Premier League

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ခက္ခဲေနတဲ့သူေတြကို အစားအေသာက္ေတြ ကူညီသြားမယ့္ ဟန္ဒါဆန္

လီဗာပူးလ္အသင္းရဲ႕ အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကေတာ့ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ရပ္နားထားရခ်ိန္အတြင္း တစ္ႏုိင္ငံလုံးအေနနဲ႔ အစားအေသာက္ဝယ္ယူဖို႔၊ ဒါမွမဟုတ္ ေငြေရးေၾကးေရး ခက္ခဲေနတဲ့သူေတြကို အကူအညီေပးသြားဖို႔ ရွိတယ္လို႔ သိရပါတယ္။

ဟန္ဒါဆန္အေနနဲ႔ လီဗာပူးလ္အသင္းေဖာ္ေတြကိုပါ သူ႕ကို ကူညီၿပီး လီဗာပူးလ္ၿမဳိ႕က ေဒသခံ ကူညီေရး ပရဟိတအဖြဲ႕ေတြနဲ႔ ပူးေပါင္းၿပီး Food Bank ေတြ လုပ္ေဆာင္ေပးဖို႔ စီစဥ္ေနၿပီး လီဗာပူးလ္နဲ႔ အဲဗာတန္အသင္းႏွစ္သင္းရဲ႕ ပူးေပါင္းေဆာင္ရြက္မွဳျဖစ္တဲ့ အဖြဲ႕အစည္းတစ္ခုကလည္း ပါဝင္လုပ္ေဆာင္သြားမယ္လို႔ ဆုိပါတယ္။

လီဗာပူးလ္နယ္ေျမကေန ေရြးေကာက္တင္ေျမႇာက္ခံထားခဲ့ရတဲ့ ပါလီမန္အမတ္ အီယန္ဘန္းက သည္တုိင္းမ္စ္သတင္းစာကို ေျပာၾကားခဲ့ရာမွာ ေဘာလုံးသမားေတြအေနနဲ႔ ပြဲေတြ အနားရေနခ်ိန္မွာ စုစည္းၿပီး ဆင္းရဲႏြမ္းပါးသလို အခက္အခဲရွိတဲ့သူေတြအတြက္ အစားအေသာက္ေတြကို လွဴဒါန္းသြားဖို႔ ရွိေနတယ္လုိ႔လည္း ပါဝင္ပါတယ္။

“ေဂ်ာ္ဒန္က ကၽြန္ေတာ္တုိ႔ကို ေျပာခဲ့တာကေတာ့ သူ႕အေနနဲ႔ အလွဴခံတဲ့ ေၾကာ္ျငာကို ျမင္မိၿပီး ပါဝင္ကူညီမယ္လို႔ ျဖစ္ပါတယ္။ ဒါက လီဗာပူးလ္ကစားသမားေတြအတြက္ေတာ့ ဒီလိုမ်ဳိး ပထမဆုံး အကူအညီေပးတာေတာ့ မဟုတ္ဘဲ သူတို႔ဟာ ဒီလိုလုပ္ငန္းေတြမွာ အျမဲတမ္း စိတ္ပါဝင္စားမွဳ ျပသတတ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။ သူတုိ႔ေတြရဲ႕ ကြင္းထဲက ေျခစြမ္းကို ေကာင္းမြန္တယ္လုိ႔ ခ်ီးက်ဴးမယ္ဆုိရင္ ဒီလိုမ်ဳိး ၾကင္နာမွဳက ပုိၿပီး ခ်ီးက်ဴးစရာေကာင္းပါတယ္”လို႔ အီယန္ဘန္းစ္က ဆုိပါတယ္။

လီဗာပူးလ္အသင္းရဲ႕ ႏွစ္ ၃၀ ၾကာ ေစာင့္ဆုိင္းခဲ့ရတဲ့ ခ်န္ပီယံဆုအတြက္ အလြန္နီးကပ္တဲ့ အေျခအေနေရာက္ေနခ်ိန္မွာ COVID-19 ကူးစက္မွဳက ထိန္းခ်ဳပ္ဖို႔ ခက္ခဲစြာနဲ႔ ေရာက္ရွိလာခဲ့တာျဖစ္ၿပီး တခ်ဳိ႕ေတြကေတာ့ ပရီးမီးယားလိဂ္ကို ရလဒ္ေတြ အကုန္လုံးပယ္ဖ်က္ၿပီး ဘာခ်န္ပီယံ၊ ဘာတန္းဆင္းမွဳမွ မရွိေအာင္ ေဆာင္ရြက္ဖို႔ တိုက္တြန္းေနၾကလို႔ သူတုိ႔ေတြအတြက္ေတာ့ ေတာ္ေတာ္ေလး စိတ္ပ်က္စရာအေျခအေနနဲ႔ ရင္ဆုိင္ေနခဲ့ရေၾကာင္းလည္း သိရွိရပါတယ္။

REF: 90 MINS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ ရပ်နားထားရချိန်အတွင်း တစ်နိုင်ငံလုံးအနေနဲ့ အစားအသောက်ဝယ်ယူဖို့၊ ဒါမှမဟုတ် ငွေရေးကြေးရေး ခက်ခဲနေတဲ့သူတွေကို အကူအညီပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ဟန်ဒါဆန်အနေနဲ့ လီဗာပူးလ်အသင်းဖော်တွေကိုပါ သူ့ကို ကူညီပြီး လီဗာပူးလ်မြို့က ဒေသခံ ကူညီရေး ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းပြီး Food Bank တွေ လုပ်ဆောင်ပေးဖို့ စီစဉ်နေပြီး လီဗာပူးလ်နဲ့ အဲဗာတန်အသင်းနှစ်သင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်တဲ့ အဖွဲ့အစည်းတစ်ခုကလည်း ပါဝင်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

လီဗာပူးလ်နယ်မြေကနေ ရွေးကောက်တင်မြှောက်ခံထားခဲ့ရတဲ့ ပါလီမန်အမတ် အီယန်ဘန်းက သည်တိုင်းမ်စ်သတင်းစာကို ပြောကြားခဲ့ရာမှာ ဘောလုံးသမားတွေအနေနဲ့ ပွဲတွေ အနားရနေချိန်မှာ စုစည်းပြီး ဆင်းရဲနွမ်းပါးသလို အခက်အခဲရှိတဲ့သူတွေအတွက် အစားအသောက်တွေကို လှူဒါန်းသွားဖို့ ရှိနေတယ်လို့လည်း ပါဝင်ပါတယ်။

“ဂျော်ဒန်က ကျွန်တော်တို့ကို ပြောခဲ့တာကတော့ သူ့အနေနဲ့ အလှူခံတဲ့ ကြော်ငြာကို မြင်မိပြီး ပါဝင်ကူညီမယ်လို့ ဖြစ်ပါတယ်။ ဒါက လီဗာပူးလ်ကစားသမားတွေအတွက်တော့ ဒီလိုမျိုး ပထမဆုံး အကူအညီပေးတာတော့ မဟုတ်ဘဲ သူတို့ဟာ ဒီလိုလုပ်ငန်းတွေမှာ အမြဲတမ်း စိတ်ပါဝင်စားမှု ပြသတတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ သူတို့တွေရဲ့ ကွင်းထဲက ခြေစွမ်းကို ကောင်းမွန်တယ်လို့ ချီးကျူးမယ်ဆိုရင် ဒီလိုမျိုး ကြင်နာမှုက ပိုပြီး ချီးကျူးစရာကောင်းပါတယ်”လို့ အီယန်ဘန်းစ်က ဆိုပါတယ်။

လီဗာပူးလ်အသင်းရဲ့ နှစ် ၃၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ချန်ပီယံဆုအတွက် အလွန်နီးကပ်တဲ့ အခြေအနေရောက်နေချိန်မှာ COVID-19 ကူးစက်မှုက ထိန်းချုပ်ဖို့ ခက်ခဲစွာနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး တချို့တွေကတော့ ပရီးမီးယားလိဂ်ကို ရလဒ်တွေ အကုန်လုံးပယ်ဖျက်ပြီး ဘာချန်ပီယံ၊ ဘာတန်းဆင်းမှုမှ မရှိအောင် ဆောင်ရွက်ဖို့ တိုက်တွန်းနေကြလို့ သူတို့တွေအတွက်တော့ တော်တော်လေး စိတ်ပျက်စရာအခြေအနေနဲ့ ရင်ဆိုင်နေခဲ့ရကြောင်းလည်း သိရှိရပါတယ်။

REF: 90 MINS
PHOTOS CREDIT TO OWNERS
SPORTS A2Z.