Article Bundesliga La Liga Ligue1 Serie A UCL&UEL

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ခေတ် ကုန်ဆုံးပြီး နေဝင်ဘုရင်တွေဖြစ်လာခဲ့ပြီလား?

ဒီတစ်ပတ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မက်ဆီ- ရော်နယ်လ်ဒို ခေတ်ကုန်ဆုံးပြီလားဆိုတဲ့ မေးခွန်းတွေရဲ့ အခြေအနေကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာပါ။ ဒီစာကို ရေးနေစဉ်မှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ်အသင်းကော မက်ဆီရဲ့ ဘာစီလိုနာအသင်းပါ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကနေ လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်တယ်။

တစ်ဖက်မှာတော့ မက်ဆီ-ရော်နယ်လ်ဒိုခေတ်ကို အရိုက်အရာဆက်ခံမယ့် ဟာလန်း-အမ်ဘာပေအတွဲက ကမ္ဘာဘောလုံးဇာတ်ခုံစင်မြင့်အလယ်မှာ ကောင်းကောင်းကြီး အသုံးတော်ခံနေတာကို တွေ့လာရတယ်။

မက်ဆီဆိုတဲ့ဘုရင်ကို သူ့အရိုက်အရာကနေ ဖယ်ရှားဖို့ဆိုတာ မလွယ်ကူတဲ့အရာလို့ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက အမ်ဘာပေကောင်းကောင်းနားလည်ခဲ့တယ်။ သဘောပေါက်ခဲ့တယ်။ သင်ယူခဲ့ရတယ်။ “ကျွန်တော် ၃ ဂိုးသွင်းပြီဆို မက်ဆီကိုကြည့်လိုက်ရင် သူက ၄ ဂိုးသွင်းချလိုက်ပြီဗျ”လို့ အမ်ဘာပေက ထုတ်ပြောခဲ့တယ်။

ဒါဟာ မက်ဆီအနေနဲ့ ရည်ရွယ်ချက်ရှိရှိများ လုပ်နေသလားလို့ ဘာကာက ပြင်သစ်အသင်းဖော် ဒမ်ဘီလီကိုပါ သူ့အနေနဲ့ မေးယူခဲ့ရတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့ အမ်ဘာပေရဲ့စိတ်မှာ ဒီလိုတွေဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ပြင်သစ်လိဂ်မှာ အမ်ဘာပေက ၂၉ ပွဲကစားပြီး ၃၃ ဂိုးသွင်းခဲ့တယ်။ သူ့အနေနဲ့ ဥရောပရွှေဖိနပ်ဆုကို သိမ်းပိုက်ဆွတ်ခူးနိုင်တော့မယ်လို့ ထင်မြင်နေခဲ့ပေမယ့် မက်ဆီက သူ့အိပ်မက်ကို ဖျက်ဆီးခဲ့တယ်။

လာလီဂါ ၃၄ ပွဲကစားတဲ့ မက်ဆီက ၃၆ ဂိုးသွင်းပြီး ဥရောပရွှေဖိနပ်ဆုရှင်ဖြစ်သွားခဲ့တယ်။ မက်ဆီအတွက် ၆ ကြိမ်မြောက် ရွှေဖိနပ်ဆုဖြစ်သလို ၃ နှစ်ဆက်တိုက် ရယူသွားခဲ့တာဖြစ်တယ်။ ကစားသမားဘဝ အစမှာကတည်းက မက်ဆီရဲ့လွှမ်းမိုးမှုကို ကျော်ဖြတ်ဖို့ အမ်ဘာပေရုန်းကန်ခဲ့ရတယ်။ ဒီနာကြည်းမှုတွေ ရှိခဲ့တယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ တွေ့ဆုံမှုမှာလည်း ပီအက်စ်ဂျီနဲ့ ဘာစီလိုနာတို့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့အတွက် မက်ဆီနဲ့ ဘာကာတို့ Come Back မလုပ်နိုင်ခဲ့ပဲ အမ်ဘာပေရဲ့ ပီအက်စ်ဂျီအသင်းက နှစ်ကျော့ပေါင်း ငါးဂိုး-နှစ်ဂိုးနဲ့ ကွာတာဖိုင်နယ်ကို တက်ရောက်သွားပြီး ဘာစီလိုနာကတော့ ပြိုင်ပွဲက စောစောစီးစီး ထွက်ခဲ့ရပါတယ်။ မက်ဆီဟာ နေဝင်ဘုရင်ဖြစ်လာပြီလား? မက်ဆီအတွက် ဖြေဆေးရှိပါသေးရဲ့လား? ဘောလုံးလောကမှာ ဒီမေးခွန်းတွေ ဆက်တိုက်ထွက်လာတယ်။။

မက်ဆီက လက်ရှိ ၂၀၂၁ အစတည်းက အရင်ခြေစွမ်းကို ပြန်ပြနေတယ်။ ငယ်မူငယ်သွေးပြနေတယ်။ ၂၀၂၁ ထဲ ၁၅ ဂိုးသွင်းထားတဲ့ မက်ဆီထက် ဂိုးပိုသွင်းထားတာက လီဗန်ဒေါ့ဗ်စကီး(၁၇ ဂိုး)တစ်ယောက်ကိုသာ မြင်ရတယ်။ ဒါပေမယ့် ဘာကာရဲ့ အကြောင်းတရားကတော့ ငြင်းပယ်မရတော့ဘူး။ မက်ဆီထက် တစ်ဆင့်နိမ့်တဲ့ ကစားသမားတွေနဲ့ စုဖွဲ့ခံထားရတယ်။ ပီအက်စ်ဂျီလောက် အင်အားတောင့်တင်းတဲ့ အသင်းအဆင့်မှာ မရှိတော့ပါဘူး။

ပွဲကြီးတွေမှာ ဘာကာကို ဆွဲတင်လေ့ရှိတဲ့ မက်ဆီက အခုတော့ ဘာကာရဲ့ ဆွဲချခြင်းကို ခံနေရတယ်လို့ သုံးသပ်ထားကြတယ်။ ငြင်းမရတဲ့အချက်တွေကတော့ ဘိုင်ယန်၊ လီဗာပူးလ်၊ ရိုးမား၊ ဂျူဗင်တပ်စ်တို့ကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ၄ နှစ်ဆက်တိုက် ကန်ထုတ်ခံရတယ်။ နာကျင်စရာကောင်းပေမယ့် ဘာကာရဲ့ ဖုံးကွယ်ထားလို့ မရတော့တဲ့ အနေအထားဖြစ်တယ်။ ဥရောပတန်းမီအဆင့်လို့ ဒီအသင်းကို သတ်မှတ်ဖို့ ခက်လာတယ်။

ခံစစ်ညံ့ဖျင်းလွန်းတဲ့ ဘာကာကို မက်ဆီက ဦးဆောင်ကစားခဲ့ပေမယ့် တကယ်တမ်းမှာ ဒဏ်ရာရ လူနာများနေတဲ့ ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ် အသက်သွေးကြောအောင်ပွဲကို ဆောင်ယူလာသူက တစ်ရှိန်ထိုး တိုးတက်ပြီး ရပ်တန့်ဖို့ ခက်တဲ့ အမ်ဘာပေဖြစ်လာတယ်။

လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ မှာ တစ်ကမ္ဘာလုံးက မက်ဆီကို မျက်စိဒေါက်ထောက် ကြည့်ရှုခဲ့ကြပေမယ့် တကယ့်မျက်စိကျစရာက အမ်ဘာပေ၊ သူ့ခြေရာကို တစ်ထပ်တည်း လိုက်နင်းလာပြီး လူတွေအာရုံစိုက်မှုကို တစ်ဝက်ခွဲယူသွားခဲ့တဲ့ ဟာလန်း၊ ဒီနှစ်ဦးဖြစ်လာတယ်။

နော်ဝေသားဟာ အန်ဒါလူစီယာက ဆန်ချက်ပစ်ဟွမ်ကွင်းမှာ အိမ်ရှင် ဆီဗီလာတို့ကို ချေမှုန်းတယ်။ ဒေါ့မွန်အတွက် နှစ်ဂိုးသွင်းတယ်။ တစ်ဂိုးဖန်တီးတယ်။ ဒေါ့မွန်က ၂-၃ အနိုင်ရလဒ်ကို အိမ်ပြန်သယ်လာပြီး နောက်တစ်ဆင့်မှာလည်း သူကပဲ ဦးဆောင်ဂိုးနှစ်ဂိုး ထပ်သွင်းခဲ့တယ်။

“ပြီးခဲ့တဲ့ညက ကျွန်တော် အမ်ဘာပေ ကစားတာကို စောင့်ကြည့်ခဲ့တယ်။ သိပ်ကောင်းတဲ့ သွင်းဂိုးတချို့ကို သူသွင်းယူခဲ့တယ်။ ဒါကိုမြင်ရတာက ကျွန်တော့်အတွက် ပိုက်ဆံမကုန်ဘဲ ရရှိလိုက်တဲ့ တွန်းအားတွေပဲ”လို့ အဲဒီညက ဟာလန်းက ဆိုခဲ့တယ်။ လူငယ်သွေးသစ်တွေရဲ့ ဒီလိုနှုတ်ထွက်စကားမျိုးက ကမ္ဘာဘောလုံးပရိသတ်ရဲ့ နှလုံးသည်းပွတ်ကို ကိုင်လှုပ်သွားတယ်။ အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေခဲ့တယ်။ ဒါဟာအမှန်ပါ။

မက်ဆီ-ရော်နယ်လ်ဒိုခေတ် အလွန်မှာ တက်သစ်စ လူငယ်ပါရမီရှင်၊ ကမ္ဘာ့အဆင့်မီ ပါရမီရှင်ဘောလုံးသမား၊ တိုက်စစ်မှူးတွေက မက်ဆီ-ရော်နယ်လ်ဒိုပြိုင်ပွဲရဲ့ အမွေကို ဆက်ခံမယ်လို့ ဘောလုံးပရိသတ်စစ်စစ်တွေရဲ့ မျက်လုံးတွေကို တလက်လက်ဖြစ်လာခဲ့တယ်။ အရွယ်ရလာတဲ့ မက်ဆီ-ရော်နယ်လ်ဒိုပရိသတ်နဲ့ အာသာငမ်းငမ်း တပ်မက်တဲ့ ဘောလုံးပရိသတ်စစ်စစ်တွေဟာ တမဟုတ်ချင်းပြန်လည်နုပျိုသွားခဲ့တယ်။ သူတို့တပ်မက်တဲ့အရာတွေ အစကနေ တစ်ပတ်ပြန်လည်တော့မယ်။ ဒီမျှော်လင့်ချက်တွေ ခိုင်မာလာခဲ့တယ်။

မက်ဆီ-ရော်နယ်လ်ဒိုခေတ်က မကုန်ဆုံးသေးပါဘူးလို့ ကိုင်စွဲငြင်းရင်မှန်ပါတယ်။ ဒါပေမယ့် သိပ်မကြာတဲ့နှစ်ပိုင်းမှာ တခန်းရပ်ရတော့မှာဖြစ်တယ်။ ရွက်ဟောင်းကြွေရင် ရွက်သစ်ဝေလိမ့်မယ်။ လာလီဂါနဲ့ စီးရီးအေက ဘုရင်တွေကို တိုက်ဆိုင်စွာပဲ သူတို့နဲ့ မတူတဲ့ လီဂူးဝမ်းနဲ့ ဘွန်ဒက်စ်လီဂါက နန်းချသွားတော့မယ်။

ရော်နယ်လ်ဒိုက အသက် ၃၆ မှာ ရုပ်ပိုင်းအရ အမြင့်ဆုံးမှာ တည်ဆောက်ထားဆဲဖြစ်တယ်။ ဂိုးသွင်းအား ကောင်းနေဆဲဖြစ်တယ်။ မက်ဆီက အသက် ၃၃ မှာ လန်းဆန်းတက်ကြွပြီး သွက်လက်နုပျိုဆဲဖြစ်တယ်။ ဝမ်းနည်းစရာကောင်းတာ တစ်ချက်ကတော့ ၂၀၀၄-၀၅ ခုနှစ်နောက်ပိုင်း မက်ဆီ-ရော်နယ်လ်ဒိုနှစ်ဦးစလုံး ပါဝင်မလာတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို ကျွန်တော်တို့ ပထမဆုံး မြင်တွေ့ရပါပြီ။ ဒါကို လက်သင့်ခံရပါမယ်။ ဂျူဗင်တပ်စ်က ပေါ်တိုကို အဝေးဂိုးစည်းမျဉ်းနဲ့ အရေးနိမ့်ခဲ့ပြီ။ ဘာကာက အင်အားချင်းမမျှတဲ့ အမ်ဘာပေအမြင့်ဆုံးစွမ်းရည်ရောက်ရှိနေတဲ့ ပီအက်စ်ဂျီကို Come Back မလုပ်နိုင်ခဲ့ပါဘူး။

ဒီပွဲမှာ အမ်ဘာပေက တစ်ဂိုးထပ်သွင်းခဲ့လို့ မက်ဆီကို ကျော်နင်းပြီး ကမ္ဘာ့သမိုင်းမှာ ချန်ပီယံလိဂ် ၂၅ ဂိုးပြည့်သွားတဲ့ အငယ်ရွယ်ဆုံး ဘောလုံးသမားဆိုတဲ့ စံချိန်ရှင်ဖြစ်လာပါတယ်။ ဒါက အမ်ဘာပေရဲ့ နာကြည်းမှုတွေကို ကုစားပေးနိုင်ဖို့ အကောင်းဆုံး ဖမ်းဆုပ်နိုင်တဲ့ အခွင့်အရေးလည်းဖြစ်လာခဲ့ပြီလို့ ဆိုရမှာပါပဲလေ…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီတစ္ပတ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ မက္ဆီ- ေရာ္နယ္လ္ဒို ေခတ္ကုန္ဆုံးၿပီလားဆိုတဲ့ ေမးခြန္းေတြရဲ႕ အေျခအေနကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ရမွာပါ။ ဒီစာကို ေရးေနစဥ္မွာေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ဂ်ဴဗင္တပ္စ္အသင္းေကာ မက္ဆီရဲ႕ ဘာစီလိုနာအသင္းပါ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ကေန လက္ျပႏႈတ္ဆက္ခဲ့ရၿပီျဖစ္တယ္။

တစ္ဖက္မွာေတာ့ မက္ဆီ-ေရာ္နယ္လ္ဒိုေခတ္ကို အ႐ိုက္အရာဆက္ခံမယ့္ ဟာလန္း-အမ္ဘာေပအတြဲက ကမာၻေဘာလုံးဇာတ္ခုံစင္ျမင့္အလယ္မွာ ေကာင္းေကာင္းႀကီး အသုံးေတာ္ခံေနတာကို ေတြ႕လာရတယ္။

မက္ဆီဆိုတဲ့ဘုရင္ကို သူ႔အ႐ိုက္အရာကေန ဖယ္ရွားဖို႔ဆိုတာ မလြယ္ကူတဲ့အရာလို႔ လြန္ခဲ့တဲ့ ၂ ႏွစ္ကတည္းက အမ္ဘာေပေကာင္းေကာင္းနားလည္ခဲ့တယ္။ သေဘာေပါက္ခဲ့တယ္။ သင္ယူခဲ့ရတယ္။ “ကြၽန္ေတာ္ ၃ ဂိုးသြင္းၿပီဆို မက္ဆီကိုၾကည့္လိုက္ရင္ သူက ၄ ဂိုးသြင္းခ်လိုက္ၿပီဗ်”လို႔ အမ္ဘာေပက ထုတ္ေျပာခဲ့တယ္။

ဒါဟာ မက္ဆီအေနနဲ႔ ရည္႐ြယ္ခ်က္ရွိရွိမ်ား လုပ္ေနသလားလို႔ ဘာကာက ျပင္သစ္အသင္းေဖာ္ ဒမ္ဘီလီကိုပါ သူ႔အေနနဲ႔ ေမးယူခဲ့ရတယ္။ ၿပိဳင္ဆိုင္မႈ ျပင္းထန္လြန္းတဲ့ အမ္ဘာေပရဲ႕စိတ္မွာ ဒီလိုေတြျဖစ္ခဲ့တယ္။ လြန္ခဲ့တဲ့ ၂ ႏွစ္က ျပင္သစ္လိဂ္မွာ အမ္ဘာေပက ၂၉ ပြဲကစားၿပီး ၃၃ ဂိုးသြင္းခဲ့တယ္။ သူ႔အေနနဲ႔ ဥေရာပေ႐ႊဖိနပ္ဆုကို သိမ္းပိုက္ဆြတ္ခူးႏိုင္ေတာ့မယ္လို႔ ထင္ျမင္ေနခဲ့ေပမယ့္ မက္ဆီက သူ႔အိပ္မက္ကို ဖ်က္ဆီးခဲ့တယ္။

လာလီဂါ ၃၄ ပြဲကစားတဲ့ မက္ဆီက ၃၆ ဂိုးသြင္းၿပီး ဥေရာပေ႐ႊဖိနပ္ဆုရွင္ျဖစ္သြားခဲ့တယ္။ မက္ဆီအတြက္ ၆ ႀကိမ္ေျမာက္ ေ႐ႊဖိနပ္ဆုျဖစ္သလို ၃ ႏွစ္ဆက္တိုက္ ရယူသြားခဲ့တာျဖစ္တယ္။ ကစားသမားဘဝ အစမွာကတည္းက မက္ဆီရဲ႕လႊမ္းမိုးမႈကို ေက်ာ္ျဖတ္ဖို႔ အမ္ဘာေပ႐ုန္းကန္ခဲ့ရတယ္။ ဒီနာၾကည္းမႈေတြ ရွိခဲ့တယ္။

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ ေတြ႕ဆုံမႈမွာလည္း ပီအက္စ္ဂ်ီနဲ႔ ဘာစီလိုနာတို႔ တစ္ဖက္တစ္ဂိုးစီသေရက်ခဲ့တဲ့အတြက္ မက္ဆီနဲ႔ ဘာကာတို႔ Come Back မလုပ္ႏိုင္ခဲ့ပဲ အမ္ဘာေပရဲ႕ ပီအက္စ္ဂ်ီအသင္းက ႏွစ္ေက်ာ့ေပါင္း ငါးဂိုး-ႏွစ္ဂိုးနဲ႔ ကြာတာဖိုင္နယ္ကို တက္ေရာက္သြားၿပီး ဘာစီလိုနာကေတာ့ ၿပိဳင္ပြဲက ေစာေစာစီးစီး ထြက္ခဲ့ရပါတယ္။ မက္ဆီဟာ ေနဝင္ဘုရင္ျဖစ္လာၿပီလား? မက္ဆီအတြက္ ေျဖေဆးရွိပါေသးရဲ႕လား? ေဘာလုံးေလာကမွာ ဒီေမးခြန္းေတြ ဆက္တိုက္ထြက္လာတယ္။။

မက္ဆီက လက္ရွိ ၂၀၂၁ အစတည္းက အရင္ေျခစြမ္းကို ျပန္ျပေနတယ္။ ငယ္မူငယ္ေသြးျပေနတယ္။ ၂၀၂၁ ထဲ ၁၅ ဂိုးသြင္းထားတဲ့ မက္ဆီထက္ ဂိုးပိုသြင္းထားတာက လီဗန္ေဒါ့ဗ္စကီး(၁၇ ဂိုး)တစ္ေယာက္ကိုသာ ျမင္ရတယ္။ ဒါေပမယ့္ ဘာကာရဲ႕ အေၾကာင္းတရားကေတာ့ ျငင္းပယ္မရေတာ့ဘူး။ မက္ဆီထက္ တစ္ဆင့္နိမ့္တဲ့ ကစားသမားေတြနဲ႔ စုဖြဲ႕ခံထားရတယ္။ ပီအက္စ္ဂ်ီေလာက္ အင္အားေတာင့္တင္းတဲ့ အသင္းအဆင့္မွာ မရွိေတာ့ပါဘူး။

ပြဲႀကီးေတြမွာ ဘာကာကို ဆြဲတင္ေလ့ရွိတဲ့ မက္ဆီက အခုေတာ့ ဘာကာရဲ႕ ဆြဲခ်ျခင္းကို ခံေနရတယ္လို႔ သုံးသပ္ထားၾကတယ္။ ျငင္းမရတဲ့အခ်က္ေတြကေတာ့ ဘိုင္ယန္၊ လီဗာပူးလ္၊ ႐ိုးမား၊ ဂ်ဴဗင္တပ္စ္တို႔ကို အေရးနိမ့္ၿပီး ခ်န္ပီယံလိဂ္ကေန ၄ ႏွစ္ဆက္တိုက္ ကန္ထုတ္ခံရတယ္။ နာက်င္စရာေကာင္းေပမယ့္ ဘာကာရဲ႕ ဖုံးကြယ္ထားလို႔ မရေတာ့တဲ့ အ​ေနအထားျဖစ္တယ္။ ဥေရာပတန္းမီအဆင့္လို႔ ဒီအသင္းကို သတ္မွတ္ဖို႔ ခက္လာတယ္။

ခံစစ္ညံ့ဖ်င္းလြန္းတဲ့ ဘာကာကို မက္ဆီက ဦးေဆာင္ကစားခဲ့ေပမယ့္ တကယ္တမ္းမွာ ဒဏ္ရာရ လူနာမ်ားေနတဲ့ ပီအက္စ္ဂ်ီနဲ႔အတူ ခ်န္ပီယံလိဂ္ အသက္ေသြးေၾကာေအာင္ပြဲကို ေဆာင္ယူလာသူက တစ္ရွိန္ထိုး တုိးတက္ၿပီး ရပ္တန္႔ဖို႔ ခက္တဲ့ အမ္ဘာေပျဖစ္လာတယ္။

လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီ ၁၆ မွာ တစ္ကမာၻလုံးက မက္ဆီကို မ်က္စိေဒါက္ေထာက္ ၾကည့္ရႈခဲ့ၾကေပမယ့္ တကယ့္မ်က္စိက်စရာက အမ္ဘာေပ၊ သူ႔ေျခရာကို တစ္ထပ္တည္း လိုက္နင္းလာၿပီး လူေတြအာ႐ုံစိုက္မႈကို တစ္ဝက္ခြဲယူသြားခဲ့တဲ့ ဟာလန္း၊ ဒီႏွစ္ဦးျဖစ္လာတယ္။

ေနာ္ေဝသားဟာ အန္ဒါလူစီယာက ဆန္ခ်က္ပစ္ဟြမ္ကြင္းမွာ အိမ္ရွင္ ဆီဗီလာတို႔ကို ေခ်မႈန္းတယ္။ ေဒါ့မြန္အတြက္ ႏွစ္ဂိုးသြင္းတယ္။ တစ္ဂိုးဖန္တီးတယ္။ ေဒါ့မြန္က ၂-၃ အႏိုင္ရလဒ္ကို အိမ္ျပန္သယ္လာၿပီး ေနာက္တစ္ဆင့္မွာလည္း သူကပဲ ဦးေဆာင္ဂိုးႏွစ္ဂိုး ထပ္သြင္းခဲ့တယ္။

“ၿပီးခဲ့တဲ့ညက ကြၽန္ေတာ္ အမ္ဘာေပ ကစားတာ​ကို ေစာင့္ၾကည့္ခဲ့တယ္။ သိပ္ေကာင္းတဲ့ သြင္းဂိုးတခ်ိဳ႕ကို သူသြင္းယူခဲ့တယ္။ ဒါကိုျမင္ရတာက ကြၽန္ေတာ့္အတြက္ ပိုက္ဆံမကုန္ဘဲ ရရွိလိုက္တဲ့ တြန္းအားေတြပဲ”လို႔ အဲဒီညက ဟာလန္းက ဆိုခဲ့တယ္။ လူငယ္ေသြးသစ္ေတြရဲ႕ ဒီလိုႏႈတ္ထြက္စကားမ်ိဳးက ကမာၻေဘာလုံးပရိသတ္ရဲ႕ ႏွလုံးသည္းပြတ္ကို ကိုင္လႈပ္သြားတယ္။ အုတ္အုတ္က်က္က်က္ျဖစ္သြားေစခဲ့တယ္။ ဒါဟာအမွန္ပါ။

မက္ဆီ-ေရာ္နယ္လ္ဒိုေခတ္ အလြန္မွာ တက္သစ္စ လူငယ္ပါရမီရွင္၊ ကမာၻ႔အဆင့္မီ ပါရမီရွင္ေဘာလုံးသမား၊ တိုက္စစ္မႉးေတြက မက္ဆီ-ေရာ္နယ္လ္ဒိုၿပိဳင္ပြဲရဲ႕ အေမြကို ဆက္ခံမယ္လို႔ ေဘာလုံးပရိသတ္စစ္စစ္ေတြရဲ႕ မ်က္လုံးေတြကို တလက္လက္ျဖစ္လာခဲ့တယ္။ အ႐ြယ္ရလာတဲ့ မက္ဆီ-ေရာ္နယ္လ္ဒိုပရိသတ္နဲ႔ အာသာငမ္းငမ္း တပ္မက္တဲ့ ေဘာလုံးပရိသတ္စစ္စစ္ေတြဟာ တမဟုတ္ခ်င္းျပန္လည္ႏုပ်ိဳသြားခဲ့တယ္။ သူတို႔တပ္မက္တဲ့အရာေတြ အစကေန တစ္ပတ္ျပန္လည္ေတာ့မယ္။ ဒီေမွ်ာ္လင့္ခ်က္ေတြ ခိုင္မာလာခဲ့တယ္။

မက္ဆီ-ေရာ္နယ္လ္ဒိုေခတ္က မကုန္ဆုံးေသးပါဘူးလို႔ ကိုင္စြဲျငင္းရင္မွန္ပါတယ္။ ဒါေပမယ့္ သိပ္မၾကာတဲ့ႏွစ္ပိုင္းမွာ တခန္းရပ္ရေတာ့မွာျဖစ္တယ္။ ႐ြက္ေဟာင္းေႂကြရင္ ႐ြက္သစ္ေဝလိမ့္မယ္။ လာလီဂါနဲ႔ စီးရီးေအက ဘုရင္ေတြကို တုိက္ဆုိင္စြာပဲ သူတုိ႔နဲ႔ မတူတဲ့ လီဂူးဝမ္းနဲ႔ ဘြန္ဒက္စ္လီဂါက နန္းခ်သြားေတာ့မယ္။

ေရာ္နယ္လ္ဒိုက အသက္ ၃၆ မွာ ႐ုပ္ပိုင္းအရ အျမင့္ဆုံးမွာ တည္ေဆာက္ထားဆဲျဖစ္တယ္။ ဂိုးသြင္းအား ေကာင္းေနဆဲျဖစ္တယ္။ မက္ဆီက အသက္ ၃၃ မွာ လန္းဆန္းတက္ႂကြၿပီး သြက္လက္ႏုပ်ိဳဆဲျဖစ္တယ္။ ဝမ္းနည္းစရာေကာင္းတာ တစ္ခ်က္ကေတာ့ ၂၀၀၄-၀၅ ခုႏွစ္ေနာက္ပိုင္း မက္ဆီ-ေရာ္နယ္လ္ဒိုႏွစ္ဦးစလုံး ပါဝင္မလာတဲ့ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္ကို ကြၽန္ေတာ္တို႔ ပထမဆုံး ျမင္ေတြ႕ရပါၿပီ။ ဒါကို လက္သင့္ခံရပါမယ္။ ဂ်ဴဗင္တပ္စ္က ေပၚတိုကို အေဝးဂိုးစည္းမ်ဥ္းနဲ႔ အေရးနိမ့္ခဲ့ၿပီ။ ဘာကာက အင္အားခ်င္းမမွ်တဲ့ အမ္ဘာေပအျမင့္ဆုံးစြမ္းရည္ေရာက္ရွိေနတဲ့ ပီအက္စ္ဂ်ီကို Come Back မလုပ္ႏိုင္ခဲ့ပါဘူး။

ဒီပြဲမွာ အမ္ဘာေပက တစ္ဂိုးထပ္သြင္းခဲ့လို႔ မက္ဆီကို ေက်ာ္နင္းၿပီး ကမာၻ႔သမိုင္းမွာ ခ်န္ပီယံလိဂ္ ၂၅ ဂိုးျပည့္သြားတဲ့ အငယ္႐ြယ္ဆုံး ေဘာလုံးသမားဆိုတဲ့ စံခ်ိန္ရွင္ျဖစ္လာပါတယ္။ ဒါက အမ္ဘာေပရဲ႕ နာၾကည္းမႈေတြကို ကုစားေပးႏိုင္ဖို႔ အေကာင္းဆုံး ဖမ္းဆုပ္ႏိုင္တဲ့ အခြင့္အေရးလည္းျဖစ္လာခဲ့ၿပီလို႔ ဆုိရမွာပါပဲေလ…။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.