Premier League

မန်ချက်စတာဒါဘီအောင်ပွဲအပြီး ယူနိုက်တက်ရဲ့ အကြီးမားဆုံးနောင်တကို ဖော်ထုတ်လိုက်တဲ့ ယူနိုက်တက် ဂန္တဝင်ကစားသမား

ယူနိုက်တက် ဂန္တဝင်ကစားသမားကြီး ရီယို ဖာဒီနန်က အသင်းဟောင်းရဲ့ မန်ချက်စတာဒါဘီအောင်ပွဲအပြီးမှာတော့ ဒီနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီအတွင်း ယူနိုက်တက်အသင်းကြုံတွေ့ခဲ့ရတဲ့ အကြီးမားဆုံးနောင်တတရပ်ကို ဖော်ထုတ်သွားခဲ့ပါတယ်။

အီတီဟတ်မှာ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ယူနိုက်တက်ဟာ မန်စီးတီးအသင်းရဲ့ ၂၁ ပွဲ နိုင်ပွဲဆက်စံချိန်ကို ရပ်တန့်ကာ ကမ္ဘာ့စံချိန်တင်ဖို့ မန်စီးတီးရဲ့မျှော်လင့်ချက်ကို ရိုက်ချိုးသွားခဲ့တာဖြစ်ပါတယ်။


ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီ ပထမအကျော့အိုးထရက်ဖို့ဒ်မှာ မန်စီးတီးအသင်းကို ဧည့်ခံကစားခဲ့ပေမယ့် ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေ အားမလိုအားမရ ဖြစ်ခဲ့ရသလို ဒီအထဲမှာ ဖာဒီနန်လည်း ပါဝင်နေပါတယ်။


” တခါတရံမှာ ခင်ဗျားအနေနဲ့ လုပ်နိုင်သမျှ အကုန်လုပ်ပြရတယ်။ ကိုယ်ဘာလုပ်မလဲဆိုတာကို ရဲရဲကြေငြာရတယ်။ ကိုယ့်လုပ်နိုင်စွမ်းကို အမိအရဖက်တွယ်ထားရတယ်”

” ငါတို့က ချန်ပီယံဆုကို ဗိုလ်ဝင်ခံမယ့်အသင်းကွ…. ဒီလို အရှိန်အဝါကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသရတယ်။ ကိုယ့်ခြေစွမ်းကို အကောင်းဆုံး စွမ်းဆောင်တဲ့အသင်းက ပြိုင်ဘက်တိုင်းကို တပ်လှန့်ပြီးသားဖြစ်တယ်”

” ဒီတပတ် မန်ချက်စတာဒါဘီအောင်ပွဲမှာ ကျွန်တော့်အနေနဲ့ စိတ်မောခဲ့ရတာ တခုရှိခဲ့ပါတယ်။ အဲဒါက ယူနိုက်တက်ဟာ ပထမအကျော့ အိုးထရက်ဖို့ဒ်အိမ်ကွင်းမှာ အခုလို ပေါက်ကွဲပြီး ပြင်းပြတဲ့ခြေစွမ်းနဲ့ ဘာကြောင့်မကစားခဲ့ရသလဲဆိုတာပါပဲ။ ဒီတပတ်မှာ ပြသခဲ့တဲ့ ယူနိုက်တက်ရဲ့အမြင့်ဆုံးစွမ်းဆောင်ရည်မျိုးကို အဲဒီအချိန်ကတည်းက ကျွန်တော်မြင်ချင်ခဲ့တာဗျ”

” ဒီနေ့လို ခွန်အားမျိုးနဲ့သာ ယူနိုက်တက်က အဲဒီအချိန်ကတည်းက ပြင်းပြင်းပြပြ ကစားခဲ့ရင် ကျွန်တော်တို့အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို အပိုင်သိမ်းမယ့်အသင်းလို့ အင်္ဂလန်မှာ မောင်းခတ်ကြေငြာပြီး တံဆိပ်တုံးထုလိုက်သလိုကို ဖြစ်ခဲ့မှာဗျ။


” အဲဒီတုန်းက ကြောက်ကြောက်နဲ့ ကစားနေခဲ့တာကို မသက်မသာမြင်ခဲ့ရတယ်။ ဒီလိုမဟုတ်ဘဲ မန်စီးတီးကို ခြေစွမ်းပြပြီး အနိုင်ပိုင်းနိုင်ခဲ့ရင် ဒီနေ့ဆိုရင် ပရီးမီးယားလိဂ်ကို အရယူဖို့ ယုံကြည်ချက်တွေ ပြည့်လျှံနေရုံပေါ့ဗျာ။ ရလဒ်တွေ ဆက်တိုက်ထိုးတက်လာခဲ့မှာပေါ့။”

” အခုတော့ ကျွန်တော့်တို့အသင်းက အဲဒီအခွင့်အရေးကို လက်ထဲက လွတ်ကျခဲ့ပြီး လက်ရှိမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အတော်လေးရုန်းကန်ရပါတော့မယ်။ ”

” အခု ကျွန်တော်တို့ရဲ့ အဆင့် ၂ နေရာကို နောက်ကအသင်းတွေ လိုက်လုဖို့ကြိုးစားနေကြပြီမဟုတ်လား။ အဲဒါဟာ ဒီဇင်ဘာမှာကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်ကတည်းက ကျွန်တော်တို့အသင်းဟာ ထင်သလောက် မမာကျောဘူးဆိုတာ သိသွားခဲ့လို့ သူတို့ဘက်က မီရာကားနဲ့ လိုက်လာခဲ့ပြီး သူတို့မှာလည်း အခွင့်အရေးရှိကြောင်း လက်ခံသွားကြလို့ပဲ….. ခင်ဗျားသိလား”


” တရာသီလုံး ကစားမယ့် ပေါက်ကွဲအားနဲ့ ယူနိုက်တက်ဘာလဲဆိုတာပြသမယ့် စိတ်ဓာတ်အား၊ ခံယူချက်ဆိုတာဟာ အဲဒီပွဲမှာကတည်းက တွန်းအားဖြစ်ပြီး အလှည့်အပြောင်းဖြစ်ခဲ့ရမှာဗျ။ အခုအချိန်မှာ ဖလားသိမ်းဖို့ ကျားတကောင်လို မာန်ဖီဟိန်းဟောက်နေရုံပဲ။ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ဖလားကို ကျွန်တော်တို့လက်လွှတ်ခဲ့ရပြီဆိုတာကို အရှိအတိုင်းလက်ခံရမှာပါ”


” ရယ်စရာကောင်းတာတခုကတော့ဗျာ… ကျွန်တော် ယူနိုက်တက်မှာကစားခဲ့တုန်းက အာဆင်နယ်အသင်းရဲ့ ၄၉ ပွဲဆက်ရှူံးပွဲမရှိစံချိန်ကို ရိုက်ချိုးခဲ့သလိုပဲ အခုယူနိုက်တက်ကလည်း ၂၅ ပွဲဆက် အနိုင်မှတ်တမ်းနဲ့ ကမ္ဘာ့စံချိန်တင်ဖို့ မျှော်လင့်နေတဲ့ မန်စီးတီးကိုလည်း တချက်တည်းနဲ့ အပြီးဆွဲနှုတ်ခဲ့ပြန်ပြီဗျ။ သူတို့အသင်းကို ရပ်တန့်ပစ်ခဲ့တယ်။ မသိရင် မန်ချက်စတာ ယူနိုက်တက်ဆိုတာ ပွဲခံနေတဲ့ သူများတကာပျော်ရွှင်မှုကို လိုက်ဖျက်ဆီးနေသလို ဖြစ်နေပြီဗျ။ ဟုတ်ပါတယ်… ကျွန်တော်တို့က အဲဒီလိုလုပ်တဲ့အသင်းစစ်စစ်ပါ။” လို့ ရီယို ဖာဒီနန်က ပြောသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယူႏိုက္တက္ ဂႏၲဝင္ကစားသမားႀကီး ရီယို ဖာဒီနန္က အသင္းေဟာင္းရဲ႕ မန္ခ်က္စတာဒါဘီေအာင္ပြဲအၿပီးမွာေတာ့ ဒီႏွစ္ ပရီးမီးယားလိဂ္ ေဘာလုံးရာသီအတြင္း ယူႏိုက္တက္အသင္းႀကဳံေတြ႕ခဲ့ရတဲ့ အႀကီးမားဆုံးေနာင္တတရပ္ကို ေဖာ္ထုတ္သြားခဲ့ပါတယ္။

အီတီဟတ္မွာ ကစားခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲစဥ္မွာ ယူႏိုက္တက္ဟာ မန္စီးတီးအသင္းရဲ႕ ၂၁ ပြဲ ႏိုင္ပြဲဆက္စံခ်ိန္ကို ရပ္တန႔္ကာ ကမာၻ႔စံခ်ိန္တင္ဖို႔ မန္စီးတီးရဲ႕ေမွ်ာ္လင့္ခ်က္ကို ႐ိုက္ခ်ိဳးသြားခဲ့တာျဖစ္ပါတယ္။


ယူႏိုက္တက္ဟာ မန္ခ်က္စတာဒါဘီ ပထမအေက်ာ့အိုးထရက္ဖို႔ဒ္မွာ မန္စီးတီးအသင္းကို ဧည့္ခံကစားခဲ့ေပမယ့္ ဂိုးမရွိ သေရရလဒ္သာ ထြက္ေပၚခဲ့ၿပီး ယူႏိုက္တက္ပရိသတ္ေတြ အားမလိုအားမရ ျဖစ္ခဲ့ရသလို ဒီအထဲမွာ ဖာဒီနန္လည္း ပါဝင္ေနပါတယ္။


” တခါတရံမွာ ခင္ဗ်ားအေနနဲ႔ လုပ္ႏိုင္သမွ် အကုန္လုပ္ျပရတယ္။ ကိုယ္ဘာလုပ္မလဲဆိုတာကို ရဲရဲေၾကျငာရတယ္။ ကိုယ့္လုပ္ႏိုင္စြမ္းကို အမိအရဖက္တြယ္ထားရတယ္”

” ငါတို႔က ခ်န္ပီယံဆုကို ဗိုလ္ဝင္ခံမယ့္အသင္းကြ…. ဒီလို အရွိန္အဝါကို ရဲရဲဝံ့ဝံ့ ထုတ္ေဖာ္ျပသရတယ္။ ကိုယ့္ေျခစြမ္းကို အေကာင္းဆုံး စြမ္းေဆာင္တဲ့အသင္းက ၿပိဳင္ဘက္တိုင္းကို တပ္လွန႔္ၿပီးသားျဖစ္တယ္”

” ဒီတပတ္ မန္ခ်က္စတာဒါဘီေအာင္ပြဲမွာ ကြၽန္ေတာ့္အေနနဲ႔ စိတ္ေမာခဲ့ရတာ တခုရွိခဲ့ပါတယ္။ အဲဒါက ယူႏိုက္တက္ဟာ ပထမအေက်ာ့ အိုးထရက္ဖို႔ဒ္အိမ္ကြင္းမွာ အခုလို ေပါက္ကြဲၿပီး ျပင္းျပတဲ့ေျခစြမ္းနဲ႔ ဘာေၾကာင့္မကစားခဲ့ရသလဲဆိုတာပါပဲ။ ဒီတပတ္မွာ ျပသခဲ့တဲ့ ယူႏိုက္တက္ရဲ႕အျမင့္ဆုံးစြမ္းေဆာင္ရည္မ်ိဳးကို အဲဒီအခ်ိန္ကတည္းက ကြၽန္ေတာ္ျမင္ခ်င္ခဲ့တာဗ်”

” ဒီေန႔လို ခြန္အားမ်ိဳးနဲ႔သာ ယူႏိုက္တက္က အဲဒီအခ်ိန္ကတည္းက ျပင္းျပင္းျပျပ ကစားခဲ့ရင္ ကြၽန္ေတာ္တို႔အသင္းဟာ ပရီးမီးယားလိဂ္ဖလားကို အပိုင္သိမ္းမယ့္အသင္းလို႔ အဂၤလန္မွာ ေမာင္းခတ္ေၾကျငာၿပီး တံဆိပ္တုံးထုလိုက္သလိုကို ျဖစ္ခဲ့မွာဗ်။


” အဲဒီတုန္းက ေၾကာက္ေၾကာက္နဲ႔ ကစားေနခဲ့တာကို မသက္မသာျမင္ခဲ့ရတယ္။ ဒီလိုမဟုတ္ဘဲ မန္စီးတီးကို ေျခစြမ္းျပၿပီး အႏိုင္ပိုင္းႏိုင္ခဲ့ရင္ ဒီေန႔ဆိုရင္ ပရီးမီးယားလိဂ္ကို အရယူဖို႔ ယုံၾကည္ခ်က္ေတြ ျပည့္လွ်ံေန႐ုံေပါ့ဗ်ာ။ ရလဒ္ေတြ ဆက္တိုက္ထိုးတက္လာခဲ့မွာေပါ့။”

” အခုေတာ့ ကြၽန္ေတာ့္တို႔အသင္းက အဲဒီအခြင့္အေရးကို လက္ထဲက လြတ္က်ခဲ့ၿပီး လက္ရွိမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အေတာ္ေလး႐ုန္းကန္ရပါေတာ့မယ္။ ”

” အခု ကြၽန္ေတာ္တို႔ရဲ႕ အဆင့္ ၂ ေနရာကို ေနာက္ကအသင္းေတြ လိုက္လုဖို႔ႀကိဳးစားေနၾကၿပီမဟုတ္လား။ အဲဒါဟာ ဒီဇင္ဘာမွာကစားခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲစဥ္ကတည္းက ကြၽန္ေတာ္တို႔အသင္းဟာ ထင္သေလာက္ မမာေက်ာဘူးဆိုတာ သိသြားခဲ့လို႔ သူတို႔ဘက္က မီရာကားနဲ႔ လိုက္လာခဲ့ၿပီး သူတို႔မွာလည္း အခြင့္အေရးရွိေၾကာင္း လက္ခံသြားၾကလို႔ပဲ….. ခင္ဗ်ားသိလား”


” တရာသီလုံး ကစားမယ့္ ေပါက္ကြဲအားနဲ႔ ယူႏိုက္တက္ဘာလဲဆိုတာျပသမယ့္ စိတ္ဓာတ္အား၊ ခံယူခ်က္ဆိုတာဟာ အဲဒီပြဲမွာကတည္းက တြန္းအားျဖစ္ၿပီး အလွည့္အေျပာင္းျဖစ္ခဲ့ရမွာဗ်။ အခုအခ်ိန္မွာ ဖလားသိမ္းဖို႔ က်ားတေကာင္လို မာန္ဖီဟိန္းေဟာက္ေန႐ုံပဲ။ လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ဖလားကို ကြၽန္ေတာ္တို႔လက္လႊတ္ခဲ့ရၿပီဆိုတာကို အရွိအတိုင္းလက္ခံရမွာပါ”


” ရယ္စရာေကာင္းတာတခုကေတာ့ဗ်ာ… ကြၽန္ေတာ္ ယူႏိုက္တက္မွာကစားခဲ့တုန္းက အာဆင္နယ္အသင္းရဲ႕ ၄၉ ပြဲဆက္ရႉံးပြဲမရွိစံခ်ိန္ကို ႐ိုက္ခ်ိဳးခဲ့သလိုပဲ အခုယူႏိုက္တက္ကလည္း ၂၅ ပြဲဆက္ အႏိုင္မွတ္တမ္းနဲ႔ ကမာၻ႔စံခ်ိန္တင္ဖို႔ ေမွ်ာ္လင့္ေနတဲ့ မန္စီးတီးကိုလည္း တခ်က္တည္းနဲ႔ အၿပီးဆြဲႏႈတ္ခဲ့ျပန္ၿပီဗ်။ သူတို႔အသင္းကို ရပ္တန႔္ပစ္ခဲ့တယ္။ မသိရင္ မန္ခ်က္စတာ ယူႏိုက္တက္ဆိုတာ ပြဲခံေနတဲ့ သူမ်ားတကာေပ်ာ္႐ႊင္မႈကို လိုက္ဖ်က္ဆီးေနသလို ျဖစ္ေနၿပီဗ်။ ဟုတ္ပါတယ္… ကြၽန္ေတာ္တို႔က အဲဒီလိုလုပ္တဲ့အသင္းစစ္စစ္ပါ။” လို႔ ရီယို ဖာဒီနန္က ေျပာသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.