Premier League Transfer News

13 Mar နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းမှာ ၉ နှစ်ကြာ ကစားခဲ့ပြီး ဆုဖလား ၆ လုံးအထိ ရယူနိုင်ခဲ့တဲ့ အာဂျင်တီးနားနောက်ခံလူဟောင်း ပါဘလို ဇာဘလီတာအနေနဲ့ အစ်တီဟတ်နဲ့ City Football Group ဆီ ပြန်လည်ပူးပေါင်းဖို့ ရှိနေပြီး နည်းပြအဖွဲ့ဝင်တစ်နေရာနဲ့ တခြား အုပ်ချုပ်ရေး တာဝန်ရှိသူတစ်နေရာကို ရယူသွားဖွယ်ရှိနေ။

– မန်ချက်စတာစီးတီးအသင်းရဲ့ နွေရာသီ အစီအစဉ်အဖြစ် ကွင်းလယ်ကို ထပ်မံ အင်အားဖြည့်တင်းဖို့ ရှိနေရာမှာ နာပိုလီအသင်းရဲ့ စပိန်လက်ရွေးစင်ကွင်းလယ်လူ ဖာဘီယန် ရူအစ်ဇ်ကို စောင့်ကြည့်နေပြီး ၂၄ နှစ်သားအနေနဲ့ ဥရောပအသင်းကြီးတွေဆီ ပြောင်းရွှေ့လိုနေ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ လာမယ့်နွေရာသီမှာ အတ္တလန်တာနောက်ခံလူ ရော်ဘင် ဂိုဆင်စ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေခဲ့သလို လက်ရှိဘယ်နောက်ခံလူတွေဖြစ်ကြတဲ့ ဘင်ဂျမင် မန်ဒီနဲ့ အိုလက်ဇန်ဒါ ဇင်ချန်ကိုတို့ နှစ်ဦးစလုံးကို ရောင်းထွက်နိုင်တဲ့ အခြေအနေမှာ စပို့တင်းလစ္စဘွန်းနောက်ခံလူ အသက် ၁၈ နှစ်အရွယ် နူနို မန်ဒက်စ်ကိုလည်း အလိုရှိနေ။

– အသင်းအတွက် အထောင်တိုက်စစ်မှူးတစ်ဦး ဖြည့်ဆည်းသွားဖို့ ရှိနေတဲ့ နွေရာသီ အစီအစဉ်တွေထဲမှာ အာလင်း ဟားလန်းအပြင် Plan B အဖြစ် အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူး ဂျာအို ဖဲလိစ်ကို အဂွေရိုကို ခေါ်ယူစဉ်တုန်းကလိုပဲ တူညီတဲ့ လမ်းစဉ်ကို လိုက်ဖို့ စောင့်ကြည့်နေ။

– တိုက်စစ်မှူး ဆာဂျီယို အဂွေရိုအနေနဲ့ ကိုဗစ်-၁၉ ဝေဒနာနဲ့ ဒဏ်ရာတွေကို ခံစားခဲ့ရတာကနေ ပြန်လည်ကောင်းမွန်လာချိန်မှာ ပွဲကစားခွင့်နဲ့ ခြေစွမ်း ပျောက်ဆုံးနေခဲ့တာတွေအတွက် စိတ်ပျက်နေပြီး အသင်းနဲ့ အနာဂတ်ကိုလည်း ရှင်းရှင်းလင်းလင်း သိချင်နေသလို အာဂျင်တီးနားက ပရိသတ်တွေကိုတော့ သူ့ရဲ့ ကစားသမားဘဝကို အထိခိုက်ခံမှာ မဟုတ်ဘူးလို့ အသိပေးထား။

– ဒီတစ်ပတ်မှာ ရင်ဆိုင်ရမယ့် ဖူလ်ဟမ်အသင်းရဲ့ နည်းပြ စကော့ ပါကားဟာ သူ့လို အသက်မကြီးသေးဘဲ ဆံပင်တွေနဲ့ ငယ်ရွယ်မှုကို ပိုင်ဆိုင်ထားဆဲဖြစ်ပေမယ့် အသင်းကို ကိုင်တွယ်ရာမှာ ထူးချွန်ပြောင်မြောက်တဲ့ ကိုယ်ပိုင်စတိုင်ကို ပြသနိုင်သူဖြစ်တယ်လို့ ဂွါဒီယိုလာက ချီးကျူးသွားခဲ့။

– မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ အစ်လ်ကေ ဂွန်ဒိုးဝမ်အနေနဲ့ ဖေဖော်ဝါရီလအတွက် အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမားဆုကို နှစ်လဆက် ထပ်မံရယူနိုင်ခဲ့ပြီး နည်းပြ ဂွါဒီယိုလာဟာလည်း ဒီဆုကို တူညီစွာပဲ နှစ်လဆက်တိုက် ဆွတ်ခူးနိုင်ခဲ့။

– အစ်တီဟတ်အသင်းရဲ့ မြက်ခင်းပြင်ဟာ သူတို့တွေအတွက် အကောင်းဆုံး မဟုတ်ဘူးလို့ နည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပြီး အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်အသင်းတွေရဲ့ ကွင်းပြင်တွေဟာ သူတို့ထက် ပိုကောင်းသလို ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မှာ ချန်ပီယံလိဂ်သွားကစားတုန်းကလည်း ဒီကွင်းဟာ ကော်ဇောနီခင်းထားသလို ကောင်းမွန်တယ်လို့ နှိုင်းယှဉ်ပြသွားခဲ့။

– ဒီတစ်လအတွက် ပရီးမီးယားလိဂ် အမျိုးသားအကောင်းဆုံးဆုတွေကို မန်ချက်စတာစီးတီးအသင်းက လွှမ်းမိုးနိုင်ခဲ့သလို အမျိုးသမီးတွေရဲ့ FAWSL မှာလည်း မန်စီးတီးအမျိုးသမီးအသင်းနောက်ခံလူ လူစီ ဘရွန့်ဇ်က အကောင်းဆုံးဆုကို ရယူသွားနိုင်ခဲ့။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီ ရှုံးနိမ့်မှုကို ဒီတစ်ပတ်မှာလည်း ထပ်မံတုံ့ပြန်လာဖို့ ရှိနေပြီး ဖူလ်ဟမ်အသင်းအနေနဲ့ တန်းဆင်းဇုန် ရုန်းအားရှိနေပေမယ့် ချန်ပီယံဆုအတွက် အမှားမခံလိုတဲ့ ဂွါဒီယိုလာအနေနဲ့ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူသွားမယ်လို့ လော်ရိုခန့်မှန်း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းမွာ ၉ ႏွစ္ၾကာ ကစားခဲ့ၿပီး ဆုဖလား ၆ လုံးအထိ ရယူႏိုင္ခဲ့တဲ့ အာဂ်င္တီးနားေနာက္ခံလူေဟာင္း ပါဘလို ဇာဘလီတာအေနနဲ႔ အစ္တီဟတ္နဲ႔ City Football Group ဆီ ျပန္လည္ပူးေပါင္းဖို႔ ရွိေနၿပီး နည္းျပအဖြဲ႕ဝင္တစ္ေနရာနဲ႔ တျခား အုပ္ခ်ဳပ္ေရး တာဝန္ရွိသူတစ္ေနရာကို ရယူသြားဖြယ္ရွိေန။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ေႏြရာသီ အစီအစဥ္အျဖစ္ ကြင္းလယ္ကို ထပ္မံ အင္အားျဖည့္တင္းဖို႔ ရွိေနရာမွာ နာပိုလီအသင္းရဲ႕ စပိန္လက္ေ႐ြးစင္ကြင္းလယ္လူ ဖာဘီယန္ ႐ူအစ္ဇ္ကို ေစာင့္ၾကည့္ေနၿပီး ၂၄ ႏွစ္သားအေနနဲ႔ ဥေရာပအသင္းႀကီးေတြဆီ ေျပာင္းေ႐ႊ႕လိုေန။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ အတၱလန္တာေနာက္ခံလူ ေရာ္ဘင္ ဂိုဆင္စ္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနခဲ့သလို လက္ရွိဘယ္ေနာက္ခံလူေတြျဖစ္ၾကတဲ့ ဘင္ဂ်မင္ မန္ဒီနဲ႔ အိုလက္ဇန္ဒါ ဇင္ခ်န္ကိုတို႔ ႏွစ္ဦးစလုံးကို ေရာင္းထြက္ႏိုင္တဲ့ အေျခအေနမွာ စပို႔တင္းလစၥဘြန္းေနာက္ခံလူ အသက္ ၁၈ ႏွစ္အ႐ြယ္ ႏူႏို မန္ဒက္စ္ကိုလည္း အလိုရွိေန။

– အသင္းအတြက္ အေထာင္တိုက္စစ္မႉးတစ္ဦး ျဖည့္ဆည္းသြားဖို႔ ရွိေနတဲ့ ေႏြရာသီ အစီအစဥ္ေတြထဲမွာ အာလင္း ဟားလန္းအျပင္ Plan B အျဖစ္ အက္သလက္တီကို မက္ဒရစ္တိုက္စစ္မႉး ဂ်ာအို ဖဲလိစ္ကို အေဂြ႐ိုကို ေခၚယူစဥ္တုန္းကလိုပဲ တူညီတဲ့ လမ္းစဥ္ကို လိုက္ဖို႔ ေစာင့္ၾကည့္ေန။

– တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုအေနနဲ႔ ကိုဗစ္-၁၉ ေဝဒနာနဲ႔ ဒဏ္ရာေတြကို ခံစားခဲ့ရတာကေန ျပန္လည္ေကာင္းမြန္လာခ်ိန္မွာ ပြဲကစားခြင့္နဲ႔ ေျခစြမ္း ေပ်ာက္ဆုံးေနခဲ့တာေတြအတြက္ စိတ္ပ်က္ေနၿပီး အသင္းနဲ႔ အနာဂတ္ကိုလည္း ရွင္းရွင္းလင္းလင္း သိခ်င္ေနသလို အာဂ်င္တီးနားက ပရိသတ္ေတြကိုေတာ့ သူ႔ရဲ႕ ကစားသမားဘဝကို အထိခိုက္ခံမွာ မဟုတ္ဘူးလို႔ အသိေပးထား။

– ဒီတစ္ပတ္မွာ ရင္ဆိုင္ရမယ့္ ဖူလ္ဟမ္အသင္းရဲ႕ နည္းျပ စေကာ့ ပါကားဟာ သူ႔လို အသက္မႀကီးေသးဘဲ ဆံပင္ေတြနဲ႔ ငယ္႐ြယ္မႈကို ပိုင္ဆိုင္ထားဆဲျဖစ္ေပမယ့္ အသင္းကို ကိုင္တြယ္ရာမွာ ထူးခြၽန္ေျပာင္ေျမာက္တဲ့ ကိုယ္ပိုင္စတိုင္ကို ျပသႏိုင္သူျဖစ္တယ္လို႔ ဂြါဒီယိုလာက ခ်ီးက်ဴးသြားခဲ့။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကြင္းလယ္လူ အစ္လ္ေက ဂြန္ဒိုးဝမ္အေနနဲ႔ ေဖေဖာ္ဝါရီလအတြက္ အေကာင္းဆုံး ပရီးမီးယားလိဂ္ ကစားသမားဆုကို ႏွစ္လဆက္ ထပ္မံရယူႏိုင္ခဲ့ၿပီး နည္းျပ ဂြါဒီယိုလာဟာလည္း ဒီဆုကို တူညီစြာပဲ ႏွစ္လဆက္တိုက္ ဆြတ္ခူးႏိုင္ခဲ့။

– အစ္တီဟတ္အသင္းရဲ႕ ျမက္ခင္းျပင္ဟာ သူတို႔ေတြအတြက္ အေကာင္းဆုံး မဟုတ္ဘူးလို႔ နည္းျပ ဂြါဒီယိုလာက ေျပာၾကားလိုက္ၿပီး အာဆင္နယ္၊ မန္ခ်က္စတာယူႏိုက္တက္၊ လီဗာပူးလ္အသင္းေတြရဲ႕ ကြင္းျပင္ေတြဟာ သူတို႔ထက္ ပိုေကာင္းသလို ဟန္ေဂရီႏိုင္ငံ၊ ဘူဒါပက္စ္မွာ ခ်န္ပီယံလိဂ္သြားကစားတုန္းကလည္း ဒီကြင္းဟာ ေကာ္ေဇာနီခင္းထားသလို ေကာင္းမြန္တယ္လို႔ ႏႈိင္းယွဥ္ျပသြားခဲ့။

– ဒီတစ္လအတြက္ ပရီးမီးယားလိဂ္ အမ်ိဳးသားအေကာင္းဆုံးဆုေတြကို မန္ခ်က္စတာစီးတီးအသင္းက လႊမ္းမိုးႏိုင္ခဲ့သလို အမ်ိဳးသမီးေတြရဲ႕ FAWSL မွာလည္း မန္စီးတီးအမ်ိဳးသမီးအသင္းေနာက္ခံလူ လူစီ ဘ႐ြန႔္ဇ္က အေကာင္းဆုံးဆုကို ရယူသြားႏိုင္ခဲ့။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ မန္ခ်က္စတာဒါဘီ ရႈံးနိမ့္မႈကို ဒီတစ္ပတ္မွာလည္း ထပ္မံတုံ႔ျပန္လာဖို႔ ရွိေနၿပီး ဖူလ္ဟမ္အသင္းအေနနဲ႔ တန္းဆင္းဇုန္ ႐ုန္းအားရွိေနေပမယ့္ ခ်န္ပီယံဆုအတြက္ အမွားမခံလိုတဲ့ ဂြါဒီယိုလာအေနနဲ႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူသြားမယ္လို႔ ေလာ္႐ိုခန႔္မွန္း။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.