Match Report Premier League UCL&UEL

အိုလံပီယာကော့စ်ကို ရှုံးကြွေးပြန်ဆပ်ပြီး နောက်တစ်ဆင့်အတွက် အခြေအနေကောင်းတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဆာကာနဲ့ ဝီလီယန်တို့ကို အူဘာမီယန်းရဲ့ နောက်က ကစားဖို့ တိုက်စစ်အတွက် စီစဉ်လာခဲ့ပြီး ခံစစ်မှာတော့ ဒေးဗစ် လူးဝစ်ဇ်နဲ့ ဂါဘရီယယ်လ်တို့ကို သုံးစွဲခဲ့ချိန်မှာ အိမ်ရှင် အိုလံပီယာကော့စ်ကတော့ ပြီးခဲ့တဲ့နှစ်က အချိန်ပိုမှာ အသည်းခွဲတဲ့ အသင်းက ကစားသမား ၆ ဦးပဲ ပါဝင်နိုင်တော့ပြီး ပွဲထွက်လာခဲ့ကြပါတယ်။

ပွဲအစ ၂ မိနစ်မှာတည်းက တီယာနီ ချိုးပေးတာကို အော်ဒီဂွါဒ်က အားပျော့တဲ့ ကန်ချက်နဲ့ လွဲချော်ခဲ့ပြီး ပွဲချိန် ၅ မိနစ်မှာတော့ ဘယ်လာရင် ဖြတ်တင်ပေးတာကို အူဘာမီယန်းရဲ့ ခေါင်းတိုက်ချက်က နောက်တန်းနဲ့ ထိပြီး လမ်းကြောင်းအနည်းငယ်ပြောင်းခဲ့ပေမယ့် ဂိုးသမား ဂျိုဆေးဆား ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။

၁၃ မိနစ်မှာတော့ သောမတ်စ် ပါတေးက သူ့ရဲ့ ထရိန်နင်မှာ လေ့ကျင့်ဖို့ လိုနေသေးကြောင်း သက်သေပြတဲ့ ကန်ချက်ကို ဘန်လေနဲ့ပွဲကလိုပဲ မိုးပေါ်ထောင်ကန်ပြခဲ့ပြီး ၂၃ မိနစ်မှာတော့ အူဘာမီယန်းက ဖရီးကစ်ကို ဂိုးသမားတည့်တည့်ကိုပဲ ကန်မိခဲ့လို့ အဖွင့်ဂိုးနဲ့ လွဲချော်နေခဲ့ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး စရခဲ့ပြီး အငှားနဲ့ ရောက်လာပြီးကတည်းက ဂိုးမသွင်းနိုင်သေးတဲ့ ကွင်းလယ်လူ အော်ဒီဂွါဒ်က အိုလံပီယာကော့စ်တို့ လူပေးတာကို ပါတေး ဖြတ်တောက်ရယူပြီး ပြန်ပေးခဲ့တဲ့ ဘောလုံးကို အဝေးကနေ အပြင်းကန်သွင်းယူခဲ့ရာမှာ ဂျိုဆေးဆား မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာ ဒေးဗစ် လူးဝစ်ဇ်ရဲ့ စိတ်ပျက်ဖွယ်ရာအမှားကို ဂရိကလပ်ဘက်က မာဆူရာ့စ် အသုံးမချနိုင်ခဲ့တာကြောင့် သက်သာခဲ့ရပြီး ဆာကာရဲ့ ပေးပို့မှုကိုလည်း ဝီလီယန်က အသုံးမချနိုင်ခဲ့တာကြောင့် ပထမပိုင်းကို အာဆင်နယ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းပြန်အစမှာတော့ အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့တဲ့ အာဆင်နယ်တို့ ပွဲချိန် ၅၈ မိနစ်မှာ ဂိုးပေးခဲ့ရပြီး သူ့ရဲ့ နောက်တန်းတွေကို ယုံကြည်မှုလွန်နေပုံရတဲ့ ဂိုးသမား လီနိုက အနီးပေးပဲ ပြန်ပေးခဲ့တာကို ဒါနီ စီဘာယော့စ်က မလွတ်တဲ့ အနေအထားကနေ ဘောလုံးပေးဖို့ ကြိုးစားရင်း ပျက်ခဲ့တာကို ဂိုးသွင်းနေကျ အယ်လာရာဘီက ရယူသွားပြီး အဝေးက လှမ်းကန်ခဲ့ရာမှာ လီနို သူ့နေရာမှာ အဆင့်သင့်မဖြစ်ခဲ့လို့ ချေပဂိုး ပြန်ပေးခဲ့ရပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာ တိုက်စစ်မှူး အယ်လာရာဘီကပဲ ဂိုးရနိုင်ခွင့်ကို တိုင်ဘေးကန်ခဲ့တာက ဒီပွဲရဲ့ အလှည့်အပြောင်းဖြစ်ခဲ့ပြီး ပွဲချိန် ၇၈ မိနစ်မှာတော့ အော်ဒီဂွါဒ်ရဲ့ ထောင့်ကန်ဘောကနေ အနီးပေးခဲ့တာကို ဝီလီယန်က အမြင့်ဘော တင်ပေးခဲ့ရာမှာ ဂါဘရီယယ်လ်က အတော်မြင့်မြင့်ခုန်ပြီး ခေါင်းတိုက်သွင်းခဲ့ရာမှာ ဂိုးသမားနဲ့ ခပ်ဝေးဝေးကို ဝင်သွားခဲ့လို့ အာဆင်နယ်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့ လူစားဝင်ကစားသမား အယ်လ်နန်နီက ကွင်းလယ်ကနေ ဘောလုံးပြန်ဆွဲယူလာပြီး သူ့ကို ပိတ်ဆို့မယ့်သူမရှိဘဲ နောက်ဆုတ်ခံနေတာကို အခွင့်ကောင်းယူပြီး အဝေးကနေ လှမ်းကန်ခဲ့ရာမှာ ညာဘက်တိုင်ခြေကို သွားခဲ့တဲ့ ဘောလုံးကို ဂိုးသမား ဂျိုဆေးဆား မကာကွယ်နိုင်ခဲ့ဘဲ တတိယဂိုးနဲ့အတူ အာဆင်နယ်တို့ ပွဲကို ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။

ဒီရလဒ်ကြောင့် အာဆင်နယ်တို့အနေနဲ့ အဝေးဂိုးသုံးဂိုးနဲ့အတူ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်နိုင်ခဲ့ပြီး ခံစစ်နဲ့ ကွင်းလယ်ရဲ့ အမှားလုပ်ပြီး တစ်ဖက်အသင်းကို ဖန်တီးပေးတတ်တဲ့ အကျင့်ဆိုးကို ဖျောက်နိုင်ရင် ယူရိုပါလိဂ်မှာ သူတို့အနေနဲ့ နောက်ဆုံးအဆင့်တွေဆီ အေးအေးဆေးဆေး တက်လှမ်းသွားနိုင်ဖို့ နီးစပ်နေကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဆာကာနဲ႔ ဝီလီယန္တို႔ကို အူဘာမီယန္းရဲ႕ ေနာက္က ကစားဖို႔ တိုက္စစ္အတြက္ စီစဥ္လာခဲ့ၿပီး ခံစစ္မွာေတာ့ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ ဂါဘရီယယ္လ္တို႔ကို သုံးစြဲခဲ့ခ်ိန္မွာ အိမ္ရွင္ အိုလံပီယာေကာ့စ္ကေတာ့ ၿပီးခဲ့တဲ့ႏွစ္က အခ်ိန္ပိုမွာ အသည္းခြဲတဲ့ အသင္းက ကစားသမား ၆ ဦးပဲ ပါဝင္ႏိုင္ေတာ့ၿပီး ပြဲထြက္လာခဲ့ၾကပါတယ္။

ပြဲအစ ၂ မိနစ္မွာတည္းက တီယာနီ ခ်ိဳးေပးတာကို ေအာ္ဒီဂြါဒ္က အားေပ်ာ့တဲ့ ကန္ခ်က္နဲ႔ လြဲေခ်ာ္ခဲ့ၿပီး ပြဲခ်ိန္ ၅ မိနစ္မွာေတာ့ ဘယ္လာရင္ ျဖတ္တင္ေပးတာကို အူဘာမီယန္းရဲ႕ ေခါင္းတိုက္ခ်က္က ေနာက္တန္းနဲ႔ ထိၿပီး လမ္းေၾကာင္းအနည္းငယ္ေျပာင္းခဲ့ေပမယ့္ ဂိုးသမား ဂ်ိဳေဆးဆား ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့ပါတယ္။

၁၃ မိနစ္မွာေတာ့ ေသာမတ္စ္ ပါေတးက သူ႔ရဲ႕ ထရိန္နင္မွာ ေလ့က်င့္ဖို႔ လိုေနေသးေၾကာင္း သက္ေသျပတဲ့ ကန္ခ်က္ကို ဘန္ေလနဲ႔ပြဲကလိုပဲ မိုးေပၚေထာင္ကန္ျပခဲ့ၿပီး ၂၃ မိနစ္မွာေတာ့ အူဘာမီယန္းက ဖရီးကစ္ကို ဂိုးသမားတည့္တည့္ကိုပဲ ကန္မိခဲ့လို႔ အဖြင့္ဂိုးနဲ႔ လြဲေခ်ာ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး စရခဲ့ၿပီး အငွားနဲ႔ ေရာက္လာၿပီးကတည္းက ဂိုးမသြင္းႏိုင္ေသးတဲ့ ကြင္းလယ္လူ ေအာ္ဒီဂြါဒ္က အိုလံပီယာေကာ့စ္တို႔ လူေပးတာကို ပါေတး ျဖတ္ေတာက္ရယူၿပီး ျပန္ေပးခဲ့တဲ့ ေဘာလုံးကို အေဝးကေန အျပင္းကန္သြင္းယူခဲ့ရာမွာ ဂ်ိဳေဆးဆား မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးလိုက္ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာ ေဒးဗစ္ လူးဝစ္ဇ္ရဲ႕ စိတ္ပ်က္ဖြယ္ရာအမွားကို ဂရိကလပ္ဘက္က မာဆူရာ့စ္ အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ သက္သာခဲ့ရၿပီး ဆာကာရဲ႕ ေပးပို႔မႈကိုလည္း ဝီလီယန္က အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းကို အာဆင္နယ္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းျပန္အစမွာေတာ့ အခြင့္အေရးေတြ မဖန္တီးႏိုင္ခဲ့တဲ့ အာဆင္နယ္တို႔ ပြဲခ်ိန္ ၅၈ မိနစ္မွာ ဂိုးေပးခဲ့ရၿပီး သူ႔ရဲ႕ ေနာက္တန္းေတြကို ယုံၾကည္မႈလြန္ေနပုံရတဲ့ ဂိုးသမား လီႏိုက အနီးေပးပဲ ျပန္ေပးခဲ့တာကို ဒါနီ စီဘာေယာ့စ္က မလြတ္တဲ့ အေနအထားကေန ေဘာလုံးေပးဖို႔ ႀကိဳးစားရင္း ပ်က္ခဲ့တာကို ဂိုးသြင္းေနက် အယ္လာရာဘီက ရယူသြားၿပီး အေဝးက လွမ္းကန္ခဲ့ရာမွာ လီႏို သူ႔ေနရာမွာ အဆင့္သင့္မျဖစ္ခဲ့လို႔ ေခ်ပဂိုး ျပန္ေပးခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာ တိုက္စစ္မႉး အယ္လာရာဘီကပဲ ဂိုးရႏိုင္ခြင့္ကို တိုင္ေဘးကန္ခဲ့တာက ဒီပြဲရဲ႕ အလွည့္အေျပာင္းျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ေအာ္ဒီဂြါဒ္ရဲ႕ ေထာင့္ကန္ေဘာကေန အနီးေပးခဲ့တာကို ဝီလီယန္က အျမင့္ေဘာ တင္ေပးခဲ့ရာမွာ ဂါဘရီယယ္လ္က အေတာ္ျမင့္ျမင့္ခုန္ၿပီး ေခါင္းတိုက္သြင္းခဲ့ရာမွာ ဂိုးသမားနဲ႔ ခပ္ေဝးေဝးကို ဝင္သြားခဲ့လို႔ အာဆင္နယ္တို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ လူစားဝင္ကစားသမား အယ္လ္နန္နီက ကြင္းလယ္ကေန ေဘာလုံးျပန္ဆြဲယူလာၿပီး သူ႔ကို ပိတ္ဆို႔မယ့္သူမရွိဘဲ ေနာက္ဆုတ္ခံေနတာကို အခြင့္ေကာင္းယူၿပီး အေဝးကေန လွမ္းကန္ခဲ့ရာမွာ ညာဘက္တိုင္ေျခကို သြားခဲ့တဲ့ ေဘာလုံးကို ဂိုးသမား ဂ်ိဳေဆးဆား မကာကြယ္ႏိုင္ခဲ့ဘဲ တတိယဂိုးနဲ႔အတူ အာဆင္နယ္တို႔ ပြဲကို ထိန္းခ်ဳပ္သြားႏိုင္ခဲ့ပါတယ္။

ဒီရလဒ္ေၾကာင့္ အာဆင္နယ္တို႔အေနနဲ႔ အေဝးဂိုးသုံးဂိုးနဲ႔အတူ ေနာက္တစ္ဆင့္တက္ဖို႔ အေျခအေနေကာင္းကို ပိုင္ဆိုင္ႏိုင္ခဲ့ၿပီး ခံစစ္နဲ႔ ကြင္းလယ္ရဲ႕ အမွားလုပ္ၿပီး တစ္ဖက္အသင္းကို ဖန္တီးေပးတတ္တဲ့ အက်င့္ဆိုးကို ေဖ်ာက္ႏိုင္ရင္ ယူ႐ိုပါလိဂ္မွာ သူတို႔အေနနဲ႔ ေနာက္ဆုံးအဆင့္ေတြဆီ ေအးေအးေဆးေဆး တက္လွမ္းသြားႏိုင္ဖို႔ နီးစပ္ေနေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.