Premier League Transfer News

9 Mar ညဦးပိုင်း နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

– အသင်းရဲ့ အိမ်ကွင်း အန်းဖီးလ်မှာ ၆ ပွဲဆက်ရှုံးပြီး ပရီးမီးယားလိဂ်အဆင့် ၈ ကို ရောက်သွားခဲ့ပေမယ့် အသင်းပိုင်ရှင် ဂျွန်ဟင်နရီနဲ့ FSG တို့အနေနဲ့ နည်းပြ ယာဂန် ကလော့ပ်ကို အပြည့်အဝ ထောက်ခံချက်ပေးထားပြီး အသင်းကို ရလဒ်ကောင်းတွေဆီ ပြန်လည်ပို့ဆောင်ပေးမယ်လို့ ယုံကြည်ကြောင်းသိရ။

– ဖူလ်ဟမ်နဲ့ ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ တိုက်စစ်မှူး ရောဘတ်တို ဖာမီနိုနဲ့ နောက်ခံလူ အိုဇန် ကာဘက်တို့နှစ်ဦးစလုံးနဲ့အနေနဲ့ လာမယ့် RB လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့ကို ဟန်ဂေရီမှာ ပါဝင်ကစားဖို့ ကြံ့ခိုင်မှာဖြစ်ကြောင်းဆို။

– ချဲလ်ဆီးအသင်းရဲ့ နယ်သာလန်နောက်ခံလူဟောင်း မာရီယို မဲလ်ခီယော့က လီဗာပူးလ်အသင်းကနေ နည်းပြ ကလော့ပ်အနေနဲ့ တခြား ကလပ်အသင်းတွေကို ထွက်ခွာနိုင်ခြေနည်းကြောင်းနဲ့ ဂျာမနီလက်ရွေးစင်အသင်းကသာ သူ့ကို ဆွဲဆောင်ခေါ်ယူနိုင်မှာဖြစ်ကြောင်း သုံးသပ်သွား။

– အသင်းရှုံးနိမ့်နေပေမယ့်လည်း နည်းပြ ကလော့ပ်ကို ယုံကြည်မှု ခိုင်မာကြတဲ့ လီဗာပူးလ်ပရိသတ်တွေအတွက်တော့ ကောလဟာလတွေကို ပိုမိုခိုင်မာလာစေတဲ့ အရာအဖြစ် လာမယ့် ၂၀၂၁ ယူရိုပြိုင်ပွဲအပြီးမှာ နည်းပြ ဂျိုအာခင်မ် လို့ဗ် ထွက်ခွာမယ်လို့ ဂျာမနီလက်ရွေးစင်အသင်းက သူတို့ရဲ့ တွစ်တာအကောင့်မှာ အတည်ပြုသွားခဲ့။

– အသင်းရဲ့ ဂိုးသွင်းဘုရင် မိုဟာမက် ဆာလားမရှိတာနဲ့ လီဗာပူးလ်တို့အနေနဲ့ အင်အားချိနဲ့သွားမှာဖြစ်တယ်လို့ ကွင်းလယ်လူဟောင်း ဒန်နီ မာဖီက သူ့ရဲ့ သွင်းဂိုးတွေရဲ့ အရေးပါမှုကို ထောက်ပြလိုက်ပြီး တိုက်စစ်မှူးဟောင်း ရော်ဘီ ဖောင်လာနဲ့ သဘောထား ကွဲလွဲခဲ့ကြ။

– ပြီးခဲ့တဲ့ရာသီက ပေါင် ၃၅ သန်းကနေ သန်း ၄၀ ကြား သတ်မှတ်ထားခဲ့တဲ့ ဆွစ်ဇာလန်ကွင်းလယ်လူ ဒင်းနစ် ဇာကာရီးယားကို လာမယ့် နွေရာသီမှာ လီဗာပူးလ်တို့အနေနဲ့ ပိုမိုသက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ ခေါ်ယူသွားနိုင်ဖို့ ရှိနေပြီး ၂၀၂၂ နွေရာသီအထိပဲ ကျန်တော့တဲ့ စာချုပ်က အကူအညီဖြစ်လာဖွယ်ရှိနေ။

– ရှော်လ်ကာအသင်းကနေ အငှားနဲ့ လာရောက်ကစားနေခဲ့တဲ့ နောက်ခံလူ အိုဇန် ကာဘက်ခ်က မတူညီတဲ့ အခြေအနေတွေမှာ ဘယ်လို တုံ့ပြန်ရမယ်ဆိုတာကို နည်းပြ ကလော့ပ်နဲ့ ဂျာမန်စကားပြောနိုင်တဲ့ လီဗာပူးလ်အသင်းဖော်တွေဆီက သင်ယူလေ့လာနေရဆဲဖြစ်ပြီး အသားကျဖို့အတွက် ထင်သလောက် မလွယ်ကူဘဲ ပရီးမီးယားလိဂ်ရဲ့ ကြံ့ခိုင်မှုဦးစားပေးပြီး ကစားအား လျှော့ချလို့ မရတဲ့ ပုံစံက ခက်ခဲကြောင်းဆို။

– RB လိုက်ပ်ဇစ်အသင်းရဲ့ ဘယ်တောင်ပံကစားသမား အန်ဟဲလီညိုက မိမိတို့အသင်းအနေနဲ့ လီဗာပူးလ်အသင်းရဲ့ ပုံစံကောင်း မရချိန်မှာ ထိုးနှက်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး တိုက်စစ်ကို အလွန်အကျွံကစားတဲ့ နောက်ခံလူတွေနဲ့ အထူးသဖြင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်ဟာ သူတို့ရဲ့ အားနည်းချက်ဖြစ်တယ်လို့ ပွဲကြိုပြောကြား။

– သူ့ရဲ့ တည်ကန်ဘောတွေက သေလောက်တယ်လို့ လီဗာပူးလ်တိုက်စစ်မှူးဟောင်း ပီတာ ခရောက်ချ်က ချီးကျူးထားခဲ့တဲ့ ဆောက်သမ်တန်ကွင်းလယ်လူ ဂျိမ်းစ် ဝါ့ဒ်ပရောက်စ်ကို လာမယ့်ရာသီမှာ ဗိုင်နယ်လ်ဒွမ်ရဲ့ နေရာအတွက် ခေါ်ယူသွားဖို့ ဘီဘီစီရဲ့ ဂါ့သ် ခရွတ်က တိုက်တွန်းသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အသင္းရဲ႕ အိမ္ကြင္း အန္းဖီးလ္မွာ ၆ ပြဲဆက္ရႈံးၿပီး ပရီးမီးယားလိဂ္အဆင့္ ၈ ကို ေရာက္သြားခဲ့ေပမယ့္ အသင္းပိုင္ရွင္ ဂြၽန္ဟင္နရီနဲ႔ FSG တို႔အေနနဲ႔ နည္းျပ ယာဂန္ ကေလာ့ပ္ကို အျပည့္အဝ ေထာက္ခံခ်က္ေပးထားၿပီး အသင္းကို ရလဒ္ေကာင္းေတြဆီ ျပန္လည္ပို႔ေဆာင္ေပးမယ္လို႔ ယုံၾကည္ေၾကာင္းသိရ။

– ဖူလ္ဟမ္နဲ႔ ပြဲစဥ္ကို လြဲေခ်ာ္ခဲ့တဲ့ တိုက္စစ္မႉး ေရာဘတ္တို ဖာမီႏိုနဲ႔ ေနာက္ခံလူ အိုဇန္ ကာဘက္တို႔ႏွစ္ဦးစလုံးနဲ႔အေနနဲ႔ လာမယ့္ RB လိုက္ပ္ဇစ္နဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲစဥ္ ဒုတိယအေက်ာ့ကို ဟန္ေဂရီမွာ ပါဝင္ကစားဖို႔ ႀကံ့ခိုင္မွာျဖစ္ေၾကာင္းဆို။

– ခ်ဲလ္ဆီးအသင္းရဲ႕ နယ္သာလန္ေနာက္ခံလူေဟာင္း မာရီယို မဲလ္ခီေယာ့က လီဗာပူးလ္အသင္းကေန နည္းျပ ကေလာ့ပ္အေနနဲ႔ တျခား ကလပ္အသင္းေတြကို ထြက္ခြာႏိုင္ေျခနည္းေၾကာင္းနဲ႔ ဂ်ာမနီလက္ေ႐ြးစင္အသင္းကသာ သူ႔ကို ဆြဲေဆာင္ေခၚယူႏိုင္မွာျဖစ္ေၾကာင္း သုံးသပ္သြား။

– အသင္းရႈံးနိမ့္ေနေပမယ့္လည္း နည္းျပ ကေလာ့ပ္ကို ယုံၾကည္မႈ ခိုင္မာၾကတဲ့ လီဗာပူးလ္ပရိသတ္ေတြအတြက္ေတာ့ ေကာလဟာလေတြကို ပိုမိုခိုင္မာလာေစတဲ့ အရာအျဖစ္ လာမယ့္ ၂၀၂၁ ယူ႐ိုၿပိဳင္ပြဲအၿပီးမွာ နည္းျပ ဂ်ိဳအာခင္မ္ လို႔ဗ္ ထြက္ခြာမယ္လို႔ ဂ်ာမနီလက္ေ႐ြးစင္အသင္းက သူတို႔ရဲ႕ တြစ္တာအေကာင့္မွာ အတည္ျပဳသြားခဲ့။

– အသင္းရဲ႕ ဂိုးသြင္းဘုရင္ မိုဟာမက္ ဆာလားမရွိတာနဲ႔ လီဗာပူးလ္တို႔အေနနဲ႔ အင္အားခ်ိနဲ႔သြားမွာျဖစ္တယ္လို႔ ကြင္းလယ္လူေဟာင္း ဒန္နီ မာဖီက သူ႔ရဲ႕ သြင္းဂိုးေတြရဲ႕ အေရးပါမႈကို ေထာက္ျပလိုက္ၿပီး တိုက္စစ္မႉးေဟာင္း ေရာ္ဘီ ေဖာင္လာနဲ႔ သေဘာထား ကြဲလြဲခဲ့ၾက။

– ၿပီးခဲ့တဲ့ရာသီက ေပါင္ ၃၅ သန္းကေန သန္း ၄၀ ၾကား သတ္မွတ္ထားခဲ့တဲ့ ဆြစ္ဇာလန္ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီးယားကို လာမယ့္ ေႏြရာသီမွာ လီဗာပူးလ္တို႔အေနနဲ႔ ပိုမိုသက္သာတဲ့ ေဈးႏႈန္းတစ္ရပ္နဲ႔ ေခၚယူသြားႏိုင္ဖို႔ ရွိေနၿပီး ၂၀၂၂ ေႏြရာသီအထိပဲ က်န္ေတာ့တဲ့ စာခ်ဳပ္က အကူအညီျဖစ္လာဖြယ္ရွိေန။

– ေရွာ္လ္ကာအသင္းကေန အငွားနဲ႔ လာေရာက္ကစားေနခဲ့တဲ့ ေနာက္ခံလူ အိုဇန္ ကာဘက္ခ္က မတူညီတဲ့ အေျခအေနေတြမွာ ဘယ္လို တုံ႔ျပန္ရမယ္ဆိုတာကို နည္းျပ ကေလာ့ပ္နဲ႔ ဂ်ာမန္စကားေျပာႏိုင္တဲ့ လီဗာပူးလ္အသင္းေဖာ္ေတြဆီက သင္ယူေလ့လာေနရဆဲျဖစ္ၿပီး အသားက်ဖို႔အတြက္ ထင္သေလာက္ မလြယ္ကူဘဲ ပရီးမီးယားလိဂ္ရဲ႕ ႀကံ့ခိုင္မႈဦးစားေပးၿပီး ကစားအား ေလွ်ာ့ခ်လို႔ မရတဲ့ ပုံစံက ခက္ခဲေၾကာင္းဆို။

– RB လိုက္ပ္ဇစ္အသင္းရဲ႕ ဘယ္ေတာင္ပံကစားသမား အန္ဟဲလီညိဳက မိမိတို႔အသင္းအေနနဲ႔ လီဗာပူးလ္အသင္းရဲ႕ ပုံစံေကာင္း မရခ်ိန္မွာ ထိုးႏွက္ႏိုင္ဖို႔ ႀကိဳးစားသြားမွာျဖစ္ၿပီး တိုက္စစ္ကို အလြန္အကြၽံကစားတဲ့ ေနာက္ခံလူေတြနဲ႔ အထူးသျဖင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ဟာ သူတို႔ရဲ႕ အားနည္းခ်က္ျဖစ္တယ္လို႔ ပြဲႀကိဳေျပာၾကား။

– သူ႔ရဲ႕ တည္ကန္ေဘာေတြက ေသေလာက္တယ္လို႔ လီဗာပူးလ္တိုက္စစ္မႉးေဟာင္း ပီတာ ခေရာက္ခ်္က ခ်ီးက်ဴးထားခဲ့တဲ့ ေဆာက္သမ္တန္ကြင္းလယ္လူ ဂ်ိမ္းစ္ ဝါ့ဒ္ပေရာက္စ္ကို လာမယ့္ရာသီမွာ ဗိုင္နယ္လ္ဒြမ္ရဲ႕ ေနရာအတြက္ ေခၚယူသြားဖို႔ ဘီဘီစီရဲ႕ ဂါ့သ္ ခ႐ြတ္က တိုက္တြန္းသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.