Match Report Premier League UCL&UEL

ပေးဂိုးမရှိနိုင်ပွဲနဲ့ နောက်တစ်ဆင့်တက်ခဲ့ပြီး ချန်ပီယံလိဂ်မှာပဲ ကစားချင်နေတော့မယ့် လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဟန်ဂေရီမှာ ကစားရတဲ့ ဒီနေ့ပွဲမှာ ဖာဘင်ညိုကို ကွင်းလယ်မှာ ပြန်သုံးခဲ့ပြီး ခံစစ်မှာ ကာဘက်ခ်နဲ့ ဖိလစ်တို့ကို တွဲပေးခဲ့သလို တိုက်စစ်မှာတော့ ဆာလားနဲ့ မာနေးတို့နဲ့အတူ ဒဏ်ရာမသက်သာသေးတဲ့ ဖာမီနိုနေရာမှာ ဂျိုတာကို ထည့်ပြီး ပွဲထုတ်လာခဲ့ပါတယ်။

ပထမအကျော့က ရှုံးပွဲကြောင့် ရလဒ်ကို ပြောင်းပြန်လှန်နိုင်ဖို့ ကြိုးစားလာတဲ့ လိုက်ပ်ဇစ်ကြောင့် ပွဲက ကြည့်ကောင်းခဲ့ပြီး ပွဲအစ ၅ မိနစ်မှာ အသင်းခေါင်းဆောင် ဗိုင်နယ်လ်ဒွမ်ရဲ့ ပေးပို့မှုကို မာနေး အနီးကပ်ကန်ခွင့်ရပေမယ့် လွဲချော်ခဲ့ပြီး ပွဲချိန် ၁၀ မိနစ်မှာတော့ ပေါလ်ဆန် ဘောလုံးယူရာက ပြန်ထွက်လာတာကို ဒါနီ အိုလ်မို ကန်သွင်းခဲ့ပေမယ့် အယ်လစ်ဆန် ပိတ်ဆို့ကာကွယ်သွားနိုင်ခဲ့ပါတယ်။

၁၈ မိနစ်က ဂျိုတာရဲ့ ခေါင်းတိုက်ချက်က ဂိုးသမားတည့်တည့်ဖြစ်နေလို့ ပုတ်ထုတ်ခံခဲ့ရတာ လီဗာပူးလ်တို့အတွက် နစ်နာခဲ့ရပြီး ပွဲချိန် ၂၃ မိနစ်မှာတော့ ထောင့်ကန်ဘောက ထွက်လာတဲ့ တန်ပြန်တိုက်စစ်ကနေ သီယာဂို ကန်တင်ပေးတာကို ဆာလားနဲ့ မာနေးတို့ စက္ကန့်ပိုင်းအတွင်း နှစ်ကြိမ်စီ အခွင့်အရေးရခဲ့ပေမယ့်လည်း လိုက်ပ်ဇစ်ဂိုးသမားနဲ့ ခံစစ်တွေက ပိတ်ဆို့သွားနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ခြေစွမ်းပြပြီး ရုန်းနေတဲ့ ဂျိုတာရဲ့ တစ်ကိုယ်တော်ထိုးဖောက်မှုတွေက ဂိုးသမားတည့်တည့်ပဲဖြစ်နေခဲ့သလို လိုက်ပ်ဇစ်ဘက်က ကမ်ပယ်လ်နဲ့ ဖော့စ်ဘတ်တို့ကလည်း အယ်လစ်ဆန်ကို အနည်းငယ်အလုပ်များစေခဲ့တာကလွဲလို့ ထူးထူးခြားခြားလုပ်မပြနိုင်ကြခဲ့တဲ့အတွက် ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ၅၄ မိနစ်မှာတော့ မာနေးပေးတာကနေ ဂျိုတာ လွတ်လွတ်ကျွတ်ကျွတ် ကန်ခွင့်ရပေမယ့် ဂိုးသမားတည့်တည့်ကိုပဲ ကန်ခဲ့တာက စိတ်ပျက်စရာဖြစ်ခဲ့ပြီးရပြီး ဒါကို ဆာလားက နောက်တန်းနဲ့အပြိုင် ထပ်ဆင့်ပိတ်သွင်းဖို့လုပ်ခဲ့ပေမယ့် ဂိုးဘားပေါ်က ကျော်သွားခဲ့ပြန်ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ ဂျိုတာ ဘောလုံးပျက်ရာကနေ အူပါမီကာနိုက ပြန်လည်ရယူသွားခဲ့ပြီး ရှေ့အထိ ဆွဲတက်ပြီးမှ ဘယ်တောင်ပံက ဟွမ်းဟီးချန်းကို ပေးတာမှာ ကိုရီးယားသားက ဖြတ်တင်ပေးတဲ့ ဘောလုံးကို ခရစ္စတယ်လ်ပဲလေ့စ်တိုက်စစ်မှူးဟောင်း ဆော်လော့သ်က ခေါင်းတိုက်တာ ဘားထိထွက်ခဲ့လို့ လီဗာပူးလ်တို့ ကံကောင်းခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ လီဗာပူးလ်တို့ ဂိုးစရခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ မာနေး၊ ဂျိုတာတို့ရဲ့ တွဲလုံးကနေ ညာခြမ်းက အတွင်းဆွဲဝင်ခဲ့တဲ့ ဆာလားက နောက်ခံလူ နှစ်ဦးကို ဖြတ်ကျော်ပြီးမှ ဂိုးသမား ဟန်ချက်ပျက်စေမယ့် အနီးတိုင်ခြေကို ပြန်ချိုးကန်သွားခဲ့လို့ စတင်ဦးဆောင်ခွင့်ရခဲ့ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ဂျိုတာအစား ဝင်လာခဲ့တဲ့ အိုရီဂီရဲ့ ညာခြမ်းကနေ ဖြတ်တင်ခဲ့တဲ့ ဘောလုံးကို မာနေးက လိုက်ပ်ဇစ်နောက်ခံလူ နှစ်ယောက်ကြားက ပြေးထွက်ပြီး ပိတ်သွင်းနိုင်ခဲ့လို့ လီဗာပူးလ်တို့ ဒုတိယဂိုးရခဲ့ပြီး ပွတ်ရှ်ကပ်စ် အရီနာမှာ သာသာယာယာနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ရဲ့ ရလဒ်ဆိုးတွေမှာ စိတ်ပျက်နေခဲ့ကြတဲ့ ပရိသတ်တွေအတွက် အနည်းငယ် စိတ်သက်သာစရာတော့ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့သလို လာမယ့် မတ်လ ၁၉ ရက်နေ့မှာတော့ ဘယ်အသင်းနဲ့ တွေ့ဆုံမယ်ဆိုတာကို မဲခွဲမှုကနေ သိရှိရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဟန္ေဂရီမွာ ကစားရတဲ့ ဒီေန႔ပြဲမွာ ဖာဘင္ညိဳကို ကြင္းလယ္မွာ ျပန္သုံးခဲ့ၿပီး ခံစစ္မွာ ကာဘက္ခ္နဲ႔ ဖိလစ္တို႔ကို တြဲေပးခဲ့သလို တိုက္စစ္မွာေတာ့ ဆာလားနဲ႔ မာေနးတို႔နဲ႔အတူ ဒဏ္ရာမသက္သာေသးတဲ့ ဖာမီႏိုေနရာမွာ ဂ်ိဳတာကို ထည့္ၿပီး ပြဲထုတ္လာခဲ့ပါတယ္။

ပထမအေက်ာ့က ရႈံးပြဲေၾကာင့္ ရလဒ္ကို ေျပာင္းျပန္လွန္ႏိုင္ဖို႔ ႀကိဳးစားလာတဲ့ လိုက္ပ္ဇစ္ေၾကာင့္ ပြဲက ၾကည့္ေကာင္းခဲ့ၿပီး ပြဲအစ ၅ မိနစ္မွာ အသင္းေခါင္းေဆာင္ ဗိုင္နယ္လ္ဒြမ္ရဲ႕ ေပးပို႔မႈကို မာေနး အနီးကပ္ကန္ခြင့္ရေပမယ့္ လြဲေခ်ာ္ခဲ့ၿပီး ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ ေပါလ္ဆန္ ေဘာလုံးယူရာက ျပန္ထြက္လာတာကို ဒါနီ အိုလ္မို ကန္သြင္းခဲ့ေပမယ့္ အယ္လစ္ဆန္ ပိတ္ဆို႔ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

၁၈ မိနစ္က ဂ်ိဳတာရဲ႕ ေခါင္းတိုက္ခ်က္က ဂိုးသမားတည့္တည့္ျဖစ္ေနလို႔ ပုတ္ထုတ္ခံခဲ့ရတာ လီဗာပူးလ္တို႔အတြက္ နစ္နာခဲ့ရၿပီး ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာက ထြက္လာတဲ့ တန္ျပန္တိုက္စစ္ကေန သီယာဂို ကန္တင္ေပးတာကို ဆာလားနဲ႔ မာေနးတို႔ စကၠန႔္ပိုင္းအတြင္း ႏွစ္ႀကိမ္စီ အခြင့္အေရးရခဲ့ေပမယ့္လည္း လိုက္ပ္ဇစ္ဂိုးသမားနဲ႔ ခံစစ္ေတြက ပိတ္ဆို႔သြားႏိုင္ခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ေျခစြမ္းျပၿပီး ႐ုန္းေနတဲ့ ဂ်ိဳတာရဲ႕ တစ္ကိုယ္ေတာ္ထိုးေဖာက္မႈေတြက ဂိုးသမားတည့္တည့္ပဲျဖစ္ေနခဲ့သလို လိုက္ပ္ဇစ္ဘက္က ကမ္ပယ္လ္နဲ႔ ေဖာ့စ္ဘတ္တို႔ကလည္း အယ္လစ္ဆန္ကို အနည္းငယ္အလုပ္မ်ားေစခဲ့တာကလြဲလို႔ ထူးထူးျခားျခားလုပ္မျပႏိုင္ၾကခဲ့တဲ့အတြက္ ပထမပိုင္းမွာ ဂိုးမရွိသေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ၅၄ မိနစ္မွာေတာ့ မာေနးေပးတာကေန ဂ်ိဳတာ လြတ္လြတ္ကြၽတ္ကြၽတ္ ကန္ခြင့္ရေပမယ့္ ဂိုးသမားတည့္တည့္ကိုပဲ ကန္ခဲ့တာက စိတ္ပ်က္စရာျဖစ္ခဲ့ၿပီးရၿပီး ဒါကို ဆာလားက ေနာက္တန္းနဲ႔အၿပိဳင္ ထပ္ဆင့္ပိတ္သြင္းဖို႔လုပ္ခဲ့ေပမယ့္ ဂိုးဘားေပၚက ေက်ာ္သြားခဲ့ျပန္ပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ဂ်ိဳတာ ေဘာလုံးပ်က္ရာကေန အူပါမီကာႏိုက ျပန္လည္ရယူသြားခဲ့ၿပီး ေရွ႕အထိ ဆြဲတက္ၿပီးမွ ဘယ္ေတာင္ပံက ဟြမ္းဟီးခ်န္းကို ေပးတာမွာ ကိုရီးယားသားက ျဖတ္တင္ေပးတဲ့ ေဘာလုံးကို ခရစၥတယ္လ္ပဲေလ့စ္တိုက္စစ္မႉးေဟာင္း ေဆာ္ေလာ့သ္က ေခါင္းတိုက္တာ ဘားထိထြက္ခဲ့လို႔ လီဗာပူးလ္တို႔ ကံေကာင္းခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ လီဗာပူးလ္တို႔ ဂိုးစရခဲ့ၿပီး တန္ျပန္တိုက္စစ္ကေန မာေနး၊ ဂ်ိဳတာတို႔ရဲ႕ တြဲလုံးကေန ညာျခမ္းက အတြင္းဆြဲဝင္ခဲ့တဲ့ ဆာလားက ေနာက္ခံလူ ႏွစ္ဦးကို ျဖတ္ေက်ာ္ၿပီးမွ ဂိုးသမား ဟန္ခ်က္ပ်က္ေစမယ့္ အနီးတိုင္ေျခကို ျပန္ခ်ိဳးကန္သြားခဲ့လို႔ စတင္ဦးေဆာင္ခြင့္ရခဲ့ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ဂ်ိဳတာအစား ဝင္လာခဲ့တဲ့ အိုရီဂီရဲ႕ ညာျခမ္းကေန ျဖတ္တင္ခဲ့တဲ့ ေဘာလုံးကို မာေနးက လိုက္ပ္ဇစ္ေနာက္ခံလူ ႏွစ္ေယာက္ၾကားက ေျပးထြက္ၿပီး ပိတ္သြင္းႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ ဒုတိယဂိုးရခဲ့ၿပီး ပြတ္ရွ္ကပ္စ္ အရီနာမွာ သာသာယာယာနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕ ရလဒ္ဆိုးေတြမွာ စိတ္ပ်က္ေနခဲ့ၾကတဲ့ ပရိသတ္ေတြအတြက္ အနည္းငယ္ စိတ္သက္သာစရာေတာ့ျဖစ္ခဲ့ၿပီး ခ်န္ပီယံလိဂ္ပုံစံေကာင္းကို ဆက္လက္ထိန္းသိမ္းၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ႏိုင္ခဲ့သလို လာမယ့္ မတ္လ ၁၉ ရက္ေန႔မွာေတာ့ ဘယ္အသင္းနဲ႔ ေတြ႕ဆုံမယ္ဆိုတာကို မဲခြဲမႈကေန သိရွိရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.