Premier League Transfer News

12 Mar နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

– ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ အလန် ဟဒ်ဆန်က သောမတ်စ် တူဟယ်လ်ရဲ့ လက်ရှိလူစာရင်းကို တိုးတက်အောင် ကိုင်တွယ်နိုင်ခဲ့ပုံကို ချီးကျူးလိုက်ပြီး ရီးရဲလ်မက်ဒရစ်ကို ထွက်ခွာသွားခဲ့တဲ့ အီဒင် ဟာဇတ်သာ ဆက်ရှိနေမယ်ဆိုရင် ချန်ပီယံလိဂ်ဖလားကိုတောင် ရလောက်ပြီလို့ ပြောကြားသွား။

– အေစီမီလန်အသင်းရဲ့ ကွင်းလယ်လူ ဖရန့်ခ် ကက်ဆီယေးကို ခေါ်ယူလိုနေတဲ့ ချဲလ်ဆီးအသင်းအတွက်တော့ အားတက်စရာ စကားကို အိုင်ဗရီကို့စ်ကွင်းလယ်လူဘက်က ပြောကြားလိုက်ပြီး စတမ်းဖို့ဒ်ဘရစ်ချ်ဘက်က ကမ်းလှမ်းလာရင် ငြင်းဆန်ဖို့ ခက်မယ်လို့ဆို။

– မန်ချက်စတာယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ တစ်ဂိုးသာ ခွင့်ပြုခဲ့ပြီး သရေကျခဲ့တဲ့ အေစီမီလန်အသင်းရဲ့နောက်တန်းမှာ ပါဝင်ခဲ့တဲ့ အငှားနောက်ခံလူ ဖီကာယို တိုမိုရီရဲ့ ခြေစွမ်းကို ချဲလ်ဆီးပရိသတ်တွေ ဂုဏ်ယူခဲ့ကြပြီး အာမက် ဂျယ်လိုရဲ့ ဂိုးအတွက်တော့ ကံမကောင်းခဲ့ဘူးလို့ မှတ်ချက်ပေးခဲ့ကြ။

– လိဒ်စ်ယူနိုက်တက်နဲ့ ရင်ဆိုင်မယ့် ချဲလ်ဆီးအသင်းရဲ့ လူစာရင်းမှာ သီယာဂို ဆေးလ်ဗားအနေနဲ့ ထရိန်နင်မှာ အနည်းငယ် အခြေအနေ ပြန်ဆိုးသွားခဲ့လို့ ပါဝင်နိုင်ဦးမှာ မဟုတ်ဘဲ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကလည်း ဒဏ်ရာကြောင့် လွဲချော်မယ်လို့ သိရ။

– နွေရာသီမှာ ချဲလ်ဆီးအသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းထွက်နေခဲ့တဲ့သူနှစ်ဦးဖြစ်တဲ့ တီမို ဗာနာနဲ့ ခရစ္စတီယန် ပူလီရှစ်ချ်တို့ နှစ်ဦးထဲက အမေရိကန်သားအတွက် နည်းပြ တူဟယ်လ်က ရှင်းလင်းလိုက်ပြီး သူ့ရဲ့ အနာဂတ်အစီအစဉ်တွေထဲ ပါဝင်နေတယ်လို့ဆို။

– ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ လိဒ်စ်တောင်ပံကစားသမား ရာဖင်ညာကို ခေါ်ယူခဲ့မယ်ဆိုရင် ချဲလ်ဆီးအသင်းအနေနဲ့ ဟာကင်းမ် ဇီးယက်ရှ်ကို ရောင်းချသွားမယ့်နေရာမှာ ဘာဗေးရီးယားကလပ်ရဲ့ ပြင်သစ်တောင်ပံသမား ကင်းစလီ ကိုမွန်ကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်သွားနိုင်ဖွယ်ရှိနေ။

– ချဲလ်ဆီးအသင်းအနေနဲ့ အေစီမီလန်အသင်းဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာကို မန်ချက်စတာယူနိုက်တက်နဲ့အပြိုင် စတင်ကမ်းလှမ်းခဲ့ပြီ ဖြစ်ပြီး အေးဂျင့် မီနို ရိုင်ယိုလာနဲ့လည်း ဆွေးနွေးနေပြီဖြစ်ကြောင်း အပြောင်းအရွှေ့ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဒန်ကန် ကတ်ဆယ်လ်က ထုတ်ဖော်သွား။

– နွေရာသီမှာ အသင်းကနေ ထွက်ခွာပြီး အီတလီမြေကို ပြန်လည်ခြေချဖို့ စဉ်းစားနေတဲ့ ကွင်းလယ်လူ ဂျော်ဂျင်ညိုအတွက် နာပိုလီ အသင်းနဲ့အပြိုင် ဂျူဗင်တပ်စ်အသင်းကပါ ခေါ်ယူလိုနေပြီး ကစားသမားဘက်က ထွက်ခွာဖို့ တရားဝင် အတည်ပြုခဲ့ရင် ဒီထက်တောင် စိတ်ဝင်စားတဲ့ စီးရီးအေအသင်းတွေ များလာနိုင်သေးကြောင်း သိရ။

– မန်ချက်စတာယူနိုက်တက်နဲ့ပွဲက ကက်ဆီယေးကို မြင်လိုက်ရတာဟာ ကစားသမားဟောင်း မိုက်ကယ် အက်ဆီယန်ကို ပြန်မြင်လိုက်ရသလိုပဲလို့ ပရိသတ်တွေက ဆိုခဲ့ကြပြီး ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေကလည်း နွေရာသီမှာ တိုမိုရီနဲ့ ဈေးဖြတ်လဲလှယ်နိုင်ဖို့ စိတ်ဝင်စားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


– အေစီမီလန်အသင်းရဲ့ ကွင်းလယ်လူ ဖရန့်ခ် ကက်ဆီယေးကို ခေါ်ယူလိုနေတဲ့ ချဲလ်ဆီးအသင်းအတွက်တော့ အားတက်စရာ စကားကို အိုင်ဗရီကို့စ်ကွင်းလယ်လူဘက်က ပြောကြားလိုက်ပြီး စတမ်းဖို့ဒ်ဘရစ်ခ်ျဘက်က ကမ်းလှမ်းလာရင် ငြင်းဆန်ဖို့ ခက်မယ်လို့ဆို။



– နွေရာသီမှာ ချဲလ်ဆီးအသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းထွက်နေခဲ့တဲ့သူနှစ်ဦးဖြစ်တဲ့ တီမို ဗာနာနဲ့ ခရစ္စတီယန် ပူလီရှစ်ခ်ျတို့ နှစ်ဦးထဲက အမေရိကန်သားအတွက် နည်းပြ တူဟယ်လ်က ရှင်းလင်းလိုက်ပြီး သူ့ရဲ့ အနာဂတ်အစီအစဉ်တွေထဲ ပါဝင်နေတယ်လို့ဆို။





REF: INTERNET SOURCES
SPORTS A2Z.