La Liga Ligue1 Serie A UCL&UEL

အကောင်းဆုံးတွေကြားမှာ ပေါ်ပင်မလိုက်ဘဲ တက်တူးမထိုးခဲ့တာအတွက် ရှင်းပြလိုက်တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ပတ်သက်လာရင် သူ့ကို ဘောလုံးပရိသတ်တွေက ချစ်စွဲ၊ မုန်းစွဲ ဘယ်လိုရှိသည်ဖြစ်စေ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးအတွက် အားထုတ်ဆောင်ရွက်တဲ့ ပရဟိတအရေးမှာတော့ သူက အရမ်းအလုပ်လုပ်တဲ့သူ ဖြစ်ပါတယ်။


ဂါဇာမှာ စာသင်ကျောင်းတွေတည်ဆောက်ဖို့ သူ့ရဲ့ ၂၀၁၁ ခုနှစ် ဥရောပရွှေဖိနပ်ဆုကို ရောင်းချပြီး ပေါင် ၁.၂ သန်း လှူဒါန်းခဲ့တာကအစ၊ ၂၀၁၅ ခုနှစ်က နီပေါလ် ငလျင်ဒဏ်ကြောင့် ကယ်ဆယ်ရေးလှူဒါန်းငွေ ပေါင် ၅ သန်းလှူဒါန်းခဲ့တာအဆုံး သူတို့ ကွင်းပြင်ပလုပ်ဆောင်ချက်တွေက လူအများလေးစားခံထိုက်၊ အသိအမှတ်ပြုခံထိုက်နေပါတယ်။


ဒီထဲမှာ လူသိနည်းနေတဲ့တချက်က သူဟာ ပုံမှန် သွေးလှူဒါန်းသူတဦးဖြစ်တယ်ဆိုတာပါပဲ။ သွေးလှူဒါန်းခြင်းကို အပျက်အကွက်မရှိ တစိုက်မတ်မတ်လုပ်ဆောင်ခဲ့လို့ သူ့ရဲ့ အရေပြားကိုတောင် တက်တူးမရေးထိုးဘူးလို့ သိရပါတယ်။


တက်တူးထိုးသူတွေလည်း သွေးလှူဒါန်းလို့ရပါတယ်။ ဒါပေမယ့် ဆေးပညာ လမ်းညွှန်ချက်အရ တက်တူးထိုးထားသူတွေဟာ တကြိမ်ထိုးပြီး ၄ လခြားပြီးမှ သွေးလှူဒါန်းနိုင်ကြပါတယ်။


ရော်နယ်လ်ဒိုကတော့ သွေးလှူဒါန်းမှုကို တကြိမ်တောင် အပျက်ကွက်မခံချင်သူဖြစ်တယ်။ ပုံမှန်လိုကို လှူဒါန်းချင်လို့ သူ့ခန္ဓာကိုယ်မှာ တက်တူးတချက်မှ အထိမခံတဲ့သူဖြစ်ပါတယ်။ လူ့အသက်တွေကို ကယ်တင်ဖို့အတွက် သူကဒီနည်းလမ်းနဲ့ လူငယ်တွေကို လွှမ်းမိုးဖို့ ကြိုးစားရင်း သူကိုယ်တိုင်စံပြဖြစ်အောင် အများအကျိုးပြု အလုပ်ကို စိတ်အားထက်သန်စွာနဲ့ အားစိုက်ပြီးလုပ်နေတာဖြစ်ပါတယ်။


” ကျွန်တော်တို့လူသားအားလုံး သွေးလှူဒါန်းရုံနဲ့ လူ့အသက်တွေကို ကယ်တင်နိုင်ပါတယ်။ တကြိမ်သွေးလှူတိုင်း အရေးပေါ်လူနာ ၃ ဦးအထိ ကယ်တင်နိုင်သလို ရေရှည် ဆေးကုသမှုခံယူနေသူတွေအတွက် အင်မတန်ကိုအကျိုးရှိစေပါတယ်။”


” ဒါကြောင့် သွေးလှူပေးတာဟာ ဘယ်လောက်ထိအရေးပါတယ်ဆိုတာကို ကျွန်တော်က ပြောပြနေတာပါ။ ဒါကြောင့် စိတ်အားထက်သန်မှုအပြည့်နဲ့ သွေးလှူဒါန်းနေတာဖြစ်ပါတယ်။ တကမ္ဘာလုံးကလူသားတွေကိုလည်း တသက်တာ သွေးလှူရှင်တွေဖြစ်လာစေချင်ပြီး လူ့အသက်တွေကို ကူညီကယ်တင်စေလိုပါတယ်” လို့ သူက Euro Sport နဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့တာပါ။


ဒါ့အပြင် ရော်နယ်လ်ဒိုဟာ အသင်းဖော်တဦးရဲ့ ကလေးငယ်အတွက်လည်း ရိုးတွင်းချဉ်ဆီ လှူဒါန်းဖူးတယ်လို့ သိရှိရပါတယ်။


” ကျွန်တော်တို့ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းနေစဉ်ကပေါ့။ အသင်းဖော် ကားလို့စ် မာတင်က သူ့သားငယ်ခံစားနေရတဲ့ ဝေဒနာအကြောင်း ရင်ဖွင့်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်းဖော်တွေစုစည်းပြီး သူ့ကိုကူညီခဲ့တယ်။ သူ့သားငယ်လေးရဲ့ရောဂါအတွက် လိုအပ်နေတဲ့ ရိုးတွင်းချဉ်ဆီ လှူဒါန်းပေးခဲ့ပါတယ်”


” ရိုးတွင်းချဉ်ဆီလှူတာကို လူတွေက ခဲယဉ်းတဲ့အလုပ်၊ နာကျင်တဲ့အရာအဖြစ် မြင်နေကြတယ်။ မဟုတ်ပါဘူး။ သွေးကို ထုတ်ယူရုံအဆင့်ထက် မပိုပါဘူး။ နာကျင်မှုလည်း မခံစားရပါဘူး”


” ကျွန်တော် ဒါကို နောက်တကြိမ်လှူဒါန်းရမယ်ဆိုလည်း အချိန်မရွေး အဆင်သင့်ရှိနေပါတယ်။ ဒါက ကလေးတွေအတွက် အရမ်းဒုက္ခပေးနေတဲ့ ရောဂါတွေကို သက်သာစေလိုတဲ့ ကျွန်တော့်ဆန္ဒပါ။ ကလေးငယ်တွေရဲ့ အသက်ကို ကူညီကယ်တင်ချင်ပါတယ်” လို့ သူကပြောပြခဲ့ပါသေးတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ပတ္သက္လာရင္ သူ႔ကို ေဘာလုံးပရိသတ္ေတြက ခ်စ္စြဲ၊ မုန္းစြဲ ဘယ္လိုရွိသည္ျဖစ္ေစ ကိုယ္က်ိဳးစြန႔္ၿပီး အမ်ားအက်ိဳးအတြက္ အားထုတ္ေဆာင္႐ြက္တဲ့ ပရဟိတအေရးမွာေတာ့ သူက အရမ္းအလုပ္လုပ္တဲ့သူ ျဖစ္ပါတယ္။


ဂါဇာမွာ စာသင္ေက်ာင္းေတြတည္ေဆာက္ဖို႔ သူ႔ရဲ႕ ၂၀၁၁ ခုႏွစ္ ဥေရာပေ႐ႊဖိနပ္ဆုကို ေရာင္းခ်ၿပီး ေပါင္ ၁.၂ သန္း လႉဒါန္းခဲ့တာကအစ၊ ၂၀၁၅ ခုႏွစ္က နီေပါလ္ ငလ်င္ဒဏ္ေၾကာင့္ ကယ္ဆယ္ေရးလႉဒါန္းေငြ ေပါင္ ၅ သန္းလႉဒါန္းခဲ့တာအဆုံး သူတို႔ ကြင္းျပင္ပလုပ္ေဆာင္ခ်က္ေတြက လူအမ်ားေလးစားခံထိုက္၊ အသိအမွတ္ျပဳခံထိုက္ေနပါတယ္။


ဒီထဲမွာ လူသိနည္းေနတဲ့တခ်က္က သူဟာ ပုံမွန္ ေသြးလႉဒါန္းသူတဦးျဖစ္တယ္ဆိုတာပါပဲ။ ေသြးလႉဒါန္းျခင္းကို အပ်က္အကြက္မရွိ တစိုက္မတ္မတ္လုပ္ေဆာင္ခဲ့လို႔ သူ႔ရဲ႕ အေရျပားကိုေတာင္ တက္တူးမေရးထိုးဘူးလို႔ သိရပါတယ္။


တက္တူးထိုးသူေတြလည္း ေသြးလႉဒါန္းလို႔ရပါတယ္။ ဒါေပမယ့္ ေဆးပညာ လမ္းၫႊန္ခ်က္အရ တက္တူးထိုးထားသူေတြဟာ တႀကိမ္ထိုးၿပီး ၄ လျခားၿပီးမွ ေသြးလႉဒါန္းႏိုင္ၾကပါတယ္။


ေရာ္နယ္လ္ဒိုကေတာ့ ေသြးလႉဒါန္းမႈကို တႀကိမ္ေတာင္ အပ်က္ကြက္မခံခ်င္သူျဖစ္တယ္။ ပုံမွန္လိုကို လႉဒါန္းခ်င္လို႔ သူ႔ခႏၶာကိုယ္မွာ တက္တူးတခ်က္မွ အထိမခံတဲ့သူျဖစ္ပါတယ္။ လူ႔အသက္ေတြကို ကယ္တင္ဖို႔အတြက္ သူကဒီနည္းလမ္းနဲ႔ လူငယ္ေတြကို လႊမ္းမိုးဖို႔ ႀကိဳးစားရင္း သူကိုယ္တိုင္စံျပျဖစ္ေအာင္ အမ်ားအက်ိဳးျပဳ အလုပ္ကို စိတ္အားထက္သန္စြာနဲ႔ အားစိုက္ၿပီးလုပ္ေနတာျဖစ္ပါတယ္။


” ကြၽန္ေတာ္တို႔လူသားအားလုံး ေသြးလႉဒါန္း႐ုံနဲ႔ လူ႔အသက္ေတြကို ကယ္တင္ႏိုင္ပါတယ္။ တႀကိမ္ေသြးလႉတိုင္း အေရးေပၚလူနာ ၃ ဦးအထိ ကယ္တင္ႏိုင္သလို ေရရွည္ ေဆးကုသမႈခံယူေနသူေတြအတြက္ အင္မတန္ကိုအက်ိဳးရွိေစပါတယ္။”


” ဒါေၾကာင့္ ေသြးလႉေပးတာဟာ ဘယ္ေလာက္ထိအေရးပါတယ္ဆိုတာကို ကြၽန္ေတာ္က ေျပာျပေနတာပါ။ ဒါေၾကာင့္ စိတ္အားထက္သန္မႈအျပည့္နဲ႔ ေသြးလႉဒါန္းေနတာျဖစ္ပါတယ္။ တကမာၻလုံးကလူသားေတြကိုလည္း တသက္တာ ေသြးလႉရွင္ေတြျဖစ္လာေစခ်င္ၿပီး လူ႔အသက္ေတြကို ကူညီကယ္တင္ေစလိုပါတယ္” လို႔ သူက Euro Sport နဲ႔ ေတြ႕ဆုံမႈမွာ ေျပာၾကားခဲ့တာပါ။


ဒါ့အျပင္ ေရာ္နယ္လ္ဒိုဟာ အသင္းေဖာ္တဦးရဲ႕ ကေလးငယ္အတြက္လည္း ႐ိုးတြင္းခ်ဥ္ဆီ လႉဒါန္းဖူးတယ္လို႔ သိရွိရပါတယ္။


” ကြၽန္ေတာ္တို႔ ေပၚတူဂီလက္ေ႐ြးစင္အသင္းနဲ႔ ပူးေပါင္းေနစဥ္ကေပါ့။ အသင္းေဖာ္ ကားလို႔စ္ မာတင္က သူ႔သားငယ္ခံစားေနရတဲ့ ေဝဒနာအေၾကာင္း ရင္ဖြင့္ပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔အသင္းေဖာ္ေတြစုစည္းၿပီး သူ႔ကိုကူညီခဲ့တယ္။ သူ႔သားငယ္ေလးရဲ႕ေရာဂါအတြက္ လိုအပ္ေနတဲ့ ႐ိုးတြင္းခ်ဥ္ဆီ လႉဒါန္းေပးခဲ့ပါတယ္”


” ႐ိုးတြင္းခ်ဥ္ဆီလႉတာကို လူေတြက ခဲယဥ္းတဲ့အလုပ္၊ နာက်င္တဲ့အရာအျဖစ္ ျမင္ေနၾကတယ္။ မဟုတ္ပါဘူး။ ေသြးကို ထုတ္ယူ႐ုံအဆင့္ထက္ မပိုပါဘူး။ နာက်င္မႈလည္း မခံစားရပါဘူး”


” ကြၽန္ေတာ္ ဒါကို ေနာက္တႀကိမ္လႉဒါန္းရမယ္ဆိုလည္း အခ်ိန္မေ႐ြး အဆင္သင့္ရွိေနပါတယ္။ ဒါက ကေလးေတြအတြက္ အရမ္းဒုကၡေပးေနတဲ့ ေရာဂါေတြကို သက္သာေစလိုတဲ့ ကြၽန္ေတာ့္ဆႏၵပါ။ ကေလးငယ္ေတြရဲ႕ အသက္ကို ကူညီကယ္တင္ခ်င္ပါတယ္” လို႔ သူကေျပာျပခဲ့ပါေသးတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.