Match Report Premier League UCL&UEL

မီလန်ရဲ့ နောက်ကျချေပဂိုးကြောင့် သရေသာရခဲ့ပြီး အဝေးကွင်းမှာ ရုန်းကန်ရဦးမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ဘိုင်လီနဲ့ အဲလက်စ် တဲလက်စ်တို့ကို ခံစစ်မှာ သုံးစွဲလာခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်ကိုတော့ အသင်းကို ဦးဆောင်စေခဲ့သလို ကာဗာနီနဲ့ ရက်ရှ်ဖို့ဒ်တို့ မပါဝင်နိုင်သေးတဲ့ တိုက်စ်မှာ ဂရင်းဝုဒ်၊ မာစီယယ်လ်နဲ့ ဂျိမ်းစ်တို့ကိုတော့ ရှေ့တန်းသုံးယောက်အဖြစ် ပွဲထုတ်ခဲ့ပြီး ပရိသတ်တွေ တောင်းဆိုနေကြတဲ့ အာမက် ဂျယ်လိုကိုတော့ အရန်ခုံမှာပဲ ထားခဲ့ပါတယ်။

ပွဲချိန် ၇ မိနစ်ကျော်မှာ အဲလက်စ် တဲလက်စ်ရဲ့ ဖြတ်တင်ဘောကို ခံစစ်က မရှင်းထုတ်နိုင်ရာကနေ မာစီယယ်လ် ကန်ခွင့်ရခဲ့ပေမယ့် ဂိုးသမား ဒွန်နာရမ်မာ ပုတ်ထုတ်သွားနိုင်ခဲ့ပြီး ပွဲချိန် ၁၁ မိနစ်မှာတော့ အေစီမီလန်ရဲ့ ကက်ဆီယေး ဂိုးသွင်းခဲ့ပေမယ့် ဘောလုံးကို လက်နဲ့ ထိန်းတယ်ဆိုပြီး ဒိုင်လူကြီးက VAR နဲ့ ပယ်ဖျက်ခဲ့ပါတယ်။

အေစီမီလန်ရဲ့ ကွင်းလယ်မှာ မီတေး၊ ကက်ဆီယေး၊ ခရူးနစ်ချ်၊ ဆယ်လယ်မေကာစ်တို့ကို စုပြုံထားပြီး ကစားတဲ့ ပုံစံက ယူနိုက်တက်တို့ကို ခန့်မှန်းရခက်စေခဲ့ပြီး ပွဲချိန်မိနစ် ၃၀ မှာတော့ ဘရာဟင်မ် ဒီယက်ဇ်ရဲ့ တန်ပြန်တိုက်စစ်က ပေးပို့မှုကို ဆယ်လယ်မေကာစ် ကန်သွင်းခဲ့တာကို ဟန်ဒါဆန် ကာကွယ်ခဲ့ရပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာတော့ ဘရာဇီးလ်သားရဲ့ ထောင့်ကန်ဘောကနေ ဘရူနို ဖာနန်ဒက်စ်က နောက်ပြန်တိုက်ချပေးတာကို အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားက အဝေးတိုင်မှာ ပိတ်သွင်းခွင့်ရခဲ့ပေမယ့် ကန်ချက်က ခြေသလုံးနဲ့ဖြစ်နေတာကြောင့် မတိကျခဲ့ဘဲ ဂိုးတိုင်ကို ထိပြီး ဘားပေါ်ကနေ ပြန်ထွက်သွားခဲ့တာကတော့ တော်တော်လေး နစ်နာခဲ့ရပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ခံစစ်ကောင်းတဲ့ အေစီမီလန်ကို ယူနိုက်တက်တို့ရဲ့ တိုက်စစ်က များများစားစား ထိုးဖောက်ခွင့် မရခဲ့တာကြောင့် ဒုတိယပိုင်း ပြန်အစမှာတော့ နည်းပြ ဆိုးလ်ရှားက မာစီယယ်လ်အစား အာမက် ဂျယ်လိုကို ထည့်သွင်းပြီး ပြင်ဆင်လာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၅၀ မှာတော့ ဘရူနို ဖာနန်ဒက်စ်က သူ့ကို ပြစ်ဒဏ်ကျူးလွန်လို့ရတဲ့ ဖရီးကစ်ကနေ အမြန်ကန်တင်ပေးတာကို အာမက် ဂျယ်လိုက အေစီမီလန်နောက်ခံလူ တိုမိုရီနဲ့အပြိုင် ပြေးဝင်ပြီး နောက်ပြန်ခေါင်းတိုက်သွင်းရာမှာ ဂိုးသမား ဒွန်နာရမ်မာ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးလိုက်ရတာလည်း ဖြစ်ပါတယ်။ ဒီဂိုးကတော့ အတ္တလန်တာကစားသမားဟောင်းအတွက် ပွဲထွက်ခွင့်နဲ့ ထိုက်တန်မှုကို ပြသလိုက်သလိုလည်း ဖြစ်ခဲ့တာပါ။

ဒီနောက်ပိုင်းမှာ အေစီမီလန်တို့ ပိုမိုဖိကစားလာပြီး တိုက်စစ်ဆင်တာကို ယူနိုက်တက်တို့ တော်တော်လေး ကာကွယ်နေခဲ့ရပြီး ကွင်းလယ် အဖျက်ကစားသမားတွေရဲ့ ကစားပုံက ထိရောက်မှု မရှိခဲ့လို့ မက်ဂွိုင်းယား၊ ဘိုင်လီတို့ အုပ်စုနဲ့ ဂိုးသမား ဟန်ဒါဆန်တို့ အလုပ်များခဲ့ရပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ ညာခြမ်းကနေ ဂရင်းဝုဒ်ရဲ့ ဖြတ်တင်ဘောက တော်တော်လေးကောင်းခဲ့သလို အပိုင်အခွင့်အရေးကို ဒန်နီယယ်လ် ဂျိမ်းစ်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်ခွင့်ရခဲ့ပေမယ့် လွဲချော်သွားခဲ့ပြီး ၇၄ မိနစ်မှာတော့ ဝန်ဘစ်ဆာကာ၊ ဘရူနို ဖာနန်ဒက်စ်နဲ့ ဂျိမ်းစ်တို့ကို လူစားလဲအပြီး ကစားကွက်က ကျဆင်းလာခဲ့ပါတယ်။

ဒီလိုနဲ့ ယူနိုက်တက်တို့ ပိတ်ကစားပြီး တစ်ဂိုးတည်းနဲ့ နိုင်ပွဲရှာတော့မယ်လို့ ထင်နေတုန်းမှာပဲ နာကျင်အချိန်ပို ၂ မိနစ်မှာ ထောင့်ကန်ဘောကို ဝါရင့်နောက်ခံလူ ဆိုင်မွန် ကေယာက လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းပြီး အေစီမီလန်တို့ကို အဝေးဂိုးနဲ့အတူ သရေရလဒ်ကို ရယူကယ်တင် ပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီး သရေရလဒ်ကြောင့်တော့ အင်အားနဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ အသင်းနှစ်သင်းချင်း တွေ့ဆုံမှုမှာ ယူနိုက်တက်တို့ နစ်နာခဲ့ရပြီး လာမယ့် ဒုတိယအကျော့ကို ဆန်စီရိုမှာ ရုန်းကန်ရတော့မှာဖြစ်သလို ဒီနေ့လိုမျိုး ဆိုးရွားတဲ့ တိုက်စစ်ကို ပြင်ဆင်နိုင်ပြီး ရက်ရှ်ဖို့ဒ်နဲ့ ကာဗာနီတို့ မဖြစ်မနေ ပါဝင်နိုင်မှ နောက်တစ်ဆင့်အတွက် မျှော်လင့်နိုင်တော့မှာဖြစ်ကြောင်းလည်း သုံးသပ်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ဘိုင္လီနဲ႔ အဲလက္စ္ တဲလက္စ္တို႔ကို ခံစစ္မွာ သုံးစြဲလာခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္ကိုေတာ့ အသင္းကို ဦးေဆာင္ေစခဲ့သလို ကာဗာနီနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ မပါဝင္ႏိုင္ေသးတဲ့ တိုက္စ္မွာ ဂရင္းဝုဒ္၊ မာစီယယ္လ္နဲ႔ ဂ်ိမ္းစ္တို႔ကိုေတာ့ ေရွ႕တန္းသုံးေယာက္အျဖစ္ ပြဲထုတ္ခဲ့ၿပီး ပရိသတ္ေတြ ေတာင္းဆိုေနၾကတဲ့ အာမက္ ဂ်ယ္လိုကိုေတာ့ အရန္ခုံမွာပဲ ထားခဲ့ပါတယ္။

ပြဲခ်ိန္ ၇ မိနစ္ေက်ာ္မွာ အဲလက္စ္ တဲလက္စ္ရဲ႕ ျဖတ္တင္ေဘာကို ခံစစ္က မရွင္းထုတ္ႏိုင္ရာကေန မာစီယယ္လ္ ကန္ခြင့္ရခဲ့ေပမယ့္ ဂိုးသမား ဒြန္နာရမ္မာ ပုတ္ထုတ္သြားႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ ေအစီမီလန္ရဲ႕ ကက္ဆီေယး ဂိုးသြင္းခဲ့ေပမယ့္ ေဘာလုံးကို လက္နဲ႔ ထိန္းတယ္ဆိုၿပီး ဒိုင္လူႀကီးက VAR နဲ႔ ပယ္ဖ်က္ခဲ့ပါတယ္။

ေအစီမီလန္ရဲ႕ ကြင္းလယ္မွာ မီေတး၊ ကက္ဆီေယး၊ ခ႐ူးနစ္ခ်္၊ ဆယ္လယ္ေမကာစ္တို႔ကို စုၿပဳံထားၿပီး ကစားတဲ့ ပုံစံက ယူႏိုက္တက္တို႔ကို ခန႔္မွန္းရခက္ေစခဲ့ၿပီး ပြဲခ်ိန္မိနစ္ ၃၀ မွာေတာ့ ဘရာဟင္မ္ ဒီယက္ဇ္ရဲ႕ တန္ျပန္တိုက္စစ္က ေပးပို႔မႈကို ဆယ္လယ္ေမကာစ္ ကန္သြင္းခဲ့တာကို ဟန္ဒါဆန္ ကာကြယ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ ဘရာဇီးလ္သားရဲ႕ ေထာင့္ကန္ေဘာကေန ဘ႐ူႏို ဖာနန္ဒက္စ္က ေနာက္ျပန္တိုက္ခ်ေပးတာကို အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားက အေဝးတိုင္မွာ ပိတ္သြင္းခြင့္ရခဲ့ေပမယ့္ ကန္ခ်က္က ေျခသလုံးနဲ႔ျဖစ္ေနတာေၾကာင့္ မတိက်ခဲ့ဘဲ ဂိုးတိုင္ကို ထိၿပီး ဘားေပၚကေန ျပန္ထြက္သြားခဲ့တာကေတာ့ ေတာ္ေတာ္ေလး နစ္နာခဲ့ရပါတယ္။

ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ၿပီး ခံစစ္ေကာင္းတဲ့ ေအစီမီလန္ကို ယူႏိုက္တက္တို႔ရဲ႕ တိုက္စစ္က မ်ားမ်ားစားစား ထိုးေဖာက္ခြင့္ မရခဲ့တာေၾကာင့္ ဒုတိယပိုင္း ျပန္အစမွာေတာ့ နည္းျပ ဆိုးလ္ရွားက မာစီယယ္လ္အစား အာမက္ ဂ်ယ္လိုကို ထည့္သြင္းၿပီး ျပင္ဆင္လာခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္က သူ႔ကို ျပစ္ဒဏ္က်ဴးလြန္လို႔ရတဲ့ ဖရီးကစ္ကေန အျမန္ကန္တင္ေပးတာကို အာမက္ ဂ်ယ္လိုက ေအစီမီလန္ေနာက္ခံလူ တိုမိုရီနဲ႔အၿပိဳင္ ေျပးဝင္ၿပီး ေနာက္ျပန္ေခါင္းတိုက္သြင္းရာမွာ ဂိုးသမား ဒြန္နာရမ္မာ မကာကြယ္ႏိုင္ခဲ့ဘဲ ဂိုးေပးလိုက္ရတာလည္း ျဖစ္ပါတယ္။ ဒီဂိုးကေတာ့ အတၱလန္တာကစားသမားေဟာင္းအတြက္ ပြဲထြက္ခြင့္နဲ႔ ထိုက္တန္မႈကို ျပသလိုက္သလိုလည္း ျဖစ္ခဲ့တာပါ။

ဒီေနာက္ပိုင္းမွာ ေအစီမီလန္တို႔ ပိုမိုဖိကစားလာၿပီး တိုက္စစ္ဆင္တာကို ယူႏိုက္တက္တို႔ ေတာ္ေတာ္ေလး ကာကြယ္ေနခဲ့ရၿပီး ကြင္းလယ္ အဖ်က္ကစားသမားေတြရဲ႕ ကစားပုံက ထိေရာက္မႈ မရွိခဲ့လို႔ မက္ဂြိဳင္းယား၊ ဘိုင္လီတို႔ အုပ္စုနဲ႔ ဂိုးသမား ဟန္ဒါဆန္တို႔ အလုပ္မ်ားခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ညာျခမ္းကေန ဂရင္းဝုဒ္ရဲ႕ ျဖတ္တင္ေဘာက ေတာ္ေတာ္ေလးေကာင္းခဲ့သလို အပိုင္အခြင့္အေရးကို ဒန္နီယယ္လ္ ဂ်ိမ္းစ္က လြတ္လြတ္ကြၽတ္ကြၽတ္ ပိတ္ခြင့္ရခဲ့ေပမယ့္ လြဲေခ်ာ္သြားခဲ့ၿပီး ၇၄ မိနစ္မွာေတာ့ ဝန္ဘစ္ဆာကာ၊ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ဂ်ိမ္းစ္တို႔ကို လူစားလဲအၿပီး ကစားကြက္က က်ဆင္းလာခဲ့ပါတယ္။

ဒီလိုနဲ႔ ယူႏိုက္တက္တို႔ ပိတ္ကစားၿပီး တစ္ဂိုးတည္းနဲ႔ ႏိုင္ပြဲရွာေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ နာက်င္အခ်ိန္ပို ၂ မိနစ္မွာ ေထာင့္ကန္ေဘာကို ဝါရင့္ေနာက္ခံလူ ဆိုင္မြန္ ေကယာက လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္သြင္းၿပီး ေအစီမီလန္တို႔ကို အေဝးဂိုးနဲ႔အတူ သေရရလဒ္ကို ရယူကယ္တင္ ေပးႏိုင္ခဲ့ပါတယ္။

ပြဲအၿပီး သေရရလဒ္ေၾကာင့္ေတာ့ အင္အားနဲ႔ ဂုဏ္သိကၡာႀကီးမားတဲ့ အသင္းႏွစ္သင္းခ်င္း ေတြ႕ဆုံမႈမွာ ယူႏိုက္တက္တို႔ နစ္နာခဲ့ရၿပီး လာမယ့္ ဒုတိယအေက်ာ့ကို ဆန္စီ႐ိုမွာ ႐ုန္းကန္ရေတာ့မွာျဖစ္သလို ဒီေန႔လိုမ်ိဳး ဆိုး႐ြားတဲ့ တိုက္စစ္ကို ျပင္ဆင္ႏိုင္ၿပီး ရက္ရွ္ဖို႔ဒ္နဲ႔ ကာဗာနီတို႔ မျဖစ္မေန ပါဝင္ႏိုင္မွ ေနာက္တစ္ဆင့္အတြက္ ေမွ်ာ္လင့္ႏိုင္ေတာ့မွာျဖစ္ေၾကာင္းလည္း သုံးသပ္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.