Article La Liga UCL&UEL

လာပေါ်တာ၊ မက်ဆီနဲ့ လာမာစီယာ…. ဘာဆာခေတ်သစ်လား?

ဘာစီလိုနာအသင်းဟာ ဘာတိုမြူလက်ထက် အသင်းတွင်းအရှုပ်တော်ပုံအပြီးမှာ အသင်းဥက္ကဌသစ်အဖြစ် လာပေါ်တာကို တင်မြှောက်ခဲ့ပြီးနောက်မှာ ကတ်တလန်အသင်းရဲ့ လားရာဟာ တည်ငြိမ်မှုတချို့ စတင်ရရှိလာပြီလို့ သုံးသပ်ရမှာပါ။

ဘာတိုမြူလက်ထက် အချိန်တိုအတွင်းမှာ ဘာစီလိုနာခံတပ်ဟာ အတုံးအရုံးကျဆုံးသွားခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကို ၈-၂ ဂိုးနဲ့ ရှယ်ဖွယ်လိလိ ရှုံးနိမ့်ခဲ့ခြင်း၊ မက်ဆီက အသင်းကထွက်ခွာဖို့ လူပုံအလယ်ထုတ်ဖော်ကြေငြာခဲ့ရခြင်းနဲ့ နောက်ဆက်တွဲမှာ ဘာတိုမြူဖြုတ်ချရေး အသင်းတွင်း အရှုပ်တော်ပုံတွေနဲ့ များစွာ အထုံးဖြည်ယူခဲ့ရတယ်။ ဘာစီလိုနာပရိသတ်တွေ အားကုန်ခဲ့တယ်။

ကတ်တလန်အသင်းရဲ့ ပထမဆုံးအပြောင်းအလဲဟာ ကွင်းတွင်းမှာတင် မြင်တွေ့ခဲ့ရတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်၊ ကာဒစ်ဇ်နဲ့ ပီအက်စ်ဂျီတို့ကို မယှဥ်နိုင်ဘဲ လက်မြှောက်ခဲ့ရတဲ့ ဘာစီလိုနာဆိုတဲ့အနေအထားကနေ လက်ရှိမှာ လာလီဂါကို သိမ်းဖို့ တစ်ပြေးတဲ့အဆင့်ကို ရောက်လာတယ်။ ရော်နယ်ကိုးမန်းဟာ ဆီဗီလားအသင်းကို ဆီမီးဖိုင်နယ်ဒုတိယအကျော့မှာ Come Back နိုင်ပွဲရယူပြီး ကိုပါဒယ်လ်ရေးဖလား ဗိုလ်လုပွဲကို တက်နိုင်ခဲ့တယ်။

ဘာစီလိုနာခေတ်သစ်ရဲ့ ဒုတိယမြောက် အရွှေ့ကတော့ လာပေါတာပါပဲ။ ဥက္ကဋ္ဌသစ်ဆိုပေမယ့် သူ့ထိုင်ခုံကို ပြန်လည် ရယူခဲ့တာဖြစ်ပြီး ဘာစီလိုနာပရိသတ်တွေက အတိတ်မှာ သူ့ရဲ့စွမ်းဆောင်မှုကို ပြန်လည်လွမ်းသူတွေဖြစ်လာသလို ပြန်လည်မျှော်လင့်ချက်တောက်ပသူတွေဖြစ်လာတယ်။

မှောင်မိုက်လမ်းခွဲမှာ နာကျည်းမှုတွေနဲ့ တည်းတည်းသာကျန်တော့တဲ့ ငယ်မွေးခြံပေါက် လာမာစီယာအကယ်ဒမီထွက် ဘာစီလိုနာသစ္စာခံ တပ်သားစစ် မက်ဆီနဲ့ ဘာစီလိုနာအနာဂတ်ဟာ ပြန်လည်ဆက်သွယ်သွားခဲ့သလို ဘာစီလိုနာခေတ်သစ်ဟာ ရောင်နီသန်းလာခဲ့ပြီလို့ မှတ်ချက်ချရမယ်။

“လွန်ခဲ့တဲ့ နှစ် ၂၀ ကပေါ့ဗျာ။ လီယို ဆိုတဲ့ ချာတိတ်လေးတယောက် ဘာကာလူငယ်အသင်းနဲ့ ပွဲဦးထွက်ခဲ့တယ်။ အဲဒီနေ့ကစလို့ ဒီနေ့မှာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဘောလုံးသမားအဖြစ် ရပ်တည်လာတဲ့သူက ဒီနေ့မှာ အသင်းဥက္ကဌသစ်ကို လာရောက် မဲပေးရွေးချယ်ခဲ့တယ်ဆိုတာဟာ သူ့ရင်ထဲမှာ ဘာစီလိုနာအသင်းကို ဘယ်လောက်ထိနှစ်နှစ်ကာကာ ချစ်မြတ်နိုးသလဲဆိုတာ ခင်ဗျားတို့ မြင်တွေ့ရလိမ့်မယ်”

“ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားဟာ ဘာစီလိုနာအသင်းကို ချစ်မြတ်နိုးသလို ဒါဟာ အသင်းရဲ့အနဂတ်မှာ ဆက်ရှိနေမယ်ဆိုတဲ့ အမှတ်လက္ခဏာ ဖြစ်တယ်လို့ ကျွန်တော်မျှော်လင့်ထားတယ်။ ဒါက ခင်ဗျားတို့၊ ကျွန်တော်တို့်အားလုံး လိုချင်ကြတဲ့အရာမဟုတ်လား”လို့ လာပေါတာက မက်ဆီရဲ့ အခန်းကဏ္ဍကို သူ့မိန့်ခွန်းထဲမှာ ထင်ထင်ရှားရှား ထည့်သွင်းဖော်ပြခဲ့တယ်။

မက်စီရဲ့စာချုပ်သက်တမ်းဟာ လာမယ့်ဇွန်လမှာ ကုန်ဆုံးမှာပါ။ လာပေါတာရဲ့ ခေတ်သစ်ခြေလှမ်းကို ယုံကြည်တဲ့မက်ဆီက စာချုပ်သစ်ချုပ်ဆိုဖို့ ရှိနေပါပြီ။ မဲပေးသူ ၉ သောင်းထဲက ၇၅ ရာခိုင်နှုန်းကလည်း ဘာစီလိုနာအသင်းခေါင်းဆောင်ဟာ ကတ်တလန် အသင်းမှာဆက်လက်နေထိုင်မယ်လို့ မဲပေးခဲ့ကြတာပါ။

လာပေါတာ ဘာစီလိုနာကို ပြည်တော်ပြန်လာခဲ့တာဟာ သူ့အိမ်ကိုပြန်လာခဲ့သလိုပါပဲ။ လာမာစီယာဟာ ဆက်လက်ပွင့်လန်းပါတော့မယ်။ ကမ္ဘာ့အကောင်းဆုံး လူငယ်အကယ်ဒမီတွေထဲက တခုအဖြစ် သတ်မှတ်ခံထားရတဲ့ လာမာစီယာဟာ ရော်နယ် အာရူဟိုကနေ ရီကီပုဂျ်မျိုးဆက်၊ အန်ဆု ဖာတီကနေ အယ်လေ့စ် မိုရီဘာတို့မျိုးဆက်အထိ လက်ဆင့်ကမ်းခဲ့တဲ့ အတိုင်း ပါရမီရှင် လူငယ်ကစားသမားတွေနဲ့ အခုထက်ပိုသစ်လွင်လတ်ဆတ်လာဖို့ အလားအလာကောင်းနေပါပြီ။

အိမ်ပြန်လာခဲ့တဲ့ လာပေါ့တာ၊ မက်ဆီရဲ့ အနာဂတ်တောက်ပမှု၊ အကယ်ဒမီရဲ့ခွန်အားသစ်လူငယ်တွေနဲ့ အင်အားသစ်၊ လက်ရှိထိုးထက်လာတဲ့ ဘာစီလိုနာရဲ့ကွင်းတွင်းခြေစွမ်းတွေဟာ ဘာဆာခေတ်သစ်ရဲ့ ရှေ့ပြေးနိမိတ်တွေအဖြစ် လက်ခံထားကြရပါပြီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS AZ.

ဘာစီလိုနာအသင္းဟာ ဘာတိုျမဴလက္ထက္ အသင္းတြင္းအရႈပ္ေတာ္ပုံအၿပီးမွာ အသင္းဥကၠဌသစ္အျဖစ္ လာေပၚတာကို တင္ေျမႇာက္ခဲ့ၿပီးေနာက္မွာ ကတ္တလန္အသင္းရဲ႕ လားရာဟာ တည္ၿငိမ္မႈတခ်ိဳ႕ စတင္ရရွိလာၿပီလို႔ သုံးသပ္ရမွာပါ။

ဘာတိုျမဴလက္ထက္ အခ်ိန္တိုအတြင္းမွာ ဘာစီလိုနာခံတပ္ဟာ အတုံးအ႐ုံးက်ဆုံးသြားခဲ့တာျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္ကို ၈-၂ ဂိုးနဲ႔ ရွယ္ဖြယ္လိလိ ရႈံးနိမ့္ခဲ့ျခင္း၊ မက္ဆီက အသင္းကထြက္ခြာဖို႔ လူပုံအလယ္ထုတ္ေဖာ္ေၾကျငာခဲ့ရျခင္းနဲ႔ ေနာက္ဆက္တြဲမွာ ဘာတိုျမဴျဖဳတ္ခ်ေရး အသင္းတြင္း အရႈပ္ေတာ္ပုံေတြနဲ႔ မ်ားစြာ အထုံးျဖည္ယူခဲ့ရတယ္။ ဘာစီလိုနာပရိသတ္ေတြ အားကုန္ခဲ့တယ္။

ကတ္တလန္အသင္းရဲ႕ ပထမဆုံးအေျပာင္းအလဲဟာ ကြင္းတြင္းမွာတင္ ျမင္ေတြ႕ခဲ့ရတာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္၊ ကာဒစ္ဇ္နဲ႔ ပီအက္စ္ဂ်ီတို႔ကို မယွဥ္ႏိုင္ဘဲ လက္ေျမႇာက္ခဲ့ရတဲ့ ဘာစီလိုနာဆိုတဲ့အေနအထားကေန လက္ရွိမွာ လာလီဂါကို သိမ္းဖို႔ တစ္ေျပးတဲ့အဆင့္ကို ေရာက္လာတယ္။ ေရာ္နယ္ကိုးမန္းဟာ ဆီဗီလားအသင္းကို ဆီမီးဖိုင္နယ္ဒုတိယအေက်ာ့မွာ Come Back ႏိုင္ပြဲရယူၿပီး ကိုပါဒယ္လ္ေရးဖလား ဗိုလ္လုပြဲကို တက္ႏိုင္ခဲ့တယ္။

ဘာစီလိုနာေခတ္သစ္ရဲ႕ ဒုတိယေျမာက္ အေ႐ႊ႕ကေတာ့ လာေပါတာပါပဲ။ ဥကၠ႒သစ္ဆိုေပမယ့္ သူ႔ထိုင္ခုံကို ျပန္လည္ ရယူခဲ့တာျဖစ္ၿပီး ဘာစီလိုနာပရိသတ္ေတြက အတိတ္မွာ သူ႔ရဲ႕စြမ္းေဆာင္မႈကို ျပန္လည္လြမ္းသူေတြျဖစ္လာသလို ျပန္လည္ေမွ်ာ္လင့္ခ်က္ေတာက္ပသူေတြျဖစ္လာတယ္။

ေမွာင္မိုက္လမ္းခြဲမွာ နာက်ည္းမႈေတြနဲ႔ တည္းတည္းသာက်န္ေတာ့တဲ့ ငယ္ေမြးၿခံေပါက္ လာမာစီယာအကယ္ဒမီထြက္ ဘာစီလိုနာသစၥာခံ တပ္သားစစ္ မက္ဆီနဲ႔ ဘာစီလိုနာအနာဂတ္ဟာ ျပန္လည္ဆက္သြယ္သြားခဲ့သလို ဘာစီလိုနာေခတ္သစ္ဟာ ေရာင္နီသန္းလာခဲ့ၿပီလို႔ မွတ္ခ်က္ခ်ရမယ္။

“လြန္ခဲ့တဲ့ ႏွစ္ ၂၀ ကေပါ့ဗ်ာ။ လီယို ဆိုတဲ့ ခ်ာတိတ္ေလးတေယာက္ ဘာကာလူငယ္အသင္းနဲ႔ ပြဲဦးထြက္ခဲ့တယ္။ အဲဒီေန႔ကစလို႔ ဒီေန႔မွာ ကမာၻေပၚမွာ အေကာင္းဆုံး ေဘာလုံးသမားအျဖစ္ ရပ္တည္လာတဲ့သူက ဒီေန႔မွာ အသင္းဥကၠဌသစ္ကို လာေရာက္ မဲေပးေ႐ြးခ်ယ္ခဲ့တယ္ဆိုတာဟာ သူ႔ရင္ထဲမွာ ဘာစီလိုနာအသင္းကို ဘယ္ေလာက္ထိႏွစ္ႏွစ္ကာကာ ခ်စ္ျမတ္ႏိုးသလဲဆိုတာ ခင္ဗ်ားတို႔ ျမင္ေတြ႕ရလိမ့္မယ္”

“ကမာၻေပၚက အေကာင္းဆုံးကစားသမားဟာ ဘာစီလိုနာအသင္းကို ခ်စ္ျမတ္ႏိုးသလို ဒါဟာ အသင္းရဲ႕အနဂတ္မွာ ဆက္ရွိေနမယ္ဆိုတဲ့ အမွတ္လကၡဏာ ျဖစ္တယ္လို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ထားတယ္။ ဒါက ခင္ဗ်ားတို႔၊ ကြၽန္ေတာ္တို႔္အားလုံး လိုခ်င္ၾကတဲ့အရာမဟုတ္လား”လို႔ လာေပါတာက မက္ဆီရဲ႕ အခန္းက႑ကို သူ႔မိန္႔ခြန္းထဲမွာ ထင္ထင္ရွားရွား ထည့္သြင္းေဖာ္ျပခဲ့တယ္။

မက္စီရဲ႕စာခ်ဳပ္သက္တမ္းဟာ လာမယ့္ဇြန္လမွာ ကုန္ဆုံးမွာပါ။ လာေပါတာရဲ႕ ေခတ္သစ္ေျခလွမ္းကို ယုံၾကည္တဲ့မက္ဆီက စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ရွိေနပါၿပီ။ မဲေပးသူ ၉ ေသာင္းထဲက ၇၅ ရာခိုင္ႏႈန္းကလည္း ဘာစီလိုနာအသင္းေခါင္းေဆာင္ဟာ ကတ္တလန္ အသင္းမွာဆက္လက္ေနထိုင္မယ္လို႔ မဲေပးခဲ့ၾကတာပါ။

လာေပါတာ ဘာစီလိုနာကို ျပည္ေတာ္ျပန္လာခဲ့တာဟာ သူ႔အိမ္ကိုျပန္လာခဲ့သလိုပါပဲ။ လာမာစီယာဟာ ဆက္လက္ပြင့္လန္းပါေတာ့မယ္။ ကမာၻ႔အေကာင္းဆုံး လူငယ္အကယ္ဒမီေတြထဲက တခုအျဖစ္ သတ္မွတ္ခံထားရတဲ့ လာမာစီယာဟာ ေရာ္နယ္ အာ႐ူဟိုကေန ရီကီပုဂ်္မ်ိဳးဆက္၊ အန္ဆု ဖာတီကေန အယ္ေလ့စ္ မိုရီဘာတို႔မ်ိဳးဆက္အထိ လက္ဆင့္ကမ္းခဲ့တဲ့ အတိုင္း ပါရမီရွင္ လူငယ္ကစားသမားေတြနဲ႔ အခုထက္ပိုသစ္လြင္လတ္ဆတ္လာဖို႔ အလားအလာေကာင္းေနပါၿပီ။

အိမ္ျပန္လာခဲ့တဲ့ လာေပါ့တာ၊ မက္ဆီရဲ႕ အနာဂတ္ေတာက္ပမႈ၊ အကယ္ဒမီရဲ႕ခြန္အားသစ္လူငယ္ေတြနဲ႔ အင္အားသစ္၊ လက္ရွိထိုးထက္လာတဲ့ ဘာစီလိုနာရဲ႕ကြင္းတြင္းေျခစြမ္းေတြဟာ ဘာဆာေခတ္သစ္ရဲ႕ ေရွ႕ေျပးနိမိတ္ေတြအျဖစ္ လက္ခံထားၾကရပါၿပီ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS AZ.