Premier League

တစ္ရာသီလုံးကစားထားတဲ့ ပြဲစဥ္ေတြကို ပယ္ဖ်က္သင့္တယ္လို႔ ဖိအားေပးလုိက္တဲ့ ဝက္စ္ဟမ္းဒုဥကၠဌ

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လက္က်န္ရာသီပြဲစဥ္ေတြကို ေရွ႕မဆက္ႏုိင္ေတာ့ဘူးဆုိရင္ ပရီးမီးယားလိဂ္အေနနဲ႔ တစ္ရာသီလုံးကစားထားတဲ့ ပြဲစဥ္ေတြကို ပယ္ဖ်က္သင့္ၿပီး ရလဒ္ေတြအားလုံးကို တြက္ခ်က္မွဳမျပဳသင့္ဘူးလို႔ ဝက္စ္ဟမ္းအသင္းရဲ႕ ဒုဥကၠဌ ကာရင္ ဘရက္ဒီက ဖိအားေပး ေျပာၾကားလုိက္ပါတယ္။

ဘာမင္ဂမ္အသင္းမွာ အုပ္ခ်ဳပ္ေရးပုိင္းတာဝန္ယူခဲ့ၿပီးတဲ့ေနာက္ အဂၤလန္ေဘာလုံးေလာကမွာ စတင္နာမည္ႀကီးလာခဲ့ၿပီး ကြန္ဆာေဗးတစ္ပါတီဝင္တစ္ဦးလည္းျဖစ္တဲ့ အမ်ဳိးသမီးဟာ လက္ရွိ ၂၀၁၉-၂၀ ရာသီကို တာဝန္ရွိသူေတြအေနနဲ႔ ေရႊ႕ဆုိင္းထားတဲ့ ဧၿပီလ ၃ ရက္ေန႔ေနာက္ပုိင္းမွာ ျပန္မကစားႏုိင္ဘူးဆုိရင္ လက္ရွိရလဒ္ေတြကို ပယ္ဖ်က္ၿပီး အရင္အတုိင္းပဲ ရာသီသစ္ကို စတင္ေစဖို႔ အလိုရွိေနတာလည္းျဖစ္ပါတယ္။

တန္းဆင္းဇုန္အႏၲရာယ္နဲ႔ ရင္ဆုိင္ေနခဲ့ရတဲ့ အမွတ္ေပးဇယား အဆင့္ ၁၆ က ဝက္စ္ဟမ္းအတြက္ေတာ့ ဘရက္ဒီရဲ႕ တိုက္တြန္းမွဳက စိတ္သက္သာရာရေစႏုိင္ေပမယ့္ ႏွစ္ ၃၀ ၾကာ ေစာင့္ခဲ့ရတဲ့ လီဗာပူးလ္အသင္းရဲ႕ စံခ်ိန္တင္ ရမွတ္နဲ႔ ခ်န္ပီယံျဖစ္ႏုိင္မယ့္ အခြင့္အေရးအတြက္ေတာ့ အင္မတန္မွ ခါးသီးတဲ့အရာလည္းျဖစ္ေနမွာပါ။

“ပြဲေတြကို ရပ္ဆုိင္းဖို႔နဲ႔ ပယ္ဖ်က္ဖို႔ကေတာ့ ျဖစ္ႏုိင္ေျခမ်ားေနပါတယ္။ ပရီးမီးယားလိဂ္ရဲ႕ ၿပဳိင္ပြဲေတြကို သုံးပတ္ၾကာ ရပ္နားၿပီး ျပန္စဖို႔ ဆုိတာက အိပ္မက္ဆန္လြန္းေနမယ္လို႔ ထင္တာပါပဲ။ တကယ္လို႔ ပြဲေတြကို ျပန္မစႏုိင္ခဲ့ဘူးဆိုရင္ေတာ့ ပရီးမီးယားလိဂ္နဲ႔ တျခားအမွတ္ေပးၿပဳိင္ပြဲေတြအတြက္ အမွ်တဆုံးနဲ႔ ႀကဳိးေၾကာင့္သင့္ေလ်ာ္မွဳအရွိဆုံးက တစ္ရာသီလုံးရလဒ္ေတြကို ပယ္ဖ်က္ဖို႔ပါပဲ”လို႔ ဘရက္ဒီက သည္ဆန္းရဲ႕ သူ႕ရဲ႕ ပင္တုိင္ေကာ္လံမွာ ေရးသားသြားခဲ့ပါတယ္။

ဘရက္ဒီရဲ႕ ေရးသားမွဳကို ပယ္ဖ်က္မွဳေၾကာင့္ ႀကီးမားတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ အခြင့္အေရးေတြ ပ်က္သုဥ္းသြားႏုိင္တဲ့ လီဗာပူးလ္၊ လိဒ္စ္ယူႏုိက္တက္နဲ႔ တျခားရာသီကုန္ အခြင့္အေရးေတြအတြက္ တစ္နည္းတစ္ဖုံ ေသခ်ာမွဳေတြ ရွိေနတဲ့ အသင္းေတြနဲ႔ ပရိသတ္ေတြကေတာ့ ေဒါသထြက္ေနၾကတယ္လုိ႔ သိရၿပီး စာေပတုိက္ပြဲေတြနဲ႔ ဆိုရွယ္မီဒီယာေပၚမွာ တုိက္ပြဲေတြ ျဖစ္လာႏုိင္တယ္လုိ႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ကျန်ရာသီပွဲစဉ်တွေကို ရှေ့မဆက်နိုင်တော့ဘူးဆိုရင် ပရီးမီးယားလိဂ်အနေနဲ့ တစ်ရာသီလုံးကစားထားတဲ့ ပွဲစဉ်တွေကို ပယ်ဖျက်သင့်ပြီး ရလဒ်တွေအားလုံးကို တွက်ချက်မှုမပြုသင့်ဘူးလို့ ဝက်စ်ဟမ်းအသင်းရဲ့ ဒုဥက္ကဌ ကာရင် ဘရက်ဒီက ဖိအားပေး ပြောကြားလိုက်ပါတယ်။

ဘာမင်ဂမ်အသင်းမှာ အုပ်ချုပ်ရေးပိုင်းတာဝန်ယူခဲ့ပြီးတဲ့နောက် အင်္ဂလန်ဘောလုံးလောကမှာ စတင်နာမည်ကြီးလာခဲ့ပြီး ကွန်ဆာဗေးတစ်ပါတီဝင်တစ်ဦးလည်းဖြစ်တဲ့ အမျိုးသမီးဟာ လက်ရှိ ၂၀၁၉-၂၀ ရာသီကို တာဝန်ရှိသူတွေအနေနဲ့ ရွှေ့ဆိုင်းထားတဲ့ ဧပြီလ ၃ ရက်နေ့နောက်ပိုင်းမှာ ပြန်မကစားနိုင်ဘူးဆိုရင် လက်ရှိရလဒ်တွေကို ပယ်ဖျက်ပြီး အရင်အတိုင်းပဲ ရာသီသစ်ကို စတင်စေဖို့ အလိုရှိနေတာလည်းဖြစ်ပါတယ်။

တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေခဲ့ရတဲ့ အမှတ်ပေးဇယား အဆင့် ၁၆ က ဝက်စ်ဟမ်းအတွက်တော့ ဘရက်ဒီရဲ့ တိုက်တွန်းမှုက စိတ်သက်သာရာရစေနိုင်ပေမယ့် နှစ် ၃၀ ကြာ စောင့်ခဲ့ရတဲ့ လီဗာပူးလ်အသင်းရဲ့ စံချိန်တင် ရမှတ်နဲ့ ချန်ပီယံဖြစ်နိုင်မယ့် အခွင့်အရေးအတွက်တော့ အင်မတန်မှ ခါးသီးတဲ့အရာလည်းဖြစ်နေမှာပါ။

“ပွဲတွေကို ရပ်ဆိုင်းဖို့နဲ့ ပယ်ဖျက်ဖို့ကတော့ ဖြစ်နိုင်ခြေများနေပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ပြိုင်ပွဲတွေကို သုံးပတ်ကြာ ရပ်နားပြီး ပြန်စဖို့ ဆိုတာက အိပ်မက်ဆန်လွန်းနေမယ်လို့ ထင်တာပါပဲ။ တကယ်လို့ ပွဲတွေကို ပြန်မစနိုင်ခဲ့ဘူးဆိုရင်တော့ ပရီးမီးယားလိဂ်နဲ့ တခြားအမှတ်ပေးပြိုင်ပွဲတွေအတွက် အမျှတဆုံးနဲ့ ကြိုးကြောင့်သင့်လျော်မှုအရှိဆုံးက တစ်ရာသီလုံးရလဒ်တွေကို ပယ်ဖျက်ဖို့ပါပဲ”လို့ ဘရက်ဒီက သည်ဆန်းရဲ့ သူ့ရဲ့ ပင်တိုင်ကော်လံမှာ ရေးသားသွားခဲ့ပါတယ်။

ဘရက်ဒီရဲ့ ရေးသားမှုကို ပယ်ဖျက်မှုကြောင့် ကြီးမားတဲ့ မျှော်လင့်ချက်နဲ့ အခွင့်အရေးတွေ ပျက်သုဉ်းသွားနိုင်တဲ့ လီဗာပူးလ်၊ လိဒ်စ်ယူနိုက်တက်နဲ့ တခြားရာသီကုန် အခွင့်အရေးတွေအတွက် တစ်နည်းတစ်ဖုံ သေချာမှုတွေ ရှိနေတဲ့ အသင်းတွေနဲ့ ပရိသတ်တွေကတော့ ဒေါသထွက်နေကြတယ်လို့ သိရပြီး စာပေတိုက်ပွဲတွေနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.