Premier League Transfer News

12 Mar နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အိုလံပီယာကော့စ်နဲ့ပွဲမှာ အဖွင့်ဂိုးကို လှပတဲ့ ကန်ချက်နဲ့ သွင်းယူခဲ့တဲ့ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ထက် ပရီးမီးယားလိဂ်မှာ ပိုမိုသွက်လက်ပြီး အသင်းနဲ့ အတွဲညီညီ ကစားနိုင်တဲ့ အီမီးလ် စမစ်ရိုးကိုပဲ လာမယ့် မြောက်လန်ဒန်ဒါဘီမှာ အသုံးပြုဖို့ မာတင် ကီးယွန်း တိုက်တွန်း။

– အာဆင်နယ်ပရိသတ်တွေနဲ့ စောင့်ကြည့်သူတွေကြားမှာ ကွင်းလယ်လူ သောမတ်စ် ပါတေးရဲ့ ခြေစွမ်းနဲ့ ကြံ့ခိုင်မှုကို သံသယရှိနေကြပြီး အိုလံပီယာကော့စ်နဲ့ပွဲမှာ အရင်ပွဲတွေကလိုပဲ ပွဲမပြီးခင် လူစားလဲခဲ့တာအတွက် မေးမြန်းလာမှုတွေအပေါ် နည်းပြ အာတီတာက တခြားသူကို ထည့်ပြီး ပွဲကို ပုံစံပြောင်းကစားဖို့လို့ ဖြေကြားသွားခဲ့။

– အနိုင်ဂိုးနှစ်ဂိုးကို ပွဲရဲ့ နောက်ပိုင်းအချိန်တွေမှာ သွင်းယူပြီး အိမ်ရှင်ကို အနိုင်ကစားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းအပေါ် နည်းပြ မီခယ်လ် အာတီတာက မကျေနပ်သေးကြောင်း ပြောကြားလိုက်ပြီး တစ်ဖက်အသင်းကို အခွင့်အရေးမပေးဘဲ ကစားတတ်တဲ့ ရက်စက်တဲ့ အသင်းမျိုးကို အလိုရှိတယ်လို့ တောင်းဆိုသွားခဲ့။

– ပြီးခဲ့တဲ့ ဒီနာမို ဇာဂရက်အသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းအနေနဲ့ ကြီးကြီးမားမား ပြဿနာရှိမနေကြောင်း တော့တင်ဟမ်ဟော့စပါးစ်နည်းပြ ဂျိုဆေး မော်ရင်ညိုက ပြောကြားလိုက်ပြီး အာဆင်နယ်နဲ့ မြောက်လန်ဒန်ဒါဘီမှာ ပါဝင်နိုင်မယ့်သဘော ပြောကြားသွား။

– အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်းမှာ အန္တရာယ်များတဲ့ ဘောလုံးပေးပို့မှုတွေနဲ့ အမှားတွေ၊ မတော်တဆမှုတွေကို ဆက်လက်ကျူးလွန် နေဦးမယ်ဆိုရင် နောင်လာမယ့်ပွဲတွေမှာ ကစားသမားတွေအနေနဲ့ အကာအကွယ်ပေးတဲ့ ဟဲလ်မက်တွေကို ဆောင်းပြီးသာ ကစားလိုက်ပါတော့လို့ မာတင် ကီးယွန်း လှောင်ပြောင်သွားခဲ့။

– မာတင် ကီးယွန်းနဲ့ အာဆင်နယ်ပရိသတ်တွေရဲ့ ဂါဘရီယယ်လ် မာတီနယ်လီကို ပွဲထွက်ကစားတာ မတွေ့ရလို့ ဆူညံနေတဲ့ အသံတွေအပေါ် အီယန်ရိုက်က ကာကွယ်ပြောကြားသွားပြီး ဘရာဇီးလ်သားလေးဟာ အမ်းမရိတ်ရဲ့ အနာဂတ်ဖြစ်ပြီး သူ့ရဲ့ ဒဏ်ရာကို ဂရုစိုက်တဲ့ အနေနဲ့ စီနီယာကစားသမားတွေရဲ့ ပုံစံကောင်းတွေကြားမှာ ဖိအားတွေနဲ့ ရင်မဆိုင်စေချင်သေးလို့ဖြစ်ကြောင်းဆို။

– မက်ဆီမီလီယာနို အယ်လီဂရီအနေနဲ့ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီးနဲ့ အာဆင်နယ်အသင်းတွေကို ငြင်းဆန်ပယ်ချခဲ့တာဟာ သူ့ရဲ့ ပုံရိပ်ကို လူရွှင်တော်တစ်ယောက်အဖြစ် မကျဆင်းစေချင်လို့ဖြစ်ကြောင်းနဲ့ ရည်မှန်းချက်ကောင်းမွန်ပြီး အရည်အသွေးရှိတဲ့ ထိပ်တန်းအသင်းတွေကိုပဲ နည်းပြလိုကြောင်း သူ့ရဲ့ မိတ်ဆွေ ဂျိုဗန်နီ ဂယ်လီယိုနီက ပြောကြားသွား။

– အိုလံပီယာကော့စ်နဲ့ပွဲက ဂိုးသွင်းရှင် မာတင် အော်ဒီဂွါဒ်ကို နည်းပြ အာတီတာက ချီးကျူးလိုက်ပြီး ကွင်းလယ်လူအနေနဲ့ သူ့ရဲ့ ဖန်တီးမှုတွေကိုတာ့ ဒီထက်ပိုပြီး စွန့်စားသင့်ကြောင်းနဲ့ တစ်ဖက်အသင်းကို ထိုးနှက်ဖို့အတွက် ဧရိယာအနားမှာ ပိုမိုရဲရင့်သင့်တယ်လို့ဆို။

– အာဆင်နယ်အသင်းက စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေတဲ့ ဆန်တို့စ်တောင်ပံကစားသမား ကိုင်ယို ဂျော်ဂျီကို ခေါ်ယူမယ့် အစီအစဉ်တွေကို ပရိသတ်တွေက သဘောမတူကြဘဲ ဘာဖြစ်လို့ မာတီနယ်လီကို ပေးမကစားဘဲနဲ့ သူ့အတွက် ငွေဖြုန်းမှာလဲလို့ တုံ့ပြန်ခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အိုလံပီယာေကာ့စ္နဲ႔ပြဲမွာ အဖြင့္ဂိုးကို လွပတဲ့ ကန္ခ်က္နဲ႔ သြင္းယူခဲ့တဲ့ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ထက္ ပရီးမီးယားလိဂ္မွာ ပိုမိုသြက္လက္ၿပီး အသင္းနဲ႔ အတြဲညီညီ ကစားႏိုင္တဲ့ အီမီးလ္ စမစ္႐ိုးကိုပဲ လာမယ့္ ေျမာက္လန္ဒန္ဒါဘီမွာ အသုံးျပဳဖို႔ မာတင္ ကီးယြန္း တိုက္တြန္း။

– အာဆင္နယ္ပရိသတ္ေတြနဲ႔ ေစာင့္ၾကည့္သူေတြၾကားမွာ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးရဲ႕ ေျခစြမ္းနဲ႔ ႀကံ့ခိုင္မႈကို သံသယရွိေနၾကၿပီး အိုလံပီယာေကာ့စ္နဲ႔ပြဲမွာ အရင္ပြဲေတြကလိုပဲ ပြဲမၿပီးခင္ လူစားလဲခဲ့တာအတြက္ ေမးျမန္းလာမႈေတြအေပၚ နည္းျပ အာတီတာက တျခားသူကို ထည့္ၿပီး ပြဲကို ပုံစံေျပာင္းကစားဖို႔လို႔ ေျဖၾကားသြားခဲ့။

– အႏိုင္ဂိုးႏွစ္ဂိုးကို ပြဲရဲ႕ ေနာက္ပိုင္းအခ်ိန္ေတြမွာ သြင္းယူၿပီး အိမ္ရွင္ကို အႏိုင္ကစားႏိုင္ခဲ့တဲ့ အာဆင္နယ္အသင္းအေပၚ နည္းျပ မီခယ္လ္ အာတီတာက မေက်နပ္ေသးေၾကာင္း ေျပာၾကားလိုက္ၿပီး တစ္ဖက္အသင္းကို အခြင့္အေရးမေပးဘဲ ကစားတတ္တဲ့ ရက္စက္တဲ့ အသင္းမ်ိဳးကို အလိုရွိတယ္လို႔ ေတာင္းဆိုသြားခဲ့။

– ၿပီးခဲ့တဲ့ ဒီနာမို ဇာဂရက္အသင္းနဲ႔ ပြဲစဥ္မွာ ဒဏ္ရာရရွိသြားခဲ့တဲ့ တိုက္စစ္မႉး ဟာရီကိန္းအေနနဲ႔ ႀကီးႀကီးမားမား ျပႆနာရွိမေနေၾကာင္း ေတာ့တင္ဟမ္ေဟာ့စပါးစ္နည္းျပ ဂ်ိဳေဆး ေမာ္ရင္ညိဳက ေျပာၾကားလိုက္ၿပီး အာဆင္နယ္နဲ႔ ေျမာက္လန္ဒန္ဒါဘီမွာ ပါဝင္ႏိုင္မယ့္သေဘာ ေျပာၾကားသြား။

– အာဆင္နယ္အသင္းရဲ႕ ခံစစ္ပိုင္းမွာ အႏၲရာယ္မ်ားတဲ့ ေဘာလုံးေပးပို႔မႈေတြနဲ႔ အမွားေတြ၊ မေတာ္တဆမႈေတြကို ဆက္လက္က်ဴးလြန္ ေနဦးမယ္ဆိုရင္ ေနာင္လာမယ့္ပြဲေတြမွာ ကစားသမားေတြအေနနဲ႔ အကာအကြယ္ေပးတဲ့ ဟဲလ္မက္ေတြကို ေဆာင္းၿပီးသာ ကစားလိုက္ပါေတာ့လို႔ မာတင္ ကီးယြန္း ေလွာင္ေျပာင္သြားခဲ့။

– မာတင္ ကီးယြန္းနဲ႔ အာဆင္နယ္ပရိသတ္ေတြရဲ႕ ဂါဘရီယယ္လ္ မာတီနယ္လီကို ပြဲထြက္ကစားတာ မေတြ႕ရလို႔ ဆူညံေနတဲ့ အသံေတြအေပၚ အီယန္႐ိုက္က ကာကြယ္ေျပာၾကားသြားၿပီး ဘရာဇီးလ္သားေလးဟာ အမ္းမရိတ္ရဲ႕ အနာဂတ္ျဖစ္ၿပီး သူ႔ရဲ႕ ဒဏ္ရာကို ဂ႐ုစိုက္တဲ့ အေနနဲ႔ စီနီယာကစားသမားေတြရဲ႕ ပုံစံေကာင္းေတြၾကားမွာ ဖိအားေတြနဲ႔ ရင္မဆိုင္ေစခ်င္ေသးလို႔ျဖစ္ေၾကာင္းဆို။

– မက္ဆီမီလီယာႏို အယ္လီဂရီအေနနဲ႔ ပီအက္စ္ဂ်ီ၊ ရီးရဲလ္မက္ဒရစ္၊ ခ်ဲလ္ဆီးနဲ႔ အာဆင္နယ္အသင္းေတြကို ျငင္းဆန္ပယ္ခ်ခဲ့တာဟာ သူ႔ရဲ႕ ပုံရိပ္ကို လူ႐ႊင္ေတာ္တစ္ေယာက္အျဖစ္ မက်ဆင္းေစခ်င္လို႔ျဖစ္ေၾကာင္းနဲ႔ ရည္မွန္းခ်က္ေကာင္းမြန္ၿပီး အရည္အေသြးရွိတဲ့ ထိပ္တန္းအသင္းေတြကိုပဲ နည္းျပလိုေၾကာင္း သူ႔ရဲ႕ မိတ္ေဆြ ဂ်ိဳဗန္နီ ဂယ္လီယိုနီက ေျပာၾကားသြား။

– အိုလံပီယာေကာ့စ္နဲ႔ပြဲက ဂိုးသြင္းရွင္ မာတင္ ေအာ္ဒီဂြါဒ္ကို နည္းျပ အာတီတာက ခ်ီးက်ဴးလိုက္ၿပီး ကြင္းလယ္လူအေနနဲ႔ သူ႔ရဲ႕ ဖန္တီးမႈေတြကိုတာ့ ဒီထက္ပိုၿပီး စြန႔္စားသင့္ေၾကာင္းနဲ႔ တစ္ဖက္အသင္းကို ထိုးႏွက္ဖို႔အတြက္ ဧရိယာအနားမွာ ပိုမိုရဲရင့္သင့္တယ္လို႔ဆို။

– အာဆင္နယ္အသင္းက စိတ္ဝင္စားေနတယ္လို႔ သတင္းထြက္ေနတဲ့ ဆန္တို႔စ္ေတာင္ပံကစားသမား ကိုင္ယို ေဂ်ာ္ဂ်ီကို ေခၚယူမယ့္ အစီအစဥ္ေတြကို ပရိသတ္ေတြက သေဘာမတူၾကဘဲ ဘာျဖစ္လို႔ မာတီနယ္လီကို ေပးမကစားဘဲနဲ႔ သူ႔အတြက္ ေငြျဖဳန္းမွာလဲလို႔ တုံ႔ျပန္ခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.