Premier League Transfer News

13 Mar နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– လာမယ့် နွေရာသီမှာ အာဆင်နယ်အသင်းအနေနဲ့ ပုံစံကောင်းမရတဲ့ စီနီယာကစားသမား ၅ ယောက်လောက်ကို ရောင်းချပြီး ပြန်လည် အစားထိုးသွားဖို့ မာတင် ကီးယွန်းက တိုက်တွန်းလိုက်ပြီး နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ပိုမိုကောင်းမွန်ပြီး ယုံကြည်ရတဲ့ အစုအဖွဲ့ကို တည်ဆောက်ဖို့ အကြံပေး။

– အိုလံပီယာကော့စ်နဲ့ပွဲမှာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်က ဘူကာယို ဆာကာနဲ့ မာတင် အော်ဒီဂွါဒ်တို့အနေနဲ့ သူတို့ရဲ့ ညာနောက်ခံ ကစားသမား ဟက်တာ ဘယ်လာရင်ကို တတ်နိုင်သမျှ ဘောလုံးမပေးဖို့ ကြိုးစားခဲ့ကြပြီး သူ့ရဲ့ တိုက်စစ်မှာ နားလည်မှုမရှိပုံကို စိတ်ပျက်နေကြပုံရတယ်လို့ ပရိသတ်တချို့ ထောက်ပြခဲ့ကြ။

– လာမယ့် နွေရာသီမှာ ကွင်းလယ်လူ ဒါနီ စီဘာယော့စ်ကို ရီးရဲလ်မက်ဒရစ် ပြန်ပို့ဖို့ လိုအပ်နေသလို ချာကာကိုလည်း ရောင်းထုတ်ပြီး ဒေးဗစ် လူးဝစ်ဇ်ကိုတော့ စာချုပ်သက်တမ်း မတိုးဖို့ လိုအပ်နေတယ်လို့ အာဆင်နယ်ပရိသတ်တွေက အမှားများပြီး ဂိုးတွေ ခွင့်ပြုခဲ့တဲ့ သူတွေကို စိတ်ကုန်နေကြ။

– ဒီတစ်ပတ် မြောက်လန်ဒန်ဒါဘီအဖြစ် တွေ့ဆုံမယ့် အာဆင်နယ်အသင်းကို စိတ်မဝင်စားဘူးလို့ ပြောလိုက်ပြီး သူတို့အနေနဲ့ အပေါ်က အသင်းတွေကိုပဲ မျှော်ကြည့်တတ်သလို အောက်က ခုနစ်မှတ်နည်းနေတဲ့ အသင်းမျိုးကိုတော့ ငုံ့ကြည့်လေ့မရှိဘူးလို့ စပါးစ်နည်းပြ ဂျိုဆေး မော်ရင်ညိုက ပွဲကြိုထိုးနှက်သွားခဲ့။

– ကွင်းလယ်လူ သောမတ်စ် ပါတေးအနေနဲ့ အသင်းကို ရောက်ရှိလာကတည်းက ရုန်းကန်နေရတယ်လို့ နည်းပြ အာတီတာက ဝန်ခံလိုက်ပြီး ဂါနာသားအနေနဲ့ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ ကြိုးစားနေသလို မဝေးလှတဲ့ အနာဂတ်မှာ မူလအတိုင်း ပြန်ဖြစ်လာမယ်လို့ ယုံကြည်ကြောင်းဆို။

– အာဆင်နယ်ဂန္ထဝင်တွေနဲ့ ကစားသမားဟောင်း အများစုရဲ့ ထိုးနှက်ခြင်းကို ခံခဲ့ရတဲ့ ဘရာဇီးကွင်းလယ်လူ ဝီလီယန်အနေနဲ့ အချိုးအကွေ့ တစ်ခုကို ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိမှာ အသင်းအတွက် ဖန်တီးမှု အများဆုံး ပြုလုပ်ထားတဲ့ ၃၂ နှစ်သားအနေနဲ့ ရှေ့လျှောက် အသင်းကို အကျိုးပြုနိုင်တော့မယ်လို့ ပေါလ် မာဆန်က လန်ဒန်ဒါဘီအကြိုမှာ သုံးသပ်သွားခဲ့။

– ယမန်နေ့က အသက် ၂၂ နှစ်အရွယ်မှာ အသက်အငယ်ဆုံး နော်ဝေလက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ မာတင် အော်ဒီဂွါဒ်အနေနဲ့ အနာဂတ်မှာ အာဆင်နယ်ရဲ့ အမာခံကစားသမားအဖြစ် ကီရန် တီယာနီနဲ့ ကပ္ပတိန်လက်ပတ်ကို အပြိုင်လုကြမယ်လို့ ကျွမ်းကျင်သူတွေက ပြိုင်ဆိုင်မှုနဲ့ အပြောင်းအရွှေ့အတွက် ခန့်မှန်းခဲ့ကြ။

– တစ်ချိန်တုန်းက အာဆင်နယ်အသင်းမှာ ငွေအလုံအလောက်ရှိစဉ်က အာဆင်ဝင်းဂါးအနေနဲ့ ချွေတာခဲ့လို့ မသုံးစွဲနိုင်ခဲ့တာဖြစ်ပေမယ့် လက်ရှိမှာ ကွင်းထဲက အမှားအယွင်းတွေနဲ့အတူ ဆိုးရွားတဲ့ အမှတ်ပေးဇယားရပ်တည်မှုတွေက အသင်းရဲ့ ဘဏ်စာရင်းကို ထိခိုက်ပြီး မသုံးစွဲနိုင်ခဲ့တာလို့ ဒေးလီးမေးလ် ရေးသား။

– အာဆင်နယ်အသင်းမှာ နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ထရိန်နင်ကို အကောင်းဆုံး ကိုင်တွယ်နေခဲ့ပြီး ကစားသမားတွေအနေနဲ့ သူ့ရဲ့ လက်အောက်မှာ ဘယ်လောက်အထိ တိုးတက်လာနိုင်တယ်ဆိုတာကို တွေ့မြင်နေရကြောင်း ခြေစွမ်းပြနေကြတဲ့သူတွေကို ထောက်ပြပြီး နည်းပြဟောင်း ဂျော့ချ် ဂရေဟမ်က ချီးကျူးသွားခဲ့။

– ပရီးမီးယားလိဂ်ကနေ တန်းဆင်းဖို့ သေချာသလောက်ဖြစ်နေပြီး နည်းပြ ခရစ္စ ဝိုင်လ်ဒါကိုလည်း ထုတ်ပယ်ဖို့ နီးစပ်နေခဲ့တဲ့ ရှက်ဖီးလ်ဒ် ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ဆန်ဒါ ဘာဂါကို ရာသီကုန်မှာ ခေါ်ယူပေးဖို့ အာဆင်နယ်ပရိသတ်တွေက တောင်းဆိုခဲ့ကြပြီး နော်ဝေသားကို ယူရို ၂၆ သန်းနဲ့ ရောင်းချမယ်လို့ သတင်းထွက်လာ။

– အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးစ်တို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်ဟာ နည်းဗျူဟာပိုင်းနဲ့ ကစားသမားပိုင်းအရ ကီရန် တီယာနီနဲ့ ဂါရက် ဘေးလ်တို့ရဲ့ ယှဉ်ပြိုင်မှုပဲဖြစ်တယ်လို့ ဂန်းနားဟောင်း အလန် စမစ်က စကိုင်းစပို့စ်ကနေ သုံးသပ်လိုက်ပြီး လော်ရိုကတော့ အိမ်ရှင်တွေ နှစ်ဂိုး-ဂိုးမရှိလို့ ခန့်မှန်းသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လာမယ့္ ေႏြရာသီမွာ အာဆင္နယ္အသင္းအေနနဲ႔ ပုံစံေကာင္းမရတဲ့ စီနီယာကစားသမား ၅ ေယာက္ေလာက္ကို ေရာင္းခ်ၿပီး ျပန္လည္ အစားထိုးသြားဖို႔ မာတင္ ကီးယြန္းက တိုက္တြန္းလိုက္ၿပီး နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ပိုမိုေကာင္းမြန္ၿပီး ယုံၾကည္ရတဲ့ အစုအဖြဲ႕ကို တည္ေဆာက္ဖို႔ အႀကံေပး။

– အိုလံပီယာေကာ့စ္နဲ႔ပြဲမွာ အာဆင္နယ္အသင္းရဲ႕ တိုက္စစ္က ဘူကာယို ဆာကာနဲ႔ မာတင္ ေအာ္ဒီဂြါဒ္တို႔အေနနဲ႔ သူတို႔ရဲ႕ ညာေနာက္ခံ ကစားသမား ဟက္တာ ဘယ္လာရင္ကို တတ္ႏိုင္သမွ် ေဘာလုံးမေပးဖို႔ ႀကိဳးစားခဲ့ၾကၿပီး သူ႔ရဲ႕ တိုက္စစ္မွာ နားလည္မႈမရွိပုံကို စိတ္ပ်က္ေနၾကပုံရတယ္လို႔ ပရိသတ္တခ်ိဳ႕ ေထာက္ျပခဲ့ၾက။

– လာမယ့္ ေႏြရာသီမွာ ကြင္းလယ္လူ ဒါနီ စီဘာေယာ့စ္ကို ရီးရဲလ္မက္ဒရစ္ ျပန္ပို႔ဖို႔ လိုအပ္ေနသလို ခ်ာကာကိုလည္း ေရာင္းထုတ္ၿပီး ေဒးဗစ္ လူးဝစ္ဇ္ကိုေတာ့ စာခ်ဳပ္သက္တမ္း မတိုးဖို႔ လိုအပ္ေနတယ္လို႔ အာဆင္နယ္ပရိသတ္ေတြက အမွားမ်ားၿပီး ဂိုးေတြ ခြင့္ျပဳခဲ့တဲ့ သူေတြကို စိတ္ကုန္ေနၾက။

– ဒီတစ္ပတ္ ေျမာက္လန္ဒန္ဒါဘီအျဖစ္ ေတြ႕ဆုံမယ့္ အာဆင္နယ္အသင္းကို စိတ္မဝင္စားဘူးလို႔ ေျပာလိုက္ၿပီး သူတို႔အေနနဲ႔ အေပၚက အသင္းေတြကိုပဲ ေမွ်ာ္ၾကည့္တတ္သလို ေအာက္က ခုနစ္မွတ္နည္းေနတဲ့ အသင္းမ်ိဳးကိုေတာ့ ငုံ႔ၾကည့္ေလ့မရွိဘူးလို႔ စပါးစ္နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳက ပြဲႀကိဳထိုးႏွက္သြားခဲ့။

– ကြင္းလယ္လူ ေသာမတ္စ္ ပါေတးအေနနဲ႔ အသင္းကို ေရာက္ရွိလာကတည္းက ႐ုန္းကန္ေနရတယ္လို႔ နည္းျပ အာတီတာက ဝန္ခံလိုက္ၿပီး ဂါနာသားအေနနဲ႔ သူ႔ရဲ႕ အေကာင္းဆုံးပုံစံကို ျပသႏိုင္ဖို႔ ႀကိဳးစားေနသလို မေဝးလွတဲ့ အနာဂတ္မွာ မူလအတိုင္း ျပန္ျဖစ္လာမယ္လို႔ ယုံၾကည္ေၾကာင္းဆို။

– အာဆင္နယ္ဂႏၴဝင္ေတြနဲ႔ ကစားသမားေဟာင္း အမ်ားစုရဲ႕ ထိုးႏွက္ျခင္းကို ခံခဲ့ရတဲ့ ဘရာဇီးကြင္းလယ္လူ ဝီလီယန္အေနနဲ႔ အခ်ိဳးအေကြ႕ တစ္ခုကို ျဖတ္ေက်ာ္ႏိုင္ခဲ့ၿပီျဖစ္ၿပီး လက္ရွိမွာ အသင္းအတြက္ ဖန္တီးမႈ အမ်ားဆုံး ျပဳလုပ္ထားတဲ့ ၃၂ ႏွစ္သားအေနနဲ႔ ေရွ႕ေလွ်ာက္ အသင္းကို အက်ိဳးျပဳႏိုင္ေတာ့မယ္လို႔ ေပါလ္ မာဆန္က လန္ဒန္ဒါဘီအႀကိဳမွာ သုံးသပ္သြားခဲ့။

– ယမန္ေန႔က အသက္ ၂၂ ႏွစ္အ႐ြယ္မွာ အသက္အငယ္ဆုံး ေနာ္ေဝလက္ေ႐ြးစင္အသင္းေခါင္းေဆာင္အျဖစ္ ခန႔္အပ္ခံခဲ့ရတဲ့ မာတင္ ေအာ္ဒီဂြါဒ္အေနနဲ႔ အနာဂတ္မွာ အာဆင္နယ္ရဲ႕ အမာခံကစားသမားအျဖစ္ ကီရန္ တီယာနီနဲ႔ ကပၸတိန္လက္ပတ္ကို အၿပိဳင္လုၾကမယ္လို႔ ကြၽမ္းက်င္သူေတြက ၿပိဳင္ဆိုင္မႈနဲ႔ အေျပာင္းအေ႐ႊ႕အတြက္ ခန႔္မွန္းခဲ့ၾက။

– တစ္ခ်ိန္တုန္းက အာဆင္နယ္အသင္းမွာ ေငြအလုံအေလာက္ရွိစဥ္က အာဆင္ဝင္းဂါးအေနနဲ႔ ေခြၽတာခဲ့လို႔ မသုံးစြဲႏိုင္ခဲ့တာျဖစ္ေပမယ့္ လက္ရွိမွာ ကြင္းထဲက အမွားအယြင္းေတြနဲ႔အတူ ဆိုး႐ြားတဲ့ အမွတ္ေပးဇယားရပ္တည္မႈေတြက အသင္းရဲ႕ ဘဏ္စာရင္းကို ထိခိုက္ၿပီး မသုံးစြဲႏိုင္ခဲ့တာလို႔ ေဒးလီးေမးလ္ ေရးသား။

– အာဆင္နယ္အသင္းမွာ နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ထရိန္နင္ကို အေကာင္းဆုံး ကိုင္တြယ္ေနခဲ့ၿပီး ကစားသမားေတြအေနနဲ႔ သူ႔ရဲ႕ လက္ေအာက္မွာ ဘယ္ေလာက္အထိ တိုးတက္လာႏိုင္တယ္ဆိုတာကို ေတြ႕ျမင္ေနရေၾကာင္း ေျခစြမ္းျပေနၾကတဲ့သူေတြကို ေထာက္ျပၿပီး နည္းျပေဟာင္း ေဂ်ာ့ခ်္ ဂေရဟမ္က ခ်ီးက်ဴးသြားခဲ့။

– ပရီးမီးယားလိဂ္ကေန တန္းဆင္းဖို႔ ေသခ်ာသေလာက္ျဖစ္ေနၿပီး နည္းျပ ခရစၥ ဝိုင္လ္ဒါကိုလည္း ထုတ္ပယ္ဖို႔ နီးစပ္ေနခဲ့တဲ့ ရွက္ဖီးလ္ဒ္ ယူႏိုက္တက္အသင္းရဲ႕ ကြင္းလယ္လူ ဆန္ဒါ ဘာဂါကို ရာသီကုန္မွာ ေခၚယူေပးဖို႔ အာဆင္နယ္ပရိသတ္ေတြက ေတာင္းဆိုခဲ့ၾကၿပီး ေနာ္ေဝသားကို ယူ႐ို ၂၆ သန္းနဲ႔ ေရာင္းခ်မယ္လို႔ သတင္းထြက္လာ။

– အာဆင္နယ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔ရဲ႕ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ဟာ နည္းဗ်ဴဟာပိုင္းနဲ႔ ကစားသမားပိုင္းအရ ကီရန္ တီယာနီနဲ႔ ဂါရက္ ေဘးလ္တို႔ရဲ႕ ယွဥ္ၿပိဳင္မႈပဲျဖစ္တယ္လို႔ ဂန္းနားေဟာင္း အလန္ စမစ္က စကိုင္းစပို႔စ္ကေန သုံးသပ္လိုက္ၿပီး ေလာ္႐ိုကေတာ့ အိမ္ရွင္ေတြ ႏွစ္ဂိုး-ဂိုးမရွိလို႔ ခန႔္မွန္းသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.