Match Report Premier League UCL&UEL

အူဘာမီယန်းရဲ့ နောက်ကျအနိုင်ဂိုးကြောင့် ယူရိုပါလိဂ် ၁၆သင်းအဆင့်ကို တက်ရောက်သွားနိုင်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ အရန်ခုံမှာ ချန်ထားမယ်လို့ သတင်းထွက်နေခဲ့တဲ့ အသင်းခေါင်းဆောင် အူဘာမီယန်းကို ပွဲထွက်စေခဲ့ပြီး ခံစစ်မှာတော့ ဂါဘရီယယ်လ်နဲ့ ဒေးဗစ် လူးဝစ်ဇ်တို့ တွဲကစားလာခဲ့သလို ကီရန် တီယာနီ ပြန်လည်ပါဝင်လာခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဆာကာ၊ စမစ်ရိုးနဲ့ အော်ဒီဂွါဒ်တို့ကို အသုံးပြုလာခဲ့ပါတယ်။

၃-၆-၁ ပုံစံနဲ့ ပွဲထွက်လာခဲ့တဲ့ ဘင်ဖီကာကတော့ သူတို့ရဲ့ ယူရိုပါလိဂ် ဂိုးသွင်းဘုရင် ကပ္ပတိန် ပစ်ဇီကို ဦးဆောင်စေခဲ့ပြီး ခံစစ်ပိုင်းထက် တန်ပြန်တိုက်စစ်ကို လျင်လျင်မြန်မြန် ကူးပြောင်းနိုင်မယ့် လူစာရင်းကို အထိုင်ချထားခဲ့သလို ဗာတွန်ဂန်၊ အော့တာမန်ဒီနဲ့ ဗယ်ရစ္စမိုတို့ အားနဲ့ နောက်တန်းကို အင်အားတောင့်တင်းစေဖို့လည်း ရည်ရွယ်လာပုံ ရပါတယ်။

ဂိုးသမား လီနိုအတွက် ပွဲ ၁၀၀ ပြည့်မြောက်တဲ့ ပွဲမှာ အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးပြီး ဖိကစားလာခဲ့သလို ဘယ်တောင်ပံက တီယာနီနဲ့ ညာတောင်ပံက ဆာကာတို့က ဘင်ဖီကာကို ကောင်းကောင်းခြိမ်းခြောက်နေခဲ့ပြီး အူဘာမီယန်းရဲ့ ကန်ချက်ကတော့ ဂိုးသမား ဟယ်လ်တန်အတွက် လွယ်ကူလွန်းနေခဲ့တာကိုလည်း တွေ့ရပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာတော့ တိုက်စစ်ဆင်ကစားနေတဲ့ အာဆင်နယ်တို့ ကွင်းလယ်မှာ အပေးအယူလုပ်နေရင်းနဲ့ ညာတောင်ပံကို ဘောလုံးထုတ်ခဲ့ပြီး ဒီကနေ ဘောလုံးရသွားတဲ့ ဆာကာက ဘင်ဖီကာနောက်တန်းကြားကို ပို့ပေးခဲ့တဲ့ ဘောလုံးကို အူဘာမီယန်းက ပြေးထွက်ပြီး ဂိုးသမားဘေးက အသာအယာ ချိုးကန်ခဲ့လို့ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်ရရှိခဲ့ပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ ဘင်ဖီကာတို့ ချေပဂိုး ပြန်ရခဲ့ပြီး ဂိုးဧရိယာထိပ်မှာ ဝီဂယ်လ်ကို ပြစ်ဒဏ်ကျူးလွန်တဲ့ စီဘာယော့စ်ကြောင့် ပေးခဲ့ရတဲ့ ဖရီးကစ်ကို ဒီယိုဂို ဂွန်ဆာလ်ဗက်စ်က ဂိုးဘယ်ဘက် အပေါ်ထောင့်ကို တိုက်ရိုက်ကန်သွင်းပြီး ချေပနိုင်ခဲ့လို့ တစ်ဂိုးစီသရေနဲ့ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စချိန်မှာတော့ အာဆင်နယ်အသင်းဟာ အနိုင်ဂိုးကို ရရှိဖို့ တိုက်စစ် စဆင်ခဲ့ပြီး ပွဲချိန် မိနစ် ၅၀ မှာတော့ အော်ဒီဂွါဒ်ပေးပို့လိုက်တဲ့ ဘောလုံးကို အူဘာမီယန်းအနေနဲ့ ဂိုးဖြစ်ပြောင်းလဲခဲ့ပေမယ့် ကွင်းလယ်ဒိုင်က လူကျွံနေတယ်ဆိုပြီး ဂိုးမပေးခဲ့တဲ့အတွက် အာဆင်နယ်အသင်း နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာတော့ ဘင်ဖီကာဂိုးသမား ဟယ်လ်တန် ကန်တင်လိုက်တဲ့ ဘောလုံးကို စီဘာယော့စ်က ခေါင်းတိုက်ပြီး နောက်ပြန်ပေးရာမှာ အားနည်းခဲ့မှုကြောင့် ဘင်ဖီကာကွင်းလယ်လူ ရာဖာ ဆေးလ်ဗားက ကြားဖြတ်ရယူသွားနိုင်ခဲ့ပြီး တက်ဖျက်တဲ့ ဂိုးသမား လီနိုကိုပါ အသာယာလိမ်ခေါက်ပြီး ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲသို့ ကန်သွင်းခဲ့လို့ အာဆင်နယ်တို့ နောက်က လိုက်ကစားခဲ့ရပါတယ်။

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရရှိဖို့အတွက် ဒီနေ့ပွဲမှာ ပေးလိုက်ရတဲ့ နှစ်ဂိုးစလုံးကို တာဝန်ရှိတဲ့ ဒါနီ စီဘာယော့စ်အစား မာမာချာချာနဲ့ ကွင်းလယ်ကို အင်အားဖြည့်တင်းနိုင်မယ့် သောမတ်စ် ပါတေး၊ အတွေ့အကြုံနုသေးတဲ့ စမစ်ရိုးအစား ဝီလီယန်တို့ကို လူစားလဲမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

အာတီတာရဲ့ လူစားလဲမှုက အလုပ်ဖြစ်ခဲ့ပြီး ပွဲချိန် ၆၇ မိနစ်မှာတော့ ကွင်းလယ်က ချာကာရဲ့ ပေးပို့မှုကို တီယာနီဆီက ပြန်ရသွားတဲ့ ဝီလီယန်ကို ဘယ်ခြမ်းအတိုင်း ဆွဲပြေးပြီး ဧရိယာထဲကို ပြန်ချပေးခဲ့ရာမှာ အဆင်သင့် နေရာယူထားတဲ့ စကော့တလန်နောက်ခံလူက လူကြားထဲကနေ အနိမ့်ဘော အပြင်းကန်သွင်းပြီး ချေပဂိုး ပြန်ယူနိုင်ခဲ့လို့ နှစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ နောက်ခံလူ ဘယ်လာရင်အစား တိုက်စစ်မှူး လာကာဇက်ကို လူစားထည့်သွင်းပြီး အဝေးဂိုး စည်းမျဉ်းအရ အနိုင်ဂိုး မဖြစ်မနေ လိုအပ်နေတဲ့ အာဆင်နယ်တို့ တိုက်စစ်မြှင့်ခဲ့သလို ၈၇ မိနစ်မှာတော့ အော်ဒီဂွါဒ်ပေးတာကို ဆာကာ ဘယ်ခြမ်းက အူဘာမီယန်းဆီ ဖြတ်တင်ပေးခဲ့ပြီး အာဆင်နယ်အသင်းခေါင်းဆောင်က အရေးကြီးတဲ့ အချိန်မှာ တာဝန်ကျေကျေနဲ့ အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံးတဲ့အထိ နောက်ထပ် ဂိုးရရှိကြခြင်းမရှိတော့ပဲ အာဆင်နယ်အသင်းက ဘင်ဖီကာအသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိသွားတဲ့အတွက် ၂ ကျော့ပေါင်း ရလဒ် ၄ ဂိုး ၃ ဂိုးဖြင့် ယူအီးအက်ဖ်အေ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်ပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာ ဆာကာ၊ အော်ဒီဂွါဒ်၊ တီယာနီတို့ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ကွင်းလယ်လူ စီဘာယော့စ်အနေနဲ့တော့ ခြေစွမ်းမပြနိုင်တဲ့အပြင် အာရုံစူးစိုက်မှုနဲ့ ပွဲအနေအထားအပေါ် သုံးသပ်မှု အားနည်းခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ ကွင်းလယ်က ချာကာ၊ အော်ဒီဂွါဒ်တို့ရဲ့ အတွဲအဖက်ကတစ်ဆင့် ဆာကာတစ်ယောက် ဖန်တီးမှုတွေ ပိုလုပ်နိုင်ခဲ့တာကတော့ ဝမ်းသာစရာလည်းဖြစ်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ခံစစ်ကော တိုက်စစ်မှာပါ ပြောစရာမရှိလောက်အောင် ခြေစွမ်းပြခဲ့တဲ့ တီယာနီနဲ့ စီဘာယော့စ်အစား လူစားဝင်ကစားတဲ့ သောမတ်စ် ပါတေးတို့သာ ဆက်လက်ပြီး ဒဏ်ရာကင်းစင်နေမယ်ဆိုရင် အာဆင်နယ်ပရိသတ်တွေအနေနဲ့ ရလဒ်ကောင်းတွေကို မျှော်လင့်နိုင်မှာဖြစ်ပြီး စိတ်ဓာတ်ပိုင်းအရပါ တိုးတက်လာမှုနဲ့အတူ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကိုလည်း ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ယုံကြည်နိုင်ခဲ့ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ အရန္ခုံမွာ ခ်န္ထားမယ္လို႔ သတင္းထြက္ေနခဲ့တဲ့ အသင္းေခါင္းေဆာင္ အူဘာမီယန္းကို ပြဲထြက္ေစခဲ့ၿပီး ခံစစ္မွာေတာ့ ဂါဘရီယယ္လ္နဲ႔ ေဒးဗစ္ လူးဝစ္ဇ္တို႔ တြဲကစားလာခဲ့သလို ကီရန္ တီယာနီ ျပန္လည္ပါဝင္လာခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ဆာကာ၊ စမစ္႐ိုးနဲ႔ ေအာ္ဒီဂြါဒ္တို႔ကို အသုံးျပဳလာခဲ့ပါတယ္။

၃-၆-၁ ပုံစံနဲ႔ ပြဲထြက္လာခဲ့တဲ့ ဘင္ဖီကာကေတာ့ သူတို႔ရဲ႕ ယူ႐ိုပါလိဂ္ ဂိုးသြင္းဘုရင္ ကပၸတိန္ ပစ္ဇီကို ဦးေဆာင္ေစခဲ့ၿပီး ခံစစ္ပိုင္းထက္ တန္ျပန္တိုက္စစ္ကို လ်င္လ်င္ျမန္ျမန္ ကူးေျပာင္းႏိုင္မယ့္ လူစာရင္းကို အထိုင္ခ်ထားခဲ့သလို ဗာတြန္ဂန္၊ ေအာ့တာမန္ဒီနဲ႔ ဗယ္ရစၥမိုတို႔ အားနဲ႔ ေနာက္တန္းကို အင္အားေတာင့္တင္းေစဖို႔လည္း ရည္႐ြယ္လာပုံ ရပါတယ္။

ဂိုးသမား လီႏိုအတြက္ ပြဲ ၁၀၀ ျပည့္ေျမာက္တဲ့ ပြဲမွာ အာဆင္နယ္တို႔ ေဘာလုံးပိုင္ဆိုင္မႈကို ဦးစားေပးၿပီး ဖိကစားလာခဲ့သလို ဘယ္ေတာင္ပံက တီယာနီနဲ႔ ညာေတာင္ပံက ဆာကာတို႔က ဘင္ဖီကာကို ေကာင္းေကာင္းၿခိမ္းေျခာက္ေနခဲ့ၿပီး အူဘာမီယန္းရဲ႕ ကန္ခ်က္ကေတာ့ ဂိုးသမား ဟယ္လ္တန္အတြက္ လြယ္ကူလြန္းေနခဲ့တာကိုလည္း ေတြ႕ရပါတယ္။

ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ တိုက္စစ္ဆင္ကစားေနတဲ့ အာဆင္နယ္တို႔ ကြင္းလယ္မွာ အေပးအယူလုပ္ေနရင္းနဲ႔ ညာေတာင္ပံကို ေဘာလုံးထုတ္ခဲ့ၿပီး ဒီကေန ေဘာလုံးရသြားတဲ့ ဆာကာက ဘင္ဖီကာေနာက္တန္းၾကားကို ပို႔ေပးခဲ့တဲ့ ေဘာလုံးကို အူဘာမီယန္းက ေျပးထြက္ၿပီး ဂိုးသမားေဘးက အသာအယာ ခ်ိဳးကန္ခဲ့လို႔ အာဆင္နယ္တို႔ အဖြင့္ဂိုး စတင္ရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ ဘင္ဖီကာတို႔ ေခ်ပဂိုး ျပန္ရခဲ့ၿပီး ဂိုးဧရိယာထိပ္မွာ ဝီဂယ္လ္ကို ျပစ္ဒဏ္က်ဴးလြန္တဲ့ စီဘာေယာ့စ္ေၾကာင့္ ေပးခဲ့ရတဲ့ ဖရီးကစ္ကို ဒီယိုဂို ဂြန္ဆာလ္ဗက္စ္က ဂိုးဘယ္ဘက္ အေပၚေထာင့္ကို တိုက္႐ိုက္ကန္သြင္းၿပီး ေခ်ပႏိုင္ခဲ့လို႔ တစ္ဂိုးစီသေရနဲ႔ ပထမပိုင္း ၿပီးဆုံးခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စခ်ိန္မွာေတာ့ အာဆင္နယ္အသင္းဟာ အႏိုင္ဂိုးကို ရရွိဖို႔ တိုက္စစ္ စဆင္ခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ေအာ္ဒီဂြါဒ္ေပးပို႔လိုက္တဲ့ ေဘာလုံးကို အူဘာမီယန္းအေနနဲ႔ ဂိုးျဖစ္ေျပာင္းလဲခဲ့ေပမယ့္ ကြင္းလယ္ဒိုင္က လူကြၽံေနတယ္ဆိုၿပီး ဂိုးမေပးခဲ့တဲ့အတြက္ အာဆင္နယ္အသင္း နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ဘင္ဖီကာဂိုးသမား ဟယ္လ္တန္ ကန္တင္လိုက္တဲ့ ေဘာလုံးကို စီဘာေယာ့စ္က ေခါင္းတိုက္ၿပီး ေနာက္ျပန္ေပးရာမွာ အားနည္းခဲ့မႈေၾကာင့္ ဘင္ဖီကာကြင္းလယ္လူ ရာဖာ ေဆးလ္ဗားက ၾကားျဖတ္ရယူသြားႏိုင္ခဲ့ၿပီး တက္ဖ်က္တဲ့ ဂိုးသမား လီႏိုကိုပါ အသာယာလိမ္ေခါက္ၿပီး ဂိုးသမားမရွိေတာ့တဲ့ ဂိုးေပါက္ထဲသို႔ ကန္သြင္းခဲ့လို႔ အာဆင္နယ္တို႔ ေနာက္က လိုက္ကစားခဲ့ရပါတယ္။

အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ ေခ်ပဂိုးနဲ႔ အႏိုင္ဂိုးေတြ ရရွိဖို႔အတြက္ ဒီေန႔ပြဲမွာ ေပးလိုက္ရတဲ့ ႏွစ္ဂိုးစလုံးကို တာဝန္ရွိတဲ့ ဒါနီ စီဘာေယာ့စ္အစား မာမာခ်ာခ်ာနဲ႔ ကြင္းလယ္ကို အင္အားျဖည့္တင္းႏိုင္မယ့္ ေသာမတ္စ္ ပါေတး၊ အေတြ႕အႀကဳံႏုေသးတဲ့ စမစ္႐ိုးအစား ဝီလီယန္တို႔ကို လူစားလဲမႈေတြ ျပဳလုပ္လာခဲ့ပါတယ္။

အာတီတာရဲ႕ လူစားလဲမႈက အလုပ္ျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ကြင္းလယ္က ခ်ာကာရဲ႕ ေပးပို႔မႈကို တီယာနီဆီက ျပန္ရသြားတဲ့ ဝီလီယန္ကို ဘယ္ျခမ္းအတိုင္း ဆြဲေျပးၿပီး ဧရိယာထဲကို ျပန္ခ်ေပးခဲ့ရာမွာ အဆင္သင့္ ေနရာယူထားတဲ့ စေကာ့တလန္ေနာက္ခံလူက လူၾကားထဲကေန အနိမ့္ေဘာ အျပင္းကန္သြင္းၿပီး ေခ်ပဂိုး ျပန္ယူႏိုင္ခဲ့လို႔ ႏွစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ေနာက္ခံလူ ဘယ္လာရင္အစား တိုက္စစ္မႉး လာကာဇက္ကို လူစားထည့္သြင္းၿပီး အေဝးဂိုး စည္းမ်ဥ္းအရ အႏိုင္ဂိုး မျဖစ္မေန လိုအပ္ေနတဲ့ အာဆင္နယ္တို႔ တိုက္စစ္ျမႇင့္ခဲ့သလို ၈၇ မိနစ္မွာေတာ့ ေအာ္ဒီဂြါဒ္ေပးတာကို ဆာကာ ဘယ္ျခမ္းက အူဘာမီယန္းဆီ ျဖတ္တင္ေပးခဲ့ၿပီး အာဆင္နယ္အသင္းေခါင္းေဆာင္က အေရးႀကီးတဲ့ အခ်ိန္မွာ တာဝန္ေက်ေက်နဲ႔ အႏိုင္ဂိုးကို ေခါင္းတိုက္သြင္းယူႏိုင္ခဲ့ပါတယ္။

ပြဲကစားခ်ိန္ မိနစ္ ၉၀ ၿပီးဆုံးတဲ့အထိ ေနာက္ထပ္ ဂိုးရရွိၾကျခင္းမရွိေတာ့ပဲ အာဆင္နယ္အသင္းက ဘင္ဖီကာအသင္းကို ၃ ဂိုး ၂ ဂိုးျဖင့္ အႏိုင္ရရွိသြားတဲ့အတြက္ ၂ ေက်ာ့ေပါင္း ရလဒ္ ၄ ဂိုး ၃ ဂိုးျဖင့္ ယူအီးအက္ဖ္ေအ ယူ႐ိုပါလိဂ္ ၁၆ သင္း ရႈံးထြက္အဆင့္ကို တက္ေရာက္သြားႏိုင္ၿပီျဖစ္ပါတယ္။

အာဆင္နယ္အသင္းမွာ ဆာကာ၊ ေအာ္ဒီဂြါဒ္၊ တီယာနီတို႔ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ကြင္းလယ္လူ စီဘာေယာ့စ္အေနနဲ႔ေတာ့ ေျခစြမ္းမျပႏိုင္တဲ့အျပင္ အာ႐ုံစူးစိုက္မႈနဲ႔ ပြဲအေနအထားအေပၚ သုံးသပ္မႈ အားနည္းခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။ ကြင္းလယ္က ခ်ာကာ၊ ေအာ္ဒီဂြါဒ္တို႔ရဲ႕ အတြဲအဖက္ကတစ္ဆင့္ ဆာကာတစ္ေယာက္ ဖန္တီးမႈေတြ ပိုလုပ္ႏိုင္ခဲ့တာကေတာ့ ဝမ္းသာစရာလည္းျဖစ္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာ ခံစစ္ေကာ တိုက္စစ္မွာပါ ေျပာစရာမရွိေလာက္ေအာင္ ေျခစြမ္းျပခဲ့တဲ့ တီယာနီနဲ႔ စီဘာေယာ့စ္အစား လူစားဝင္ကစားတဲ့ ေသာမတ္စ္ ပါေတးတို႔သာ ဆက္လက္ၿပီး ဒဏ္ရာကင္းစင္ေနမယ္ဆိုရင္ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ ရလဒ္ေကာင္းေတြကို ေမွ်ာ္လင့္ႏိုင္မွာျဖစ္ၿပီး စိတ္ဓာတ္ပိုင္းအရပါ တိုးတက္လာမႈနဲ႔အတူ ယူ႐ိုပါလိဂ္ ၁၆ သင္းအဆင့္ကိုလည္း ျဖတ္ေက်ာ္ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ႏိုင္ခဲ့ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.