Premier League UCL&UEL

တောက်မယ့် မီးခဲလေးရဲ့ ပထမဆုံး အလျှံရဲရဲအတွက် ယူနိုက်တက်နည်းပြ၊ ကပ္ပတိန်နဲ့ စီနီယာတွေ ဂုဏ်ပြုခဲ့ကြ

ပြီးခဲ့တဲ့ညက ထိပ်တိုက်ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အေစီမီလန်အသင်းတို့ရဲ့ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့မှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့လို့ အိမ်ရှင် ပရိသတ်တွေအတွက်တော့ နောက်ဆုံးမိနစ်မှာ အားမလို အားမရဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ထူးခြားတာက ယူနိုက်တက်အသင်းရဲ့ လူငယ်ကြယ်ပွင့် အာမက်ဂျယ်လိုဟာ အသင်းအတွက် ဦးဆောင်ဂိုးကို နောက်ပြန်ခေါင်းတိုက်ပြီး သွင်းယူပေးနိုင်ခဲ့တာပါ။ ဘရူနို ဖာနန်ဒက်စ်ရဲ့ Set Piece ကနေတဆင့် တစ်လက်မ မလွဲ မ,တင်ပေးမှုဟာ အလုပ်ဖြစ်ခဲ့ပြီး ပိုင်ပိုင်နိုင်နိုင်နဲ့ ရဲရဲရင့်ရင့် အဆုံးသတ်ခဲ့တဲ့ အာမက် ဂျယ်လိုရဲ့ သွင်းဂိုးက အေစီမီလန်ဂိုးသမား ဒွန်နာရမ်မာကိုသာမက ယူနိုက်တက်ပရိသတ်တွေကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့တယ်။

သူရဲ့သွင်းဂိုးကို ကြည့်ရှုပြီး ရှေ့လာမယ့် အလားအလာကို အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားက ချီးကျူးလိုက်သလို မိမိတို့အတွက် ကြီးကျယ်တဲ့ ကစားသမားတစ်ဦးဖြစ်လာမယ်လို့ ခန့်မှန်းလိုက်ချိန်မှာ ကွင်းလယ်လူ ပေါ့ဘာကလည်း ယူနိုက်တက်ကိုယ်စားပြု ပထမဆုံးဂိုးအတွက် ဂုဏ်ပြုကြောင်း ဆိုသွားခဲ့ပါတယ်။

မက်ဂွိုင်းယားက “အာမက်က သိပ်ကို အနာဂတ်မြင့်မားတဲ့ လူငယ်ပါရမီရှင်သွေးသစ်လေးပါ။ ထရိန်နင်မှာ သူဘယ်လောက် မဆုတ်မနစ် ကြိုးစားလဲဆိုတာကို ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီးပါပြီ။ ကျွန်တော်တို့ အားကိုးရတဲ့ ကစားသမားကြီးဖြစ်လာတော့မှာပါ။ သိပ်အလုပ်လုပ်တယ်။ သူ့ကစားပုံ တိုးတက်လာအောင် ပြင်းပြင်းထန်ထန် လေးလေးနက်နက် အားထုတ်နေတဲ့ ကလေးပါ”လို့ ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် ဒဏ်ရာကြောင့် အနားယူနေရပြီး ဒီပွဲကို လွဲချော်ခဲ့တဲ့ စီနီယာကွင်းလယ်လူ ပေါလ် ပေါ့ဘာကလည်း အိုင်ဗရီကို့စ်သားလေးရဲ့ ခြေစွမ်းကို အကဲခတ်နေခဲ့တာဖြစ်ပြီး “ဂုဏ်ယူစရာ ကောင်းလိုက်တာ အာမက်ရေ။ မင်းရဲ့ ပထမဆုံးဂိုးအတွက် ဂုဏ်ပြုလိုက်ပါတယ်”လို့ လူမှုကွန်ရက်မှာ သူ့တို့ရဲ့ အမြင်ကို ပြောဆိုမှုပြုလုပ်သွားခဲ့တာပါ။

ယူနိုက်တက်နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကတော့ သူ့ရဲ့ လူငယ်လေးက ဖန်တီးနိုင်စွမ်းမြင့်မားပြီး ကွင်းထဲမှာ လွတ်လွတ်လပ်လပ် နေရာယူတတ်သလို ဘောလုံးကို ဖိအားကင်းကင်းနဲ့ ကစားတတ်သူဖြစ်ကြောင်း၊ ကျန်ရှိနေသေးတဲ့ သင်ယူစရာတွေကို ဖြတ်သန်းပြီးရင် သူဟာ အခုထက် ပိုမိုသာလွန်တဲ့ ကစားသမားတစ်ဦးဖြစ်လာမှာဖြစ်ကြောင်း ချီးမွမ်းခန်းဖွင့်သွားခဲ့ပါသေးတယ်။

လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်နဲ့ တောင်ပံကစားသမားတွေကြား ဒဏ်ရာအနာတရ ပေါများနေချိန်မှာ ခုလိုမျိုး အားကိုးရမယ့် အာမက် ဂျယ်လိုဟာ ပရိသတ်တွေအတွက် အားတက်စရာ ခံစားမှုသစ်တစ်ရပ်လည်း ဖြစ်ခဲ့ပြီး လာမယ့် ဝက်စ်ဟမ်းနဲ့ အိမ်ကွင်းပွဲမှာလည်း ပါဝင်ပွဲထွက်နိုင်ဖို့ ပရိသတ်တွေနဲ့အတူ အသင်းဖော်တွေကပါ အလိုရှိနေကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ညက ထိပ္တိုက္ယွဥ္ၿပိဳင္ကစားခဲ့ၾကတဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ေအစီမီလန္အသင္းတို႔ရဲ႕ ယူ႐ိုပါလိဂ္ ၁၆ သင္း ရႈံးထြက္အဆင့္ ပထမအေက်ာ့မွာ တစ္ဖက္တစ္ဂိုးစီနဲ႔ သေရက်ခဲ့လို႔ အိမ္ရွင္ ပရိသတ္ေတြအတြက္ေတာ့ ေနာက္ဆုံးမိနစ္မွာ အားမလို အားမရျဖစ္ခဲ့ရတာလည္းျဖစ္ပါတယ္။

ထူးျခားတာက ယူႏိုက္တက္အသင္းရဲ႕ လူငယ္ၾကယ္ပြင့္ အာမက္ဂ်ယ္လိုဟာ အသင္းအတြက္ ဦးေဆာင္ဂိုးကို ေနာက္ျပန္ေခါင္းတိုက္ၿပီး သြင္းယူေပးႏိုင္ခဲ့တာပါ။ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ Set Piece ကေနတဆင့္ တစ္လက္မ မလြဲ မ,တင္ေပးမႈဟာ အလုပ္ျဖစ္ခဲ့ၿပီး ပိုင္ပိုင္ႏိုင္ႏိုင္နဲ႔ ရဲရဲရင့္ရင့္ အဆုံးသတ္ခဲ့တဲ့ အာမက္ ဂ်ယ္လိုရဲ႕ သြင္းဂိုးက ေအစီမီလန္ဂိုးသမား ဒြန္နာရမ္မာကိုသာမက ယူႏိုက္တက္ပရိသတ္ေတြကို ပါးစပ္အေဟာင္းသားျဖစ္ေစခဲ့တယ္။

သူရဲ႕သြင္းဂိုးကို ၾကည့္ရႈၿပီး ေရွ႕လာမယ့္ အလားအလာကို အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားက ခ်ီးက်ဴးလိုက္သလို မိမိတို႔အတြက္ ႀကီးက်ယ္တဲ့ ကစားသမားတစ္ဦးျဖစ္လာမယ္လို႔ ခန႔္မွန္းလိုက္ခ်ိန္မွာ ကြင္းလယ္လူ ေပါ့ဘာကလည္း ယူႏိုက္တက္ကိုယ္စားျပဳ ပထမဆုံးဂိုးအတြက္ ဂုဏ္ျပဳေၾကာင္း ဆိုသြားခဲ့ပါတယ္။

မက္ဂြိဳင္းယားက “အာမက္က သိပ္ကို အနာဂတ္ျမင့္မားတဲ့ လူငယ္ပါရမီရွင္ေသြးသစ္ေလးပါ။ ထရိန္နင္မွာ သူဘယ္ေလာက္ မဆုတ္မနစ္ ႀကိဳးစားလဲဆိုတာကို ကြၽန္ေတာ္တို႔ မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ရၿပီးပါၿပီ။ ကြၽန္ေတာ္တို႔ အားကိုးရတဲ့ ကစားသမားႀကီးျဖစ္လာေတာ့မွာပါ။ သိပ္အလုပ္လုပ္တယ္။ သူ႔ကစားပုံ တိုးတက္လာေအာင္ ျပင္းျပင္းထန္ထန္ ေလးေလးနက္နက္ အားထုတ္ေနတဲ့ ကေလးပါ”လို႔ ေျပာသြားခဲ့ပါတယ္။

ဒါ့အျပင္ ဒဏ္ရာေၾကာင့္ အနားယူေနရၿပီး ဒီပြဲကို လြဲေခ်ာ္ခဲ့တဲ့ စီနီယာကြင္းလယ္လူ ေပါလ္ ေပါ့ဘာကလည္း အိုင္ဗရီကို႔စ္သားေလးရဲ႕ ေျခစြမ္းကို အကဲခတ္ေနခဲ့တာျဖစ္ၿပီး “ဂုဏ္ယူစရာ ေကာင္းလိုက္တာ အာမက္ေရ။ မင္းရဲ႕ ပထမဆုံးဂိုးအတြက္ ဂုဏ္ျပဳလိုက္ပါတယ္”လို႔ လူမႈကြန္ရက္မွာ သူ႔တို႔ရဲ႕ အျမင္ကို ေျပာဆိုမႈျပဳလုပ္သြားခဲ့တာပါ။

ယူႏိုက္တက္နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားကေတာ့ သူ႔ရဲ႕ လူငယ္ေလးက ဖန္တီးႏိုင္စြမ္းျမင့္မားၿပီး ကြင္းထဲမွာ လြတ္လြတ္လပ္လပ္ ေနရာယူတတ္သလို ေဘာလုံးကို ဖိအားကင္းကင္းနဲ႔ ကစားတတ္သူျဖစ္ေၾကာင္း၊ က်န္ရွိေနေသးတဲ့ သင္ယူစရာေတြကို ျဖတ္သန္းၿပီးရင္ သူဟာ အခုထက္ ပိုမိုသာလြန္တဲ့ ကစားသမားတစ္ဦးျဖစ္လာမွာျဖစ္ေၾကာင္း ခ်ီးမြမ္းခန္းဖြင့္သြားခဲ့ပါေသးတယ္။

လက္ရွိမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ တိုက္စစ္နဲ႔ ေတာင္ပံကစားသမားေတြၾကား ဒဏ္ရာအနာတရ ေပါမ်ားေနခ်ိန္မွာ ခုလိုမ်ိဳး အားကိုးရမယ့္ အာမက္ ဂ်ယ္လိုဟာ ပရိသတ္ေတြအတြက္ အားတက္စရာ ခံစားမႈသစ္တစ္ရပ္လည္း ျဖစ္ခဲ့ၿပီး လာမယ့္ ဝက္စ္ဟမ္းနဲ႔ အိမ္ကြင္းပြဲမွာလည္း ပါဝင္ပြဲထြက္ႏိုင္ဖို႔ ပရိသတ္ေတြနဲ႔အတူ အသင္းေဖာ္ေတြကပါ အလိုရွိေနေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.