Article Premier League

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးမှ လီဗာပူးလ်တို့ ကျဆုံးသွားခဲ့တာလား?

ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဟာ လက်ရှိပရီးမီးလိဂ်ဘောလုံးရာသီမှာ ရလဒ်တွေ ထိုးစိုက်ဆင်းသွားတယ်။ ဒဏ်ရာအနာတရတွေ များပြားပြီး အသင်းရဲ့ ယန္တရားကိုလည်ပတ်နေတဲ့ အဓိက ကစားသမားတွေ အတုန်းအရုံး အနားယူနေရတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးမှ လီဗာပူးလ်ကျဆုံးသွားပြီလား? ဆိုတဲ့ မေးခွန်းတွေနဲ့ လှောင်ပြောင်ခံလာရတယ်။ ‘ကောက်ရိုးမီးအသင်း’ လို့ စွပ်စွဲမှုတွေ ရှိလာတယ်။ ဒီလိုပြောဆိုမှုတွေက အမှန်တကယ်လား? အဖြစ်မှန်နဲ့ ကိုက်ညီမှုရှိသလား လွဲချော်နေသလား? ဆိုတာ ကြည့်ကြရအောင်ပါ။

တကယ်တမ်းမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးမှ လီဗာပူးလ်ကျဆုံးသွားပြီလို့ဆိုတာဟာ အတော်လေးညံ့ဖျင်းတဲ့ ယူဆချက်ဖြစ်ပါတယ်။ မှတ်ဥာဏ်တွေကို ပြန်ခေါ်ကြည့်တတ်ရင် ၂၀၁၅-၁၆ ရာသီမှာ ဟိုဆေး မော်ရင်ညိုရဲ့ ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဘဝကနေ အဆင့် ၁၀ နဲ့ အဆုံးသတ်ခဲ့တယ်။ ချန်ပီယံဆုယူခဲ့တဲ့ မော်ရင်ညိုဟာ ခရစ္စမတ်မတိုင်ခင်မှာတင် အထုတ်ခံရတယ်။ အဲဒီရာသီမှာ နိုင်ပွဲက ၃၂ ရာခိုင်နှုန်းသာရှိတယ်။

နောက်တသင်းက လက်စတာကို မှတ်မိကြမလား… ၂၀၁၅-၁၆ ရဲ့ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံ၊ ရာနီယာရီရဲ့ လက်စတာအသင်းဟာ ၂၀၁၆-၁၇ မှာတော့ အဆင့် ၁၂ နဲ့ စျာန်လျှောခဲ့တယ်။ နိုင်ပွဲအချိုးက ၃၂ ရာနှုန်းနဲ့အဆုံးသတ်တယ်။ အကျိုးဆက်ကတော့ ဒေါက်တိုင်ကစားသမားတွေဖြစ်တဲ့ အန်ဂိုလို ကွန်တေနဲ့ ဒရင်းဝါးတားတို့ကို ထုတ်ရောင်းခဲ့ရတယ်။

လီဗာပူးလ်အသင်းကတော့ လက်ရှိမှာ အဆင့် ၈ ​နေရာ ရပ်တည်နေတယ်။ ပြီးခဲ့တဲ့ နှစ်ရာသီပေါင်းရမှတ်က ၁၉၇ မှတ်အထိယူထားတယ်။ အံ့အားသင့်ဖွယ်ရာ စံချိန်ဖြစ်တယ်။ ကိုယ်တင်ထားတဲ့ ခြေရာကို ကိုယ်တိုင်မီအောင် ပြန်နင်းဖို့ ခက်ခဲလောက်အောင်အထိ ကောင်းလွန်းတဲ့ စွမ်းဆောင်ရည်ကို ပြခဲ့တယ်။ လက်ရှိရာသီမှာ နိုင်ပွဲအချိုး ၄၃ ရာခိုင်နှုန်းရရှိထားတယ်။

၂၀၁၈ မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်တယ်။ ဒုတိယဆုနဲ့ နှစ်သိမ့်ခဲ့ရတယ်။ နောက် ၁၂ လအကြာမှာ ချန်ပီယံလိဂ်ဗိုလ်ဝင်ခံခဲ့တဲ့အသင်းဖြစ်တယ်။ ပြီးတော့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာတယ်။ ဒီလို ရေရှည်ခြေစွမ်းစွဲမြဲပြီး ကိုယ့်အဆင့်အတန်းကိုယ် ထိန်းသိမ်းထားနိုင်တဲ့ အသင်းဖြစ်တယ်။

ဒီရာသီမှာ ယာဂန် ကလော့ပ်ရဲ့ ဗဟိုခံစစ်အတွဲက မတူညီတဲ့ လူအတွဲ ၁၈ တွဲအထိ ထုတ်သုံးရတဲ့အထိ ဒဏ်ရာဗရပွနဲ့ ရုန်းကန်နေရချိန်ဖြစ်တယ်။ ပေါက်ကွဲအားကောင်းတဲ့ ကွင်းလယ်လူတွေကို ခံစစ်ကို ဆင်းကစားခိုင်း​နေရချိန်ဖြစ်တယ်။ လီဗာပူးလ်အမာခံ တိုက်စစ် Trio မိုဆာလား၊ မာနေး၊ ဖာမီနိုတို့က အရင်လို မီးကုန်ယမ်းကုန် ဂိုးမသွင်းနိုင်တော့ဘူး။ ဂိုးသွင်းခြေကျလာတယ်။

အန်ဖီးလ်မြေမှာ ၂ နှစ်နီးပါးအထိ ရှုံးပွဲမရှိ ဖြတ်သန်းလာတဲ့ လီဗာပူးလ်အသင်းဟာ အိမ်ကွင်း ၆ ပွဲဆက်ရှုံးတဲ့အထိ ရုန်းကန်နေရတယ်။ ဒီလိုရှုံးပွဲတွေထဲမှာ ဘန်လေ၊ ဘရိုက်တန်၊ ဖူလ်ဟမ်တို့လို အသင်းတွေကို ဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့ လီဗာပူးလ်အဆင့်အတန်းနဲ့ ချိန်ထိုးကြည့်ရင် ကလော့ပ်အတွက် ဘယ်လိုလက်မခံနိုင်စရာ အနေအထားမျိုးဖြစ်တယ်။

လီဗာပူးလ်ပရိသတ်တွေအတွက် ဘယ်လို စံပေတံနဲ့ပဲ တိုင်းကြည့်ကြည့် ပါးစပ်အဟောင်းသားဖြစ်ရုံကလွဲ တုံ့ပြန်နိုင်စရာအားတောင် မရှိတော့တဲ့ အခြေအနေမျိုးဖြစ်တယ်။ ဒါက လီဗာပူးလ်ရဲ့ ‘အကျချိန်’ လားလို့ ဟုတ်ပါတယ်လို့ ပရိသတ်တွေက ဖြေပါလိမ့်မယ်။ ရင်နာနာနဲ့ လက်သင့်ခံပြီး ဖြေပါလိမ့်မယ်။

ဒီလို အကျချိန်မျိုးမှာတောင် ချန်ပီယံလိဂ်မှာ RB လိုက်ပ်ဇစ်အသင်းကို နှစ်ကျော့စလုံး ၂ ဂိုးပြတ်စီနဲ့ တီးသွားတဲ့ လီဗာပူးလ်ကို ကျဆုံးသွားပြီလားလို့ မေးခွန်းထုတ်တာကတော့ ရယ်စရာပါ။ ဒီခြေစွမ်းနဲ့ ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်နိုင်သေးသလို အစွမ်းကုန် ညှစ်ထုတ်ထားတဲ့ ကြံလိုအဖြစ်မျိုး ကြုံခဲ့ရပေမယ့် လူသားတွေဖြစ်တဲ့ လီဗာပူးလ်အသင်းသားတွေအနေနဲ့ အင်အားပြန်လည်ဖြည့်တင်းပြီး ဝေဖန်မှုတွေကို ကျော်ဖြတ်နိုင်ဦးမှာပါလို့ မေးခွန်းတွေကို ချေဖျက်ရဦးမယ် ထင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ရဲ႕ လက္ရွိခ်န္ပီယံ လီဗာပူးလ္အသင္းဟာ လက္ရွိပရီးမီးလိဂ္ေဘာလုံးရာသီမွာ ရလဒ္ေတြ ထိုးစိုက္ဆင္းသြားတယ္။ ဒဏ္ရာအနာတရေတြ မ်ားျပားၿပီး အသင္းရဲ႕ ယႏၲရားကိုလည္ပတ္ေနတဲ့ အဓိက ကစားသမားေတြ အတုန္းအ႐ုံး အနားယူေနရတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ၿပီးမွ လီဗာပူးလ္က်ဆုံးသြားၿပီလား? ဆိုတဲ့ ေမးခြန္းေတြနဲ႔ ေလွာင္ေျပာင္ခံလာရတယ္။ ‘ေကာက္႐ိုးမီးအသင္း’ လို႔ စြပ္စြဲမႈေတြ ရွိလာတယ္။ ဒီလိုေျပာဆိုမႈေတြက အမွန္တကယ္လား? အျဖစ္မွန္နဲ႔ ကိုက္ညီမႈရွိသလား လြဲေခ်ာ္ေနသလား? ဆိုတာ ၾကည့္ၾကရေအာင္ပါ။

တကယ္တမ္းမွာေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ၿပီးမွ လီဗာပူးလ္က်ဆုံးသြားၿပီလို႔ဆိုတာဟာ အေတာ္ေလးညံ့ဖ်င္းတဲ့ ယူဆခ်က္ျဖစ္ပါတယ္။ မွတ္ဥာဏ္ေတြကို ျပန္ေခၚၾကည့္တတ္ရင္ ၂၀၁၅-၁၆ ရာသီမွာ ဟိုေဆး ေမာ္ရင္ညိဳရဲ႕ ခ်ယ္လ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဘဝကေန အဆင့္ ၁၀ နဲ႔ အဆုံးသတ္ခဲ့တယ္။ ခ်န္ပီယံဆုယူခဲ့တဲ့ ေမာ္ရင္ညိဳဟာ ခရစၥမတ္မတိုင္ခင္မွာတင္ အထုတ္ခံရတယ္။ အဲဒီရာသီမွာ ႏိုင္ပြဲက ၃၂ ရာခိုင္ႏႈန္းသာရွိတယ္။

ေနာက္တသင္းက လက္စတာကို မွတ္မိၾကမလား… ၂၀၁၅-၁၆ ရဲ႕ ပရီးမီးယားလိဂ္ရဲ႕ ခ်န္ပီယံ၊ ရာနီယာရီရဲ႕ လက္စတာအသင္းဟာ ၂၀၁၆-၁၇ မွာေတာ့ အဆင့္ ၁၂ နဲ႔ စ်ာန္ေလွ်ာခဲ့တယ္။ ႏိုင္ပြဲအခ်ိဳးက ၃၂ ရာႏႈန္းနဲ႔အဆုံးသတ္တယ္။ အက်ိဳးဆက္ကေတာ့ ေဒါက္တိုင္ကစားသမားေတြျဖစ္တဲ့ အန္ဂိုလို ကြန္ေတနဲ႔ ဒရင္းဝါးတားတို႔ကို ထုတ္ေရာင္းခဲ့ရတယ္။

လီဗာပူးလ္အသင္းကေတာ့ လက္ရွိမွာ အဆင့္ ၈ ​ေနရာ ရပ္တည္ေနတယ္။ ၿပီးခဲ့တဲ့ ႏွစ္ရာသီေပါင္းရမွတ္က ၁၉၇ မွတ္အထိယူထားတယ္။ အံ့အားသင့္ဖြယ္ရာ စံခ်ိန္ျဖစ္တယ္။ ကိုယ္တင္ထားတဲ့ ေျခရာကို ကိုယ္တိုင္မီေအာင္ ျပန္နင္းဖို႔ ခက္ခဲေလာက္ေအာင္အထိ ေကာင္းလြန္းတဲ့ စြမ္းေဆာင္ရည္ကို ျပခဲ့တယ္။ လက္ရွိရာသီမွာ ႏိုင္ပြဲအခ်ိဳး ၄၃ ရာခိုင္ႏႈန္းရရွိထားတယ္။

၂၀၁၈ မွာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္တယ္။ ဒုတိယဆုနဲ႔ ႏွစ္သိမ့္ခဲ့ရတယ္။ ေနာက္ ၁၂ လအၾကာမွာ ခ်န္ပီယံလိဂ္ဗိုလ္ဝင္ခံခဲ့တဲ့အသင္းျဖစ္တယ္။ ၿပီးေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္လာတယ္။ ဒီလို ေရရွည္ေျခစြမ္းစြဲၿမဲၿပီး ကိုယ့္အဆင့္အတန္းကိုယ္ ထိန္းသိမ္းထားႏိုင္တဲ့ အသင္းျဖစ္တယ္။

ဒီရာသီမွာ ယာဂန္ ကေလာ့ပ္ရဲ႕ ဗဟိုခံစစ္အတြဲက မတူညီတဲ့ လူအတြဲ ၁၈ တြဲအထိ ထုတ္သုံးရတဲ့အထိ ဒဏ္ရာဗရပြနဲ႔ ႐ုန္းကန္ေနရခ်ိန္ျဖစ္တယ္။ ေပါက္ကြဲအားေကာင္းတဲ့ ကြင္းလယ္လူေတြကို ခံစစ္ကို ဆင္းကစားခိုင္း​ေနရခ်ိန္ျဖစ္တယ္။ လီဗာပူးလ္အမာခံ တိုက္စစ္ Trio မိုဆာလား၊ မာေနး၊ ဖာမီႏိုတို႔က အရင္လို မီးကုန္ယမ္းကုန္ ဂိုးမသြင္းႏိုင္ေတာ့ဘူး။ ဂိုးသြင္းေျခက်လာတယ္။

အန္ဖီးလ္ေျမမွာ ၂ ႏွစ္နီးပါးအထိ ရႈံးပြဲမရွိ ျဖတ္သန္းလာတဲ့ လီဗာပူးလ္အသင္းဟာ အိမ္ကြင္း ၆ ပြဲဆက္ရႈံးတဲ့အထိ ႐ုန္းကန္ေနရတယ္။ ဒီလိုရႈံးပြဲေတြထဲမွာ ဘန္ေလ၊ ဘ႐ိုက္တန္၊ ဖူလ္ဟမ္တို႔လို အသင္းေတြကို ဆက္တိုက္ရႈံးနိမ့္ခဲ့တဲ့ လီဗာပူးလ္အဆင့္အတန္းနဲ႔ ခ်ိန္ထိုးၾကည့္ရင္ ကေလာ့ပ္အတြက္ ဘယ္လိုလက္မခံႏိုင္စရာ အေနအထားမ်ိဳးျဖစ္တယ္။

လီဗာပူးလ္ပရိသတ္ေတြအတြက္ ဘယ္လို စံေပတံနဲ႔ပဲ တိုင္းၾကည့္ၾကည့္ ပါးစပ္အေဟာင္းသားျဖစ္႐ုံကလြဲ တုံ႔ျပန္ႏိုင္စရာအားေတာင္ မရွိေတာ့တဲ့ အေျခအေနမ်ိဳးျဖစ္တယ္။ ဒါက လီဗာပူးလ္ရဲ႕ ‘အက်ခ်ိန္’ လားလို႔ ဟုတ္ပါတယ္လို႔ ပရိသတ္ေတြက ေျဖပါလိမ့္မယ္။ ရင္နာနာနဲ႔ လက္သင့္ခံၿပီး ေျဖပါလိမ့္မယ္။

ဒီလို အက်ခ်ိန္မ်ိဳးမွာေတာင္ ခ်န္ပီယံလိဂ္မွာ RB လိုက္ပ္ဇစ္အသင္းကို ႏွစ္ေက်ာ့စလုံး ၂ ဂိုးျပတ္စီနဲ႔ တီးသြားတဲ့ လီဗာပူးလ္ကို က်ဆုံးသြားၿပီလားလို႔ ေမးခြန္းထုတ္တာကေတာ့ ရယ္စရာပါ။ ဒီေျခစြမ္းနဲ႔ ခ်န္ပီယံလိဂ္မွာ ခ်န္ပီယံျဖစ္ႏိုင္ေသးသလို အစြမ္းကုန္ ညႇစ္ထုတ္ထားတဲ့ ႀကံလိုအျဖစ္မ်ဳိး ႀကဳံခဲ့ရေပမယ့္ လူသားေတြျဖစ္တဲ့ လီဗာပူးလ္အသင္းသားေတြအေနနဲ႔ အင္အားျပန္လည္ျဖည့္တင္းၿပီး ေဝဖန္မွဳေတြကို ေက်ာ္ျဖတ္ႏုိင္ဦးမွာပါလို႔ ေမးခြန္းေတြကို ေခ်ဖ်က္ရဦးမယ္ ထင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.