Match Report Premier League

အဝေးကွင်းမှာ လိဒ်စ်နဲ့ သရေကျခဲ့ပေမယ့် ၁၂ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့ တူဟယ်လ်ရဲ့ ချဲလ်ဆီး

ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်အနေနဲ့တော့ ခံစစ်ပဲကောင်းပြီး ရှေ့မှာ ဘာမှ လုပ်မပြနိုင်ဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့ ထပ်မံရင်ဆိုင်ရဖို့ နီးစပ်နေခဲ့ပြီး ကွင်းလယ်နဲ့ တောင်ပံက ပံ့ပို့နိုင်ခဲ့ပေမယ့် Final Touch မကောင်းသလို ယုံကြည်မှုပါ ပျောက်ဆုံးနေတဲ့သူတွေကို ပွဲထုတ်မိခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ လိဒ်စ်ကို အနိုင်မယူနိုင်ခဲ့ဘဲ သုံးမှတ်နဲ့ လွဲချော်ခဲ့ရပါတယ်။

ဂိုးသမား၊ ခံစစ်နဲ့ ကွင်းလယ်အထိုင်မှာ အမာခံအင်အားတွေကိုပဲ ထုတ်သုံးလာခဲ့တဲ့ တူဟယ်လ်အတွက် ညာခြမ်းကတော့ ခပ်လွဲလွဲ လူစာရင်းကို ရွေးချယ်ခဲ့ပြီး ပူလီရှစ်ချ်ကို Right Wing Back နဲ့ ဇီးယက်ရှ်ကို ကွင်းလယ်တိုက်စစ်အဖြစ် နေရာချထားခဲ့တာတွေက ဒီနေ့အတွက် ဆိုးရွားမှုတွေဖြစ်ပြီး သူတို့ကြောင့် ယုံကြည်မှု ပြန်ရစပြုနေတဲ့ ဟာဗတ်ဇ်ပါ ဗျာများခဲ့ရတာပါ။

မေဆန်မောင်နဲ့ ချေးလ်ဝဲလ်တို့ရဲ့ ဘယ်တောင်ပံက ကြိုးစားခဲ့သလို ဂျော်ဂျင်ညို တည်ငြိမ်ခဲ့ပြီး ကွန်တေတစ်ယောက် တစ်ကွင်းလုံးလိုက်ပြီး ထူးချွန်ခဲ့ပေမယ့် တိုက်စစ်က ရှာရဖွေရ ခက်ခဲနေပြီး ၆ မိနစ်မှာ ပူလီရှစ်ချ်ရဲ့ အနိမ့်ဘော ဖြတ်ပေးမှုကို ဟာဗတ်ဇ်က တစ်လှမ်းနောက်ကျခဲ့လို့ လိဒ်စ်နောက်တန်းက ပိတ်ဆို့သွားနိုင်ခဲ့ပါတယ်။

ဒီအခွင့်အရေး နစ်နာခဲ့အပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ လိစ်ဒ်ယူနိုက်တက်ရဲ့ တန်ပြန်တိုက်စစ်ကနေ ရာဖင်ညာ ထိုးပေးလိုက်တာကို ဘမ်ဖို့ဒ်က ပြေးထွက်ပြီး ချိုးပေးတာမှာ တိုင်လာ ရောဘတ်စ် ပိတ်သွင်းနိုင်ခဲ့ပေမယ့် ဘမ်ဖို့ဒ် လူကျွံနေလို့ ဒီဂိုးက လူကျွံဘောအဖြစ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ပွဲချိန် ၁၀ မိနစ်မှာ လိဒ်စ်နောက်တန်းက ရှင်းထုတ်တာမှာ အချင်းချင်း ပြန်ထိပြီး ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးဘားကို သွားထိခဲ့တာက ချဲလ်ဆီးတို့ နစ်နာခဲ့ရပြီး ၁၄ မိနစ်မှာလည်း ပူလီရှစ်ချ်ရဲ့ ဖြတ်တင်ဘောကို ပိတ်မယ့်သူ မရှိတာက ဆိုးခဲ့သလို ဒီနောက်ပိုင်းမှာတော့ ညာခြမ်းတိုက်စစ်က အလုပ်မဖြစ်မှုပေါ်မှာ မကျော်လွှားနိုင်ခဲ့ဘဲ တဖြည်းဖြည်း ကျဆင်းစပြုလာခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ တိုင်လာ ရောဘတ်စ် လှမ်းကန်တာကို မန်ဒီ အသည်းအသန် ပုတ်ထုတ်ခဲ့ရပြီး ဘားထိပြီးမှ ထွက်လာခဲ့သလို ကွန်တေနဲ့ ချေးလ်ဝဲလ်တို့ရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုတွေကလည်း ဂိုးမရခဲ့ဘဲ ရူဒီဂါကတော့ ထောင့်ကန်ဘောကနေ သူ့ဆီ ကျလာတဲ့ ဘောလုံးကို အချိန်မီ မတုံ့ပြန်နိုင်ခဲ့လို့ ဂိုးရဖို့ ဝေးနေခဲ့ပြီး မောင့်၊ ဟာဗတ်ဇ်တို့ပါ ဂိုးသမားတည့်တည့်တွေ ကန်နေတာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး နှစ်မိနစ်မှာ အက်ဇ်ပီလီကွေတာ ပေးတဲ့ ဘောလုံးက ကောင်းခဲ့ပေမယ့် ဟာဗတ်ဇ်က ကန်သွင်းဖို့ အချိန်ယူလွန်းပြီး ဂိုးသမား မေလီယေးအတွက် အချိန်ပေးလိုက်သလို ဖြစ်သွားခဲ့လို့ ထောင့်ပိတ်ပြီး ကာကွယ်သွားနိုင်ခဲ့လို့ ချဲလ်ဆီးတို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းက တင်ပေးလိုက်တဲ့ ဘောလုံးကို ရိုဒရီဂို ခေါင်းတိုက်ချပေးရာမှာ လိဒ်စ်တောင်ပံသမား ရာဖင်ညာ အနီးကပ် ကန်ခွင့်ရပေမယ့် ရေဘဝဲဂိုးသမားက ဟန်ချက်ပျက်ရင်းကတောင် လက်တစ်ဖက်ထုတ်ပြီး ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပထမပိုင်းတဝက်လောက်ကစပြီး ချဲလ်ဆီးညာခြမ်းမှာ သုံးယောက်တန်းခံစစ်အစွန်လူ အက်ဇ်ပီလီကွေတာက ရှေ့တက်ရတဲ့အထိ ဇီးယက်ရှ်နဲ့ ပူလီရှစ်ချ်တို့ရဲ့ ဖန်တီးမှုနဲ့ ထိုးဖောက်မှုက ကျဆင်းနေခဲ့ပြီး တဖြည်းဖြည်းနဲ့ အလုပ်မဖြစ်မှုတွေကြားမှာ ဟာဗတ်ဇ်ကပါ အထီးကျန်လာခဲ့လို့ သူတို့ နှစ်ဦးအစား ရီးစ်ဂျိမ်းစ်နဲ့ တီမို ဗာနာတို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ရပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာ ရူဒီဂါရဲ့ အဝေးကန်ချက်ကို မေလီယေး ပုတ်ထုတ်ခဲ့ရာမှာ ချဲလ်ဆီးတိုက်စစ်မှူးတွေ နောက်ကျနေလို့ နစ်နာခဲ့ရပြီး ပွဲချိန် ၇၈ မိနစ်မှာတော့ လိဒ်စ်တိုက်စစ်မှူး ရိုဒရီဂိုရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်ချက်ကို မန်ဒီ အမိဖမ်းနိုင်ခဲ့ပြီး ဟဒ်ဆန်-အိုဒွိုင်းကတော့ ပွဲချိန် ၈၆ မိနစ်မှာ ဂိုးဧရိယာအပြင်က ကန်ခဲ့ပေမယ့် ဂိုးသမားတည့်တည့်ပဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန်အပြည့်မှာတော့ တစ်ဖက်နဲ့ တစ်ဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျခဲ့ပြီး ထိပ်ဆုံးလေးသင်းထဲ ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ ချဲလ်ဆီးတို့ ဝက်စ်ဟမ်းနဲ့ မန်ယူနိုက်တက်တို့ တွေ့ဆုံမှုကို အခွင့်ကောင်းမယူနိုင်ဘဲဖြစ်ခဲ့ရသလို တူဟယ်လ်ကတော့ သူ့ရဲ့ ကျစ်လျစ်တောင့်တင်းတဲ့ ခံစစ်မှာ တိုက်စစ်ကို အဆင့်မမြှင့်တင်နိုင်မချင်း ပရိသတ်တွေအတွက် သုံးမှတ်ပုံမှန်ယူဖို့ ခက်ခဲနေဦးမှာဖြစ်ကြောင်းလည်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္အေနနဲ႔ေတာ့ ခံစစ္ပဲေကာင္းၿပီး ေရွ႕မွာ ဘာမွ လုပ္မျပႏိုင္ဘူးဆိုတဲ့ ေဝဖန္မႈေတြနဲ႔ ထပ္မံရင္ဆိုင္ရဖို႔ နီးစပ္ေနခဲ့ၿပီး ကြင္းလယ္နဲ႔ ေတာင္ပံက ပံ့ပို႔ႏိုင္ခဲ့ေပမယ့္ Final Touch မေကာင္းသလို ယုံၾကည္မႈပါ ေပ်ာက္ဆုံးေနတဲ့သူေတြကို ပြဲထုတ္မိခဲ့တဲ့ အေဝးကြင္းပြဲစဥ္မွာ လိဒ္စ္ကို အႏိုင္မယူႏိုင္ခဲ့ဘဲ သုံးမွတ္နဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။

ဂိုးသမား၊ ခံစစ္နဲ႔ ကြင္းလယ္အထိုင္မွာ အမာခံအင္အားေတြကိုပဲ ထုတ္သုံးလာခဲ့တဲ့ တူဟယ္လ္အတြက္ ညာျခမ္းကေတာ့ ခပ္လြဲလြဲ လူစာရင္းကို ေ႐ြးခ်ယ္ခဲ့ၿပီး ပူလီရွစ္ခ်္ကို Right Wing Back နဲ႔ ဇီးယက္ရွ္ကို ကြင္းလယ္တိုက္စစ္အျဖစ္ ေနရာခ်ထားခဲ့တာေတြက ဒီေန႔အတြက္ ဆိုး႐ြားမႈေတြျဖစ္ၿပီး သူတို႔ေၾကာင့္ ယုံၾကည္မႈ ျပန္ရစျပဳေနတဲ့ ဟာဗတ္ဇ္ပါ ဗ်ာမ်ားခဲ့ရတာပါ။

ေမဆန္ေမာင္နဲ႔ ေခ်းလ္ဝဲလ္တို႔ရဲ႕ ဘယ္ေတာင္ပံက ႀကိဳးစားခဲ့သလို ေဂ်ာ္ဂ်င္ညိဳ တည္ၿငိမ္ခဲ့ၿပီး ကြန္ေတတစ္ေယာက္ တစ္ကြင္းလုံးလိုက္ၿပီး ထူးခြၽန္ခဲ့ေပမယ့္ တိုက္စစ္က ရွာရေဖြရ ခက္ခဲေနၿပီး ၆ မိနစ္မွာ ပူလီရွစ္ခ်္ရဲ႕ အနိမ့္ေဘာ ျဖတ္ေပးမႈကို ဟာဗတ္ဇ္က တစ္လွမ္းေနာက္က်ခဲ့လို႔ လိဒ္စ္ေနာက္တန္းက ပိတ္ဆို႔သြားႏိုင္ခဲ့ပါတယ္။

ဒီအခြင့္အေရး နစ္နာခဲ့အၿပီး စကၠန႔္ပိုင္းအတြင္းမွာပဲ လိစ္ဒ္ယူႏိုက္တက္ရဲ႕ တန္ျပန္တိုက္စစ္ကေန ရာဖင္ညာ ထိုးေပးလိုက္တာကို ဘမ္ဖို႔ဒ္က ေျပးထြက္ၿပီး ခ်ိဳးေပးတာမွာ တိုင္လာ ေရာဘတ္စ္ ပိတ္သြင္းႏိုင္ခဲ့ေပမယ့္ ဘမ္ဖို႔ဒ္ လူကြၽံေနလို႔ ဒီဂိုးက လူကြၽံေဘာအျဖစ္နဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၀ မိနစ္မွာ လိဒ္စ္ေနာက္တန္းက ရွင္းထုတ္တာမွာ အခ်င္းခ်င္း ျပန္ထိၿပီး ဂိုးရဖို႔ နီးစပ္ခဲ့ေပမယ့္ ဂိုးဘားကို သြားထိခဲ့တာက ခ်ဲလ္ဆီးတို႔ နစ္နာခဲ့ရၿပီး ၁၄ မိနစ္မွာလည္း ပူလီရွစ္ခ်္ရဲ႕ ျဖတ္တင္ေဘာကို ပိတ္မယ့္သူ မရွိတာက ဆိုးခဲ့သလို ဒီေနာက္ပိုင္းမွာေတာ့ ညာျခမ္းတိုက္စစ္က အလုပ္မျဖစ္မႈေပၚမွာ မေက်ာ္လႊားႏိုင္ခဲ့ဘဲ တျဖည္းျဖည္း က်ဆင္းစျပဳလာခဲ့ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာ တိုင္လာ ေရာဘတ္စ္ လွမ္းကန္တာကို မန္ဒီ အသည္းအသန္ ပုတ္ထုတ္ခဲ့ရၿပီး ဘားထိၿပီးမွ ထြက္လာခဲ့သလို ကြန္ေတနဲ႔ ေခ်းလ္ဝဲလ္တို႔ရဲ႕ တစ္ကိုယ္ေတာ္ ထိုးေဖာက္မႈေတြကလည္း ဂိုးမရခဲ့ဘဲ ႐ူဒီဂါကေတာ့ ေထာင့္ကန္ေဘာကေန သူ႔ဆီ က်လာတဲ့ ေဘာလုံးကို အခ်ိန္မီ မတုံ႔ျပန္ႏိုင္ခဲ့လို႔ ဂိုးရဖို႔ ေဝးေနခဲ့ၿပီး ေမာင့္၊ ဟာဗတ္ဇ္တို႔ပါ ဂိုးသမားတည့္တည့္ေတြ ကန္ေနတာေၾကာင့္ ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ႏွစ္မိနစ္မွာ အက္ဇ္ပီလီေကြတာ ေပးတဲ့ ေဘာလုံးက ေကာင္းခဲ့ေပမယ့္ ဟာဗတ္ဇ္က ကန္သြင္းဖို႔ အခ်ိန္ယူလြန္းၿပီး ဂိုးသမား ေမလီေယးအတြက္ အခ်ိန္ေပးလိုက္သလို ျဖစ္သြားခဲ့လို႔ ေထာင့္ပိတ္ၿပီး ကာကြယ္သြားႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဘယ္ျခမ္းက တင္ေပးလိုက္တဲ့ ေဘာလုံးကို ႐ိုဒရီဂို ေခါင္းတိုက္ခ်ေပးရာမွာ လိဒ္စ္ေတာင္ပံသမား ရာဖင္ညာ အနီးကပ္ ကန္ခြင့္ရေပမယ့္ ေရဘဝဲဂိုးသမားက ဟန္ခ်က္ပ်က္ရင္းကေတာင္ လက္တစ္ဖက္ထုတ္ၿပီး ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ပထမပိုင္းတဝက္ေလာက္ကစၿပီး ခ်ဲလ္ဆီးညာျခမ္းမွာ သုံးေယာက္တန္းခံစစ္အစြန္လူ အက္ဇ္ပီလီေကြတာက ေရွ႕တက္ရတဲ့အထိ ဇီးယက္ရွ္နဲ႔ ပူလီရွစ္ခ်္တို႔ရဲ႕ ဖန္တီးမႈနဲ႔ ထိုးေဖာက္မႈက က်ဆင္းေနခဲ့ၿပီး တျဖည္းျဖည္းနဲ႔ အလုပ္မျဖစ္မႈေတြၾကားမွာ ဟာဗတ္ဇ္ကပါ အထီးက်န္လာခဲ့လို႔ သူတို႔ ႏွစ္ဦးအစား ရီးစ္ဂ်ိမ္းစ္နဲ႔ တီမို ဗာနာတို႔ကို ထည့္ၿပီး တိုက္စစ္ျမႇင့္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာ ႐ူဒီဂါရဲ႕ အေဝးကန္ခ်က္ကို ေမလီေယး ပုတ္ထုတ္ခဲ့ရာမွာ ခ်ဲလ္ဆီးတိုက္စစ္မႉးေတြ ေနာက္က်ေနလို႔ နစ္နာခဲ့ရၿပီး ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ လိဒ္စ္တိုက္စစ္မႉး ႐ိုဒရီဂိုရဲ႕ ေထာင့္ကန္ေဘာကေန ေခါင္းတိုက္ခ်က္ကို မန္ဒီ အမိဖမ္းႏိုင္ခဲ့ၿပီး ဟဒ္ဆန္-အိုဒြိဳင္းကေတာ့ ပြဲခ်ိန္ ၈၆ မိနစ္မွာ ဂိုးဧရိယာအျပင္က ကန္ခဲ့ေပမယ့္ ဂိုးသမားတည့္တည့္ပဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ တစ္ဖက္နဲ႔ တစ္ဖက္ ဂိုးမသြင္းႏိုင္ဘဲ သေရက်ခဲ့ၿပီး ထိပ္ဆုံးေလးသင္းထဲ ဝင္ေရာက္ဖို႔ ႀကိဳးစားေနတဲ့ ခ်ဲလ္ဆီးတို႔ ဝက္စ္ဟမ္းနဲ႔ မန္ယူႏိုက္တက္တို႔ ေတြ႕ဆုံမႈကို အခြင့္ေကာင္းမယူႏိုင္ဘဲျဖစ္ခဲ့ရသလို တူဟယ္လ္ကေတာ့ သူ႔ရဲ႕ က်စ္လ်စ္ေတာင့္တင္းတဲ့ ခံစစ္မွာ တိုက္စစ္ကို အဆင့္မျမႇင့္တင္ႏိုင္မခ်င္း ပရိသတ္ေတြအတြက္ သုံးမွတ္ပုံမွန္ယူဖို႔ ခက္ခဲေနဦးမွာျဖစ္ေၾကာင္းလည္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.