Premier League Transfer News

လီဗာပူးလ်အသင်းနဲ့ တဖြည်းဖြည်း အက်ကြောင်းကြီးလာခဲ့တဲ့ မိုဆာလား

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလားအနေနဲ့ အသင်းမှာ မပျော်တော့ဘူးလို့ နီးစပ်ရာ အသိုင်းအဝိုင်းနဲ့ ရင်းနှီးသူတွေက မကြာခဏဆိုသလို ထုတ်ဖော်နေကြပြီး လက်ရှိခြေစွမ်းနဲ့ ကစားပုံ Body Language တွေကလည်း တော်တော်လေး သိသာတဲ့ ပုံစံမျိုးဖြစ်နေတာကြောင့် နွေရာသီမှာ အသင်းနဲ့ လမ်းခွဲကြတော့မလားဆိုတဲ့ ခန့်မှန်းမှုတွေက ကြီးမားနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာလည်း သူ့ရဲ့ အမှားကနေ အသင်းကို ရှုံးနိမ့်စေမယ့် တစ်လုံးတည်းသောဂိုးကို ခွင့်ပြုခဲ့ရသလို တိုက်စစ်ပိုင်းမှာလည်း အခွင့်အရေးတွေ မရခဲ့ဘဲ ဂိုးသမား အယ်လီဆန်ကတော့ တစ်ပွဲလုံးမှာ သူ့ထက် ဘောလုံး ၅ ကြိမ် ပိုထိနေခဲ့တာက ဝေဖန်စရာဖြစ်ခဲ့ပြီး စုဖွဲ့မှု ပျက်ပြားနေတဲ့ လီဗာပူးလ်တိုက်စစ်နဲ့ ကွင်းလယ်ကိုလည်း အပြစ်တင်စရာ ဖြစ်ခဲ့ပါတယ်။

လီဗာပူးလ်နည်းပြဟောင်း ဂရေမီ ဆောင်းနက်စ်ကတော့ အသင်းအနေနဲ့ နောက်ဆုံးသုံးနှစ်အတွင်း သူသိထားခဲ့ဖူးတဲ့ အသင်းနာမည်နဲ့တွဲပြီး မြင်ယောင်လေ့ရှိကြတဲ့ ကစားအားက ပျောက်ဆုံးသွားပြီလို့ ဆိုလိုက်ချိန်မှာ တိုက်စစ်မှူးဟောင်း ရော်ဘီ ဖောင်လာကတော့ နွေရာသီမှာ ဆာလားကို ရောင်းပစ်ဖို့နဲ့ လူသစ် ခေါ်ပြီးရင် ဘယ်သူမှ မလွမ်းဘူးလို့ ရက်ရက်စက်စက် ပြောကြားလိုက်ပါတယ်။

ဖောင်လာက ကော်တင်ညိုကိုတောင် မေ့ပစ်ကြသေးတာ၊ ဆာလားက ဘာမို့လို့လဲလို့ ပြောလိုက်ပြီး သူ့ကို ရောင်းချပြီး ရရှိတဲ့ ငွေကြေးနဲ့ တိုက်စစ်မှာ ပြန်လည်ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းလိုက်ပြီး အလယ်အလတ်တန်း ဘောလုံးကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ တိုနီ ကက်စ်ကာရီနိုကတော့ သုံးယောက်ထဲက တစ်ယောက်လို့ ဆိုခဲ့ပေမယ့် ဘာပြဿနာမှ မရှာတတ်တဲ့ ဖာမီနိုကို ပြောတာ မဖြစ်နိုင်ဘဲ မာနေးနဲ့ ဆာလားတို့တစ်ဦးကို ရည်ရွယ်ခဲ့တာပဲ ဖြစ်နိုင်ပါတယ်။

ပွဲတိုင်းမှာ စိတ်ပျက်နေတဲ့ မျက်နှာနဲ့ ကစားနေတဲ့ အီဂျစ်ဂိုးသွင်းဘုရင်ဟာ သူ့ရဲ့ အမဲလိုက်မုဆိုးဆန်တဲ့ ဗီဇကို ပြသနိုင်ဆဲဖြစ်ပေမယ့် စိတ်ပျော်ရွှင်မှုဟာ ဘောလုံးပွဲအတွင်းမှာ အရာအားလုံးနီးပါးဖြစ်တာကြောင့် သတင်းတွေ ထွက်လာပြီးနောက်ပိုင်းမှာ သူ့ရဲ့ အဆုံးသတ်ပိုင်းပါ ကျဆင်းသွားခဲ့တာပါ။

ဖူလ်ဟမ်နဲ့ပွဲအထိလည်း ဂိုးပေါက်ပျောက်တာ ၄ ပွဲဆက်သွားခဲ့ပြီဖြစ်ပြီး ဒီမတိုင်ခင်ကတော့ ဝက်စ်ဘရွန်းကို အိမ်ကွင်းမှာ သရေကျတဲ့ပွဲကစလို့ ၆ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ဖူးတာဖြစ်ပါတယ်။ ရာသီအစမှာ ဂိုးသွင်းကြမ်းခဲ့လို့သာ ၁၇ ဂိုး ရရှိထားခဲ့ပေမယ့် လက်ရှိပုံစံကတော့ သူနဲ့ အသင်းကြားမှာ တစ်ခုခု ဆုံးဖြတ်ရတော့မှာဖြစ်သလို မာနေးနဲ့ အတွင်းကြိတ်ပြိုင်နေကြတဲ့ ပြဿနာအတွက်လည်း လက်ရှိမှာ ပြေလည်အောင် ခဏထိန်းထားပြီး နွေမှာ အပြီးသတ် ဖြေရှင်းရတော့မှာဖြစ်ပါတယ်။

ဂိုးတွေ ပိုသွင်းနိုင်ပေမယ့် တစ်ကိုယ်ကောင်းဆန်တယ်လို့ နာမည်ခံရတဲ့ ဆာလားနဲ့ တစ်ဖက်မှာ အသင်းအတွက် ကစားတဲ့သူလို့ နာမည်ရှိတဲ့ မာနေးတို့ကို ရာသီကုန်မှာ တစ်ဦးသာ ရွေးချယ်မယ်ဆိုရင် အသင်းအနေနဲ့ ပိုပြီးဈေးကောင်းရနိုင်တဲ့ ဆာလားကိုပဲ ရောင်းထုတ်သွားဖို့ ရှိနေတာကြောင့် လီဗာပူးလ်ပရိသတ်တွေအတွက် နွေရာသီဟာ ဝမ်းနည်းစရာကောင်းနေမလားလို့ပဲ ရေးသားလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းရဲ႕ တိုက္စစ္မႉး မိုဟာမက္ ဆာလားအေနနဲ႔ အသင္းမွာ မေပ်ာ္ေတာ့ဘူးလို႔ နီးစပ္ရာ အသိုင္းအဝိုင္းနဲ႔ ရင္းႏွီးသူေတြက မၾကာခဏဆိုသလို ထုတ္ေဖာ္ေနၾကၿပီး လက္ရွိေျခစြမ္းနဲ႔ ကစားပုံ Body Language ေတြကလည္း ေတာ္ေတာ္ေလး သိသာတဲ့ ပုံစံမ်ိဳးျဖစ္ေနတာေၾကာင့္ ေႏြရာသီမွာ အသင္းနဲ႔ လမ္းခြဲၾကေတာ့မလားဆိုတဲ့ ခန႔္မွန္းမႈေတြက ႀကီးမားေနခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဖူလ္ဟမ္နဲ႔ပြဲမွာလည္း သူ႔ရဲ႕ အမွားကေန အသင္းကို ရႈံးနိမ့္ေစမယ့္ တစ္လုံးတည္းေသာဂိုးကို ခြင့္ျပဳခဲ့ရသလို တိုက္စစ္ပိုင္းမွာလည္း အခြင့္အေရးေတြ မရခဲ့ဘဲ ဂိုးသမား အယ္လီဆန္ကေတာ့ တစ္ပြဲလုံးမွာ သူ႔ထက္ ေဘာလုံး ၅ ႀကိမ္ ပိုထိေနခဲ့တာက ေဝဖန္စရာျဖစ္ခဲ့ၿပီး စုဖြဲ႕မႈ ပ်က္ျပားေနတဲ့ လီဗာပူးလ္တိုက္စစ္နဲ႔ ကြင္းလယ္ကိုလည္း အျပစ္တင္စရာ ျဖစ္ခဲ့ပါတယ္။

လီဗာပူးလ္နည္းျပေဟာင္း ဂေရမီ ေဆာင္းနက္စ္ကေတာ့ အသင္းအေနနဲ႔ ေနာက္ဆုံးသုံးႏွစ္အတြင္း သူသိထားခဲ့ဖူးတဲ့ အသင္းနာမည္နဲ႔တြဲၿပီး ျမင္ေယာင္ေလ့ရွိၾကတဲ့ ကစားအားက ေပ်ာက္ဆုံးသြားၿပီလို႔ ဆိုလိုက္ခ်ိန္မွာ တိုက္စစ္မႉးေဟာင္း ေရာ္ဘီ ေဖာင္လာကေတာ့ ေႏြရာသီမွာ ဆာလားကို ေရာင္းပစ္ဖို႔နဲ႔ လူသစ္ ေခၚၿပီးရင္ ဘယ္သူမွ မလြမ္းဘူးလို႔ ရက္ရက္စက္စက္ ေျပာၾကားလိုက္ပါတယ္။

ေဖာင္လာက ေကာ္တင္ညိဳကိုေတာင္ ေမ့ပစ္ၾကေသးတာ၊ ဆာလားက ဘာမို႔လို႔လဲလို႔ ေျပာလိုက္ၿပီး သူ႔ကို ေရာင္းခ်ၿပီး ရရွိတဲ့ ေငြေၾကးနဲ႔ တိုက္စစ္မွာ ျပန္လည္ရင္းႏွီးျမႇဳပ္ႏွံဖို႔ တိုက္တြန္းလိုက္ၿပီး အလယ္အလတ္တန္း ေဘာလုံးကြၽမ္းက်င္သူတစ္ဦးျဖစ္တဲ့ တိုနီ ကက္စ္ကာရီႏိုကေတာ့ သုံးေယာက္ထဲက တစ္ေယာက္လို႔ ဆိုခဲ့ေပမယ့္ ဘာျပႆနာမွ မရွာတတ္တဲ့ ဖာမီႏိုကို ေျပာတာ မျဖစ္ႏိုင္ဘဲ မာေနးနဲ႔ ဆာလားတို႔တစ္ဦးကို ရည္႐ြယ္ခဲ့တာပဲ ျဖစ္ႏိုင္ပါတယ္။

ပြဲတိုင္းမွာ စိတ္ပ်က္ေနတဲ့ မ်က္ႏွာနဲ႔ ကစားေနတဲ့ အီဂ်စ္ဂိုးသြင္းဘုရင္ဟာ သူ႔ရဲ႕ အမဲလိုက္မုဆိုးဆန္တဲ့ ဗီဇကို ျပသႏိုင္ဆဲျဖစ္ေပမယ့္ စိတ္ေပ်ာ္႐ႊင္မႈဟာ ေဘာလုံးပြဲအတြင္းမွာ အရာအားလုံးနီးပါးျဖစ္တာေၾကာင့္ သတင္းေတြ ထြက္လာၿပီးေနာက္ပိုင္းမွာ သူ႔ရဲ႕ အဆုံးသတ္ပိုင္းပါ က်ဆင္းသြားခဲ့တာပါ။

ဖူလ္ဟမ္နဲ႔ပြဲအထိလည္း ဂိုးေပါက္ေပ်ာက္တာ ၄ ပြဲဆက္သြားခဲ့ၿပီျဖစ္ၿပီး ဒီမတိုင္ခင္ကေတာ့ ဝက္စ္ဘ႐ြန္းကို အိမ္ကြင္းမွာ သေရက်တဲ့ပြဲကစလို႔ ၆ ပြဲဆက္ ဂိုးေပါက္ေပ်ာက္ခဲ့ဖူးတာျဖစ္ပါတယ္။ ရာသီအစမွာ ဂိုးသြင္းၾကမ္းခဲ့လို႔သာ ၁၇ ဂိုး ရရွိထားခဲ့ေပမယ့္ လက္ရွိပုံစံကေတာ့ သူနဲ႔ အသင္းၾကားမွာ တစ္ခုခု ဆုံးျဖတ္ရေတာ့မွာျဖစ္သလို မာေနးနဲ႔ အတြင္းႀကိတ္ၿပိဳင္ေနၾကတဲ့ ျပႆနာအတြက္လည္း လက္ရွိမွာ ေျပလည္ေအာင္ ခဏထိန္းထားၿပီး ေႏြမွာ အၿပီးသတ္ ေျဖရွင္းရေတာ့မွာျဖစ္ပါတယ္။

ဂိုးေတြ ပိုသြင္းႏိုင္ေပမယ့္ တစ္ကိုယ္ေကာင္းဆန္တယ္လို႔ နာမည္ခံရတဲ့ ဆာလားနဲ႔ တစ္ဖက္မွာ အသင္းအတြက္ ကစားတဲ့သူလို႔ နာမည္ရွိတဲ့ မာေနးတို႔ကို ရာသီကုန္မွာ တစ္ဦးသာ ေ႐ြးခ်ယ္မယ္ဆိုရင္ အသင္းအေနနဲ႔ ပိုၿပီးေဈးေကာင္းရႏိုင္တဲ့ ဆာလားကိုပဲ ေရာင္းထုတ္သြားဖို႔ ရွိေနတာေၾကာင့္ လီဗာပူးလ္ပရိသတ္ေတြအတြက္ ေႏြရာသီဟာ ဝမ္းနည္းစရာေကာင္းေနမလားလို႔ပဲ ေရးသားလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.