပြဿနာအတွက်လည်း တစ်နည်းနည်းနဲ့ ဖြေရှင်းရဖွယ်ရှိနေ။

– ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်ရဲ့ ဘာစီလိုနာအသင်းဆီ အပြောင်းအရွှေ့က ၉၅ ရာခိုင်နှုန်းလောက် ပြီးပြတ်နေပြီလို့ ဒတ်ချ်လက်ရွေးစင်အနေနဲ့ သူ့ရဲ့ ငယ်ဘဝကတည်းက မက်ခဲ့ရတဲ့ အိပ်မက်ကို မကြာခင်မှာ အကောင်အထည်ဖော်နိုင်ဖွယ်ရှိနေ။

– ပြီးခဲ့တဲ့ နွေရာသီက အိုလံပီယာကော့စ်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ ဘယ်နောက်ခံလူ ကော့စ်တတ်စ် ဆီမီကတ်စ်အနေနဲ့ နည်းပြ ယာဂန် ကလော့ပ်ကို ယုံကြည်လောက်တဲ့ ပုံစံမျိုး မပြသနိုင်ခဲ့ဘူးလို့ အတွင်းသတင်းတွေအရ သိရပြီး နွေရာသီမှာ ပြန်လည် ရောင်းထုတ်သွားဖွယ်ရှိနေ။

– လီဗာပူးလ်အသင်းအနေနဲ့ နွေရာသီမှာ ဗဟိုနောက်ခံလူသစ်တစ်ဦး ထပ်မံရှာဖွေသွားဖို့ ရှိနေပြီး နာပိုလီနောက်ခံလူ ခါလီဒူး ကူလီဘေလီရဲ့ အခြေအနေကို စောင့်ကြည့်နေသလို လက်ရှိအငှားနဲ့ ခေါ်ယူထားခဲ့တဲ့ အိုဇန် ကာဘက်ခ်ကိုတော့ ရှော်လ်ကာအသင်းဆီ ပြန်လည်စေလွှတ်သွားဖို့များနေ။

– ဘိုင်ယန်မြူးနစ်အသင်းကနေ ရောက်ရှိလာခဲ့ပြီး အသင်းရဲ့ ကွင်းလယ်မှာ လိုအပ်ချက်တွေ ရှိနေသေးတဲ့ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာအနေနဲ့ နည်းပြ ယာဂန် ကလော့ပ်ရဲ့ Pressing နဲ့ Counter-Pressing ကစားဟန်ကို သဘောမပေါက်သေးဘဲ သူ့ရဲ့နေရာကနေ ပြိုင်ဘက်တွေက အခွင့်အရေးတွေ ရနေကြောင်း စောင့်ကြည့်သူတွေ သုံးသပ်ခဲ့ကြ။

– အသင်းအတွက် ငွေသုံးဖို့ထက် အချိုအချောင်တွေရှာရာမှာနဲ့ ကိုယ့်ရဲ့ ကစားသမားတွေကို ဈေးမြင့်မြင့်နဲ့ ရောင်းထုတ်တဲ့ဘက်မှာ ထူးချွန်တဲ့ အားကစားဒါရိုက်တာ မိုက်ကယ် အက်ဒ်ဝပ်အနေနဲ့ နွေရာသီမှာ ပေါ်တိုရဲ့ နောက်ခံလူ ရွှန်းဆယ် အမ်ဗင်ဘာကို ပေါင်ဆယ်သန်းကျော်နဲ့ ခေါ်ယူသွားဖွယ်ရှိနေ။

– လီဗာပူးလ်အသင်းအနေနဲ့ ဆာလားကို ဈေးကောင်းရနိုင်တုန်းမှာ ရောင်းထုတ်သွားဖို့နဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကို ရပ်တန့်သွားဖို့ အချိန်ရောက်ပြီလို့ ပေါလ် မာဆန်က ပြောကြားလိုက်ပြီး တောင်ပံကနေ ဂိုးတွေ အများကြီးသွင်းယူနိုင်တာကို ပြသပြီး ကာကွယ်နေမယ် ဆိုရင် ဒီလောက်သွင်းနိုင်ဖို့ အသင်းဖော်တွေကို မပေးဘဲ သူဘယ်လောက် ဖြုန်းတီးခဲ့သလဲဆိုတာကို မြင်သင့်ကြောင်း ထောက်ပြသွား။

– လီဗာပူးလ်အသင်းရဲ့ လူငယ်နောက်ခံလူ ရီးစ် ဝီလီယမ်စ်က သူ့အတွက်တော့ အသင်းခေါင်းဆောင်အနေနဲ့ နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ကိုပဲ စိတ်ထဲက သတ်မှတ်ထားပြီး ပွဲမစခင်တိုင်းမှာ ဒတ်ချ်ခံစစ်မှူးကြီးရဲ့ ပြောနေကျစကားတွေကို Whatsapp ကနေ အသင်းဖော်တွေဆီ မျှဝေလေ့ရှိတယ်လို့ ထုတ်ဖော်သွားခဲ့။

– နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ နွေရာသီမှာ အသင်းအတွက် အားဖြည့်မှုတွေကို အလိုရှိနေပြီး အနည်းဆုံး ဗဟိုနောက်ခံလူတစ်ဦးနဲ့ ရောဘတ်တို ဖာမီနိုရဲ့ ကျဆင်းနေတဲ့ ခြေစွမ်းတွေအစား အစားဝင်နိုင်မယ့် အထောင်တိုက်စစ်မှူးသစ်တစ်ဦးကို အလိုရှိနေကြောင်း သတင်းတွေ ဖော်ပြ။

– ပရီးမီးယားလိဂ်ကွင်းလယ်လူဟောင်း ဂျာမိန်း ဂျီးနပ်စ်က ထိပ်ဆုံးလေးသင်းအတွက် နောက်ဆုံးနေရာကို လက်စတာစီးတီးအနေနဲ့ ခြေချော်ခဲ့ရင် တော့တင်ဟမ်ဟော့စပါးစ်က ဝင်ရောက်နိုင်ဖို့ ရှိကြောင်းနဲ့ ဒီနှစ်သင်းစလုံး မလုပ်နိုင်မှ လီဗာပူးလ်အသင်းရဲ့ အလှည့် ဖြစ်မယ်လို့ BBC Radio 5 Live အစီအစဉ်မှာ ခန့်မှန်းသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: