Premier League Transfer News

12 Mar နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတစ်ယောက်အဖြစ် ရှိနေဆဲအချိန်မှာ မိခင်အသင်းကို တခြားအသင်းနဲ့အတူ ပြန်လည် ရင်ဆိုင်ခဲ့ရတဲ့ နောက်ခံလူ ဒီယိုဂို ဒါလော့က သူ့အနေနဲ့ ခံစားချက်တွေက ရှုပ်ထွေးနေတယ်လို့ ပြောကြားလိုက်ပြီး အိုးလ်ထရက်ဖို့ဒ်မှာ စိတ်လှုပ်ရှားရသလို ဆန်စီရိုမှာတော့ ရလဒ်ကောင်းလိမ့်မယ်လို့ မျှော်လင့်ကြောင်းဆိုသွားခဲ့။

– ယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ် စခိုးလ်က အာရွန် ဝန်ဘစ်ဆာကာအနေနဲ့ လက်ရှိမှာ ပြိုင်ဘက်မရှိ နေရာရနေပေမယ့် လာမယ့်ရာသီမှာ သူတို့တွေအနေနဲ့ ဒီယိုဂို ဒါလော့ကို ပြန်လည်ခေါ်ယူပြီး သူ့နေရာအတွက် ယှဉ်ပြိုင်မှုပေးနိုင်သလို ပေါ်တူဂီသားအနေနဲ့ အဆင့်အတန်းတစ်ခုကို ရောက်ရှိနေပြီလို့ ချီးကျူးသွား။

– နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားရဲ့ ရှင်းလင်းပြောကြားချက်တွေအရတော့ ပရိသတ်တွေအတွက် စိတ်ချမ်းသာစရာ သိပ်မရှိဘဲ မာစီယယ်လ်အနေနဲ့ တင်ပါးဒဏ်ရာ ရရှိထားတယ်လို့ သိရသလို လာမယ့် ဝက်စ်ဟမ်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ ကာဗာနီ၊ ရက်ရှ်ဖို့ဒ်တို့နဲ့အတူ လွဲချော်နိုင်ကြောင်း သိရ။

– ဝက်စ်ဟမ်းအသင်းမှာ အငှားနဲ့ သွားရောက်ကစားပြီး ခြေစွမ်းပြသနေတဲ့ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ်အနေနဲ့ လာမယ့်ရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့အတွက် ဆုံးဖြတ်ထားပြီဖြစ်ပြီး သူ့ကို ယူနိုက်တက်တာဝန်ရှိသူတွေအနေနဲ့ ပေါင်သန်း ၂၀ အလိုရှိနေ။

– ဂိုးသမား ဟန်ဒါဆန်အနေနဲ့ ဆိုင်မွန် ကေယာရဲ့ ချေပဂိုးကို ကာကွယ်နိုင်ခဲ့သင့်တယ်ဆိုတဲ့အပေါ်မှာ နည်းပြ ဆိုးလ်ရှားက သူ့ကစားသမားဘက်က ကာကွယ်ပေးသွားခဲ့ပြီး အသင်းရဲ့ ချေပဂိုးခွင့်ပြုခဲ့ရမှုဟာ ခံစစ်ကို ထိုင်ကစားပြီး အေစီမီလန်ဆီ ပွဲကို ထိန်းချုပ်ခွင့်ပေးလိုက်လို့ဖြစ်ကြောင်း ပြောကြားသွားခဲ့။

– အသင်းအတွက် ဦးဆောင်ဂိုးကို နောက်ပြန်ခေါင်းတိုက်ပြီး သွင်းယူပေးနိုင်ခဲ့တဲ့ အာမက် ဂျယ်လိုကို အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားက ချီးကျူးလိုက်ပြီး သူတို့အတွက် ကြီးကျယ်တဲ့ ကစားသမားတစ်ဦးဖြစ်လာမယ်လို့ ခန့်မှန်းလိုက်ချိန်မှာ ကွင်းလယ်လူ ပေါ့ဘာကတော့ ပထမဆုံးဂိုးအတွက် ဂုဏ်ပြုကြောင်း ဆိုသွားခဲ့။

– လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမယ့် နောက်ခံလူ ဆာဂျီယို ရာမို့စ်က သူ့အနေနဲ့ အသက် ၄၀ အထိ ဘောလုံးကစားသွားနိုင်တယ်လို့ ပြောကြားလိုက်ပြီး ပီအက်စ်ဂျီအသင်းထက် မန်ချက်စတာယူနိုက်တက်အသင်းကိုပဲ စိတ်ဝင်စားနေ။

– တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ရဲ့နေရာမှာ အစားဖို့ စိတ်ဝင်စားနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ချိတ်ဆက်မှုတွေ ပြုလုပ်ထားခဲ့တဲ့ ဂျမေကာတိုက်စစ်မှူး လီယွန် ဘိုင်လီအတွက် မန်ချက်စတာယူနိုက်တက်အနေနဲ့ ခိုင်ဟာဗတ်ဇ်ကို ချဲလ်ဆီးပေးချေခဲ့တဲ့ ဈေးကိုပဲ ပေးရလိမ့်မယ်လို့ လေဗာကူဆင်သတိပေး။

– ရာသီသစ်မှာ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအနေနဲ့ ရီးရဲလ်မက်ဒရစ်ခံစစ်အတွဲတစ်တွဲလုံးကို အိုးလ်ထရက်ဖို့ဒ်မှာ မြင်ရနိုင်ပြီး ဆာဂျီယို ရာမို့စ်ကို အလွတ်နဲ့ ခေါ်ယူနိုင်သလို ဘာနေဗျူးမှာ စာချုပ်တစ်နှစ်သာ ကျန်ရှိတော့တဲ့ ပြင်သစ်နောက်ခံလူ ရာဖေးလ် ဗာရွန်းကိုလည်း ဖလော်ရင်တီနို ပီရက်ဇ်က ရောင်းချသွားဖွယ်ရှိနေ။

– နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကိုရော ဂိုးသွင်းယူနိုင်ခဲ့တဲ့ အာမက် ဂျယ်လိုရဲ့ နည်းစနစ်ကိုပါ ချီးကျူးခဲ့သလို လာမယ့် ဝက်စ်ဟမ်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ ဒဏ်ရာရနေတဲ့ တိုက်စစ်မှူးတွေနေရာမှာ ပွဲထွက်ခွင့်ပေးသွားဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကစားသမားတစ္ေယာက္အျဖစ္ ရွိေနဆဲအခ်ိန္မွာ မိခင္အသင္းကို တျခားအသင္းနဲ႔အတူ ျပန္လည္ ရင္ဆိုင္ခဲ့ရတဲ့ ေနာက္ခံလူ ဒီယိုဂို ဒါေလာ့က သူ႔အေနနဲ႔ ခံစားခ်က္ေတြက ရႈပ္ေထြးေနတယ္လို႔ ေျပာၾကားလိုက္ၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ စိတ္လႈပ္ရွားရသလို ဆန္စီ႐ိုမွာေတာ့ ရလဒ္ေကာင္းလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္းဆိုသြားခဲ့။

– ယူႏိုက္တက္ကြင္းလယ္လူေဟာင္း ေပါလ္ စခိုးလ္က အာ႐ြန္ ဝန္ဘစ္ဆာကာအေနနဲ႔ လက္ရွိမွာ ၿပိဳင္ဘက္မရွိ ေနရာရေနေပမယ့္ လာမယ့္ရာသီမွာ သူတို႔ေတြအေနနဲ႔ ဒီယိုဂို ဒါေလာ့ကို ျပန္လည္ေခၚယူၿပီး သူ႔ေနရာအတြက္ ယွဥ္ၿပိဳင္မႈေပးႏိုင္သလို ေပၚတူဂီသားအေနနဲ႔ အဆင့္အတန္းတစ္ခုကို ေရာက္ရွိေနၿပီလို႔ ခ်ီးက်ဴးသြား။

– နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားရဲ႕ ရွင္းလင္းေျပာၾကားခ်က္ေတြအရေတာ့ ပရိသတ္ေတြအတြက္ စိတ္ခ်မ္းသာစရာ သိပ္မရွိဘဲ မာစီယယ္လ္အေနနဲ႔ တင္ပါးဒဏ္ရာ ရရွိထားတယ္လို႔ သိရသလို လာမယ့္ ဝက္စ္ဟမ္းနဲ႔ အိမ္ကြင္းပြဲစဥ္မွာ ကာဗာနီ၊ ရက္ရွ္ဖို႔ဒ္တို႔နဲ႔အတူ လြဲေခ်ာ္ႏိုင္ေၾကာင္း သိရ။

– ဝက္စ္ဟမ္းအသင္းမွာ အငွားနဲ႔ သြားေရာက္ကစားၿပီး ေျခစြမ္းျပသေနတဲ့ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္အေနနဲ႔ လာမယ့္ရာသီမွာ အိုးလ္ထရက္ဖို႔ဒ္ကေန ထြက္ခြာဖို႔အတြက္ ဆုံးျဖတ္ထားၿပီျဖစ္ၿပီး သူ႔ကို ယူႏိုက္တက္တာဝန္ရွိသူေတြအေနနဲ႔ ေပါင္သန္း ၂၀ အလိုရွိေန။

– ဂိုးသမား ဟန္ဒါဆန္အေနနဲ႔ ဆိုင္မြန္ ေကယာရဲ႕ ေခ်ပဂိုးကို ကာကြယ္ႏိုင္ခဲ့သင့္တယ္ဆိုတဲ့အေပၚမွာ နည္းျပ ဆိုးလ္ရွားက သူ႔ကစားသမားဘက္က ကာကြယ္ေပးသြားခဲ့ၿပီး အသင္းရဲ႕ ေခ်ပဂိုးခြင့္ျပဳခဲ့ရမႈဟာ ခံစစ္ကို ထိုင္ကစားၿပီး ေအစီမီလန္ဆီ ပြဲကို ထိန္းခ်ဳပ္ခြင့္ေပးလိုက္လို႔ျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့။

– အသင္းအတြက္ ဦးေဆာင္ဂိုးကို ေနာက္ျပန္ေခါင္းတိုက္ၿပီး သြင္းယူေပးႏိုင္ခဲ့တဲ့ အာမက္ ဂ်ယ္လိုကို အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားက ခ်ီးက်ဴးလိုက္ၿပီး သူတို႔အတြက္ ႀကီးက်ယ္တဲ့ ကစားသမားတစ္ဦးျဖစ္လာမယ္လို႔ ခန႔္မွန္းလိုက္ခ်ိန္မွာ ကြင္းလယ္လူ ေပါ့ဘာကေတာ့ ပထမဆုံးဂိုးအတြက္ ဂုဏ္ျပဳေၾကာင္း ဆိုသြားခဲ့။

– လာမယ့္ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာမယ့္ ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္က သူ႔အေနနဲ႔ အသက္ ၄၀ အထိ ေဘာလုံးကစားသြားႏိုင္တယ္လို႔ ေျပာၾကားလိုက္ၿပီး ပီအက္စ္ဂ်ီအသင္းထက္ မန္ခ်က္စတာယူႏိုက္တက္အသင္းကိုပဲ စိတ္ဝင္စားေန။

– တိုက္စစ္မႉး အန္တိုနီ မာစီယယ္လ္ရဲ႕ေနရာမွာ အစားဖို႔ စိတ္ဝင္စားေနၿပီး ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ထားခဲ့တဲ့ ဂ်ေမကာတိုက္စစ္မႉး လီယြန္ ဘိုင္လီအတြက္ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ခိုင္ဟာဗတ္ဇ္ကို ခ်ဲလ္ဆီးေပးေခ်ခဲ့တဲ့ ေဈးကိုပဲ ေပးရလိမ့္မယ္လို႔ ေလဗာကူဆင္သတိေပး။

– ရာသီသစ္မွာ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြအေနနဲ႔ ရီးရဲလ္မက္ဒရစ္ခံစစ္အတြဲတစ္တြဲလုံးကို အိုးလ္ထရက္ဖို႔ဒ္မွာ ျမင္ရႏိုင္ၿပီး ဆာဂ်ီယို ရာမို႔စ္ကို အလြတ္နဲ႔ ေခၚယူႏိုင္သလို ဘာေနဗ်ဴးမွာ စာခ်ဳပ္တစ္ႏွစ္သာ က်န္ရွိေတာ့တဲ့ ျပင္သစ္ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းကိုလည္း ဖေလာ္ရင္တီႏို ပီရက္ဇ္က ေရာင္းခ်သြားဖြယ္ရွိေန။

– နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဖန္တီးေပးမႈကိုေရာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ အာမက္ ဂ်ယ္လိုရဲ႕ နည္းစနစ္ကိုပါ ခ်ီးက်ဴးခဲ့သလို လာမယ့္ ဝက္စ္ဟမ္းနဲ႔ အိမ္ကြင္းပြဲစဥ္မွာ ဒဏ္ရာရေနတဲ့ တိုက္စစ္မႉးေတြေနရာမွာ ပြဲထြက္ခြင့္ေပးသြားဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.