Premier League Transfer News

9 Mar ညနေခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ထက် ပိုကစားပုံကောင်းတဲ့အသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီကနေ ပြန်လည်တုံ့ပြန်နိုင်ဖို့ လာမယ့် ဆောက်သမ်တန်နဲ့ပွဲမှာ အနိုင်ကစားပြီး ပရီးမီးယားလိဂ်ကို တစ်ရာသီခြား ပြန်လည်ရယူနိုင်ဖို့ လုပ်ဆောင်ရမှာဖြစ်ကြောင်း မီကာ ရစ်ချတ်စ် ပြောကြား။

– မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အလုပ်မဖြစ်ခဲ့တဲ့ ကီဗင် ဒီဘရိုင်းနားနဲ့ နောက်ခံလူ အိုလက်ဇန်ဒါ ဇင်ချန်ကိုတို့ကို လာမယ့် ဆောက်သမ်တန်နဲ့ပွဲမှာ အနားပေးသွားဖို့ ပရိသတ်တွေက အလိုရှိနေပြီး ပေါ်တူဂီကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား ပြန်ကစားတာကို မြင်ချင်နေကြ။

– ဒီနွေရာသီမှာ လူကြိုက်များနေတဲ့ တိုက်စစ်မှူး အာလင်း ဟားလန်းကို တကယ်လို့ မခေါ်ယူနိုင်ခဲ့ရင် တခြားပစ်မှတ်အဖြစ် ရည်ရွယ်ထားတဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ခိုင်လျန် အမ်ဘာပေအတွက် အစီအစဉ်ကို မန်စီးတီးတို့ ဖျက်သိမ်းလိုက်ပြီး အကြောင်းကတော့ ပြင်သစ်သားရဲ့ တစ်ပတ်လုပ်ခ ပေါင်ခြောက်သိန်းလို့ တောင်းဆိုထားမှုကြောင့်လို့ သိရ။

– ဖူလ်ဟမ်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြနေပြီး အန်းဖီးလ်မှာ အနိုင်ရခဲ့တဲ့ပွဲမှာ အမြင့်ဘော၊ အနိမ့်ဘော လာသမျှကို ရှင်းထုတ်ပြနိုင်ခဲ့တဲ့ နောက်ခံလူ တိုဆင် အာဒါရာဘိုင်ယိုရိုကို ပေါင် ၂ သန်းတည်းနဲ့ ရောင်းချခဲ့တဲ့ အသင်းအားကစားဒါရိုက်တာ ဘီဂီရီစတိန်းရဲ့ ဆုံးဖြတ်ချက်မှားပြီလို့ စီးတီးပရိသတ်တွေ ဝေဖန်နေကြ။

– အာဆင်နယ်အသင်းကို ပြန်လာမယ်လို့ အသံထွက်နေခဲ့တဲ့ လက်ရှိ မွန်ထရီယယ်လ် အင်းမ်ပက်နည်းပြ သီယာရီ အွန်နရီက သူ့အနေနဲ့ အချိန်ရတိုင်း ပက်ပ် ဂွါဒီယိုလာဆီက နည်းစနစ်ပိုင်းနဲ့ ပတ်သက်လို့ စကားပြောပြီး နည်းနာခံယူဖူးကြောင်းနဲ့ စီးတီးနည်းပြဟာ ဗျူဟာပိုင်းမှာ ကြောက်စရာ စွမ်းအားရှင်ဖြစ်ကြောင်း ထုတ်ဖော်သွား။

– မန်စီးတီးအသင်းတာဝန်ရှိသူတွေအနေနဲ့ နောက်ဆုံးမှာ တိုက်စစ်မှူး ဆာဂျီယို အဂွေရိုကို နွေရာသီမှာ ရှင်းထုတ်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ ငွေလက်ကျန်နည်းနေပြီး ကုန်းဆင်းမယ့် ဘာစီလိုနာ၊ ငွေမလည်သေးတဲ့ အင်တာမီလန်၊ ဒေးဗစ် ဘက်ခမ်းရဲ့ အင်တာမိုင်ယာမီနဲ့ လူငယ်ဘဝအသင်းဟောင်း အင်ဒီပန်းဒီယန့်တေးတို့က အလိုရှိနေ။

– အာလင်း ဟားလန်းကို ခေါ်ယူပြီး အဂွေရိုနေရာမှာ အစားထိုးဖို့ဟာ လာမယ့်နွေရာသီအတွက် မန်စီးတီးအသင်းရဲ့ ဦးစားပေး စီမံကိန်း ဖြစ်နေပြီး တကယ်လို့ အေးဂျင့် မီနို ရိုင်ယိုလာကြောင့် သူ့ကို ခေါ်ယူဖို့ မဖြစ်နိုင်ခဲ့ရင် ရီးရဲလ်ဆိုစီဒက်ရဲ့ ဈေးနှုန်းသက်သာမယ့် တိုက်စစ်မှူး အလက်ဇန်းဒါး အိုက်ဆက်ကို ခေါ်ယူသွားဖို့ စဉ်းစားနေ။

– ဖာနန်ဒင်ညိုအနေနဲ့ လက်ရှိကြံ့ခိုင်မှုအနေအထားမှာ အသင်းအတွက် အနည်းဆုံး နှစ်ရာသီလောက် ကစားနိုင်ဦးမယ်လို့ ပရီးမီးယားလိဂ ပွဲအများဆုံး ကစားထားပြီးတဲ့ မန်ချက်စတာစီးတီးကွင်းလယ်လူဟောင်း ဂါရက် ဘယ်ရီက သုံးသပ်လိုက်ပြီး အသင်းအတွက် ၃၃၆ ပွဲ ကစားထားတဲ့ ဘရာဇီးလ်သားကို စာချုပ်သက်တမ်းတိုးဖို့ ထောက်ခံသွား။

– သူတို့အတွက် ချန်ပီယံလိဂ်ပွဲစဉ် မရှိတဲ့ ကာလမှာ ကြိုတင်ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၃၃၊ ဗုဒ္ဓဟူးနေ့ည ပွဲစဉ်မှာ လူငယ်ကွင်းလယ် ကစားသမား ဖီးလ် ဖိုဒန်ကို ပွဲထွက်ခိုင်းလိမ့်မယ်လို့ ခန့်မှန်းနေကြပြီး မန်ချက်စတာဒါဘီမှာ ပုံစံကောင်းမရတဲ့သူတွေကိုလည်း အရန်ခုံ ပို့ဆောင်သွားဖွယ်ရှိနေ။

– ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာအသင်းဆီ ပြန်ဖို့ သေချာသလောက်ရှိနေခဲ့တဲ့ နောက်ခံလူ အဲရစ် ဂါစီယာနဲ့အတူ ဝါရင့်တိုက်စစ်မှူး ဆာဂျီယို အဂွေရိုပါ လိုက်ပါသွားလိမ့်မယ်လို့ ဆိုနေကြပြီး ကာတာလန်ကလပ်ရဲ့ ဥက္ကဌသစ်ဖြစ်လာတဲ့ ဂျိုအန် လာပေါ်တာရဲ့ အသင်းကြယ်ပွင့် လီယွန်နယ် မက်ဆီကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခြေနဲ့အတူ ခန့်မှန်းနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ထက္ ပိုကစားပုံေကာင္းတဲ့အသင္းကို ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ဒီကေန ျပန္လည္တုံ႔ျပန္ႏိုင္ဖို႔ လာမယ့္ ေဆာက္သမ္တန္နဲ႔ပြဲမွာ အႏိုင္ကစားၿပီး ပရီးမီးယားလိဂ္ကို တစ္ရာသီျခား ျပန္လည္ရယူႏိုင္ဖို႔ လုပ္ေဆာင္ရမွာျဖစ္ေၾကာင္း မီကာ ရစ္ခ်တ္စ္ ေျပာၾကား။

– မန္ခ်က္စတာယူႏိုက္တက္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ အလုပ္မျဖစ္ခဲ့တဲ့ ကီဗင္ ဒီဘ႐ိုင္းနားနဲ႔ ေနာက္ခံလူ အိုလက္ဇန္ဒါ ဇင္ခ်န္ကိုတို႔ကို လာမယ့္ ေဆာက္သမ္တန္နဲ႔ပြဲမွာ အနားေပးသြားဖို႔ ပရိသတ္ေတြက အလိုရွိေနၿပီး ေပၚတူဂီကြင္းလယ္လူ ဘာနာဒို ေဆးလ္ဗား ျပန္ကစားတာကို ျမင္ခ်င္ေနၾက။

– ဒီေႏြရာသီမွာ လူႀကိဳက္မ်ားေနတဲ့ တိုက္စစ္မႉး အာလင္း ဟားလန္းကို တကယ္လို႔ မေခၚယူႏိုင္ခဲ့ရင္ တျခားပစ္မွတ္အျဖစ္ ရည္႐ြယ္ထားတဲ့ ပီအက္စ္ဂ်ီတိုက္စစ္မႉး ခိုင္လ်န္ အမ္ဘာေပအတြက္ အစီအစဥ္ကို မန္စီးတီးတို႔ ဖ်က္သိမ္းလိုက္ၿပီး အေၾကာင္းကေတာ့ ျပင္သစ္သားရဲ႕ တစ္ပတ္လုပ္ခ ေပါင္ေျခာက္သိန္းလို႔ ေတာင္းဆိုထားမႈေၾကာင့္လို႔ သိရ။

– ဖူလ္ဟမ္အသင္းအတြက္ အေကာင္းဆုံးေျခစြမ္းျပေနၿပီး အန္းဖီးလ္မွာ အႏိုင္ရခဲ့တဲ့ပြဲမွာ အျမင့္ေဘာ၊ အနိမ့္ေဘာ လာသမွ်ကို ရွင္းထုတ္ျပႏိုင္ခဲ့တဲ့ ေနာက္ခံလူ တိုဆင္ အာဒါရာဘိုင္ယို႐ိုကို ေပါင္ ၂ သန္းတည္းနဲ႔ ေရာင္းခ်ခဲ့တဲ့ အသင္းအားကစားဒါ႐ိုက္တာ ဘီဂီရီစတိန္းရဲ႕ ဆုံးျဖတ္ခ်က္မွားၿပီလို႔ စီးတီးပရိသတ္ေတြ ေဝဖန္ေနၾက။

– အာဆင္နယ္အသင္းကို ျပန္လာမယ္လို႔ အသံထြက္ေနခဲ့တဲ့ လက္ရွိ မြန္ထရီယယ္လ္ အင္းမ္ပက္နည္းျပ သီယာရီ အြန္နရီက သူ႔အေနနဲ႔ အခ်ိန္ရတိုင္း ပက္ပ္ ဂြါဒီယိုလာဆီက နည္းစနစ္ပိုင္းနဲ႔ ပတ္သက္လို႔ စကားေျပာၿပီး နည္းနာခံယူဖူးေၾကာင္းနဲ႔ စီးတီးနည္းျပဟာ ဗ်ဴဟာပိုင္းမွာ ေၾကာက္စရာ စြမ္းအားရွင္ျဖစ္ေၾကာင္း ထုတ္ေဖာ္သြား။

– မန္စီးတီးအသင္းတာဝန္ရွိသူေတြအေနနဲ႔ ေနာက္ဆုံးမွာ တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုကို ေႏြရာသီမွာ ရွင္းထုတ္ဖို႔ ဆုံးျဖတ္လိုက္ၿပီျဖစ္ၿပီး သူ႔ကို ေခၚယူဖို႔ ေငြလက္က်န္နည္းေနၿပီး ကုန္းဆင္းမယ့္ ဘာစီလိုနာ၊ ေငြမလည္ေသးတဲ့ အင္တာမီလန္၊ ေဒးဗစ္ ဘက္ခမ္းရဲ႕ အင္တာမိုင္ယာမီနဲ႔ လူငယ္ဘဝအသင္းေဟာင္း အင္ဒီပန္းဒီယန႔္ေတးတို႔က အလိုရွိေန။

– အာလင္း ဟားလန္းကို ေခၚယူၿပီး အေဂြ႐ိုေနရာမွာ အစားထိုးဖို႔ဟာ လာမယ့္ေႏြရာသီအတြက္ မန္စီးတီးအသင္းရဲ႕ ဦးစားေပး စီမံကိန္း ျဖစ္ေနၿပီး တကယ္လို႔ ေအးဂ်င့္ မီႏို ႐ိုင္ယိုလာေၾကာင့္ သူ႔ကို ေခၚယူဖို႔ မျဖစ္ႏိုင္ခဲ့ရင္ ရီးရဲလ္ဆိုစီဒက္ရဲ႕ ေဈးႏႈန္းသက္သာမယ့္ တိုက္စစ္မႉး အလက္ဇန္းဒါး အိုက္ဆက္ကို ေခၚယူသြားဖို႔ စဥ္းစားေန။

– ဖာနန္ဒင္ညိဳအေနနဲ႔ လက္ရွိႀကံ့ခိုင္မႈအေနအထားမွာ အသင္းအတြက္ အနည္းဆုံး ႏွစ္ရာသီေလာက္ ကစားႏိုင္ဦးမယ္လို႔ ပရီးမီးယားလိဂ ပြဲအမ်ားဆုံး ကစားထားၿပီးတဲ့ မန္ခ်က္စတာစီးတီးကြင္းလယ္လူေဟာင္း ဂါရက္ ဘယ္ရီက သုံးသပ္လိုက္ၿပီး အသင္းအတြက္ ၃၃၆ ပြဲ ကစားထားတဲ့ ဘရာဇီးလ္သားကို စာခ်ဳပ္သက္တမ္းတိုးဖို႔ ေထာက္ခံသြား။

– သူတို႔အတြက္ ခ်န္ပီယံလိဂ္ပြဲစဥ္ မရွိတဲ့ ကာလမွာ ႀကိဳတင္ကစားမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၃၊ ဗုဒၶဟူးေန႔ည ပြဲစဥ္မွာ လူငယ္ကြင္းလယ္ ကစားသမား ဖီးလ္ ဖိုဒန္ကို ပြဲထြက္ခိုင္းလိမ့္မယ္လို႔ ခန႔္မွန္းေနၾကၿပီး မန္ခ်က္စတာဒါဘီမွာ ပုံစံေကာင္းမရတဲ့သူေတြကိုလည္း အရန္ခုံ ပို႔ေဆာင္သြားဖြယ္ရွိေန။

– ရာသီကုန္မွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ဘာစီလိုနာအသင္းဆီ ျပန္ဖို႔ ေသခ်ာသေလာက္ရွိေနခဲ့တဲ့ ေနာက္ခံလူ အဲရစ္ ဂါစီယာနဲ႔အတူ ဝါရင့္တိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုပါ လိုက္ပါသြားလိမ့္မယ္လို႔ ဆိုေနၾကၿပီး ကာတာလန္ကလပ္ရဲ႕ ဥကၠဌသစ္ျဖစ္လာတဲ့ ဂ်ိဳအန္ လာေပၚတာရဲ႕ အသင္းၾကယ္ပြင့္ လီယြန္နယ္ မက္ဆီကို ဆက္လက္ထိန္းသိမ္းသြားႏိုင္ေျခနဲ႔အတူ ခန႔္မွန္းေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.