Premier League

မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြရဲ႕ က်န္းမာေရးကို ေဆးအဖြဲ႕ဝင္ေတြ စိုးရိမ္ေနၾက

LASK လင့္ဇ္နဲ႔ အေဝးကြင္းမွာ သြားေရာက္ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္အေဝးကြင္းပြဲစဥ္ကစလို႔ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ေဆးအဖြဲ႕ဝင္ေတြအေနနဲ႔ ကစားသမားေတြကို ဂ႐ုတစိုက္ ေစာင့္ၾကည့္ေနၾကၿပီး အနည္းငယ္ေလာက္ သံသယျဖစ္စရာအေနအထားမ်ဳိးရွိတာနဲ႔ လာေရာက္ျပသဖို႔ မွာၾကားထားတယ္လုိ႔ ဆုိပါတယ္။

နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားနဲ႔ သူ႕ကစားသမားေတြကို ေဆးအဖြဲ႕ဝင္ေတြက ပထမပုိင္း ပြဲခ်ိန္အၿပီး အနားရရွိခ်ိန္မွာ ကို႐ိုနာဗုိင္းရပ္စ္ အႏၲရာယ္နဲ႔ ကူးစက္မွဳ လကၡဏာေတြအတြက္ ရွင္းျပၿပီး သတိေပးမွဳေတြ ျပဳလုပ္ခဲ့တာျဖစ္သလို မ်က္ေျခမျပတ္ မိနစ္တုိင္း မိနစ္တုိင္း ေစာင့္ၾကည့္ေနခဲ့ၾကတာလည္းျဖစ္ပါတယ္။

ေဆးအဖြဲ႕ဝင္ေတြက ကစားသမားေတြကို ေနရထုိင္ရတာ ထူးဆန္းေနတာမ်ဳိးနဲ႔ နည္းနည္းကေလးပဲျဖစ္ျဖစ္ မအီမသာျဖစ္လာတာနဲ႔ လာေရာက္ျပသၾကဖို႔ တုိက္တြန္းထားၿပီး ဒါဟာ ပရီးမီးယားလိဂ္ကလပ္ေတြထဲမွာေတာ့ ဒီေရာဂါကူးစက္ပ်ံ႕ႏွံ႔မွဳအတြက္ ဘယ္ေလာက္စိုးရိမ္ေၾကာင့္ၾကေနၾကရတာလည္းဆုိတာကို ျပသလုိက္သလိုလည္းျဖစ္ေနပါတယ္။

“ကၽြန္ေတာ္တုိ႔ကို ေဆးအဖြဲ႕ေတြက အဲ့ဒီပြဲကေန ခုထိ မ်က္ေျခမျပတ္ မိနစ္တုိင္း ေစာင့္ၾကည့္ေနတာဗ်။ LASK လင့္ဇ္နဲ႔ပြဲမွာလည္း ပထမပုိင္းၿပီးခ်ိန္မွာ ဆရာဝန္နဲ႔ ေဆးအဖြဲ႕က ကစားသမားေတြကို စစ္ေဆးခဲ့ေသးတယ္။ ကၽြန္ေတာ္တုိ႔အေနနဲ႔ေတာ့ ကိုယ္ရင္ဆိုင္ေနရတဲ့ အႏၲရာယ္ကို သိထားၿပီး ေလးေလးစားစားနဲ႔ တာဝန္သိသိ ေဆာင္ရြက္သြားဖို႔လည္း ရွိပါတယ္”လုိ႔ နည္းျပ အုိလီဂန္နာ ဆုိးလ္ရွားက ဆုိပါတယ္။

ယူႏုိက္တက္နည္းျပ ဆုိးလ္ရွားက ဒီအခ်ိန္မ်ဳိးမွာ သူ႕ရဲ႕ မိသားစုေတြကို ေဘာလုံးပြဲသြားဖို႔ ခြင့္ျပဳမလားဆုိတဲ့ ေမးခြန္းကိုေတာ့ အာဏာပုိင္ေတြနဲ႔ အဖြဲ႕အစည္းေတြ ခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းအတုိင္း လုိက္နာတာ အေကာင္းဆုံးပဲလုိ႔လည္း ဆိုသြားခဲ့ၿပီး သူတို႔ေတြရဲ႕ ဆုံးျဖတ္ခ်က္အတုိင္း ေဆာင္ရြက္သြားဖို႔လည္း ေျပာၾကားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: LASK လင့်ဇ်နဲ့ အဝေးကွင်းမှာ သွားရောက်ကစားခဲ့တဲ့ ယူရိုပါလိဂ်အဝေးကွင်းပွဲစဉ်ကစလို့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဆေးအဖွဲ့ဝင်တွေအနေနဲ့ ကစားသမားတွေကို ဂရုတစိုက် စောင့်ကြည့်နေကြပြီး အနည်းငယ်လောက် သံသယဖြစ်စရာအနေအထားမျိုးရှိတာနဲ့ လာရောက်ပြသဖို့ မှာကြားထားတယ်လို့ ဆိုပါတယ်။

နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားနဲ့ သူ့ကစားသမားတွေကို ဆေးအဖွဲ့ဝင်တွေက ပထမပိုင်း ပွဲချိန်အပြီး အနားရရှိချိန်မှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်နဲ့ ကူးစက်မှု လက္ခဏာတွေအတွက် ရှင်းပြပြီး သတိပေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်သလို မျက်ခြေမပြတ် မိနစ်တိုင်း မိနစ်တိုင်း စောင့်ကြည့်နေခဲ့ကြတာလည်းဖြစ်ပါတယ်။

ဆေးအဖွဲ့ဝင်တွေက ကစားသမားတွေကို နေရထိုင်ရတာ ထူးဆန်းနေတာမျိုးနဲ့ နည်းနည်းကလေးပဲဖြစ်ဖြစ် မအီမသာဖြစ်လာတာနဲ့ လာရောက်ပြသကြဖို့ တိုက်တွန်းထားပြီး ဒါဟာ ပရီးမီးယားလိဂ်ကလပ်တွေထဲမှာတော့ ဒီရောဂါကူးစက်ပျံ့နှံ့မှုအတွက် ဘယ်လောက်စိုးရိမ်ကြောင့်ကြနေကြရတာလည်းဆိုတာကို ပြသလိုက်သလိုလည်းဖြစ်နေပါတယ်။

“ကျွန်တော်တို့ကို ဆေးအဖွဲ့တွေက အဲ့ဒီပွဲကနေ ခုထိ မျက်ခြေမပြတ် မိနစ်တိုင်း စောင့်ကြည့်နေတာဗျ။ LASK လင့်ဇ်နဲ့ပွဲမှာလည်း ပထမပိုင်းပြီးချိန်မှာ ဆရာဝန်နဲ့ ဆေးအဖွဲ့က ကစားသမားတွေကို စစ်ဆေးခဲ့သေးတယ်။ ကျွန်တော်တို့အနေနဲ့တော့ ကိုယ်ရင်ဆိုင်နေရတဲ့ အန္တရာယ်ကို သိထားပြီး လေးလေးစားစားနဲ့ တာဝန်သိသိ ဆောင်ရွက်သွားဖို့လည်း ရှိပါတယ်”လို့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားက ဆိုပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ဒီအချိန်မျိုးမှာ သူ့ရဲ့ မိသားစုတွေကို ဘောလုံးပွဲသွားဖို့ ခွင့်ပြုမလားဆိုတဲ့ မေးခွန်းကိုတော့ အာဏာပိုင်တွေနဲ့ အဖွဲ့အစည်းတွေ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာတာ အကောင်းဆုံးပဲလို့လည်း ဆိုသွားခဲ့ပြီး သူတို့တွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်သွားဖို့လည်း ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

REF: THE SUN
PHOTOS CREDIT TO OWNERS
SPORTS A2Z.